Saturday 6 October 2012

အင်တာနက်တွင် အင်္ဂလိပ် ဘာသာထက် တရုတ်ဘာသာ အသုံးပြုသူ ဦးရေပိုများ

Saturday 6th October 2012
 
၂၀၁၁ ခုနှစ် မေလတွင် တိုင်းတာချက် အရ အင်္ဂလိပ် ဘာသာ စကားကို အသုံးပြု၍ အင်တာနက် သုံးစွဲသူ အရေအတွက်မှာ ၅၆၅ သန်း ရှိနေပြီး တရုတ် ဘာသာစကားကို အသုံးပြု၍ အင်တာနက်သုံးစွဲသူ အရေအတွက်မှာ သန်း ၅၁၀ ရှိနေခဲ့ရာမှ ယခုအခါ ယင်းကွာဟချက်မှာ ကျဉ်းမြောင်းလာခဲ့ပြီး တရုတ် အင်တာနက် အသုံးပြုသူ ပိုမို များပြားလာခြင်းကြောင့် ၂၀၁၅ ခုနှစ် အရောက်တွင် တရုတ်ဘာသာစကားသည် အင်တာနက် အသုံးပြုသူများ၏ နံပါတ်တစ် လူသုံးအများဆုံး ဘာသာစကား ဖြစ်လာတော့မည်ဟု ကုလသမဂ္ဂ ဘရော့ဘန်းကော်မရှင်၏ စစ်တမ်းကောက်ယူမှု တစ်ရပ်အရ သိရသည်။

ထိုသို့ တိုးပွားနိုင်ခြင်းမှာ အဓိကအားဖြင့် ၁ ဒသမ ၃ ဘီလျံရှိသည့် တရုတ်နိုင်ငံတွင်းနေ တရုတ်ဘာသာစကား အသုံးပြုကြသူများကြောင့်
ဖြစ်သည်ဟု သိရပြီး တရုတ်နိုင်ငံအတွင်း၌ လူဦးရေ ၄၀ ရာခိုင်နှုန်းသည် အင်တာနက် အသုံးချနေသည်ကိုလည်း တွေ့ရသည်။

နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှု များစွာရှိသည့် တရုတ်နိုင်ငံ အနေဖြင့် ကိုယ်ပိုင် အွန်လိုင်းရှာဖွေရေး ဝန်ဆောင်မှုများ၊ အွန်လိုင်းဈေးဝယ် ဝန်ဆောင်မှုများကိုလည်း ပြုလုပ်ပေးထားသည်။ သန်း ၇၀၀၀ ဝန်းကျင်
ရှိသည့် နိုင်ငံတကာ လူဦးရေ အရေအတွက်၏ သန်း ၂၂၆၀ မှာ အင်တာနက် အသုံးပြုနေကြကြောင်းလည်း သိရသည်။

Pyi Myanmar

No comments:

Post a Comment