Thursday, 19 December 2013

အစိုးရက ကားပါမစ်ချပေးတဲ့ကိစ္စ KNU ရှင်းလင်း

Photo: အစိုးရက ကားပါမစ်ချပေးတဲ့ကိစ္စ KNU ရှင်းလင်း
Thursday, December 19, 2013

အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေကို အစိုးရက ကားပါမစ်တွေချပေးတာနဲ့ ပက်သက်ပြီး အပြင်လောကမှာပြောနေတဲ့ အရေအတွက်ဟာ တကယ်ရရှိတဲ့ အရေအတွက်ထက် ပိုများနေတယ်လို့ KNU အဖွဲ့ ဗဟိုအလုပ်အမှုဆောင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။

ရန်ကုန်မြို့ Business Alliance Hotel မှာ ပဒို မန်းငြိမ်းမောင်က ဒီနေ့ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ပြောခဲ့တာပါ။ အစိုးရကအဖွဲ့စည်း ၁၄ ဖွဲ့ကို ကားတင်သွင်းခွင့်ပါမစ်ချပေးခဲ့ရာမှာ အစီးရေ ၂၉၀ သာ အခွန်ကင်းလွတ်ခွင့်ရပြီး၊ အစီးရေ ၅၈၀ အတွက် ၆၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရတာဖြစ်တယ်လို့ အခုလို ပြောပါတယ်။

"ကျနော်တို့ ကရင်ဆိုရင်ဗျာ အစီး ၄ဝ က အခွန်လွတ်၊ အစီး ၈၀ က ၆၀ ရာခိုင်နှုန်းလောက် အခွန်ဆောင်ရတယ်၊ ဥပမာ RCSS ဆိုရင် အစီး ၂ဝ က အခွန်လွတ်၊ ၄ဝ က အခွန်ဆောင်၊ အဲဒီ ၁၄ ဖွဲ့ကို နိုင်ငံတော်အစိုးရကပေးတာ အခွန်လွတ်က ၂၉၀ ရှိပါတယ်၊ ၆၀ ရာခိုင်နှုန်း အခွန်ဆောင်ရတာ ၅၈၀ ရှိတယ်၊ အဲဒါကျနော်တို့ အခြေအနေမှန်ကို သိစေချင်လို့ပါ၊ ဒါတိုင်းရင်းသားတွေဘက်က ကိုယ်စားပြုပြီးပြောတာဖြစ်တယ်"

ကေအဲန်ယူအဖွဲ့အနေနဲ့ သူတို့ရရှိတဲ့ ကားတင်သွင်းခွင့်ကိုလည်း အဖွဲ့အစည်းရပ်တည်ဖို့ အဆင်ပြေတဲ့နေရာမှာ အသုံးပြုတာဖြစ်တယ်လို့ ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရရှိတဲ့ ကားအစီးအရေအတွက် ထောင်ကျော်ရှိနေကြောင်း ဂျာနယ်တွေမှာ ရေးသားဖေါ်ပြနေကြတာတွေ ရှိနေတယ်လို့ ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။
တိုင်းရင်းသား အဖွဲ့အစည်းတွေအတွက် လတ်တလောလိုအပ်ချက်တွေဟာ အခုရရှိနေတာနဲ့တင် မလုံလောက်သေးကြောင်းလည်း သူကပြောပါတယ်။

RFA Burmese
အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းတွေကို အစိုးရက ကားပါမစ်တွေ ချပေးတာနဲ့ပက်သက်ပြီး အပြင်လောကမှာပြောနေတဲ့ အရေအတွက်ဟာ တကယ်ရရှိတဲ့ အရေအတွက် ထက် ပိုများနေတယ်လို့ KNU အဖွဲ့ ဗဟိုအလုပ်အမှုဆောင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။

နယူးယောက်မြို့မှာ အိန္ဒိယ အမျိုးသမီး သံတမန်တစ်ဦး တကိုယ်လုံးချွတ် အရှာခံခဲ့ရ

Photo: နယူးယောက်မြို့မှာ အိန္ဒိယ အမျိုးသမီး သံတမန်တစ်ဦး တကိုယ်လုံးချွတ် အရှာခံခဲ့ရ
Thursday, December 19, 2013

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အဖမ်းခံရပြီး တကိုယ်လုံးချွတ် အရှာခံခဲ့ရတဲ့ အိန္ဒိယ အမျိုးသမီး သံတမန်တစ်ဦးကို ပြန်ခေါ်နိုင်ဖို့ ရတဲ့ နည်းနဲ့ ကြိုးစားမယ်လို့ အိန္ဒိယအစိုးရက တုံပြန်လိုက်ပါတယ်။

သံတမန်တစ်ဦးအပေါ် အမေရိကန်တို့ရဲ့ အခုလို ပြုမူ ဆက်ဆံပုံနဲ့ ပတ်သက်ပြီး အိန္ဒိယက စိတ်ဆိုး ဒေါသထွက်နေတာ ဖြစ်ပါတယ်။

အဲဒီ သံတမန်အမျိုးသမီးကို ပြန်ခေါ်ပြီး သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ရေးဟာ သူတို့ရဲ့ တာဝန် ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယ သံတမန် အမျိုးသမီးကို လိမ်လည်ပြီး ဗီဇာရယူမှု၊ အိမ်အကူကို ပေးသင့်တဲ့လစာ မပေးမှု စတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးပြီး အချုပ်ခန်းထဲမှာ ချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကတော့ ဒီကိစ္စကို အကျယ်အကျယ် မဖြစ်အောင် ကြိုးစားနေပြီး ဒီကိစ္စကြောင့် အမေရိကန် အိန္ဒိယ ဆက်ဆံရေးကို မထိခိုက်စေသင့်ဘူးလို့ ပြောခဲ့ပါတယ်။

အိန္ဒိယကတော့ လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် ကောင်စစ်အရာရှိတွေ အိန္ဒိယနိုင်ငံတွင်း မြန်မြန်ဆန်ဆန် ခရီးသွားနိုင်အောင် ထုတ်ပေးထား
တဲ့ လေယဉ်ကွင်းဝင်ခွင့် ကတ်တွနဲ့ အိုင်ဒီကတ်တွကို
ပြန်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

BBC Burmese
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အဖမ်းခံရပြီး တကိုယ်လုံးချွတ် အရှာခံခဲ့ရတဲ့ အိန္ဒိယ အမျိုးသမီး သံတမန်တစ်ဦးကို ပြန်ခေါ်နိုင်ဖို့ ရတဲ့ နည်းနဲ့ ကြိုးစားမယ်လို့ အိန္ဒိယအစိုးရက တုံပြန်လိုက်ပါ တယ်။

မလေးရှား ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း ယာဉ်မတော်တစ်ဆဖြစ်မှုတွင် ၆ ဦးသေဆုံး မြန်မာအမျိုးသမီး ၂ဦးပါဝင်

PhotoPhoto
မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း အဝိုင်းအနီး၌ ဒီဇင်ဘာ ၁၈ ရက် မနက် 12.42am အချိန်တွင် မြန်မာ အမျီုးသမီး နှစ်ဦးစီးနှင်းလိုက်ပါလာသည့် နီဆန်း စကိုင်းလိုင်း ကားတစ်စီး မှာမော်တော် ယာဉ် ဘယ်နှင့်ညာ ယာဉ်ကြောကိုပိုင်းခြားထားသည့် အုတ်တံတိုင်းနှင့်တိုက်မိပြီး မီးလောင်ကျွမ်း သဖြင့် သေဆုံး သွားကြောင်း New Straits Times သတင်း အရသိရပါသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က ကိုရီးယား စစ်ပွဲအတွင်း သေဆုံးခဲ့ကြတဲ့ တရုတ်စစ်သား ၄၀၀ ကျော်ရဲ့ ရုပ်ကြွင်းတွေကို တောင်ကိုရီးယားက တရုတ်လက် ပြန်အပ်ပါတော့မယ်

Photo: လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က ကိုရီးယား စစ်ပွဲအတွင်း သေဆုံးခဲ့ကြတဲ့ တရုတ်စစ်သား ၄၀၀ ကျော်ရဲ့ ရုပ်ကြွင်းတွေကို တောင်ကိုရီးယားက တရုတ်လက် ပြန်အပ်ပါတော့မယ်
Thursday, December 19, 2013

တရုတ်လက် ပြန်မအပ်မီ ရုပ်ကြွင်းတွေကို ပြန်ဖော် သုတ်သင် ရှင်းလင်းပြီး ခေါင်းတလားတွေနဲ့ ထည့်သွင်းပေးအပ်မှာ ဖြစ်တဲ့အတွက် အဲဒီဆောင်ရွက်ချက်တွေ ပြုလုပ်ရမယ့် ဖြစ်စဉ်ဟာ လအနည်းငယ် ကြာမြင့်ဖွယ် ရှိပါတယ်။

