Monday 23 July 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ထောက်ခံသောအားဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့  တွင် နိုင်ငံတော် အလံများ လွှင့်ထူထား

နိုင်ငံတော် သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်သွားရောက်နေစဉ် သမ္မတ၏ ရိုဟင်ဂျာများနှင့် ပတ်သက်သော မူဝါဒကို ထောက်ခံသောအားဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုင်ငံတော်အလံကို လွှင့်ထူထားကြကြောင်း သိရှိရသည်။



ရိုဟင်ဂျာ အရေးနှင့်ပက်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတမှ
တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မှ မဖြစ်နိုင်ကြောင်း၊
နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိကာ UNHCR က ကျွေးမွေး စောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည် ဖြစ်ကြောင်း နှင့် ပြေလည်အောင် ဖြေရှင်းနိုင်မည့်
နည်းလမ်းများကို စဉ်းစားနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။



No comments:

Post a Comment