Friday, 28 June 2013

အ ဆိပ်သောက် သူကို ဘယ်လို ကယ်ဆယ် မလည်း

အဆိပ်သောက်သူကို ဘယ်လိုကယ်ဆယ်မလည်း
ဆရာခင်ဗျ...ကျွန်တော်တို့ရွာတွေမှာ ခုတလောအဆိပ်သောက်မှု ပိုများလာပါတယ်။ တမင်တကာ သောက် သုံး မှု ရှိသလို တချို့ကလေးငယ်များက တော့ မှားယွင်း သောက်သုံး ကြတာပါ။

ရွှေဆိုင်ချင်း စကားများ ကြားလူအုပ် ဝင်လု

ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ်ရာမှ ရွှေဆိုင်အတွင်းသို့ လူအုပ်စုလိုက်ဝင်ရောက် လုယက်မှုတစ်ခု သာကေတ မြို့နယ် တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမျိုးသမီးများ ဒုတိယ ရဲအုပ်လောင်း လျှောက်ထားနိုင်

Photo: အမျိုးသမီးများ ဒုတိယ ရဲအုပ်လောင်း လျှောက်ထားနိုင်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အမျိုးသမီး ဒုတိယ ရဲအုပ်လောင်း များကို နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြင်ပမှ အရပ်သူများ လျှောက်ထားနိုင်ကြောင်း စတင် ခေါ်ယူခဲ့သည်။

ယခင် အစိုးရ လက်ထက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီး၊ စုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးတို့မှ ဘွဲ့ရအသက်ပြည့်မီသူ အမျိုးသမီးများအား ဒုတိယ ရဲအုပ် ခန့်ထားခဲ့ရာမှ အစိုးရသစ် လက်ထက်တွင် အသက်မွေးဝမ်းကျောင်း ဘွဲ့ရသူများနှင့် နိုင်ငံခြား ဘာသာဘွဲ့ တစ်ခုခု ရရှိထားသူ အမျိုးသမီးများကို စတင် ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

ဘာသာစကား ကျွမ်းကျင်သူ ခေတ်ပညာတတ်များ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များသို့ ဝင်လာပါက နိုင်ငံခြားသား များနှင့် ပတ်သက်သည့် အမှုအခင်းများကို ပိုမို ထိရောက်စွာ ကိုင်တွယ် နိုင်မည် ဖြစ်ကြောင်း၊

 နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များနှင့်လည်း ရင်ပေါင်တန်း နိုင်မည် ဖြစ်ကြောင်း အငြိမ်းစား ရဲမှူးကြီး တစ်ဦးက ပြောကြားသည်။ ဒုတိယ ရဲအုပ်လောင်း တစ်ဦး၏ အခြေခံ လစာနှုန်းမှာ ငွေကျပ် ၈၅ဝဝဝ ဖြစ်ပြီး နှစ်တိုး နှုန်းထား မှာ ငွေကျပ် ၁ဝဝဝ ဖြစ်ကြောင်း သိရသည်။

မြ၀တီ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အမျိုးသမီး ဒုတိယ ရဲအုပ်လောင်း များကို နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြင်ပမှ အရပ်သူများ လျှောက်ထားနိုင်ကြောင်း စတင် ခေါ်ယူခဲ့သည်။

“ ဝ ”တပ်ဖွဲ့၏ ရဟတ်ယာဉ်များမြင်တွေ့ရကြောင်း လွတ်လပ်သော သတင်းများက အတည်ပြု


Photo: “ ဝ ”တပ်ဖွဲ့၏ ရဟတ်ယာဉ်များမြင်တွေ့ရကြောင်း လွတ်လပ်သော သတင်းများက အတည်ပြု 

IHS Jame’s Defence Weekly မှ 25 Jun 2013 ရက်စွဲပါ “ Independent report confirm UWSA helicopter sighting “ သတင်းကို အကျဉ်းချုပ်ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ အစိုးရမဟုတ်သော အကြီးဆုံးလက်နက်ကိုင်အဖွဲ့
 UWSA ( ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မ တော်) က တရုတ်နိုင်ငံထံမှ ပို့ဆောင်ရေးရဟတ်ယာဉ်များအား လက်ခံထားရှိကြောင်း ဖော်ပြခဲ့သည့် IHS Jame’s Defence Weekely၏ အစီရင်ခံစာကို မြန်မာနိုင်ငံ အရှေ့မြောက်ဒေသ ရှမ်းပြည်နယ်မှ လွပ်လပ်သော ဒေသခံသတင်းအရင်း အမြစ်များ က အတည်ပြုလိုက်ပါသည်။

နိုင်ငံတကာ အသိအမှတ်ပြု မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဘာတစ်လ် လင့်တနာ၏ ဇွန် ၂၅ရက်စွဲပါ Asiam Times online မှ သတင်းဆောင်းပါးတွင် Mil Mi – 17 Hip အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စင်းသည် တရုတ် နယ်စပ် နှင့်မဝေးသော အရှေ့မြောက် ဝတောင်တန်းပေါ်ရှိ ပန်းဝါမြို့အနီးမှ မန်နမ်ဆိုင်တွင် လတ်တလော အခြေစိုက်ထားပြီး စူးစမ်းထောက်လှမ်းသော မျက်လုံးများ၏ ရန်မှ ဖုံးကွယ်ထားသည်ဟု ၎င်းနယ်မြေနှင့် နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကား၍ ရေးသားဖော်ပြထားသည်။ 

Posted From Dawnmanhon
IHS Jame’s Defence Weekly မှ 25 Jun 2013 ရက်စွဲပါ “ Independent report confirm UWSA helicopter sighting “ သတင်းကို အကျဉ်းချုပ်ဘာသာပြန်ဆိုသည်။)

ရန်ကုန်တိုင်းအတွင်း စိတ်ကြွဆေးပြားနှင့် ဆေးခြောက်သုံးစွဲမှု၊ ရောင်းဝယ်မှု များပြားလာ

ရန်ကုန်တိုင်းအတွင်း စိတ်ကြွဆေးပြားနှင့် ဆေးခြောက်သုံးစွဲမှု၊ ရောင်းဝယ်မှု များပြားလာ
Friday, June 28, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘိန်းဖြူဈေး ကြီးမြင့်လာသောကြောင့် သုံးစွဲသူ နည်းပါးလာပြီး စိတ်ကြွဆေးပြားနှင့် ဆေးခြောက် သုံးစွဲမှု၊ ရောင်းဝယ်မှုများ များပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်တွင် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်တိုင်း အတွင်းမှာ ယခင်က ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့သော်လည်း နောက်ပိုင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှု ပိုမိုများပြားလာတယ်။ ဓာတုဗေဒနည်း စနစ်များနဲ့ ထုတ်လုပ်တဲ့ စိတ်ကြွဆေးပြားတွေကို ရန်ကုန်မြို့တွင်းမှာ ဖမ်းဆီးရမိမှု ပိုမိုများပြားလာတာကို တွေ့ရတယ်'' ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် မူးယစ်ဆေးဝါးများကို တရားမ၀င် သယ်ဆောင်ခြင်းများ၊ ရောင်းဝယ်ခြင်း၊ စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် သုံးစွဲနေမှုများကို တားဆီးနှိမ်နင်း ကာကွယ်ရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့၊ မူးယစ်(အထူး)အဖွဲ့များနှင့် အကောက်ခွန် ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နိုင်ငံတကာသို့ မြန်မာနိုင်ငံမှ သွားရောက်နေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းများတွင်လည်း ရန်ကုန်မြို့မှ တစ်ဆင့် ပို့ဆောင်ခြင်းများလည်း ရှိကြောင်း သိရသည်။

''မူးယစ်ဆေးဝါးတွေကို ရန်ကုန်လေဆိပ်နှင့် ရန်ကုန်ဆိပ်ကမ်းတို့မှ ဖမ်းဆီးရမိတာတွေ ရှိတယ်။ မူးယစ်ဆေးဝါး အမှုတွေကိုလည်း ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ် ရရှိအောင် တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေက ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်တယ်။ အမှုများကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ပြီးပြတ်နိုင်ရေး ကိုလည်း အလေးထား ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။

EMG
မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် လှော်ကားမြို့နယ်ရှိ အမှတ်(၁) ရဲတပ်ရင်းဝင်း၌ မူးယစ်ဆေးဝါးများကို မဖျက်ဆီးမီ တာဝန်ရှိသူများက စစ်ဆေးနေစဉ် (ဓာတ်ပုံ-အောင်ရဲကို)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘိန်းဖြူဈေး ကြီးမြင့်လာသောကြောင့် သုံးစွဲသူ နည်းပါးလာပြီး စိတ်ကြွဆေးပြားနှင့် ဆေးခြောက် သုံးစွဲမှု၊ ရောင်းဝယ်မှုများ များပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

အမေရိကန် မြန်မာပူးပေါင်းကူညီမှု သဘောတူလက်မှတ်ထိုး

Photo: အမေရိကန် မြန်မာပူးပေါင်းကူညီမှု သဘောတူလက်မှတ်ထိုး

28.6.2013

အမေရိကန်နဲ့ မြန်မာကြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ကြဖို့ ၂ ဘက် သဘောတူ လက်မှတ်ထိုး လိုက် ပါတယ်။ လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံ အတွက် အမေရိကန်က ဒေါ်လာ သန်း ၁၇၀ ထောက်ပံ့မယ်လို့ သမ္မတ Barack Obama ၂၀၁၂ ခုနှစ်မှာ ကတိပြုထားချက်ကို တရားဝင်ဖြစ်စေတဲ့ သဘောတူချက်ကို အမေရိကန်သံအမတ်ကြီး Dereck Mitchell နဲ့ အမျိုးသား စီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှုဦးစီးဌာနဝန်ကြီး ဦးဆက်အောင်တို့ နေပြည်တော်မှာလက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာလုပ်နေတဲ့   ပြုပြင်ပြောင်းလဲမှုတွေကို ၂ နိုင်ငံလုံးက ဆက်ပြီး အားပေးသွားမယ်ဆိုတာကို အခုသဘောတူမှုက အာ မခံလိုက်တာပဲလို့ သံအမတ်ကြီး Mitchell ကပြောပါတယ်။

ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ အခွင့်အလမ်းတွေ ရှိသလို ရေရှည်ခံတဲ့ တိုးတက်မှုနဲ့ အလုံးစုံတိုးတက်မှုအတွက် စိန်ခေါ်မှုတွေ ရှိနေတယ်လို့လဲ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ကပြောတဲ့ အကြောင်း ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်ချက်ထဲမှာ ကိုးကားဖော်ပြထားပါ တယ်၊ ဒီကနေ့ အမေရိကန်နဲ့ မြန်မာအစိုးရတို့ အပြန်အလှန် သဘောတူခဲ့တဲ့ သဘောတူချက်ထဲမှာ အစိုးရ ၂ ခုကြား ပူးပေါင်းကူညီမှုနဲ့ ပါတ်သက်တဲ့ အသေးစိတ်လမ်းညွှန်ချက်တွေကို အသေးစိတ်ဖော်ပြ ထားပါတယ်။

အထူးသဖြင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ စားရေရက္ခာဖူလုံရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ USAID က ကူညီထောက်ပံ့မှုပေးမဲ့ကိစ္စတွေကို အသေးစိတ် သဘောတူခဲ့ကြတာဖြစ် ပါတယ်

VOA
အမေရိကန်နဲ့ မြန်မာကြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ကြဖို့ ၂ ဘက် သဘောတူ လက်မှတ်ထိုး လိုက် ပါတယ်။ လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံ အတွက် အမေရိကန်က ဒေါ်လာ သန်း ၁၇၀ ထောက်ပံ့မယ်လို

Thursday, 27 June 2013

မုံရွာတွင် တက္ကသိုလ်ကျောင်းသားများ ရိုက်ပွဲဖြစ်၊ တစ်ဦးသေ

မုံရွာမြို့၊ သလ္လာမြို့သစ်ရပ်ကွက်ရှိ ရွှေမင်း သမီးအမျိုးသမီးအဆောင်ရှေ့တွင် တက္ကသိုလ် ကျောင်းသား လူငယ်များ ဇွန် ၂၅ ရက် ညက ရိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း မုံရွာရဲစခန်းက မှုခင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

မန်းတွင် သက်တမ်းကျော် လေလံကားများ မှတ်ပုံတင်ခွင့် မရှိတော့

အစိုးရလေလံတင်ရောင်းချထားသော ကားများကို တင်ဒါအောင်ပြီး နှစ် နှစ်အတွင်း ပိုင်ရှင်ကမှတ်ပုံတင်ရန် သတ်မှတ်ထားရာ ယင်းကာလအတွင်း မှတ်ပုံမတင်ဖြစ်ပါက လိုင်စင်မဲ့ကား ဖြစ်သွားမည်ဟု မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

dawsu-june27
ဇွန် ၂၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်

မြန်မာ့ရွှေဈေး နဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျ

Photo: မြန်မာ့ရွှေဈေး နဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျ
Thursday, June 27, 2013

ကမ္ဘာ့ရွှေဈေး တောက်လျှောက် ကျဆင်း နေပေမယ့် မြန်မာနိုင်ငံမှာ ရွှေဈေး တက်ရာ ကနေ အခု ရက်ပိုင်း အတွင်းမှာ တော့ တဖြည်းဖြည်း ကျဆင်း လာနေ ပါတယ်။

ပြီးခဲ့တဲ့ တပတ်က ရွှေတကျပ်သား ကျပ် ၇ သိန်း အထက်မှာ ရှိပေမယ့် အခု ရက်ပိုင်းမှာ ကျပ် ၆၉၀,၀၀၀ ကျော် သာ ရှိပါတော့တယ်။

မြန်မာ့ရွှေဈေး ဟာ ကမ္ဘာ့ ရွှေဈေး အတိုင်း အတက် အကျ မဖြစ်ရခြင်း အကြောင်းက ကမ္ဘာ့ ရွှေဈေး ကို ဒေါ်လာဈေး ထည့်တွက်ပြီးမှ မြန်မာကျပ်ငွေ အရ ရွှေဈေး ကို တွက်တဲ့ အတွက် ကမ္ဘာ့ ရွှေဈေး ကျပေမယ့် ငွေလဲနှုန်း မကျရင် မြန်မာ့ ရွှေဈေး မကျတဲ့ အကြောင်း ရွှေဆိုင် ပိုင်ရှင် တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

