Tuesday 27 September 2011

စစ်တပ်က ဘုန်းကြီးသတ်တယ် ပြောသူများ ယုံနိုင်စရာ အထောက်အထား ပြကြပါ သံဃာပြဿနာ




ဘုန်းကြီးသတ်တဲ့ စစ်တပ်၊ သံဃာ သတ်တဲ့ စစ်တပ် ဆိုပြီး စွပ်စွဲလာခဲ့ကြတာ ၄ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဘယ်လိုသတ်တာလဲ? ဘယ်အထောက်အထားနဲ့ ပြောနိုင်တာလဲ မေးရင်တော့ ဘယ်သူမှ ခုထိ သေသေချာချာမပြောနိုင်ကြပြန်ပါဘူး။

တပ်မတော်သားဆိုတာ သာမန်လူ အများစုထက် ဘာသာရေးကို ပိုပြီး လေးစား အားကိုး ကြပါတယ်။ တပ်တိုင်းမှာ တပ်ဦးကျောင်း ဆိုပြီး ဘုန်းကြီးကျောင်းရှိသလို၊ အပတ်စဉ် တိုင်းလည်း ပရိတ်ရွတ်၊ ပဌာန်းရွတ် များ လုပ်လေ့ရှိပါတယ်။

တပ်ရှိတဲ့ မြို့တွေ မှာဆိုရင် တပ်ကပဲ ဦးစီးပြီး ကထိန်ပွဲ၊ ဝါဆိုသင်္ဃန်းကပ်ပွဲတွေကို အရင်ကတည်းက လုပ်ခဲ့သလို ခုထိလည်း လုပ်နေဆဲဖြစ်ပါတယ်။ တပ်မတော်သား အားလုံးရဲ့ ၉၉.၉၉ ရာခိုင်နှုံးဟာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါတယ်။ ရှေ့တမ်းရောက် တပ်မတော်သား တို့အတွက် တကယ်တမ်း သေရေး ရှင်ရေး ဆိုရင် ဘုရားမှ လွဲပြီး အားကိုးစရာမရှိပါဘူး။

၂၀၀၇ စက်တင်ဘာ တုန်းက ရန်ကုန်မှာ စကားဝဲနေတဲ့ တိုင်းရင်းသား ဘုန်းကြီးတွေနဲ့ ဝါ မရှိသေးတဲ့ ဘုန်းကြီး အချို့ရဲ့ ကမကထ ပြုမှုကြောင့် ဆူပူလှုပ်ရှားမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဘုရားနဲ့ တဂိုဏ်းထည်း ထားခံရတဲ့ ဘုန်းကြီးများက မာတုကာမ ဓာတ်ပုံများကို ကိုင်ဆောင်ပြီး မြို့တွင်း လှည့်လည်ခဲ့ကြပါတယ်။

နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့ဝင် ဆရာတော်ကြီးများက တားမြစ်သော သြောဝါဒ စကားများကို ဆန့်ကျင်ကာ မထီမဲ့မြင် ပြုလာကြပါတယ်။ တောမီးလောက် တောကြောင် လက်ခမောင်ခတ် ဆိုတဲ့ အတိုင်း မသမာသူ များက အခွင့်ကောင်းယူပြီး လူစုလူဝေးနဲ့ ဖျက်ဆီးခြင်းတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ လမ်းဘေးမှ မော်တော်ယဉ်များ၊ မီးပွိင့်မှ မီးများ၊ ယဉ်ထိန်းရဲ ရုံးများကို ဖျက်ဆီးရုံများမက ပလက်ဖောင်းမှ အုတ်ခုံများကိုပါ ထုခွဲခဲ့ကြပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့များနဲ့ တာဝန်ရှိသူများက ထိန်းသိမ်းသော်လည်း မရနိုင်တာကြောင့် တပ်မတော်သား အချို့က ဝင်ရောက် ထိန်းသိမ်းခဲ့ကြရပါတယ်။

တပ်မတော် အနေနဲ့ လူအများကို ကိုယ့်အိမ်ကိုယ် အေးအေးဆေးဆေး ပြန်ကြရန် အကြိမ်ကြိမ် ပြောသော်လည်း ခဲများဖြင့် ပစ်ပေါက်ခြင်း၊ တိုက်ပေါ်မှ ရေနွေးများဖြင့် လောင်းချခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီလို ရိုင်းစိုင်းမှုများကို ထိန်းသိမ်းရန်အတွက် နောက်ဆုံးအဆင့်အဖြစ် လက်နက် သုံးခဲ့ရပါတယ်။ တပ်မတော် နဲ့ အကြမ်းဖက်သူတို့ ထိပ်တိုက်တွေ့ဆုံချိန်မှာတော့ သံဃာတွေ မရှိတော့ပါဘူး။ ဒါကြောင့် ဘယ်သံဃာ၊ ဘယ်ဘုန်းကြီးကိုယ်မှ တပ်မတော်က ကိုယ်ထိလက်ရောက် စော်ကားတာ၊ ပစ်သတ်တာ မရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း တပ်မတော်ရဲ့ ဂုဏ်သိက္ခာညိုးနွမ်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးမျိုး စွပ်စွဲခဲ့ပါတယ်။ ဂျပန်မှ သတင်းထောက် တစ်ယောက် က တော့ တကယ်ပဲ သေနက် ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုဖိုင်တွေလည်း အင်တာနက်ပေါ်မှာ အများကြီးရှိပါတယ်။ သေဆုံးသွားတဲ့ ဂျပန်သတင်းထောက်ကို တပ်မတော်က မပစ်ဘူးလို့ မမငြင်းခဲ့ပါဘူး။ ဒါကလည်း အထူးအဆန်းတော့ မဟုတ်ပါလူး ထိုင်းနိုင်ငံ မှာ ရှပ်နီတွေ ဆန္ဒပြတုန်းက ရိုက်တာ သတင်းဌာနက ဂျပန် သတင်းထောက် အပါအဝင် ၁၅ ယောက် တောင် သေခဲ့သေးတာပဲ။ ပြီးတော ရန်ကုန်မှာ သေသွားတဲ့ ဂျပန်သတင်းထောက်ကို ကောင်ကောင်းမွန်မွန်လည်း သဂြို ပေးခဲ့ပါတယ်။ NLD က ဦးတင်ဦးတို့တောင် မဆီမဆိုင် ဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြတာ မှတ်မိပါသေးတယ်။

ဆိုလိုတာကတော့ ဂျပန်သတင်းထောက် သေသလိုမျိုး ဘုန်းကြီး တစ်ပါးပါးကို စစ်တပ်က ပစ်သတ်လိုက်တဲ့ ဓာတ်ပုံ (သို့မဟုတ်) ဗွီဒီယို ဖိုင် တစ်ခုခုများ ဘာလို့ မပြနိုင်ကြတာပါလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပါးစပ်က အမြဲတမ်းလိုလို စွပ်စွဲနေတဲ့ ဘုန်းကြီးတောင် သတ်တဲ့ စစ်တပ်၊ သံဃာတောင် သတ်တဲ့ စစ်တပ် ဆိုပြီး ဘာမှလည်း အထောက် အထား မပြနိုင်ကြပြန်ပါဘူး။

ဘယ်နိုင်ငံကမှန်းမသိ၊ ဘယ်က ဘာမှန်းမသိတဲ့ ဘုန်းကြီးလို့ ထင်ရသူတစ်ယောက် ရေထဲမှာ မျောနေတာကို လက်ညိုးထိုးပြီး စစ်တပ်က သတ်တာလို့ တော့ မပြောစေချင်ပါဘူး။ အဲ့လို စွပ်စွဲတာက ကလေးဆန်ပြီး လူတိုင်းလုပ်တတ်ပါတယ်။ ဘုရားရှင်လက်ထက်တုန်းကတောင် မိန်းမယုတ် တစ်ယောက်က သူ့ဗိုက်ကို လက်ညိုးထိုးပြီး ဘုရား လုပ် တာပါ စွပ်စွဲခဲ့ဖူးတာပဲ။ ဒါပေမယ့် ဘုရားက စွပ်စွဲသူကို ဘာမှ ပြန်ပြီး ဖြေရှင်းချက် မပေးခဲ့ပါဘူး။

တပ်မတော် အနေနဲ့ကလည်း စွပ်စွဲနေသူတွေကို ဘာမှ ဖြေရှင်းချက် မပေးလိုပါဘူး။ ဒါပေမယ့် တစ်ခုလောက် တော့ တောင်းဆိုချင်ပါတယ်။ ယုတ်တိရှိအောင် သက်သေ အထောက်အထားလေး တစ်ခုလောက် တော့ ပြသပေးစေချင်ပါတယ်။ ဖိုတိုလျှော့တွေ ကာတွန်းတွေ ပန်းချီ တွေ တော့ မဟုတ်ဘူးပေါ့...။

ဒါမျိုး ပုံလေးတွေ မရှိဘူးလား



ဒါမျိုးလေးတွေ ပြနိုင်ရင်တော့ ယုံလိုက်မယ်



ဒီလို ကိုယ်ဘာကို ဆွဲတဲ့ ကာတွန်းတော့ မပြနဲ့

ဘယ်ကမှန်းမသိတဲ့ လူသေဓာတ်ပုံကို လက်ညိုးထိုးပြီး စစ်တပ်က သတ်တယ် လို့တော့ မပြောနဲ့
(http://www.oppositeyes.blogspot.com/)မှကူးယူဖ်ာပြပါသည်။

No comments:

Post a Comment