အမေရိကန် တောင်ကိုရီးယာတို့ ပါဝင်တဲ့ ကုလသမဂ္ဂ တပ်ဖွဲ့က တဖက်၊ တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားတို့က တဖက် တိုက်ခိုက်ခဲ့ကြတဲ့ ကိုရီးယား စစ်ပွဲအတွင်းမှာ တရုတ်စစ်သား သိန်းနဲ့ချီ သေဆုံးခဲ့တယ်လို့ ယူဆကြပါတယ်။

တောင်ကိုရီးယားဟာ တရုတ်စစ်သားအလောင်းတွေကို အခုချိန်အထိ အနည်းငယ်သာ ပြန်ပေးခဲ့ပြီး တော်တော်များများကို ဆိုးလ်မြို့မှာပဲ သဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
တရုတ်လက် ပြန်မအပ်မီ ရုပ်ကြွင်းတွေကို ပြန်ဖော် သုတ်သင် ရှင်းလင်းပြီး ခေါင်းတလားတွေနဲ့ ထည့် သွင်းပေးအပ်မှာ ဖြစ်တဲ့အတွက် အဲဒီဆောင်ရွက်ချက်တွေ ပြုလုပ်ရမယ့် ဖြစ်စဉ်ဟာ လအနည်းငယ် ကြာမြင့် ဖွယ် ရှိပါတယ်။

ဂျုံ၏ ကျန်းမာရေး အကျိုး ကျေးဇူးများ

Photo: ဂျုံ၏ ကျန်းမာရေး အကျိုး ကျေးဇူးများ
Thursday, December 19, 2013

အခွံချွတ် မထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ်မုန့်နဲ့

ကွတ်ကီး မုန့်တွေမှာ ဗီတာမင် B1၊ B2၊ B3၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဇင့်၊ ကြေးနီ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ အခွံချွတ် ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာ တွေမှာတော့ ဒီအာဟာရ ဓာတ်တွေရဲ့ တစ်ဝက် ကျော်က ဆုံးရှုံး သွားတာကို တွေ့ရ ပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေး အတွက် (၁၀၀ ရာခိုင်နှုန်း အခွံချွတ် မထားတဲ့) ဂျုံစေ့နဲ့ လုပ်ထားတဲ့ အစားအစာ မျိုးကို စားပေး သင့်ပါတယ်။

ဂျုံစေ့ကဲ့သို့ ကောက်နှံ တစ်ခုလုံးစာ စားသော အမျိုးသမီးများ ကိုယ်အလေးချိန် တက်နှုန်း နည်းပါး စေတယ်လို့ အမေရိကန် အာဟာရ ဆေးပညာ ဂျာနယ်ရဲ့ လေ့လာမှု အရ အခွံချွတ် ထားတဲ့ ကောက်နှံစာထက် ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာကို စားတဲ့ သူတွေက ကျန်းမာရေး ကောင်းတဲ့ ကိုယ်အလေးချိန်ကို ထိန်းထား နိုင်တယ်လို့ တွေ့ရ ပါတယ်။ အကြောင်း ကတော့ အမျှင်ဓာတ် ပါဝင်မှု ပိုများလို့ပါ။

Metabolic Syndrome ရောဂါစု ဖြစ်နိုင်ခြေ လျော့နည်း

အရင်တုန်းက ကိုယ်ခန္ဓာ သွယ်လျချင်ရင် အဆီမစားနဲ့လို့ ဆိုခဲ့ကြပါတယ်။ တကယ်တော့ အဆီက အမျိုးမျိုး ရှိပါတယ်။ ပြည့်ဝဆီနဲ့ ထရန့်စ်ဖက်စ် တွေက နှ လုံး သွေးကြော ရောဂါ တွေကို ဖြစ်စေနိုင်ပြီး အိုမီဂါ ၃ ဖက်တီး အက်စစ် အဆီကတော့ နှလုံးသွေးကြော ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။ အလားတူ အခွံချွတ် ထားတဲ့ ဂျုံနဲ့ လုပ်တဲ့ အစားအသောက် တွေကို များများ စားရင် ကိုယ်အလေးချိန် မြင့်တက် စေနိုင်ရုံ သာမက အင်ဆူလင် ခုခံအားများကာ Metabolic Syndrome ရောဂါစု (ဥပမာ- နှလုံး သွေးကြော ရောဂါနဲ့ ဆီးချိုရောဂါ) တို့ကို ဖြစ်စေ နိုင်ပါတယ်။ Metabolic Syndrome ဆိုတာ ခါးမှာ အဆီများတာ၊ သွေးတိုးတာ၊ သွေးတွင်း အဆီဓာတ် များတာ စတဲ့ လက္ခဏာ စုကို ဆိုလို ပါတယ်။ အခွံချွတ် မထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေကို စားပေးရင်တော့ အင်ဆူလင် ခုခံအား များတာနဲ့ Metabolic Syndrome ဖြစ်တာကို သိသိသာသာ လျော့ကျ စေပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေ

အခွံချွတ် မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာ တွေမှာ မဂ္ဂနီ ဆီယမ်များစွာ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် အသုံးပြုမှုနဲ့ အင်ဆူလင်ထွက်ရှိမှု အတွက်ပါဝင်တဲ့ အင်ဇိုင်းတွေနဲ့ တွဲဖက် လုပ်ဆောင်ပါတယ်။ ဒါကြောင့် အခွံချွတ် မထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစာကို ပုံမှန် စားတာဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ လတ်တလော လေ့လာမှု တစ်ခုက ဆိုပါတယ်။

သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်

ဂျုံနဲ့လုပ်ထားတဲ့ အညိုရောင် ပေါင်မုန့်ကို စားရင် မပျော်ဝင်တဲ့ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်တာကြောင့် သည်းခြေ ကျောက်တည်မှု မဖြစ်အောင် ကာကွယ် နိုင်တယ်လို့ အမေရိကန် အစာအိမ် အူလမ်းကြောင်း ဂျာနယ်မှာ လေ့လာ ဖော်ပြ ထားပါတယ်။ အမျိုးသမီး ၆၉၀၀၀ ကို ၁၆ နှစ်ကြာ လေ့လာမှုအရ အမျှင်ဓာတ် အများဆုံးစားတဲ့ အမျိုးသမီး တွေဟာ အမျှင်ဓာတ် အနည်းဆုံး စားသူ တွေထက် သည်းခြေ ကျောက်တည်နိုင်ခြေ ၁၃ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း သိရပါတယ်။ မပျော်ဝင်တဲ့ အမျှင်ဓာတ်ဟာ အူထဲကို အစာ မြန်မြန် ရွေ့လျားမှု ဖြစ်စေ ရုံသာမက သည်းခြေအက်စစ် စွန့်ထုတ်မှုကို လျော့ကျစေတာ၊ အင်ဆူလင် Sensitivity တိုးစေတာနဲ့ သွေးတွင်း မကောင်းတဲ့ အဆီ လျော့ကျစေတာ စတဲ့အာနိသင်တို့ကို ရရှိ စေပါတယ်။

ဝမ်းမှန်မှန်သွားစေနိုင်

ဂျုံနဲ့လုပ်ထားတဲ့ အစာလို အမျှင်ဓာတ်များတဲ့ အစာတွေဟာ အူရောင် ရမ်းတဲ့ ရောဂါ (ဗိုက်နာ တာ၊ ပျို့ချင် အန်ချင်တာ၊ လေပွတာ၊ ဝမ်းချုပ်တာ) ခံစား နေရသူတို့ကို ၈၉ ရာခိုင်နှုန်း သက်သာ စေတယ်လို့ လေ့လာမှု အရ သိရပါတယ်။ အခွံချွတ် မထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစာ တွေဟာ ဝမ်းချုပ်မှု ကင်းဝေးပြီး ဝမ်းမှန်မှန် သွားစေ နိုင်ပါတယ်။

နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်

အခွံချွတ် မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာမှာ အပင်ထွက် လစ်ဂနင် ဆိုတဲ့ ဖိုင်တို နျူးထရီးရန့် တစ်မျိုး ပါဝင်ပြီး အူထဲမှာ အကျိုးပြု လစ်ဂနင်အဖြစ် ပြောင်းလဲကာ ရင်သားနဲ့ တခြား ဟော်မုန်းနဲ့ ဆက်စပ်နေတဲ့ ကင်ဆာတွေမဖြစ်အောင်နဲ့ နှလုံးရောဂါမဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

