Wednesday 3 April 2013

လူမျိုးရေး အကြမ်းဖက်မှု ကာကွယ် တားဆီးရေး အပြည့်အဝ မဆောင် ရွက်ခဲ့ကြောင်း ကင်တာနားပြော



မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေးဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်တဲ့ နိမိတ် လက္ခ ဏာ တွေ ရှိနေပေမဲ့၊ အစိုးရဟာ ကာကွယ်တားဆီးရေးဆောင်ရွက်မှုတွေကို အပြည့်အဝ မဆောင်ရွက်ခဲ့ ဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာ တောမတ်စ် ကင်တားနား က ပြောလိုက်ပါတယ်။
အဲဒီ နိမိတ်လက္ခဏာတွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ကတည်းက ရှိနေ ခဲ့တာဖြစ်ပေမဲ့၊ ဘာသာ လူမျိုး မတူကွဲပြားသူချင်း ခွဲခြားဆက်ဆံတာတွေ၊ အကြမ်းဖက်လုပ်ရပ်တွေ တနိုင်ငံလုံး ပြန့်ပွား မသွားအောင် လုံလောက်တဲ့ ကာကွယ် တားဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အစိုးရ ဟာ ပျက်ကွက်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီအကြမ်းဖက်လုပ်ရပ်တွေ ယခုထက်ပိုပြီး ပြန့်ပွားမသွားအောင် လိုအပ်တဲ့ အစီ အစဉ်တွေ ချက်ချင်းလက်ငင်း ဆောင်ရွက်သင့်ပြီဖြစ်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

ref:RFA

1 comment:

  1. ကင်တာနား... ဘာလဲ မင်းက ဘင်ဂါလီကုလားနဲ့ မူဆလင်အစွန်းရောက် တွေကို မြန်မာအစိုးရက ကာကွယ်ပေးဖို့ တိုက်တွန်း နေတာလား။ ဒါဆိုရင် အဲဒီကုလားတွေကို မင်းတို့အမေရိကန် မှာ အခြေချခွင့်ပေးလိုက်ပါလား။ ခွေးမသားရယ်

    ReplyDelete