အမေရိကန် ဒေါ်လာဈေး တက်ရင် မြန်မာ့ရွှေဈေး ဟာလည်း ငွေလဲနှုန်း ကို အမီပြုနေလို့ ရွှေဈေး မကျပုံ ကို ရှင်းပြပါတယ်။ မြန်မာနိုင်ငံ မှာ ရွှေဈေး ဟာ ဈေးကစားတဲ့ အသွင် မဆောင်ဘဲ ရာသီ နဲ့ အချိန်အခါလိုက် ပြောင်းလဲ တတ်ပုံ၊ သိရပါတယ်။

အထူးသဖြင့် ကျောင်းဖွင့်ချိန်၊ မိုးတွင်း ကာလ ဆိုရင် ရွှေဈေး အေးနေ တတ်သလို စပါးပေါ်ချိန်၊ ပွင့်လင်းရာသီ၊ ငွေပေါ်ချိန်၊ ကထိန် စတဲ့ ပွဲလမ်း သဘင် ရှိချိန် ဆိုရင် မြန်မာနိုင်ငံမှာ ရွှေဈေးတက်လေ့ ရှိပုံ ကို ရွှေဆိုင် ပိုင်ရှင် တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

BBC Burmese
ရွှေဈေး အတက်အကျ ဒေါ်လာဈေးနဲ့ ဆိုင်
ကမ္ဘာ့ရွှေဈေး တောက်လျှောက်ကျဆင်း နေပေမယ့် မြန်မာနိုင်ငံမှာ ရွှေဈေးတက်ရာကနေ အခုရက်ပိုင်း အတွင်းမှာ တော့တဖြည်းဖြည်း ကျဆင်း လာနေပါတယ်။

“ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ဒိုင်နမို၏ မျက်လှည့်စွမ်း”

Photo: “ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ဒိုင်နမို၏ မျက်လှည့်စွမ်း”

လူအများကို ထူးထူးဆန်းဆန်းများဖြင့် အံ့ဩစေတတ်သူ ပဉ္စလက် ပညာရှင် ဒိုင်နမို (#Dynamo)တစ်ယောက် ကမ္ဘာလှည့် ခရီးသည်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပြန်သည်။ #Pepsi ၏ ကြော်ငြာကဏ္ဍတွင် ပါဝင်ကူညီခဲ့သည့် ဒိုင်နမိုသည် ဗြိတိန်တွင် ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသည့် နှစ်ထပ်ဘတ်စ်ကားကြီး၏ နံဘေးတွင် လက်တစ်ဖက်ထဲဖြင့် ထိထားကာ လေပေါ်ပျံသန်း လိုက်ပါလာပြီး မျက်လှည့် ပညာစွမ်း ပြသခဲ့သည်။ ဒိုင်နမိုက အဆိုပါ မျက်လှည့် ပညာခန်းသည် #Pepsi #MAX အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Daily Mailသို့ ရှင်းပြခဲ့သည်။
 
"ရူးလောက်တဲ့ ကိစ္စတစ်ခုပေါ့။ ကျွန်တော်က ဒီအကြံအစည်ကို Pepsiကို ပြောပြတယ်။ သူတို့က သဘောကျတယ်။ ရက်နည်းနည်းကြာတော့ လက်တွေ့ လုပ်ဖြစ်သွားတယ်"ဟု ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ မျက်လှည့်ပညာခန်း ပြသအပြီးတွင် Pepsi Maxဘူးကို ထုတ်၍ သောက်သုံးခဲ့သည်။ ဒိုင်နမိုသည် အဆောက်အအုံ တစ်ခုတွင် တပ်ဆင်ထားသည့် မှန်ကို ဖြတ်သန်းကာ တစ်ဖက်သို့ ကူးပြခြင်း၊ သိမ်းစ်မြစ်ထဲတွင် ရေပေါ်၌ လမ်းလျှောက်ပြခြင်း စသည်တို့ အပါအဝင် ထူးခြားဆန်းပြားသော ပဉ္စလက် အတတ်ပညာခန်းများကို လက်တွေ့ ပြသခဲ့ဖူးသူ ဖြစ်သည်။
 
ဒိုင်နမိုက "ကျွန်တော် ခုလို လုပ်ပြတော့ လမ်းပေါ်က လူတွေ အရမ်းအံ့ဩ နေကြတယ်။ ဘတ်စ်ကားပေါ်က လူတွေရောပဲ။ ပြီးတော့ ကျွန်တော့်ကို ဝိုင်းချိန်ထားတဲ့ ကင်မရာတွေ၊ ဖုန်းတွေ အများကြီးကို တွေ့ခဲ့ရတယ်"ဟုလည်း ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ ရုပ်မြင်သံကြား စီးရီးဖြစ်သော #Watch #TV #show #Dynamo: #Magician #Impossible ၏ တတိယမြောက် အစီအစဉ်အတွက်လည်း ပြင်ဆင်လျှက် ရှိသည်။ 