သွေးဆုံးပြီး အမျိုးသမီးများတွင် နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်စေနိုင်

အခွံချွတ် မထားတဲ့ ကောက်နှံစာ တစ်ခွက်ကို တစ်ပတ်မှာ ခြောက်ကြိမ် စားတာက သွေးဆုံးပြီး အမျိုးသမီး တွေမှာ နှလုံး သွေးကြော ဆိုင်ရာ ရောဂါ လက္ခဏာ သိသိ သာသာ လျော့ကျမှု ရှိတာကို တွေ့ရပါတယ်။ နှလုံး သွေးကြောဆိုင်ရာ ရောဂါရှိသူ သွေးဆုံးပြီး အမျိုးသမီး ၂၂၉ ဦးကို သုံးနှစ်ကြာ လေ့လာခဲ့ရာ ဂျုံနဲ့ လုပ်တဲ့ အစာကို အနည်းဆုံး တစ်ပတ် ခြောက်ကြိမ် စားတာကြောင့် သွေးကြော ကျဉ်းစေပြီး သွေးစီးဆင်းမှုကို ထိခိုက်စေတဲ့ သွေးခဲဖတ် ဖြစ်ပေါ်မှု နှေးစေတာ၊ သွေးကြော ကျဉ်းမှု နှေးတာတို့ ဖြစ်တာကို တွေ့ရ ပါတယ်။

ကြယ်စင်

မြ၀တီ
အခွံချွတ် မထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ်မုန့်နဲ့
ကွတ်ကီး မုန့်တွေမှာ ဗီတာမင် B1၊ B2၊ B3၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဇင့်၊ ကြေးနီ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ အခွံချွတ် ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာ တွေမှာတော့ ဒီအာဟာရ ဓာတ်တွေရဲ့ တစ်ဝက် ကျော်က ဆုံးရှုံး သွားတာကို တွေ့ရ ပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေး အတွက် (၁၀၀ ရာခိုင်နှုန်း အခွံချွတ် မထားတဲ့) ဂျုံစေ့နဲ့ လုပ်ထားတဲ့ အစားအစာ မျိုးကို စားပေး သင့်ပါတယ်။

ခရမ်းချဉ်သီး ဖျော်ရည်သုံး ဆောင်ခြင်းသည် ကျန်းမာရေး ကောင်း မွန် စေနိုင်ကြောင်း လေ့ လာ တွေ့ရှိ

Photo: ခရမ်းချဉ်သီး ဖျော်ရည်သုံး ဆောင်ခြင်းသည် ကျန်းမာရေး ကောင်း မွန် စေနိုင်ကြောင်း လေ့ လာ တွေ့ရှိ
Thursday, December 19, 2013

လူတစ်ဦးသည် ကာယ လေ့ကျင့်ခန်း များအား သွန်ခွန်စိုက် ပြုလုပ် ပြီးလျှင် စွမ်းအားပြည့် အချိုရည် များထက် ခရမ်းချဉ်သီး ဖျော်ရည်အား သောက်သုံး သင့်ကြောင်း သုတေသန ပညာရှင်များ၏ ထုတ်ပြန်ချက် အရ သိရသည်။

အဘယ်ကြောင့် ဆိုသော် ယင်းခရမ်းချဉ်သီး ဖျော်ရည်သည် လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ခန္ဓာကိုယ်ရှိ ဂလူးကို့စ် ပမာဏကို ပုံမှန် အနေအထားသို့ အမြန်ဆုံး ပြန်လည် ဖြည့်တင်းနိုင်ပြီး ကြွက်သား များ စွမ်းအား ပြန်လည် သန်စွမ်း လာနိုင်မှုကြောင့် အခြားသော စွမ်းအားဖြည့် အချိုရည်များထက် ခရမ်းချဉ်သီး ဖျော်ရည်ကို ပိုမိုသောက် သုံးသင့်သည်။

အားကစား သမားများသည် ယင်းတို့ လေ့ကျင့်ခန်း မပြုလုပ်မီ၊ ပြုလုပ်စဉ်နှင့် လေ့ကျင့်ခန်း ပြုလုပ်ပြီး အချိန်များကို စမ်းသပ်မှတ်တမ်း တင်ထားပြီး လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ခရမ်းချဉ် သီး ဖျော်ရည်သောက် သုံးခဲ့သည့် အားကစား သမားများသည် ကြွက်သားများ အမြန်ဆုံး ပြန်လည် သန်စွမ်း ကောင်းမွန်လာ သည်ကို တွေ့ရှိ ခဲ့ရသည်။

ခရမ်းချဉ်သီးတွင် ပါဝင်သည့် ခန္ဓာ ကိုယ်ဓာတ်တိုး ပစ္စည်းများ ချေဖျက်နိုင် သည့်ပစ္စည်း (Anti-oxidants)များ သည် ကင်ဆာ၊ နှလုံးရောဂါနှင့် အခြားသော ဖျားနာမှု များအား တိုက်ဖျက်နိုင် သည်ကိုလည်း သိရှိခဲ့သည်။

ထို့အပြင် မြေထဲပင်လယ် တစ်ဝိုက် ၌ နေထိုင် သူများ၏ အစားအစာတွင် ခရမ်းချဉ်သီးကို ကျန်းမာရေး အတွက် သင့်လျော်သော အစားအစာ အဖြစ် ရွေးချယ်စား သုံးကြသည်ကို တွေ့ရသည်။

ဂရိသိပ္ပံ ပညာရှင်များ၏ နောက်ဆုံး သုတေသန ပြုလုပ်မှုအရ ခရမ်းချဉ်သီးသည် လေ့ကျင့်ခန်း ပြုလုပ် ပြီးနောက် ကြွက်သားများ ပျက်စီးခဲ့ပါက ဖြစ်ပေါ်လာသည့် အင်ဇိုင်းနှင့် ပရိုတင်းဓာတ်တို့ အချိုး မညီမျှမှုကို ပြန်လည် အချိုးညီမျှ သွားစေရန် အထောက်အပံ့ ပေးနိုင်ကြောင်း တွေ့ရှိရသည်။ ၄င်းတွေ့ရှိချက်ကို အစား အစာနှင့် ဓာတု အဆိပ်များအား လေ့လာသည့် Elsevier သိပ္ပံ ဂျာနယ်၌ ထုတ်ပြန် ခဲ့သည်။

မြ၀တီ
လူတစ်ဦးသည် ကာယ လေ့ကျင့်ခန်း များအား သွန်ခွန်စိုက် ပြုလုပ် ပြီးလျှင် စွမ်းအားပြည့် အချိုရည် များထက် ခရမ်းချဉ်သီး ဖျော်ရည်အား သောက်သုံး သင့်ကြောင်း သုတေသန ပညာရှင်များ၏ ထုတ်ပြန်ချက် အရ သိရသည်။

အစာ မရှိသော အစာအိမ် အတွက် ရေသောက်ပေးပါ

Photo: အစာ မရှိသော အစာအိမ် အတွက် ရေသောက်ပေးပါ
Thursday, December 19, 2013

မနက်အိပ်ရာ နိုးထပြီး ချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူ များစွာ အတွက် နေ့စဉ် ပြုမူ လုပ်ဆောင် နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရ ပါတယ်။

ထို့အပြင် သိပ္ပံပညာရှင်များ သုတေသန ပြုချက်အရ ၎င်းဟာ အလွန် အရေးပါပြီး ကောင်းကျိုး များစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိ ခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်း အားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်း တစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ် အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာ အတွက် အဆင် မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေ နိုင်ပါတယ်။

ဒါကို ဂျပန် ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက်ဖော်ပြပါ ရောဂါများ အတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိ ခဲ့တာပါ။

ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်း နွမ်းနယ်ခြင်း၊ အဆစ်မြစ် ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူးပြန် ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှော ဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာခြင်း၊ ကင်ဆာနှင့် ရောဂါ များစွာ အတွက် ရေကို နည်းလမ်း တကျ နံနက်တိုင်း သောက်သုံးခြင်း အားဖြင့် ရောဂါ များစွာကို ကြိုတင် ကာကွယ်ပြီး ဖြစ်မှာပါ။

လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -

၁။ မနက် အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။

၂။ ထို့နောက် သွားတိုက်၊ မျက်နှာ သစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့် အရာမှ စားခြင်း၊ သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ် ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။

၃။ နံနက်စာ စားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြား အရာများ စားသောက်ခြင်း ရှောင်ပါ။

