Tuesday 27 September 2011

ရန်ကုန်မြို့တွင် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့

ဓါတ်ပုံ( 7 Day News ) 
 
ယနေ့ (စက်တင်ဘာ ၂၆) ရက်နေ့တွင် ၂၀၀၇ ခုနှစ် စက်တင်ဘာလ တွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင်လှုပ်ရှားမှု လေးနှစ်ပြည့်သည်ကို အကြောင်းပြုကာ ဆန္ဒပြပွဲများ ရန်ကုန်မြို့ အချို့နေရာများတွင် သီးခြားစီဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည် ။ 
 
သွေးထိုးလှုံဆော်မှုတွေ မပါဘူးတဲ့လား (ဓါတ်ပုံ 7 day news ) 
 
ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် အင်အား ၅၀ ခန့်ဖြင့်၎င်း  န၀ဒေးရုပ်ရှင်ရုံအနီးတွင် အင်အား ၂၀၀ ခန့်ဖြင့်၎င်း  မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တပြိုင်နက်နီးပါးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ လူစုခွဲရန် တားမြစ်ဆောင်ရွက်ခဲ့မှုများကြောင့် မွန်းလွဲ ၂ နာရီ ခွဲခန့်တွင် လူစုကွဲသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည် ။ 
 
မြို့တော်ခန်းမရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားစဉ်
“'ဒီလိုအချိန်မှာ ဆန္ဒစောတာ မဖြစ်သင့်ဘူး။ တစ်ဆင့် ပြီးတစ်ဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေးသင့်တယ်။ ဒီလိုဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားတဲ့သူတွေ က ဖျက်လိုဖျက်စီးလုပ်မယ့် အန္တရာယ်က ကြီးမားတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်”ဟု ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်း က ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းထုတ် 11 Media Group ၏အင်တာနက်စာမျက်နှာတွင် ဖေါ်ပြပါသည် ။
 

အဆိုပါ လူထုဆန္ဒပြပွဲများကို ဦးဆောင်သူမှာ ဦးဝင်းချို နှင့် ဒေါ်နော်အုန်းလှတို့ ဖြစ်ကြောင်း လည်းသိရပါသည် ။ 
(http://doctorsatephwar.blogspot.com/)မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment