Saturday, 16 November 2013

အမေရိကန်ဒေါ်လာ သုံးသန်းတန် ရှိတ်စပီးယား၏ လက်မှတ်

Photo: အမေရိကန်ဒေါ်လာ သုံးသန်းတန် ရှိတ်စပီးယား၏ လက်မှတ်
Saturday, November 16, 2013

ပုံမှာမြင်တွေ့နေရတာကတော့ ကမ္ဘာကျော် ပြဇာတ်/စာရေးဆရာဟောင်း ဝီလီယံ ရှိတ်စပီးယား ရဲ့ ထိုးမြဲလက်မှတ်ဖြစ်ပါတယ်။

သူ့ရဲ့လက်မှတ်ဟာ အခြား အောင်မြင်ကျော်ကြားတူ Celebrity များနဲ့ မတူပဲ တမူထူးခြားနေပြီး အတိအကျတုပရန် အင်မတန်ခက်ခဲတယ်လို့ လေ့လာသူ များက ဆိုထားပါတယ်။ သူ့ရဲ့လက်မှတ်ပါရှိတဲ့ စာရွက်စာတန်း ဟာ ခြောက်ခု သာကျန်ရှိပါတယ်။ လန်ဒန်ရှိ သယ်ယူပို့ဆောင်ရေး ယာဉ်ဟောင်း၊ ငွေအပ်နှံစာရင်း၊ အပေါင်စာရွက်စာတန်းတို့မှာ တစ်ခုစီ ရေးထိုးထားပြီး သူ့ရဲ့ သေတမ်းစာ ပေါ်မှာ သုံးခုကျန်ရှိပါတယ်။

ဒီလိုရှားရှားပါးပါးကျန်ရှိတဲ့ ရှိတ်စပီးယားရဲ့ လက်မှတ် ခြောက်ခုဟာ တစ်ခုကို အမေရိကန်ဒေါ်လာ ၃ သန်း တန်ဖိုးရှိတယ်လို့ သိရပါတယ်။

Ref:Weirdworld
အောင်ခမ်း
ပုံမှာမြင်တွေ့နေရတာကတော့ ကမ္ဘာကျော် ပြဇာတ်/စာရေးဆရာဟောင်း ဝီလီယံ ရှိတ်စပီးယား ရဲ့ ထိုးမြဲ လက်မှတ်ဖြစ်ပါတယ်။

မြောက်ဦးနယ်သား နှစ်ဦး ပြည်တွင်းရှိ ဗလီများကို ဖောက်ခွဲ ရန် စီစဉ်မူဖြင့် ဖမ်းဆီးခံရဟု မြန်မာတိုင်း(မ်)တွင် သတင်းဖေါ်ပြ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လူ (၂) ဦးကို ပြည်တွင်းရှိ ဗလီများ အား ဖေါက်ခွဲမူ ပြုလုပ်ရန် အတွက်  ပြည်တွင်းသို့ ၀င်လာစဉ် ရန်ကုန် တိုင်း ဒေသကြီး လိုင်သာယာမြို့နယ်တွင် နိုဝင်္ဘာလ ၁၃ ရက်နေ့ က ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာတိုင်း(မ်)က ယမန်နေနေ့စွဲဖြင့် သတင်း ဖေါ်ပြသည်။

ဘင်္ဂလား ပင်လယ်အော် မုန်တိုင်းငယ်အရှိန် ကမ်းရိုးတန်း ဒေသများ သတိပြုရန်လို

Photo: ဘင်္ဂလား ပင်လယ်အော် မုန်တိုင်းငယ်အရှိန် ကမ်းရိုးတန်း ဒေသများ သတိပြုရန်လို
Saturday, November 16, 2013

ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်း တွင် ဖြစ်ပေါ် နေသည့် အပူပိုင်း မုန်တိုင်း ငယ် ကြောင့် ကမ်းရိုးတန်း ဒေသ များ တွင် မိုး သည်းထန် ကာ လေပြင်း များ တိုက်ခတ် နိုင် သဖြင့် သတိ ပြု ရန် လိုအပ် ကြောင်း မိုးလေဝ သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနက နိုဝင်ဘာ လ ၁၄ ရက်နေ့ တွင် သတိ ပေးချက် ထုတ်ပြန် သည်။ မြစ်ဝကျွန်း ပေါ်၊ မုတ္တမ ကွေ့၊ မွန် - တနင်္သာရီ ကမ်းရိုး တန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် အဆိုပါ မုန်တိုင်းငယ် အရှိန်ကြောင့် မိုးသက် လေပြင်းများ တိုက်ခတ် ပြီး လှိုင်းကြီး မည် ဖြစ်ကြောင်း အဆိုပါ ဌာန က ခန့်မှန်း ထားသည်။

မုန်တိုင်းများ ဖြစ်ပေါ် သည့် အရှိန်ကြောင့် မြန်မာ နိုင်ငံ အောက်ပိုင်း ဒေသ များတွင် အချိန် အခါ မဟုတ် မိုးများ ရွာသွန်း နိုင်သဖြင့် စိုက်ပျိုး တောင်သူ များ သတိပြု ရန် လိုအပ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင် က ပြောကြား သည်။ အဆိုပါ မုန်တိုင်း ငယ် သည် အိန္ဒိယနိုင်ငံ ချင်းနိုင် မြို့၏ အရှေ့တောင် ဘက် မိုင် ၂၉၀ ခန့် မြန်မာ နိုင်ငံ ကိုကိုးကျွန်း မြို့၏ အနောက် တောင်ဘက် မိုင် ၅၁၀ ခန့် အကွာ ပင်လယ်ပြင် ကို ဗဟိုပြု နေပြီး အနောက်ဘက် သို့ ဆက်လက် ရွေ့လျား မည် ဖြစ်ရာ မြန်မာ နိုင်ငံသို့ ဦးတည် ရွေ့လျား ဝင်ရောက် မည့် အခြေ အနေ မရှိကြောင်း အဆိုပါ ထုတ်ပြန် ချက် တွင် ဖော်ပြ ထားသည်။

လက်ရှိ အချိန် တွင် ဘင်္ဂလား ပင်လယ် အော်နှင့် တောင် တရုတ် ပင်လယ်ပြင် တို့တွင် အပူပိုင်း မုန်တိုင်းငယ် များ ဖြစ်ပေါ် နေရာ ဘင်္ဂလား ပင်လယ် အော်မှ မုန်တိုင်း ငယ် သည် အိန္ဒိယ နိုင်ငံ ချင်းနိုင် မြို့မှ တောင် - အရှေ့တောင် ဘက် သို့ တစ်နာရီ ၅ မိုင် နှုန်းဖြင့် ရွေ့လျား နေကြောင်း Joint Typhoon Warning Center ( JTWC ) က ခန့်မှန်း ချက် ထုတ်ပြန် ထားသည်။

The Voice Journal
ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်း တွင် ဖြစ်ပေါ် နေသည့် အပူပိုင်း မုန်တိုင်း ငယ် ကြောင့် ကမ်းရိုးတန်း ဒေသ များ တွင် မိုး သည်းထန် ကာ လေပြင်း များ တိုက်ခတ် နိုင် သဖြင့် သတိ ပြု ရန် လိုအပ် ကြောင်း မိုးလေဝ သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနက နိုဝင်ဘာ လ ၁၄ ရက်နေ့ တွင် သတိ ပေးချက် ထုတ်ပြန် သည်။

တစ်အိမ်ထောင် ကလေးတစ်ယောက် အစီအစဉ် တရုတ်ပြင်မည်


တရုတ်နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ ကို လျှော့ပေါ့ပေးတာနဲ့ အလုပ်ကြမ်းစခန်းတွေမှာ ပညာပေးတဲ့စနစ်ကို ဖျက်သိမ်းပစ်တာအပါအ၀င် ကျယ်ပြန့် တဲ့ ပြုပြင်ပြောင်း လဲမှုတွေကို လုပ်မယ့် အကြောင်း ကြေညာလိုက်ပါတယ်။