
ဒါတင်မကသေးပါဘူး။
တို့များ အမေစု အကျယ်ချုပ်ခံဘ၀နဲ့ အိမ်တွင်းပုန်းနေရပေမဲ့ စန်းပွင့်ချိန် ကျလာပြန်တော့
မစ္စတာဂျွန်ရက်တောက သမိုင်းတွင်မဲ့ရာဇ၀င်မျိုးကို ဖန်တီးလို့ အင်းလျားကန်ကိုဖြတ် ကင်းစောင့်တွေကိုကျော်
အမေစုရှေ့တော်မှောက်ကိုအရောက်လာခဲ့ရပါသေးတယ်။ အမေစုရဲ့ စန်းပွင့်ချက် ကတော့ မသေးလှပါဘူး။
မြန်မာလူမျိုးတွေမှာ အရင်ကရေပန်းစားခဲ့တဲ့ အဆောင်တွေ၊ လက်ဖွဲ့တွေ၊ ဘာတွေ ညာတွေ ရှိခဲ့တယ်လို့
သိရပါတယ်။ ကျွန်တော့်အထင် မမှား လောက်ရင် အမေစု ဆီမှာလည်း အဆောင်ကောင်း၊ လက်ဖွဲ့ ကောင်း၊
ပီယဆေးတစ်လက် လောက်တော့ရှိနေပြီထင်ပါတယ်။
အခုလည်း
ဥရောပတလွှား အမေစုရဲ့ ပီယဆေးလွှမ်းထားသလား မှတ်ရအောင် နိုင်ငံခြား သွားတော့လည်း ကြည့်ပါ။
ဥရောပက လင်တော် မောင်အမျိုးတွေ၊ အမေစုရဲ့ ဆေးမိရာ ဥရောပ ယောင်္ကျား ရင့်မာကြီးတွေနဲ့
ဖက်လှည်းတကင်း၊ နမ်းကာရှုံ့ကာနဲ့နေပုံတွေက အင်တာနက်စာမျက် နှာတိုင်း သူတို့ပဲ ရှိနေသယောင်ယောင်။
အမေစု စီးဖို့လေယျာဉ်၊ အစေစုစီးဖို့ကား၊ အမေစု ပြောမဲ့ စကားက အစ ဥရောပနဲ့ တထေရာတည်းဖြစ်အောင်
အမေစုကို လိုလေသေးမရှိ အမေစုအမျိုးသားဘက်က အင်္ဂလိပ်အမျိုးများက ကိုးစားကြပါတယ်။ ကမ္ဘာကျော်
ယူတူးအဆိုတော် ဘိုနို တောင်မှ အမေစုရဲ့စန်းကို မယှဉ်နိုင်တော့ အမေစုပါးကိုနမ်း အမေစုလက်ဖမိုးလေးကို
နမ်းလို့ လေယျာဉ်ကြီးတစ်စီးလုံး အမေစု သွားလိုရာ သွားပါစေ သဘောနဲ့ ရက်ရောစွာထိုးအပ်ခဲ့ရတယ်။
အမေစုရဲ့
စန်းပွင့်ချက်က ကမ္ဘာကတောင် လိုက်မမှီတော့ပါဘူး။ အမေစုကို ချစ်လို့၊ အမေစု စန်းကို မယှဉ်နိုင်လို့
ကမ္ဘာလုံးဆိုင်ရာ နိုဘယ်လ်ဆုကြီးကိုတောင် ပေးလိုက်သလား မှတ်ရအောင် အမေစု စန်းပွင့်ချက်က လက်လန်ပါတယ်။ စန်းတင်မက ပါဘူး။
စုပ်တွေရော လာဘ်တွေရော တစ်လုံးတစ်ခဲတည်း ၀င်တာပါ။ တကယ်တန်း ကျွန်တော်တို့ ပြည့်ပြည့်စုံစုံ
မသိသေးတဲ့ အမေစုရဲ့ ရင်ခုန်ချင်စရာကောင်းတဲ့ လျှို့ဝှက် ဇာတ်လမ်းတွေ ရှိနေသေးတယ်ဆိုတာ
တိုးတိုးတိတ်တိတ် ကြားသိထားရတာတွေလည်း ကျန်နေပါသေးတယ်။ ကျွန်တော်တို့ မြန်မာစကားပုံမှာ
ဆိုရိုးတစ်ခုရှိပါတယ်။ “ကြီးမှ ၀က်သက်ပေါက်” တယ်တဲ့။ အမေစုတို့ကတော့ အသက်ကြီးလေ ပျက်ဆီးမသွားဘဲ
ငယ်မူပြန် စန်းပွင့်နေတုန်းပါပဲ။ အသက်ကြီးကာမှ ပိုလို့တောင် စန်းထနေပါသေးတယ်။
အမေစုတင် မကသေးပါဘူး။ အမေစုအရှိန်အ၀ါနဲ့
အမေစုပါတီထဲက ဒေါ်စန္ဒာမင်း တို့ကိုပဲကြည့်။ ယောင်္ကျားကြီး ငုတ်တုပ်တောင် စန်းပွင့်ချင်တော့
၈၈ မျိုးဆက်ကျောင်းသား ကိုဌေးကြွယ်နဲ့ ပုဂံမှာ သွားပွင့်တယ်။ အမေစုတို့က အဲလို အရှိန်အ၀ါ
ကောင်းခဲ့တာ။
ဒါ့ကြောင့်လည်း အမေစု ရယ် . . . ပီယဆေးကောင်း
ဝါးကောင်းလေးများရှိရင် လမ်းညွှန်ပါဦးလို့ . . အမေစုလောက် စန်းမထတောင် မှန်းဆကြည့်ချင်လို့ပါ
. . . .
ကိုရင်လေး
Jealousy
ReplyDeleteသြော်လက်စသတ်တော့အမဲရိုးကိုက်နေတဲ့ကောင်တွေဘဲ။အေး
ReplyDeleteအေးဟောင်ကြဟောင်ကြ။