Thursday 15 September 2011

အလုပ်ရုံ အစည်းအဝေးကိုတော့ ခဏနဲ့ ထ ပြန်ပြီး ဘောလုံးပွဲကိုတော့ အပြီးထိထိုင်ကြည့်သည့် ထူးဆန်းသော အင်တာနက်ပေါ်က လူထုခေါင်းဆောင်

ဒီကနေ့ ညနေ ရန်ကုန် သုဝဏ္ဏ ဘောလုံးကွင်းမှာ ကျင်းပတဲ့ ယူ ၁၉ ဘောလုံးပွဲကို အင်တာနက်ပေါ်က လူထုခေါင်းဆောင် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ် အဖွားကြီးရဲ့ ပထမ ဆုံး မြန်မာနိုင်ငံမှာ ဘောလုံးပွဲ သွား ကြည့်ခြင်းဖြစ်ပါတယ်။ ဘောလုံးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ထက် အသက်ကြီးတဲ့ အမျိုးသမီး ပရိတ်သက် တစ်ယောက်မှ မရှိခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘောလုံးပွဲကို အစ မှ အဆုံးထိ စိတ်ဝင်စားစွာနဲ့ စောင့်ဆိုင်း ကြည့်ရှုခဲ့ပါတယ်။

လူထု ခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဘောလုံးပွဲကိုသာ အစ မှ မဆုံး မကြီးမငယ် နဲ့ သွားရောက်ကြည့်ရှုခဲ့ပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော် မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ၊ မြန်မာ တမျိုးသားလုံး၊ မြန်မာ လူထုတစ်ရပ်လုံး ရဲ့ အမျိုးသား အကျိုးစီးပွားအရေးကို ရှေးရှုပြီး နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဦးဆောင် ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲကိုတော့ ပထမ ရက်မှ မတက်ခဲ့ပါဘူး။ ဒုတိယ ရက်မှာတော့ ပထမပိုင်း လောက်မှာ ခဏ ဝင်ထိုင်ပြီး ဆွေးနွေးပွဲ မပြီးခင်မှာပဲ သူနဲ့ မဆိုင်သလိုပဲ ထပြန်လာခဲ့ပါတယ်။


ဘောချစ်တဲ့ အန်တီစု မှ နိုင်ငံ့ စီးပွားရေး အကြောင်း ဆွေးနွေးတုန်းက ထပြန်ခဲ့ပေမယ့်
ဘော အကြောင်း ဆွေးနွေးချိန်မှာတော့ ထ မပြန်ပဲ အပြီးထိ စိတ်ဝင်စားစွာ နားထောင်နေစဉ်

အလုပ်ရုံအစည်းအဝေး ကို နိုင်ငံရေး ပါတီ ၃၇ ပါတီကိုလည်း ဖိတ်ကြားထားပြီး တပါတီလျှင် ၃ ဦးစီ တက်ရောက်ခွင့် ပြုထားသလို တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဝန်ကြီး နှစ်ဦးစီနှင့် စီးပွားရေး လုပ်ငန်းရှင် ၃ ဦးစီ အထိ တက်ရောက်ရန်လည်း ညွှန်ကြားထားပါတယ်။ လက်ရှိ အစိုးရရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူဝါဒ ဖော်ဆောင်ဖို့ လက်တွေ့ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်ပြီး နိုင်ငံတော်ရဲ့ အနာဂါတ် နဲ့ အမျိုးသား အကျိုးစီးပွားအတွက် အရေးပါတဲ့ အစည်းအဝးဖြစ်ပါတယ်။

နိုင်ငံတော်အတွက် အရေးပါတဲ့ အဲဒီ ဆွေးနွေးပွဲကို တက်ရောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် အစောကြီးကတည်း ဖိတ်စာ သေချာ ပို့ခဲ့သလို အစည်းဝေး ပထမ ရက်မှာလည်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး ဝင်းနိုင်ထွန်း ကိုယ်တိုင် မနက်ကိုးနာရီ မှာ သွားရောက် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နိုင်ငံတော် စီးပွားရေး အတွက်ဖြစ်ဖြစ်၊ လူထု အကျိုးစီးပွားအတွက် ဘယ်လောက် အရေးပါသည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည် ဂရုမစိုက်ခဲ့ပါဘူး။ ရန်မှူးကြီး ဝင်းနိုင်ထွန်းဦးဆောင်ပြီး လုံခြုံရေးနဲ့ သေချာခေါ်သွားတဲ့ နေပြည်တော်ကို တော့ ရောက်ခဲ့ပါတယ်။ ၃ ရက် ကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို ပထမ နေ့မှာ မတက်ခဲ့ပါဘူး။ ဒုတိယနေ့မှာ ခဏ လာပြီး ဆွေးနွေးပွဲမပြီးခင် ရန်ကုန် ပြန်သွားပါတယ်။ တတိယနေ့ ကိုတော့ အစည်းဝေး ရှိမှန်းတောင် မသိတော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဟာ လူထုတစ်ရပ်လုံးအတွက် အမျိုးသား အကျိုးစီးပွားအတွက် ကျင်းပတဲ့ ဆွေးနွေးပွဲကို အကြောင်းပြချက် ကင်းမဲ့စွာဖြင့် ခဏ ပဲ သွားတက်ကာ အစည်းအဝေးမပြီးခင် ပြန်လာခဲ့ပေမယ့် ဒီနေ့ ဘောလုံးပွဲကိုတော့ ပွဲအစ မှ ပွဲအဆုံးထိ ၂ နာရီ လောက် အချိန်ပေးပြီး ထိုင်ကြည့်နေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရက်နဲ့ပတ်သက်ပြီး တော့ ဝေဖန်သံတွေ အမျိုးမျိုးလည်း ပြန်ကြားရပါတယ်။ ဘောလုံးပွဲကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက

"အံ့သြတာပေါ့ဗျာ.. တကယ် ထင်မထားဘူးလေ.. ဘောလုံးပွဲမှာ မိန်းခလေး ပရိတ်သက်က သိတ်မရှိဘူး.. ယောက်ျားတွေက အများကြီးပဲ.. ဒေါ်အောင်ဆန်းစုကြည် ရောက်လာတော့ အားလုံး အံ့သြော သွားကြတယ်.. ဒီအဖွားကြီး ဘာအရူးထ ပြန်ပါလိမ့်ပေါ့... အသက် ၆၇ နှစ်နဲ့ ဘောလုံးပွဲလာကြည့်တဲ့ အဖွားကြီး တစ်ယောက်မှ မရှိတာ..." လို့ ပွဲကြည့်သူ တစ်ယောက်က ပြောပါတယ်။

နောက်ထပ် ပွဲကြည့်သူ တစ်ယောက်ကလည်း "ကျွန်တော် ဆို ကြည့်ချင်လွန်းလို့ကို သွားကြည့်တာဗျ.. အားတာမဟုတ်ဘူးလေ.. လာကြည့်တဲ့လူတွေ တော်တော်များများကလည်း ဘောလုံးဝါသနာရှင်တွေ များတယ်.. ဝါသနာ ပါလွန်းလို့ မအားတဲ့ကြားက လာကြည့်ကြရတာ... အိမ်က မိန်းမဆိုရင် ဘောလုံးပွဲ လိုက်ကြည့်ဖို့ မပြောနဲ့ -င်ယားလို့တောင် မကုတ်အားဘူး.. အဖွားကြီး (ဒေါ်စု) ကတော့ တော်တော် အားနေတယ် ထင်ပါတယ် ဗျာ.. " လို့ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတွက် အရေးပါတဲ့ အလုပ်ရုံ ဆွေးနွေးပွဲတော့ ခဏနဲ့ ထပြန်ပြီး ဘောလုံးပွဲကိုတော့ အားအားယားယား အပြီးထိ ထိုင်ကြည့်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး မြန်မာ့အရေးကျွမ်းကျင်သူ တစ်ဦးက "မဖြစ်သင့်ဘူးပေါ့ဗျာ.. သိသာ သိစေ မမြင်စေနဲ့ ဆိုတဲ့ စကားလည်း ရှိနေတာပဲ.. ဒေါ်အောင်ဆန်းစုကြည်မှာ တစ်ရက် တစ်ရက် ဘာအလုပ်မှ မှ ရေရေရာရာ မရှိတာ.. အားလုံး သိနေတာပဲ... ခုတော့ အားအားယားယား ဘောလုံးပွဲ တောင် အပြီးထိ သွားထိုင်ကြည့်လိုက်သေးတယ်... အားနေတာ လူသိသွားတာပေါ့ဗျာ.. ဒီထက်ဆိုးတာက အလုပ်ရုံအစည်းဝေးကိုတော့ အပြီးထိ မတက်ပဲ ထပြန်တာက မေးခွန်းထုတ်စရာ ဖြစ်သွားတာပေါ့... လူထုအတွက် အရေးပါတဲ့ အစည်းအဝေးကိုတော့ ကျောခိုင်းပြီး ဘောလုံးပွဲတော့ သွားကြည့်တယ် ဆိုတော့ .. ဗိုလ်ချုပ် ပြောတဲ့ တစ်လွဲဆံပင် ကောင်းနေတာ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်လို လူတွေကို ပြောတာဗျ... ခေါင်ဆောင်အရည်အချင်း၊ ခေါင်းဆောင် လုပ်ရပ် ၊ ခေါင်းဆောင် အတွေးအခေါ်တစ်ခုမှ မရှိဘူး" လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။

ဒါ့အပြင် နောက်တစ်ခါ ဘာအစည်းအဝေးပဲ လုပ်လုပ် ဒေါ်အောင်ဆန်းစုကြည်ကို မဖိတ်ဖို့နဲ့ ဘောလုံးပွဲ ရှိမှာသာ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ဖို့လည်း အကြံပေးသွားပါတယ်။

ဘော ကိုချစ်တယ်၊ ဘော ကိုမြတ်နိုးတယ်၊ ဘော ကိုတွယ်တာတယ်၊ ဘော.. ဘော... ဘော...
(http://myanmarexpress.blogspot.com/)မှကူးယူဖော်ပြသည်။

No comments:

Post a Comment