၃။ ညစာစားပြီး ၁ နာရီခွဲ အတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။

အထက်ပါ လုပ်ဆောင်မှု တွေကို သင့်ရဲ့တစ်နေ့တာ အတွက် ပုံမှန် လုပ်ဆောင် သွားပါက ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင် နိုင်မှာ ဖြစ်ပါတယ်။

ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ် နိုင်ပါတယ် ..
မြ၀တီ
မနက်အိပ်ရာနိုထပြီးချိန်တွင် ချက်ချင်းရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိပြည်သူများစွာ အတွက် နေ့စဉ် ပြု မူ လုပ်ဆောင် နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရ ပါတယ်။

အကြော် များများ စားရင် အသည်း အတွက် မကောင်း

Photo: အကြော် များများ စားရင် အသည်း အတွက် မကောင်း
Thursday, December 19, 2013

အဆင်သင့် အမြန် အစားအစာ fast food ကို အမြဲ စားသုံးခြင်းဟာ အသည်းကို ထိခိုက်စေပြီး အသည်း ရောဂါ hepatitisလို ဖြစ်တာနဲ့ တူတယ်လို့ The Doctors အမည်ရ တီဗွီ အစီစဉ် တစ်ခုမှာ ထုတ်လွင့် သွားပါတယ်။ fast food ကို တစ်လလောက် စားတာနဲ့တောင် ကိုယ်ထဲက အသည်းမှာ ပြောင်းလဲမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကြက်ကြော်၊ ကြက်သွန်ကြော်၊ အာလူးကြော်တွေက အဆိုးဆုံး ဖြစ်ပြီး အဲဒီအထဲမှာ ထည့်ထားတဲ့ ပါဝင်တဲ့ ပစ္စည်း တချို့က ကျန်းမာရေး အတွက် မကောင်းဘူးလို့ သိရ ပါတယ်။ ဥပမာ - အာလူးကြော်မှာ ဆားထည့်တယ်၊ ဆီထဲထည့် ကြော်တာကို သိကြပါတယ်။ ဒါပေမဲ့ သကြားလည်း ထည့်သုံးတယ်၊ ဘာကြောင့် လဲဆိုတော့ ရွှေရောင် တမ်းပြီး ကြွတ်ရွနေတာ ဖြစ်အောင် သုံးတာ ဖြစ်ပါတယ်။ ဆားရယ်၊ ဆီရယ်၊ သကြားရယ် မကောင်းတဲ့ အရာ ၃ မျိုး ပါဝင်နေပါတယ်။ သုံးထားတဲ့ ဆီပမာဏ တွေကြောင့် ကြာလာရင် အသည်း အဆီဖုံးတာ ဖြစ်လာကြတယ်၊ အသည်း ထဲက အင်ဇိုင်းဓာတ်တွေ ပြောင်းလဲသွားပြီး အဲဒါက အသည်းရောဂါဖြစ်ပုံနဲ့ သွားတူနေတယ်လို့ Dr. Drew Ordon က ရှင်းပြပါတယ်။

fast food ဆိုင်တွေမှာ အကြော်တွေ မစားဘဲ ကျန်းမာမယ် လတ်ဆတ် မယ်လို့ ထင်ရတဲ့ အရွက်စုံ သုတ် (salad) ကို မှာစားရင်လဲ ဓာတုပစ္စည်း ထည့်သုံးခြင်း ရှိမရှိ မသိရတာကြောင့် စိတ်မချ ရပါဘူး။ တချို့ဆိုင် တွေမှာ အရွက်တွေထဲမှာ propylene glycol ဓာတု ပစ္စည်း ထည့်ထားပြီး အဲဒါက အရွက်တွေ မနွမ်းအောင် မညှိးအောင် ထိန်းပေးတာ ဖြစ်ပါတယ်။ propylene glycol ဆိုတာက anti-freeze အမျိုးအစားလို ဖြစ်ပြီး စားသုံးဖို့ မသင့်ကြောင်း Dr. Drew Ordon က ပြောသွားပါတယ်။

(Ref; Daily Mail, Feb 16, 2013, Eating fast food regularly has the same impact on the liver as hepatitis, study finds)

Myanmar1
မြ၀တီ
အဆင်သင့် အမြန် အစားအစာ fast food ကို အမြဲ စားသုံးခြင်းဟာ အသည်းကို ထိခိုက်စေပြီး အသည်း ရောဂါ hepatitisလို ဖြစ်တာနဲ့ တူတယ်လို့ The Doctors အမည်ရ တီဗွီ အစီစဉ် တစ်ခုမှာ ထုတ် လွင့်သွားပါတယ်။ fast food ကို တစ်လလောက် စားတာနဲ့တောင် ကိုယ်ထဲက အသည်းမှာ ပြောင်းလဲ မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

ကင်စာ အတွက် အထောက်အကူ သင်္ဘောရွက်

Photo: ကင်စာ အတွက် အထောက်အကူ သင်္ဘောရွက်
Thursday, December 19, 2013

ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက် အချို့သည်လည်း သိပြီးသား၊ ဖတ်ပြီးသားများ ဖြစ်ကောင်း ဖြစ်ကြ ပါလိမ့်မည်။

ကိုယ်ကိုယ်တိုင် မခံစား ရသော်လည်း ခံစား နေရသော မိမိ ပတ်ဝန်းကျင်ကို မျှဝေ ပေးခြင်းဖြင့် ကုသိုလ် ယူကြပါစို့...

ဤဆောင်းပါး သည်လည်း ဟိုမှနည်းနည်း ဒီမှနည်းနည်း စုစည်း ထားခြင်းသာ ဖြစ်ပါသည်။ ငွေကုန် ကြေးကျ အလွန်များပြီး ၀မ်းနည်းစရာ အတိပြီး နေသော ကင်ဆာ ရောဂါ ဝေဒနာရှင်များ အတွက် အတိုင်းအတာ တစ်ခုအထိ အကျိုးပြုနိုင် လိမ့်မည်ဟု ထင်မြင်ကာ ပြန်လည် ရေးသား ကုသိုလ်ပြု တင်ပြ အပ်ပါသည်။

သင်္ဘောသီးသည် မြန်မာ လူမျိုးများ အတွက် လွန်စွာ ရင်းနှီးသော အစားအစာ တစ်မျိုး ဖြစ်သည်။ သို့ရာတွင် သင်္ဘောရွက်၏ အစွမ်းကိုမူ လူသိ နည်းလှသည်။ အမှန် တကယ်တွင်တော့ သင်္ဘောရွက်သည် သဘာဝ ဆေးစွမ်း ထက်လှသော အရွက် တစ်မျိုးပင် ဖြစ်လေသည်။

အမေရိကန်၌ သုသေသန လုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား များစွာ ရရှိခဲ့သည်။ ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသန ပညာရှင်နမ်ဒန်း (Dr. Nam Dang) နှင့် ဂျပန်မှ သူ၏ လုပ်ဖော် ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမ ကိုယ်ကင်ဆာ၊ ရင်သား ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ် များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက် ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘော ရွက်ခြောက်ကို လက်ဖက်ရည် ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ် များကို သေစေ နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအား စနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1-type cytokins များ ထုတ်လုပ်ခြင်းကို မြှင့် တင် ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာ ဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအား စနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက် များကို အသုံးပြု လာနိုင်တော့ မည်ဟု ဆို၏။ ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခု အဖြစ် အသုံးပြု နေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံး များသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များ အပေါ် ဘေးဥပါဒ် ဖြစ်စေမှု လုံးဝ မရှိသောကြောင့် လက်ရှိ အသုံးပြုနေသော ကင်ဆာ ဆေးဝါးများစွာ တို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက် ဆိုးကျိုး များစွာတို့ကို ရှောင်ရှား နိုင်လိမ့်မည် ဟုဆို၏။ သုတေသန ပညာရှင် များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့ စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန် နှေးကွေး သွားကြောင်း တွေ့ရှိ ခဲ့ရသည်။ ဒေါက်တာဒန်းနှင့် အဖွဲ့သည် သင်္ဘောရွက်မှ နေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်း လုပ်ငန်းစဉ် အတွက် တိုကျို တက္ကသိုလ် မှတစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

