Monday 23 July 2012

မြန်မာနှင့်ထိုင်း စီးပွားရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ သုံး ခု လက်မှတ်ရေးထိုးမည်

ထိုင်းနှင့်မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ(MoU) သုံးခုအား ဇူလိုင် ၂၃ ရက်တွင် သဘောတူလက်မှများ ရေးထိုးကြလိမ့်မည်ဖြစ်ပြီး အဓိကအားဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ထားဝယ်နှင့် ထိုင်းနိုင်ငံအရှေ့ဘက် ပင်လယ်ကမ်းရိုးတန်းဒေသတို့၏ ကူးသန်းဆက်သွယ်ရေး နှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်သည်။

 

သမ္မတဦးသိန်းစိန်သည် ထိုင်းနိုင်ငံသို့ ဇူလိုင်လ ၂၂ ရက်က ရောက်ရှိခဲ့ပြီး ချောင်ဘူရီပြည်နယ်ရှိ Laem Chabang ရေနက်ဆိပ်ကမ်းကို သွားရောက်လေ့လာခဲ့ပြီး သမ္မတကြီးအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၀၈ ခုနှစ် ဧပြီလ ၂၉ ရက်မှ မေလ ၁ ရက်အထိ ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ဖူးသည်။

ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ်က (သမ္မတ ဦးသိန်းစိန် ၏)ခရီးစဉ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အကြောင်းကို အဓိကဆွေးနွေးဖြစ်လိမ့်မည်ဟု ယူဆရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ထားဝယ်ဆိပ်ကမ်းနှင့် Laem Chabang ရေနက်ဆိပ်ကမ်း ဆက်သွယ်ရေးစီမံကိန်းတို့နှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် အဓိက ထား ဆွေးနွေးဖြစ်လိမ့် မည်ဟု ၀န်ကြီးချုပ် မစ္စယင်လတ်က ဆိုသည်။အဆိုပါ နားလည်မှုစာချွန်လွှာ သုံးခုမှာ နည်းစနစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် စွမ်းအင်ကဏ္ဍတို့ဖြစ်ကြောင်း သိရသည်။

ထားဝယ်ဒေသ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်သက်သော နားလည်မှုစာချွန်လွှာအား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းများ ဖြစ်ကြသော Noppadol Pattama နှင့် ဦးဥာဏ်ဝင်းတို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် ပြီး ယခုနှစ်နှောင်းပိုင်းတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ယခုရေးထိုးမည့် နားလည်မှုစာချွန်လွှာများသည် မြန်မာပြည်တောင်ပိုင်း(ထားဝယ်ဒေသ) ဖွံ့ဖြိုးရေး အတွက်သာမက ထိုင်းနိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းဒေသနှင့် ကူးသန်းဆက်သွယ်ရေးအတွက်ပါ အဓိကအရေးပါသော နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတို့ကို မြဲမြံစေမည်ဖြစ်သည်ဟု Mr. Sihasak က ဆိုသည်။

မှီငြမ်း ။ ဗန်ကောက်ပို့စ်

No comments:

Post a Comment