"နောက်ထပ် စီးရီးသစ်မှာတော့ ပိုကောင်းတဲ့ လှည့်ကွက်လေးတွေ ထည့်ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော့် ဆန္ဒကိုက မဖြစ်နိုင်တာတွေကို လက်တွေ့ဖြစ်အောင် ဖန်တီးပြနေဖို့ပဲလေ"ဟုလည်း ဒိုင်နမိုက ပြောကြားသွားသည်။

DYNAMO
#PlanetMyanmar
လူအများကို ထူးထူးဆန်းဆန်းများဖြင့် အံ့ဩစေတတ်သူ ပဉ္စလက် ပညာရှင် ဒိုင်နမို (#Dynamo) တစ်ယောက် ကမ္ဘာလှည့် ခရီးသည်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပြန်သည်။ #Pepsi ၏ ကြော်ငြာ

လာမယ့် ၇၂နာရီ အတွင်း မန်ယူနဲ့ စီရော်နယ်ဒိုတို့ တရားဝင် တွေ့ဆုံ ဆွေးနွေးကြတော့မယ်

လာမယ့် ၇၂နာရီ အတွင်း မန်ယူနဲ့ စီရော်နယ်ဒိုတို့ တရားဝင် တွေ့ဆုံ ဆွေးနွေးကြတော့မယ်
Thursday, June 27, 2013

ရီးရဲလ်မက်ဒရစ် စတား စီရော်နယ်ဒိုသည် အသင်းဟောင်း မန်ယူနိုက်တက် အသင်းသို့ တကျော့ပြန် ခြေချရေး လာမည့် (၇၂)နာရီ အတွင်း တရားဝင် တွေ့ဆုံ ဆွေးနွေးတော့မည် ဖြစ်ကြောင်း သိရသည်။

El Pais ၏အဆိုအရ စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ် အသင်း၏ ရာသီအကြို ခြေစမ်းပွဲစဉ်များ မတိုင်မီ အပြောင်းအရွေ့ ဖြစ်မြောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ မကြာသေးမီက အနားယူသွားပြီ ဖြစ်သည့် နည်းပြ ဖာဂူဆန်သလည်း စီရော်နယ်ဒိုကို ပြန်လည် ခေါ်ယူရေးအတွက် ဆွေးနွေးမှုများ အောင်မြင်မည်ကို ယုံကြည်ကြောင်း ပြောကြားသွားခဲ့သည်။

စီရော်နယ်ဒိုကို ရီးရဲလ်ဥက္ကဌ ပီရက်ဇ်က မြင့်မားသော လုပ်ခနှုန်းထားဖြင့် နှစ်ရှည် စာချုပ် ချုပ်ဆိုရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း၊ စီရော်နယ်ဒိုက ပယ်ချခဲ့သည်။ ပီရက်ဇ်သည် တစ်နှစ်လုပ်ခပေါင်(၁၂)သန်းဖြင့် နောက်ဆုံး အကြိမ် ကမ်းလှမ်းခဲ့သော်လည်း၊ စီရော်နယ်ဒိုက (၁၇)သန်းအထိ အလိုရှိနေကြောင်း သိရသည်။ စီရော်နယ်ဒိုက ပယ်ချလိုက်ပြီး နောက်ပိုင်း ပီရက်ဇ်ကမူ အရာရာတိုင်းတွင် အကန့်အသတ် ရှိကြောင်း တုန့်ပြန် ပြောကြား လိုက်သောကြောင့် စီရော်နယ်ဒို အနေဖြင့် ပိုမိုစိတ်ပျက်သွားကြောင်း သိရသည်။

football-cafe.com
ရီးရဲလ်မက်ဒရစ် စတား စီရော်နယ်ဒိုသည် အသင်းဟောင်း မန်ယူနိုက်တက် အသင်းသို့ တကျော့ပြန် ခြေ ချရေး လာမည့် (၇၂)နာရီ အတွင်း တရားဝင် တွေ့ဆုံ ဆွေးနွေးတော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးပိုလာနှို်င်တယ်လို့ ခန့်မှန်းရ



မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးပိုလာနှို်င်တယ်လို့ ခန့်မှန်းရပါတယ်။

ဧည့်လမ်းညွှန် မှတ်ပုံတင်ကတ် အရောင်ရှစ်မျိုး သတ်မှတ်

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များအတွက် ဧည့်လမ်းညွှန် လုပ်ကိုင်ခွင့် မှတ်ပုံတင်ကတ်ပြားကို ဒေသအလိုက် အရောင်ရှစ်မျိုး သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