သင်္ဘောရိုး တံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကို မျှတ စေပါသည်။ ကင်ဆာဆဲလ် များဖြင့် သွေးကြော များရှင်သန်မှုကို Acetogenin က ဖျက်ဆီး ပြစ်ပါသည်။ သင်္ဘောရွက် သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်သည်။ ၎င်းတို့သည် ခန္ဓာကိုယ် ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုး ကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း (ပါကျူး တက္ကသိုလ် ပါမောက္ခ) သည် အမျိုးသား ကင်ဆာသိပ္ပံမှ မေတ္တာ ရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာ ထိရောက်မှုကို စမ်းသပ် ခဲ့သည်။ အပင် ၃၅၀၀ စမ်းသပ်ခဲ့ပြီး အစွမ်းထက် ပစ္စည်း ၅၀-တွေ့ရှိ ခဲ့သည်။ ၎င်းအနက် Acetogenin သည် အလွန် အစွမ်းထက်ပြီး သန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ် တို့ကို တိုက်ဖျက် ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခ မဖြစ် စေခဲ့ပါ။

တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အမေရိကန် ကျောင်းသား တစ်ဦးမှ သိရှိရသည်မှာ ၎င်း၏ သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အား ချည့်နဲ့ နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီး ဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘောရွက် အရည်ကို သာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ် အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက် ဆေးကို မှီဝဲ ပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့ တောင်မှ အံ့အား သင့်ပြီး ကလေးကို ဆေးရုံမှ ဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့ သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတို အရ သင်္ဘောရွက် နှစ်ရွက်ကို ဆေးကြော ထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကို ရွေးပါ။ အလွန် ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

(ဆေးမြီးတို) သင်္ဘောရွက် အလတ်စား တို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက်တောက် စဉ်းကာ ဒယ်အိုးထဲတွင် ရေနှစ် လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင် ထည့်ထားပါ။ ရေခဲ သေတ္တာထဲတွင် ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက်ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်း သုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ် တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံး ဇာတ်လမ်းသည် အခြား ဆေးဖက်ဝင် ကုထုံးများထက် ပိုမို ဆန်းပြားသည်။ ၄င်းအရွက်ကို သီးဖျော်စက်ထဲ ထည့်မွေကာ သောက်ခြင်း သည်လည်း လွယ်ကူလျှင် မြန်သော ပြီးထိ ရောက်သော ဆေးမြီးတို တစ်ရပ် ဖြစ်ပါကြောင်း...... သတင်းကောင်း ပါးအပ်ပါသည်။

လူသား အားလုံး ကင်ဆာ ရောဂါဆိုးကြီး ဖြစ်ခြင်းမှ ကင်းဝေး ကြပါစေ...။

Kyaw Nyein Thant
မြ၀တီ
ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက် အချို့သည်လည်း သိပြီးသား၊ ဖတ်ပြီးသားများ ဖြစ်ကောင်း ဖြစ်ကြ ပါလိမ့်မည်။

ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်

Photo: ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်
Thursday, December 19, 2013

ခေါင်းမအုံးဘူး။ ဘေးမှာပဲ ထားအိပ်တယ် ဆိုလည်း မရပါဘူး။

အနည်းဆုံး လေးပေ၊ ငါးပေ လောက်တော့ ခွာပြီး ထားရမယ့် ပစ္စည်း ဖြစ်ပါတယ်။

သူ့ဆီကနေ ထွက်တဲ့ ရေဒီယို ဓာတ်ကြွ ရောင်ခြည်က ရောဂါ အမျိုးမျိုး ဖြစ်ပေါ် စေပါတယ်။ ခန္ဓာကိုယ် ပြင်ပ အရေပြားကစလို့ အတွင်း အထိကို ထိပါတယ်။ အနီးစပ်ဆုံး ကတော့ ဦးနှောက်ကို ထိပြီး အသက်ကြီး လာတဲ့ အခါ ပိုမို ခံရပါတယ်။ ဦးနှောက် အတွင်းမှာ ရှိတဲ့ အရေအပြားနဲ့ ဆဲလ်များဟာ အင်မတန် နူးညံ့ပြီး နေ့စဉ် ထိတွေ့ နေတဲ့ ဓာတ်ရောင် ခြည်ကြောင့် သေဖို့ ပိုများပါတယ်။ ရှင်သန်မယ့် ဆဲလ်အရေ အတွက်ထက် သေတဲ့ ဆဲလ်ပိုများတဲ့ အခါ ရေရှည်မှာ ဦးနှောက် သောတို့၊ ဦးနှောက် ကင်ဆာ တို့ကိုတောင် ဖြစ်ပေါ် စေနိုင် ပါတယ်။

ယနေ့ ကမ္ဘာရဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်မှုမှာ လူတိုင်းဟာ ဓာတ်ရောင်ခြည် အမျိုးမျိုးနဲ့ ထိတွေ့ နေရပြီး ဒါတွေကို သိရှိ နားလည်လို့ အတတ်နိုင်ဆုံး ရှောင်ကြဉ်တတ်ရန် လိုအပ်တယ်လို့ တိုက်တွန်း ထားကြောင်း သိရ ပါတယ်။

Ref: medic-facts
ရိုးရာလေး ကျန်းမာရေး
ခေါင်းမအုံးဘူး။ ဘေးမှာပဲ ထားအိပ်တယ် ဆိုလည်း မရပါဘူး။

ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

Photo: ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ
Thursday, December 19, 2013

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြ ပါတယ်။ လတ်တလော လေ့လာမှုတွေ အရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင် နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ် အာနိသင် ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်း သတ္တိတွေ ပါဝင် နေပါတယ်။

အကိုက်အခဲပျောက်စေပါတယ်

ကွမ်းရွက်မှာ အကိုက်အခဲ ပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်း ထန်ထန် ခေါင်းကိုက် နေသူတွေမှာ ခေါင်း ကိုက်တဲ့ နေရာပေါ် ကွမ်းရွက် အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။

မွေးကျွတ်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွား ပါလိမ့်မယ်။

ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်

ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။

အဆုတ် ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်

ကွမ်းရွက်တွေကို ကလေးငယ်တွေနဲ့ အသက်ကြီး သူတွေမှာ ဖြစ်တဲ့ အဆုတ် ထိခိုက်မှု ဝေဒနာတွေ ကုသရာမှာ အသုံးပြု နိုင်ပါတယ်။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင် ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူ မဝတဲ့ ဝေဒနာတို့ကို သက်သာ စေပါတယ်။

အဆစ်ရောင်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။

အနာကျက်စေပါတယ်

ကွမ်းရွက် ပြုတ်ရည် အနည်းငယ်ကို ထိခိုက် ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီး စည်းထား ပေးပါက နှစ်ရက်ခန့် အတွင်း အနာကျက် မြန်စေ ပါတယ်။

သတိပေးချက်

ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ ဆေးနဲ့ တခြား ပါဝင် ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေ အနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စား သင့်ပါတယ်။

ကြယ်စင်
ဲမြ၀တီ
ကွမ်းရွက်မှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင် ၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြ ပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေပါဝင် နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကော ဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ် အာနိသင် ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်း သတ္တိတွေ ပါဝင် နေပါတယ်။

ကွမ်ကျို့အသင်းအား ၃ ဂိုး-ဂိုးမရှိဖြင့် အလွယ်တကူ အနိုင်ရပြီးနောက FIFA Club World Cup ဖိုင်နယ်ပွဲသို့ ဘေယန်မြူးနစ် တက်ရောက်

Photo: ကွမ်ကျို့အသင်းအား ၃ ဂိုး-ဂိုးမရှိဖြင့် အလွယ်တကူ အနိုင်ရပြီးနောက FIFA Club World Cup ဖိုင်နယ်ပွဲသို့ ဘေယန်မြူးနစ် တက်ရောက်
Thursday, December 19, 2013

မော်ရိုကိုနိုင်ငံ အက်ဂါဒီယာမြို့တွင် ဒီဇင်ဘာ ၁၇ ရက်က ယှဉ်ပြိုင် FIFA Club World Cup ဘောလုံး ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲတွင် ဂျာမနီကလပ် အသင်းကြီး ဘေယန်မြူးနစ်က တရုတ် နိုင်ငံမှ ကွမ်ကျို့ အဲဗားဂရန်း အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် ဘေယန်မြူးနစ် အသင်းသည် တရုတ် ကလပ်အသင်းအပေါ် ကောင်းစွာထိုးဖောက်ကစား နိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံ အသင်းအတွက် အဖွင့်ဂိုးကို ပြင်သစ် တောင်ပံ ကစားသမား ဖရန့်ရီဘာရီက ပထမပိုင်း မပြီးဆုံးမီ ငါးမိနစ် အလိုတွင် ဘောလုံးကို လှလှပပ ဆွဲယူသွားပြီး ကွမ်ကျို့ ဂိုးသမား ကျန်းချန်အား ဖြတ်ကျော်၍ ဘယ်ခြေဖြင့် သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဘေယန်မြူးနစ် အသင်းအတွက် ဒုတိယဂိုးကို ခရိုအေးရှား တိုက်စစ် မှူး မာရီအိုမန်ဇူကစ်က ပွဲချိန် ၄၄ မိနစ်တွင် အသင်းဖော် တစ်ဦး ဖြစ်သူ သီယာဂိုအယ်လ်ကန်တာရာ၏ ဖြတ်တင်ဘောကို ခေါင်းတိုက် သွင်းယူ ခဲ့သည်။ ကွမ်ကျို့ အသင်းသည် ကွာတား ဖိုင်နယ် ပွဲစဉ်တွင် ချန်ပီယံရှစ်ကြိမ် ရရှိထားသည့် အယ်လ်အလီ အသင်းအား ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆီမီး ဖိုင်နယ်သို့ တက်ရောက်လာခြင်း ဖြစ်သော်လည်း ဘေယန်မြူးနစ် အသင်း အား ထိုးဖောက် ကစားနိုင်ရန် ရုန်းကန် နေခဲ့ရသည်။

