Wednesday 28 November 2012

ဒီမိုခေါင်းဆောင်တစ်ယောက်၏ ယိုသူမရှက် မြင်သူရှက် လုပ်ရပ်များ




မည်သူမျှခြောက်ပြစ်ကင်းသဲလဲစင်ဆိုတာမရှိသလို အမှားမကင်းကြတဲ့ လောကီသားတွေဆိုတာကို အများက လက်ခံကြပါတယ်။ နိုင်ငံ့ခေါင်းဆောင်ဆိုတာဟာလည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် လောကသုံးပါး စလုံးမှာ ကောင်းမွန်သော နမူနာစံပြဖြစ်သည့် လုပ်ဆောင်ချက်များရှိရန်အရေးကြီးလှပါတယ်။

           ဒါပေမယ့် မြန်မာနိုင်ငံအမျိုးသားခေါင်းဆောင်ကြီး၏ သမီး၊ နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဌ၊ ၂ဝ၁၅ ခုနှစ် တွင် နိုင်ငံကိုခေါင်းဆောင်မည့်သူအဖြစ်မျှော်မှန်းထားသော ဒီမိုကရေစီခေါင်းဆောင်အမည်ခံ ဒေါ်စုကြည်၏ မြန်မာ့ယဉ်ကျေးမှုအပေါ် ဖီလာဆန့်ကျင်၍ တိုင်းတပါးသားနှင့်တွေ့လျင် လူရှေ့သူရှေ့မရှောင် ပလူးပလဲနှင့် ကြည်နူးခဲ့မှုများကို ရဟန်းရှင်လူပြည်သူအများက ဝေဖန်ထောက်ပြပြီး  ဝန်ချတောင်းပန်ရန်လိုလားနေသည်ကို NLD ပါတီဝင်တစ်ဦးအနေဖြင့် ထောက်ခံကြောင်း ပြည်သူများသို့တင်ပြလိုပါတယ်။
          ဝတ်ထားတာက မြန်မာရင်ဖုံးနှင့်ချိပ်ထမီ၊ လုပ်ရပ်ကတော့ နိုင်ငံခြားသားတွေ့ရင် သူမဖက်လျှင် ကိုယ်ဖက်မည်၊ သူမနမ်းလျှင်ကိုယ်နမ်းမည်ဆိုသည်မှာ မြန်မာအမျိုးသမီးတစ်ဦး၏ ဂုဏ်ပုဒ်နှင့်မတန်စွာ ရှက် စရာကောင်းလှပါတယ်။ နိုင်ငံခြားသားနှင့်တွေ့လျင် ရင်ချင်းအပ်လက်ချင်းချိတ်ရမှာ မရှက်သလို အနောက် တိုင်းယဉ်ကျေးမှုကို အဟုတ်ထင် မြန်မာ့ယဉ်ကျေးမှုကိုမျက်ကွယ်ပြုပြီး အသက်အရွယ်မှမထောက် ကိုယ်တိုင် နမ်းရန်နှင့် အနမ်းခံရမှာလဲ မြန်မာအမျိုးသမီးတန်မဲ့ လွယ်လွယ် သဘောထားတတ်သူအဖြစ် မျက်ဝါး ထင်ထင်မြင်တွေ့ခဲ့ရပါသည်။ ကိုယ့်ကိုယ်ကိုတောင် တန်ဖိုးမထားလျင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သူ တွေကိုရော တန်ဖိုးထားပါမည်လားဟု စဉ်းစားမိပါတယ်။
          ဒီမိုကရေစီခေါင်းဆောင်အမည်ခံပြီး ဒေါ်စုကိုယ်တိုင်က နိုင်ငံခြားသားတွေ့လျှင် ရင်ကော့၊ မေးထိုးပေး နေမှတော့ ဒေါ်စုကိုအတုယူမယ့် ဒေါ်စုရဲ့ သမီးတွေ၊ မြေးတွေပါဆိုတဲ့ မြန်မာအမျိုးသမီးများက ဘယ်လို နေရမှာလဲ။ ဒေါ်စုကိုအတုယူပြီး နိုင်ငံခြားသားကို လင်လုပ်ဖို့ပဲရှိပါတော့တယ်။ လူ့အခွင့်အရေးဆိုတာ လက်ခံ ပေမယ့် မြန်မာယဉ်ကျေးမှုကိုဖျက်ဆီးမယ့် လူ့အခွင့်အရေးမျိုးကိုတော့ လက်မခံပါရစေနဲ့။ မြန်မာယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်ဖို့ ကိုယ့်ကိုယ်ကိုမှ တန်ဖိုးမထားတဲ့ ဒေါ်စုကြည်ကို လက်မခံနိုင်တော့ပါဘူး။
          အိမ်နီးချင်း ထိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ အထောက်အပံ့အကူအညီကိုယူခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ နိုင်ငံတကာမှာ ထိုင်းနိုင်ငံသူဆိုရင် နိုင်ငံခြားသားတွေက လိင်ဖျော်ဖြေရေးအတွက်သာ သဘော ထားခံရတဲ့အဆင့်ပါ။အဲဒီလိုမျိုး ထိုင်းနိုင်ငံရဲ့ လူထုကတောင် ဒေါ်စုကြည်ကို တဏှာရူးမကြီးတဲ့ ....ကောင်းကြ သေးရဲ့လားဗျာ။
          ဒါကြောင့် မြန်မာ့ယဉ်ကျေးမှုနဲ့မလျော်ညီတဲ့ ဒေါ်စုကြည်ရဲ့ အပြုအမူနှင့်လုပ်ရပ်များကို ရှုံ့ချကန့်ကွက်၍ ဆန္ဒဖော်ထုတ်မည့် ရန်ကုန်၊ ပဲခူး၊ ညောင်လေးပင်မှ NLD ပါတီဝင်များ၏လှုပ်ရှားမှုကို ကြိုဆိုပါသည်။ သံဃာ တပ်ပေါင်းစု၊ ရဟန်းပျိုသမဂ္ဂ၊ ရခိုင်သံဃာအဖွဲ့တို့၏ သဘောထားထုတ်ပြန်ချက်များကိုလည်း လေးနက်စွာ ထောက်ခံပါသည်။ မြန်မာ့ယဉ်ကျေးမှုကို ထိန်သိမ်းစောင့်ရှောက်မည့် ပြည်သူများလည်း ပါဝင်ကြဖို့ ဖိတ်ခေါ် ပါသည်။           
                                                                                           တာဝန်သိမြန်မာနိုင်ငံသားတစ်ဦး

No comments:

Post a Comment