စဥ့်ကူးတွင် ကောလာဟလကြောင့် အစ္စလာမ်ဘာသာဝင်အချို့ တိမ်းရှောင်

ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်တွင် ချောင်းကြီးကျေးရွာနင့် ကျည်တောက်ပေါက် ကျေးရွာ တွင် ဖြစ်ပွား ခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်၍ ထွက်ပေါ်ခဲ့သော ကောလာဟလ သတင်းများကြောင့် ကျည်တောက်ပေါက် ကျေးရွာနှင့် အနီးအနား ကျေးရွာတွင် နေထိုင်သော အစ္စလာမ် ဘာသာဝင်အချို့ မှာ မာလဲကျေးရွာသို့ ခေတ္တ တိမ်းရှောင်လာကြောင်း မာလဲဒေသခံများက ပြောကြားသည်။

ရွှေဆိုင်ချင်း စကားများ ကြားလူအုပ် ဝင်လု

ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ်ရာမှ ရွှေဆိုင်အတွင်းသို့ လူအုပ်စုလိုက်ဝင်ရောက် လုယက်မှုတစ်ခု သာကေတမြို့နယ် တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်၊ (၁၀) ဈေးရှိ ဘေးချင်း ကပ်ဖွင့်လှစ်ထားသည့် ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ် ရာကို ရွှေဆိုင်တစ်ဆိုင်မှ ပိုင်ရှင် ဖြစ်သူသည် ဈေးစည်ပင်ရုံးသို့သွား ရောက်တိုင်တန်းခဲ့ကြောင်း သိရ သည်။

ဦးသိန်းစိန်သာ လာမည့် သက်တမ်း ပြန်အရွေးခံရပါက အားကောင်းသော သမ္မတလောင်း ဖြစ်လာလိမ့်မည်ဟု အာရှအသင်းကကြိုတင်ခန့်မှန်း

Photo: ဦးသိန်းစိန်သာ လာမည့် သက်တမ်း ပြန်အရွေးခံရပါက အားကောင်းသော သမ္မတလောင်း ဖြစ်လာလိမ့်မည်ဟု အာရှအသင်းကကြိုတင်ခန့်မှန်း
Thursday, June 27, 2013

သမ္မတ ဦးသိန်းစိန်သာ လာမည့် ၂၀၁၅ တွင် သမ္မတအဖြစ် ထပ်မံဆောင် ရွက်လိုပါက သူသည် အားကောင်း သောသမ္မတလောင်းတစ်ဦးဖြစ် လာလိမ့်မည်ဟု အမေရိကန်၏ ဩဇာကြီးမားသော အာရှ အသင်း ကြီးက ခန့်မှန်းလိုက်သည်။ 'မြန်မာနိုင်ငံ၏ အကူးအ ပြောင်းကို စဉ်ဆက်မပြတ်ထိန်း သိမ်းခြင်း၊ အရေးအကြီးဆုံးစိန် ခေါ်မှု ၁ဝချက်' ဟူသောခေါင်း စဉ်ဖြင့်ထုတ်ပြန်ခဲ့သော ယင်း၏ အစီရင်ခံစာ အခန်း(၂) '၂၀၁၅ ရွေး ကောက်ပွဲသို့လှမ်းကြည့်ခြင်း'ဟူ သောသုံးသပ်ချက်တွင် ယင်းကဲ့သို့ ကြိုတင်မှန်းဆခဲ့ခြင်းဖြစ်သည်။

''လာမည့် ရွေးကောက်ပွဲ တွင် မည်သို့သော အဖြေထွက်ပါ စေ။ မြန်မာနိုင်ငံတွင် ယင်း၏နိုင်ငံရေးအကူးအပြောင်းနောက် ကွယ်၌ အသိအမှတ်ပြုခံရသည့် ခေါင်းဆောင်သုံးဦး ရှိနေခဲ့ပြီဖြစ် သည်''ဟု အစီရင်ခံစာက ဖော် ပြထား သည်။ အဆိုပါ ခေါင်းဆောင်သုံး ဦးမှာ သမ္မတဦးသိန်းစိန်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူ ရဦးရွှေမန်းတို့ဖြစ်ကြောင်းလည်း အစီရင်ခံစာက ညွှန်းဆိုသည်။ မြန်မာနိုင်ငံ ၏ ၂၀၁၅ရွေး ကောက်ပွဲသည်    မြန်မာနိုင်ငံရေး အသွင်ကူးပြောင်းမှုအတွက် သော့ ချက်ကျမည့်ရွေးကောက်ပွဲတစ်ခု ဖြစ်ပြီး မျိုးဆက်သစ် နိုင်ငံရေး ခေါင်းဆောင်များအား နေရာ ထိုင်ခင်းပေး နိုင်ဖွယ် ရှိကြောင်း၊ ရွေးကောက်ပွဲရလဒ်ကို ကြိုတင် ဟောကိန်းထုတ်ရန်ခက်ခဲသော် လည်း အဆိုပါရွေးကောက်ပွဲ သည် အသည်းအသန်အကြံအဖန် လုပ်ထားရသည့် ၂၀၁ဝရွေးကောက် ပွဲနှင့် အထူးပင်ခြားနားသွားမည် ဟု ကြိုသိနိုင် ကြောင်း အာရှအ သင်းက ပြောသည်။ ၂၀၁၅ ရွေး ကောက်ပွဲသည် ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲလိုပင် လွတ်လပ် ပြီးမျှတနိုင်မည်ဟု အာရှအသင်း က မျှော်လင့်ထားသည်။

အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်သည် အစိုးရဖွဲ့ထားသော ပါတီအတွက် ဖြုံလောက်သော ပြိုင်ဘက်ဖြစ်ပြီး  ပြည်ခိုင်ဖြိုးပါ တီက ပီအာရ်စနစ်ကို လာမည့်ရွေး ကောက်ပွဲတွင် ပြောင်းလဲကျင့် သုံးလိုနေကြောင်း အစီရင်ခံစာ ကရေး သည်။ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က ယင်းစနစ်ကိုပြင်းပြင်း ထန်ထန်ကန့်ကွက်ခဲ့သည်။ ပီအာရ် စနစ်သည် အင်အားကောင်း သော အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်နှင့်ယှဉ်လျက် လွှတ်တော် တွင် ပြည်ခိုင်ဖြိုးက နေရာရရှိဖို့ ဖြစ်လာ နိုင်ရာ အဆိုပါကိစ္စကို ရွေးကောက်ပွဲနီးလာသည်အထိ ငြင်းခုံနေကြရဦးမည်ဖြစ်သည်ဟု သုံးသပ်ထားသည်။

ညီလတ်

Yangon Times Daily
သမ္မတ ဦးသိန်းစိန်သာ လာမည့် ၂၀၁၅ တွင် သမ္မတအဖြစ် ထပ်မံဆောင် ရွက်လိုပါက သူသည် အားကောင်း သောသမ္မတလောင်းတစ်ဦးဖြစ် လာလိမ့်မည်ဟု အမေရိကန်၏ ဩဇာကြီးမားသော အာရှ အသင်း ကြီးက ခန့်မှန်းလိုက်သည်။ 'မြန်မာနိုင်ငံ၏ အကူးအ ပြောင်းကို စဉ်ဆက်မပြတ်ထိန်း သိမ်းခြင်း၊ အရေးအကြီးဆုံးစိန် ခေါ်မှု ၁ဝချက်' ဟူသောခေါင်း စဉ်ဖြင့်ထုတ်ပြန်ခဲ့သော ယင်း၏ အစီရင်ခံစာ အခန်း(၂) '၂၀၁၅ ရွေး ကောက်ပွဲသို့လှမ်းကြည့်ခြင်း'ဟူ သောသုံးသပ်ချက်တွင် ယင်းကဲ့သို့ ကြိုတင်မှန်းဆခဲ့ခြင်းဖြစ် သည်။

Wednesday, 26 June 2013

"ပြည်တွင်းအထည်ချုပ်နှင့် အဲကွန်းစက်ရုံတို့ မလေးပြန်လုပ်သားတို့အား အလုပ်ပေးရန် လာရောက်ဆက်သွယ်"

မလေးပြန် အလုပ်သမားများ ကို အလုပ်ပေးရန် ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ၊ အဲကွန်းစက်ရုံများမှ အလုပ် သမားညွှန်ကြားရေး ဦးစီးဌာနသို့ လာရောက်ဆက်သွယ် ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရသည် တိုင်းရင်း သားပြည် သူများ ၏ ဆန္ဒကို မျက် ကွယ် ပြုကြောင်း ဘူးသီးတောင် ဒေသခံ တို့ သမ္မတ ထံ ပေးပို့ စာတွင် ဖေါ်ပြ

Photo: ရခိုင်ပြည်နယ် အစိုးရသည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒကို မျက် ကွယ် ပြုကြောင်း ဘူးသီးတောင် ဒေသခံတို့ သမ္မတထံ ပေးပို့ စာတွင် ဖေါ်ပြ
Wednesday, June 26, 2013

ဘူးသီးတောင်မြို့နယ် အတွင်း စည်ပင် လေလံဆွဲယူမူနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရသည် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုပြီး တည်ဆဲ ဥပေဒေများကို ချိုးဖေါက်ကာ ပြုမူ ဆောင်ရွက် သွားခဲ့ကြောင်း ဘူးသီးတောင် ဒေသခံများက နိုင်ငံတော် သမ္မတထံ ပေး ပို့သော စာထဲတွင် ဖေါ်ပြထားသည်။

ဇွန်လ ၂၅ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ဘူးသီးတောင်မြို့နယ် ဒေသခံ တိုင်းရင်းသားများ ရေးသားပေးပို့သော စာပိုဒ် အမှတ်စဉ် (၅) တွင် ထိုသို့ ဖေါ်ပြထားသည်။