ဒုတိယပိုင်း ပြန်စပြီး အချိန်တွင်လည်း ဘေယန်မြူးနစ် အသင်းကသာ ဘောလုံးကို ထိန်းချုပ် ကစား နိုင်ခဲ့ပြီး ပွဲချိန် ၄၇ မိနစ်တွင် အယ်လ်လာဘာက ညာဘက် မှနေ၍ မျှောချ ပေးလိုက် သည့် ဘောလုံးကို မာရီယိုဂိုစ့်က အမှားအယွင်းမရှိ ထိန်းချုပ်ပြီး ကိုက် ၂ဝ အကွာမှ ဂိုးပေါက် ထောင့်အတွင်းသို့ ကန်သွင်း၍ ဘေယန်မြူးနစ် အသင်းအတွက် အောင်ပွဲကို ပိုမိုခိုင်မာ စေခဲ့ သည်။ ဘေယန်မြူးနစ် အသင်းသည် ဒီဇင်ဘာ ၂၁ ရက်တွင် ယှဉ်ပြိုင် ကစားမည့် ဗိုလ်လုပွဲ တွင် မော်ရိုကို ချန်ပီယံ ကလပ်အသင်းကြီး တစ်သင်းဖြစ်သည့် ရာဂျာကာဆာ ဘလန်ကာ အသင်း သို့မဟုတ် အသလက်တီကိုမင်နေးရိုးအသင်း တို့အနက် တစ်သင်းသင်းနှင့် ရင်ဆိုင် ရမည် ဖြစ်သည်။

အက်ဂါဒီယာ
မြ၀တီ
မော်ရိုကိုနိုင်ငံ အက်ဂါဒီယာမြို့တွင် ဒီဇင်ဘာ ၁၇ ရက်က ယှဉ်ပြိုင် FIFA Club World Cup ဘောလုံး ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲတွင် ဂျာမနီကလပ် အသင်းကြီး ဘေယန်မြူးနစ်က တရုတ် နိုင်ငံမှ ကွမ်ကျို့ အဲဗားဂရန်း အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။

ကျောင်းသားတပ်မတော် မြောက်ပိုင်းလူသတ်မှု အစီရင်ခံစာ အမြန်ဆုံးထုတ်ပြန်မည်

Photo: ကျောင်းသားတပ်မတော် မြောက်ပိုင်းလူသတ်မှု အစီရင်ခံစာ အမြန်ဆုံးထုတ်ပြန်မည်
Thursday, December 19, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) မြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် အစီရင်ခံ ၁ စောင် အမြန်ဆုံး ထုတ်ပြန်မယ်လို့ ကျောင်းသားတပ်မတော်က ပြောပါတယ်။

အေဘီအက်စ်ဒီအက်ဖ်ရဲ့ အစီရင်ခံစာအတွက် အပိုင်း ၃ ပိုင်းခွဲပြီး လုပ်ဆောင်ရာမှာ အချိန်ယူ အချက်အလက် ကောက်ယူတဲ့ ပထမအပိုင်း ပြီးဆုံးသွားပြီ ဖြစ်သလို ဒုတိယပိုင်းအနေနဲ့ အချက်အလက်တွေကို ပြန်လည်သုံးသပ်တဲ့အပိုင်း စတင်နေပြီး နောက်ဆုံးပိုင်းအနေနဲ့ အစီရင်ခံစာကို အချောသတ် ရေးသားဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

မူလက အစီရင်ခံစာကို ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ်မယ်လို့ ထုတ်ပြန်ထားပေမယ့် အခက်အခဲတွေ ရှိနေတဲ့အတွက် သတ်မှတ်ထားတာထက် ပိုပြီး ကြာမြင့်သွားတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာ ထုတ်ပြန်မယ့်အချိန်ကိုတော့ အတိအကျ ပြောဆိုဖို့ ခက်တယ်လို့ အေဘီအက်စ်ဒီအက်ဖ်ရဲ့ အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော်လင်းက ဒီဗွီဘီကို ပြောပါတယ်။

“အခက်အခဲကတော့ မျိုးစုံပဲဗျ။ လူတွေက အနှစ် ၂၀ ကျော်ကြာမှ ဒီအကြောင်းအရာတွေ ပြန်ပြောရတဲ့အခါကြတော့ အချက်အလက်အားဖြင့် မပြည့်စုံတာတွေလည်း တွေ့ရတယ်။ အဓိက က ရက်နဲ့ ခုနှစ်နဲ့ ပြောကြတဲ့အခါတွေမှာ အချို့ တော်တော်များများမေ့နေကြပြီ။ နောက်တခုက လူတွေက နေရာဒေသ အနှံ့အပြားမှာ ပြန့်ကျဲနေတော့ လိုက်ရှာရတာ တော်တော်ခက်တယ်။ တချို့ဆို ဘယ်မှ ရှာမရတဲ့သူတွေလည်း ရှိတယ်။''

၁၉၉၁-၉၂ ခုနှစ်ကာလက ကချင်ပြည်နယ်မှာ အေဘီအက်စ်ဒီအက်ဖ်ရဲ့ မြောက်ပိုင်း အဖွဲ့အတွင်း စစ်ထောက်လှမ်းရေး သူလျှိုတွေ ဖမ်းဆီးရမိတယ်ဆိုပြီး ညှဉ်းပန်း သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ရာမှာ အေဘီအက်စ်ဒီအက်ဖ်ရဲ့ မြောက်ပိုင်း ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် အပါအ၀င် ကျောင်းသားရဲဘော်တွေ အသတ်ခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတ်ဖြတ်ခံခဲ့ရသူတွေအတွက် အမှန်တရားကို ဖော်ထုတ်ပေးဖို့ ၂၀၁၂ ခုနှစ် မတ်လမှာ ကျောင်းသားတပ်မတော်က အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပြီး အစီရင်ခံစာ ရေးသားပြုစုနေတာလည်း ဖြစ်ပါတယ်။

ဒီအစီရင်ခံစာဟာ ဖြစ်ပွားခဲ့တဲ့ကိစ္စရပ်တွေကို ပြန်လည်ဖော်ထုတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘာတွေဖြစ်ခဲ့သလဲ၊ ဒီချိုးဖောက်မှုတွေအပေါ်မှာ ဘယ်သူတွေက တာဝန်ရှိသလဲဆိုတာနဲ့ ဘယ်သူတွေက ခံခဲ့ရသလဲဆိုတာတွေကို တင်ပြသွားမှာ ဖြစ်သလို အစီရင်ခံပြီး နောက်ပိုင်းမှာလည်း ကော်မတီရဲ့ တွေ့ရှိ အကြံပြုချက်တွေ ထည့်သွင်းထားတယ်လို့ ကျောင်းသားတပ်မတော်ရဲ့ အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အမှုဆောင်အဖွဲ့က ပြောပါတယ်။

DVB
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) မြောက်ပိုင်း ကချင်ပြည် နယ် ပါဂျောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်နိုင်ရေး အတွက် အစီရင်ခံ ၁ စောင် အမြန်ဆုံး ထုတ်ပြန်မယ်လို့ ကျောင်းသားတပ်မတော်က ပြောပါတယ်။

အကြောတက် ခြင်းနှင့် ကန်စွန်းရွက်

Photo: အကြောတက် ခြင်းနှင့် ကန်စွန်းရွက်
Thursday, December 19, 2013

မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။

ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာ အတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခာဏာများ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါသည်။

ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက်

လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျ ပန်းလိန်ရွက်ကို ရေးနွေးနှင့် ဖျောပါ။ ထို့နောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊ ဆား ထည့်၍ သံပရာရည် ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ် နိုင်သော ဝမ်းကိုက် ရောဂါ၊ သွေးဝမ်း ကိုက်ရောဂါ၊ အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သော မီးယပ် သွေးပုပ် ကျန်သော ရောဂါ၊ မီးယပ် သွေးမမှန်သော ရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊ သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြား ရောဂါများ၊ အသံဝင် အသံပျက် ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင် ကုသရာ၌ အသုံးဝင် စေပါသည်။

ကျန်းမာရေး

မကြာခဏ ကန်စွန်းရွက်ကို စားသုံး ပေးခြင်းဖြင့် ကျန်းမာမှုကို မြှင့်တင် ပေးနိုင်ပြီး ခွန်အား ဗလရှိခြင်း၊ ဝမ်းတွင်း ရောဂါကို သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊ ရောဂါ တစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီး ကာကွယ် စေနိုင်ပါသည်။ ထိုကဲ့သို့ အသုံးဝင်သော ကန်စွန်းရွက်နှင့် တိုင်းရင်းဆေး ခေါင်းစဉ်ဖြင့် စာဖတ် ပရိသတ်များ ထံသို့ ရေးသား တင်ပြ လိုက်ရပါသည်။

Ref: Health Digest
မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။

ရန်ကုန်၊ မန္တလေး သာသနာ့တက္ကသိုလ် များမှ ၁၉ နှစ်အတွင်း ပါရဂူဘွဲ့ သံဃာငါးပါးထွက်ပေါ်

ရန်ကုန်နှင့် မန္တလေးမြို့တော်များရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် များမှ ၁၉ နှစ်တာ ကာလအတွင်း Ph.D ပါရဂူဘွဲ့ရှင် ငါးပါး ထွက်ပေါ်လာကြောင်း နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ် (မန္တလေး) မော်ကွန်းထိန်းရုံး တာဝန်ရှိသူ ထံမှ သိရသည်။

အရှိန်မထိန်းနိုင်သောယာဉ် တံတားအားဝင်ရောက်တိုက်မိ


၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန် ဥတ္တရသီရိမြို့နယ်၊ ပန်းတင်

လိင်အင်္ဂါ(၂)မျိုးပါသူကလေးငယ်မွေးဖွား

PhotoPhoto
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက် နယ်အတွင်း ထူးဆန်းစွာ လိင်အဂါင်္(၂)မျိုး ပါဝင်သူ ကလေးငယ်လေးတစ် ဦးကို (၁၄.၁၂.၂၀၁၃)ရက်နေ့ မနက် (၄း၃၀)မိနစ်အချိန်ခန့်တွင် ကံကြီး ကုန်း/ အုပ်စု ကျေးရွာတွင် နေထိုင်သူ ကိုအေးမင်း ၏ဇနီး မစန်းစန်းမော်(ခ) ပူစူးမ မှ အဆိုပါ (ယောက် င်္ကျားလေးလိင်အဂါင်္ နှင့် မိန်းကလေး လိင်အင်္ဂါ) လိင်အင်္ဂါ နှစ်မျိုးပါရှိသူ ကလေးငယ်လေး ကို မွေးဖွား ခဲ့သည်။

အခွင့်အရေး ချိုးဖောက်ခံရ၍ ထိုင်းတွင် မြန်မာလုပ်သားများ ပထမဆုံးအကြိမ်

Photo: အခွင့်အရေး ချိုးဖောက်ခံရ၍ ထိုင်းတွင် မြန်မာလုပ်သားများ ပထမဆုံးအကြိမ် 
Thursday, December 19, 2013

အခွင့်အရေး ချိုးဖောက် ခံရမှုများကို ထိုင်းနိုင်ငံအစိုးရ ဖြေရှင်းပေးနိုင်ရန် ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ မြန်မာလုပ်သား ၂၀၀ ကျော် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း လုပ်သားများနေ့ (ဒီဇင်ဘာလ ၁၈) တွင် စမွတ်စခွန် ခရိုင်အုပ်ချုပ်ရေးရုံးသို့ လမ်းလျှောက် ချီတက် တောင်းဆို ခဲ့ကြောင်း ယင်းတောင်းဆိုမှုကို ဦးဆောင်သည့် ရွှေ့ပြောင်း လုပ်သားများ အခွင့်အရေး ကွန်ရက် (MWRN) မှ ဒါရိုက်တာ ဦးစိန်ဌေးက ပြောကြားသည်။

အလုပ်ပြောင်းရွှေ့ လုပ်ကိုင်ခွင့်ပေးရန်၊ ထိုင်းနိုင်ငံသို့ လုပ်သား စေလွှတ်နေသည့် MoU စနစ်ဖြင့် သွားရောက် လုပ်ကိုင်သူ အများစု စာချုပ်ပါ အခွင့်အရေးများ မရရှိသဖြင့် ယင်းစနစ်ကို ခိုင်မာအောင် လုပ်ရန်၊ ထိုင်းရဲများ၏ ဖမ်းဆီးမှုများ ခံနေမှု စသည့် အခွင့်အရေး ချိုးဖောက် ခံနေရမှုများကို ဖြေရှင်းပေးရန် ထိုင်းအစိုးရကို တောင်းဆိုခြင်း ဖြစ်ကြောင်း MWRN ထံမှ သိရှိရသည်။

အလားတူ မြန်မာအစိုးရကိုလည်း ရွှေ့ပြောင်း လုပ်သားများ အခွင့်အရေးနှင့် စွမ်းရည် ဖွံ့ဖြိုးမှုကို အလေးထားသည့် ရွှေ့ပြောင်းရေးရာ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ရှင်းရှင်းလင်းလင်း အကောင်အထည် ဖော်ရန်၊ ငါးဖမ်းလုပ်ငန်းနှင့် အိမ်ဖော် လုပ်သားများကို အကာအကွယ် ပေးရေးနှင့် ခံစားခွင့်များကို နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ မြန်မာလုပ်သားများ သွားလုပ်သည့် နိုင်ငံတိုင်းတွင် ကျွမ်းကျင်သည့် လုံလောက်သော သံအရာရှိ ထားပေးရန် အပါအဝင် အချက် ခြောက်ချက်ကို တောင်းဆိုကြောင်း MWRN က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

လက်ရှိ အခြေအနေတွင် လုံခြုံစိတ်ချရသော ရွှေ့ပြောင်း သွားလာမှု စနစ်မရှိခြင်း၊ ပွဲစားများနှင့် အကျင့်ပျက် အလုပ်အကိုင် အေဂျင်စီများကို ထိန်းချုပ် အရေးယူမှု အားနည်းခြင်း၊ ရွှေ့ပြောင်း လုပ်သားများကို ကာကွယ်သည့် ဥပဒေ၊ မူဝါဒများ အားနည်းခြင်း၊ တာဝန်ရှိသူများ၏ အကျင့်ပျက်မှု များကို မထိန်းချုပ်နိုင်ခြင်း၊ သံရုံး၊ လုပ်သား သံအရာရှိတို့က ရွှေ့ပြောင်း လုပ်သားများကို ကာကွယ်မှု အားနည်းခြင်းတို့ ဖြစ်ပေါ်လျက် ရှိပြီး ရွှေ့ပြောင်း ကလေးငယ်များ ပြဿနာကိုလည်း ကြုံတွေ့နေရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရွှေ့ပြောင်း လုပ်သားများ သင့်တင့် ကောင်းမွန်သည့် အလုပ် လုပ်ကိုင်နိုင်ရန်၊ ဥပဒေပါ အခွင့်အရေးများ ရရှိရေး လုပ်ဆောင်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က နေပြည်တော်တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူများနေ့ အခမ်းအနားတွင် ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန် လုပ်သားများကို ဗီဇာသက်တမ်း တိုးပေးရေး၊ ယာယီနိုင်ငံကူး လက်မှတ်အစား နိုင်ငံကူးလက်မှတ် (စာအုပ်အနီ) ကို ထုတ်ပေးရေးတို့ကို လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား ၂သန်းခန့် ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

The Voice Weekly
အခွင့်အရေး ချိုးဖောက် ခံရမှုများကို ထိုင်းနိုင်ငံအစိုးရ ဖြေရှင်းပေးနိုင်ရန် ထိုင်းနိုင်ငံ မဟာချိုင်ဒေသ ရှိ မြန်မာလုပ်သား ၂၀၀ ကျော် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း လုပ်သားများနေ့ (ဒီဇင်ဘာလ ၁၈) တွင် စမွတ်စခွန် ခရိုင်အုပ်ချုပ်ရေးရုံးသို့ လမ်းလျှောက် ချီတက် တောင်းဆို ခဲ့ကြောင်း ယင်းတောင်းဆိုမှုကို ဦးဆောင်သည့် ရွှေ့ပြောင်း လုပ်သားများ အခွင့်အရေး ကွန်ရက် (MWRN) မှ ဒါရိုက်တာ ဦးစိန်ဌေးက ပြော ကြားသည်။

စင်ကာပူ အိန္ဒိယရပ်ကွက် ဆူပူမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည်

Photo: စင်ကာပူ အိန္ဒိယရပ်ကွက် ဆူပူမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည်
Thursday, December 19, 2013

စင်ကာပူနိုင်ငံရှိ အိန္ဒိယ ရပ်ကွက်တွင် ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူဆန္ဒပြမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည် ဖြစ်ကြောင်း စင်ကာပူ အစိုးရ၏ ပြောကြားချက်ကို BBC သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါကိစ္စတွင် ပါဝင် ပတ်သက်သော နောက်ထပ် လူ ၂၈ ဦးကိုလည်း ရာဇဝတ်မှုများဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူတွင် လာရောက် အလုပ် လုပ်ကိုင်နေသော အိန္ဒိယ နိုင်ငံသားတစ်ဦး ဘတ်စ်ကား တိုက်မိပြီး သေဆုံးသွားခြင်းကို အစပြု၍ အိန္ဒိယနိုင်ငံလေးဟု တင်စားခေါ်ဝေါ်သည့် စင်ကာပူရှိ အိန္ဒိယနိုင်ငံသားများ နေထိုင်ရာ ရပ်ကွက်တွင် ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆူပူမှုတွင် နိုင်ငံခြားသား လုပ်သား ၄၀၀ ခန့်မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ရဲကားများ၊ အရေးပေါ် ကားများကို မီးရှို့ခဲ့ကြရာ ဒီဇင်ဘာလ ၈ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူ ၁၈ ဦး ဒဏ်ရာရခဲ့ကြသည်။

ယခုစင်ကာပူမှ နှင်ထုတ်မည့် နိုင်ငံခြား လုပ်သား ၅၃ ဦးတွင် အိန္ဒိယ နိုင်ငံသား ၅၂ ဦး ပါဝင်ပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦး ပါဝင်ကြောင်း စင်ကာပူ ရဲမင်းကြီး Ng JooHee က ပြောကြားသည်။

ဒီဇင်ဘာလ အစောပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ ဆူပူဆန္ဒပြမှုသည် တင်းတင်းကျပ်ကျပ် အုပ်ချုပ်လေ့ရှိသော စင်ကာပူ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စဖြစ်ပြီး နှစ်ပေါင်း ၄၀ ကျော်အတွင်း အဆိုးဆုံး ဆူပူမှု ဖြစ်သည်။

တရားစစ်ဆေးခြင်း မရှိဘဲ ခုံသမာဓိ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံမှ နှင်ထုတ်ခြင်းမှာ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း စင်ကာပူရှိ အလုပ်သမားများ၏ အခြေအနေနှင့် ပတ်သက်၍ လှုပ်ရှားနေသော အဖွဲ့ဖြစ်သည့် Workfair Singapore အဖွဲ့က ပြောကြားသည်။

ယမန်နှစ်က စင်ကာပူတွင် ဘတ်စ်ကား မောင်းနှင်နေသော တရုတ်နိုင်ငံသား ယာဉ်မောင်းတစ်ဦး၏ ဆန္ဒပြမှုကြောင့် စင်ကာပူရှိ အချို့သော နိုင်ငံခြားသား လုပ်သားများ၏ လုပ်ခလစာ နည်းပါးမှုနှင့် နေထိုင်ရမှု အခြေအနေကို လူအများ အာရုံစိုက်မှု ဖြစ်စေခဲ့သည်။

ထို့ပြင် စင်ကာပူ နိုင်ငံသား ယာဉ်မောင်းများထက် လုပ်ခလစာ နည်းပါးမှုနှင့် နေထိုင်ရမှု အခြေအနေအပေါ် မကျေမနပ်ဖြစ်ကာ တောင်းဆိုခဲ့သော နိုင်ငံခြားသား ယာဉ်မောင်းလေးဦးမှာ ဖမ်းဆီးခံခဲ့ရသည်။

The Voice Weekly
စင်ကာပူနိုင်ငံရှိ အိန္ဒိယ ရပ်ကွက်တွင် ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူဆန္ဒပြမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည် ဖြစ်ကြောင်း စင်ကာပူ အစိုးရ၏ ပြောကြားချက်ကို BBC သတင်း တွင် ဖော်ပြ ထားသည်။

ကျိုက်ထီးရိုး စေတီတော်၌ တည်းခိုခဈေးနှုံး ကြီးမြင့်နေ

Photo: ကျိုက်ထီးရိုး စေတီတော်၌ တည်းခိုခဈေးနှုံး ကြီးမြင့်နေ
Thursday, December 19, 2013

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင်ရှိသော ကျိုက်ထီးရိုး စေတီတော် တောင်ပေါ် တောင်အောက် တည်းခိုခနှုန်း ထား များသည် ယခုရက်ပိုင်းတွင် ဈေးနှုန်း ကြီးမြင့်နေသည်ဟု ကျိုက်ထီးရိုး ဘုရားဖူးပြန်လာသူများဆီက သိရသည်။

တောင်အောက်ထမင်းဆိုင်များက တည်းခိုခန်းများသည် တစ်ယောက်ကို တစ်သောင်းနှုန်းယူပြီး တောင်ပေါ် ထမင်းဆိုင်တည်းခိုခန်းများက မိသားစု အခန်းတစ်ခန်းကို တစ်ညအိပ်ငါးသောင်းနှုန်းယူသည်ဟု သိရသည်။

သီးသန့်ဖွင့်လှစ်ထားသော တည်းခိုခန်းများက နှစ်ယောက်ခန်းတစ်ခန်းကို သုံးသောင်းမှ ငါးသောင်းအထိ အစားစားရှိသည်ဟု သိရသည်။

ထို့အပြင် တောင်အောက်ကင်ပွန်းစခန်းမှ တောင်ပေါ်အထိ တောင်တက် ယာဉ်စီးခသည် ရှေ့ခန်းကားခေါင်း ခန်း က စီးလျှင် အသွားအပြန် (၇၀၀၀)နှုန်းရှိပြီး နောက်ခန်းကစီးလျှင် ကျပ်(၅၀၀၀)နှုန်းရှိသည်ဟု သိရ သည်။တောင်တက်ကားစီးရေ(၁၄၃)စီးရှိပြီး အစီးတိုင်းလူအပြည့်ဖြစ်ပြီး အသွားအပြန်တစ်ခေါက်ကို ကျပ် (၃)သိန်းကျော် ရသည့်အတွက် တောင်တက်ကားများအနေဖြင့် အမြတ်အစွန်းကြီးမား ပြီးစီးပွားဖြစ်နေသည် ဟုသိရသည်။ 

လူထမ်းသော တောင်တက်အထမ်းငှားရမ်းနှုန်းသည် ကုန်ပစ္စည်းဆိုရင်အသွားတစ်ခေါက် ကျပ်(၃၀၀၀)နှုန်း လူကို ထမ်းရလျှင် ကျပ်(၈၀၀၀)နှုန်းရှိပြီး ကျိုက်ထီးရိုးရင်ပြင်တော်၌ ဖျာတစ်ချပ်ငှားမည်ဆိုလျှင် စပေါ် တစ်ထောင်နှင့် ငှားရမ်းခ(၅၀၀)တို့ကိုပေးရသည်ဟု သိရသည်။

လူဦးရေလေးယောက်ပါဝင်သော မိသားစုတစ်စုအတွက် ရန်ကုန်မှ ကျိုက်ထီးရိုးဘုရားဖူးတစ်ည အိပ်ခရီး စဉ် သည် ရန်ကုန်-ကျိုက်ထို ကားခ အပါအ၀င် နေစရိတ်စားစရိတ် စုစုပေါင်းတစ်သိန်း ခွဲလောက် ကုန်ကျနေကြောင်း သိရသည်။

SkyNet TV Browser
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင်ရှိသော ကျိုက်ထီးရိုး စေတီတော် တောင်ပေါ် တောင်အောက် တည်းခိုခနှုန်း ထား များသည် ယခုရက်ပိုင်းတွင် ဈေးနှုန်း ကြီးမြင့်နေသည်ဟု ကျိုက်ထီးရိုး ဘုရားဖူးပြန်လာသူများဆီက သိရသည်။