လူပေါင်း ၁၀၀ ကျော် လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတထံသို့ ရေး သားပေး ပို့သောစာထဲတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘူးသီးတောင်မြို့ နယ် စည်ပင်သာယာရေး အဖွဲ့၏ အရပ်ရပ် အခွင့်အရေး လိုင်စင်ကို နိုင်ငံ သား မဟုတ်သူများက တိုက်ရိုက် လေလံဆွဲဝယ်ပိုင်ခွင့် ရရှိထားမူ အပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူလူထုမှ ကန့်ကွက်ကြောင်း ဖေါ်ပြသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘူးသီးတောင်မြို့နယ် စည်ပင်သယာရေး အဖွဲ့၏ အရပ်ရပ် အခွင့်အရေး လိုင်စင်ကို ၂၃-၅-၂၀၁၃ ဈေးပြိုင် စနစ်ဖြင့် ရောင်းချခဲ့ကြောင်း၊ လေလံ စည်းကမ်းချက်တွင် နိုင်ငံသား မဟုတ်သည့် အမျိုးသား မှတ်ပုံတင်ကဒ် (သို့) ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများကိုလည်း ၀င်ရောက် ဆွဲဝယ်ခြင်း ပြုခဲ့ကြောင်း၊ သို့အတွက် လေလံ မဆွဲမီ ၁-၃-၂-၁၃ နေ့တွင် ကြော်ငြာတွင် ပါဝင်သည့် စည်းကမ်းချက် အပိုဒ် (၁)နှင့် အပိုဒ်(၄) အချက်များကို ကန့်ကွက်ပြီး ဥပဒေနှင့် အညီ ပြင်ဆင်ပေးရန် ရခိုင်ပြည်နယ် အစိုးရမှ တဆင့် တောင်းဆိုခဲ့ကြောင်း၊အဆိုပါ ကြေငြာချက်ပါ အချက် တချို့သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ (၃၄၉) နှင့် (၃၇၀) တို့ကို လုံးဝ ဆန့်ကျင်နေပြီး နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေး ဦးတည်ချက်များနှင့်လည်း ဆန့်ကျင်နေကြောင်း၊ သို့သော်လည်း ၂ လကျော် ကြာသည့် တိုင်အောင် တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့ကြောင်း၊ ပြည်သူလူထုမှ နည်းမျိုးစုံဖြင့် တောင်းဆိုခဲ့ပြီးနောက် နှစ်လကျော်ကြာမှ ၁၇-၅-၂၀၁၃ ခု နေ့တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ လယ်ယာနှင့် ဆည်မြောင်း ၀န်ကြီး ဦးကျော်သိန်းနှင့် အခွန်ဘဏ္ဍာဝန်ကြီး ဦးမောင်စန်ရွှေတို့ နှစ်ဦးကို စေလွှတ် လိုက်ကြောင်း၊ သို့သော်လည်း အထက်ပါ ၀န်ကြီးနှစ်ဦးသည် ပြည်သူ လူထုများ ၏ တောင်းဆိုချက်များကို မျက်ကွယ်ပြုကာ နိုင်ငံသား မဟုတ်သူများကို လေလံများဆွဲယူခွင့် ပြုပေးခဲ့ကြောင်း ဖေါ်ပြသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖေါက်ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရ၏ ဆောင်ရွက်ချက်ကို သံသယ ဖြစ်မိကြောင်း ဖေါ်ပြသည်။

စာ၏ နိဂုံးချုပ်တွင် နိုင်ငံတော်က ချမှတ်ထားသော ဥပဒေများကို ချိုးဖေါက်ပြီး လေလံ ၀ယ်ယူခွင့် ရရှိထားသူ နိုင်ငံသား မဟုတ်သူများကို ပယ်ဖျက်ပြီး တိုင်းရင်းသားနှင့် နိုင်ငံသားများ လက်ဝယ်သို့ တိုက်ရိုက် ရောက်ရှိအောင် ဆောင်ရွက်ပေးရန် စာထဲတွင် သမ္မတကို တင်ပြတောင်းဆိုထားသည်။
narinjara
ဘူးသီးတောင်မြို့နယ်အတွင်း စည်ပင် လေလံဆွဲယူမူနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရသည် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုပြီး တည်ဆဲ ဥပေဒေများကို ချိုးဖေါက်ကာ ပြုမူ ဆောင် ရွက် သွားခဲ့ကြောင်း ဘူးသီးတောင် ဒေသခံများက နိုင်ငံတော် သမ္မတထံ ပေး ပို့သော စာထဲတွင် ဖေါ်ပြ ထားသည်။

မုံရွာဆေးရုံ တိုးချဲ့ရန် အိန္ဒိယ ဒေါ်လာနှစ်သန်း လှူမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင်ဆေးရုံအဆောက်အအုံများတိုးချဲ့ရန်နှင့် ဆေး ပစ္စည်းအတွက် အိန္ဒိယနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာနှစ်သန်း လှူဒါန်းသွားမည် ဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန်ရုံးထံမှသိရသည်။