Sunday, 27 May 2012

အလုပ်သမားအရေး (၈၈) မျိုးဆက်ကျောင်းသားများ ၀ိုင်းဝန်းဆွေးနွေးတောင်းပန်



၂၀၁၂ခုနှစ်၊ မေလ(၂၂)ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇန္တရာလမ်း၊ သီရိဂုဏ် အိမ်ယာမှာရှိတဲ့ (၈၈) မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ အလုပ်သမားတွေဘက်က ရပ်တည် ဆောင်ရွက်ပေးနေတဲ့ အလုပ်သမားရေးဆောင်ရွက်သူ ဦးညီညီဇော်၊ ဦးသူရိန်အောင်၊ စုစုနွေး၊ ရွှေမညွန့်၊ ခင်ဌေးရီ၊ သန်းသန်းဌေး၊ ရှေ့နေဦးဌေး၊ ဦးဖိုးဖြူ(ခ)ဦးရန်နိုင်အောင်၊ မသီတာနဲ့ အလုပ်သမား အဖွဲ့အစည်း သမဂ္ဂခေါင်းဆောင်တွေ တွေ့ဆုံပြီးတော့ စက်မှုဇုံတွေမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမား ဆန္ဒပြ တောင်းဆိုမှု တွေကို သတိထားကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ ကြီးမားတဲ့လှုပ်ရှား တောင်းဆိုမှုတွေကို မလုပ်ဖို့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဆွေးနွေးတောင်းဆိုမှုတွေပြုလုပ်သွားတယ်လို့ သိရပါတယ်။
          အဲဒီလို ဆွေးနွေးကြရာမှာ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က အလုပ်သမား တွေ လုပ်အားခ ပြဿနာတွေ၊ အလုပ်သမား အခွင့်အရေး တောင်းဆိုတာတွေကို နားလည်ပါကြောင်းနဲ့ အရင်ကဆိုရင် အဲလို တောင်းဆိုတာတွေမရခဲ့ကြောင်း၊ ပြောင်းလဲတိုးတက်လာတဲ့ အခြေအနေတွေအရ လွပ်လပ်စွာခုလို တောင်းဆိုနိုင်တာဖြစ်ကြောင်း၊ အလုပ်သမားတွေရဲ့တောင်းဆိုဆန္ဒပြခြင်းဆိုတဲ့နေရာမှာ မိမိတို့ရဲ့ဆန္ဒကို တင်ပြသော အဆင့်လောက်သာ ဖြစ်သင့်ပါကြောင်း၊ အခုထက်ပိုမိုတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်လာရင် လက်ရှိအခွင့်အရေးတွေပါ ဆုံးရှုံးသွားနိုင်မှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်နေတယ် ဆိုပေမဲ့ ခြေလှမ်းအစပင် ရှိသေးကြောင်း၊ အချိန်မရွေးဆိုသလို နောက်ပြန်လှည့်သွား နိုင်ကြောင်း၊ နောက်ဆုတ်မယ့် အနေအထားတွေ ဖြစ်လာနိုင်တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောထားပြီး ဖြစ်ကြောင်း၊ အလုပ်သမား ဆန္ဒပြမှုတွေကတဆင့် အလုပ်သမားထု အုံကြွလာရင် တိုင်းပြည် အခြေအနေ နောက်ပြန် ဆုတ်သွားနိုင်ကြောင်း၊ ဒါကြောင့် အလုပ်သမားတွေကို သတိနဲ့ ကိုင်တွယ် ဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါကြောင်း၊ အလုပ်သမားတွေ အနေနဲ့ အဓိက ပြဿနာက လုပ်အားခ ဖြစ်တာကို သိထားပြီး ဖြစ်ပါကြောင်း၊ အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလစာ ဥပဒေကြမ်းကို ရှေ့နေချုပ်ရုံး ကိုလည်း တင်ပြထားပြီး ဖြစ်လို့ မကြာခင် ပြဌာန်းပေးမှာ ဖြစ်တဲ့အတွက် ပြဿနာ တစ်ချို့တော့  ပြေလည် သွားနိုင်ကြောင်း၊ ဒါပေမဲ့လက်ရှိအခြေအနေကို ထိန်းထားနိုင်ခြင်း မရှိရင်တော့ အခြေအနေ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်မှာ ဖြစ်ကြောင်း တို့ကို ဆွေးနွေးသွားခဲ့ပါတယ်။
          အဲဒီနောက် ကိုကိုကြီးက အလုပ်သမားတွေရဲ့ အခုဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အစိုးရက သိရှိထားပြီးပြီး ဖြစ်တဲ့အတွက် ဖြေရှင်ပေးမယ်ဆိုတာကို ယုံကြည်ပါကြောင်း၊ အခုကာလက ပြောင်းလဲ တာတွေကို စတင်နေတဲ့အချိန်ဖြစ်တဲ့အတွက် အားလုံး အဖက်ဖက်က ပြီးပြည့်စုံတဲ့ အနေအထား ဖြစ်ဖို့ ဆိုတာ မလွယ်သေးကြောင်း၊ မိမိတို့အနေနဲ့လည်း အရင်က ဒီလိုကိစ္စတွေကို ထိပ်တိုက် ရင်ဆိုင်ရပြီး ဖြစ်တဲ့အတွက် နှစ်ဦး နှစ်ဖက်စလုံးမှာ အကျိုးမဖြစ်ထွန်းတဲ့အတွက် အလုပ်သမား ပြဿနာကို စေ့စပ် ညှိုနှိုင်း ဆောင်ရွက်ခြင်းမျိုးနဲ့သာ လုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံရေးနောက်ပြန်လှည့်သွားရင် တိုင်းပြည် အတွက်မကောင်းကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
          ဒီလို (၈၈) ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်နဲ့ ကိုကိုကြီး တို့တွေ အနေနဲ့ နိုင်ငံရေး နောက်ပြန်လှည့်သွားမှာကို ကြောက်စိတ်နဲ့ ပြည်သူလူထု အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေး လွပ်လပ်စွာ ဆန္ဒပြတောင်းဆိုမှုတွေကို လိုက်လံပိတ်ပင်တာဟာ တစ်ကိုယ်ကောင်းဆန် စိတ်နဲ့ ဆွေးနွေးနေခြင်းပဲဖြစ်ပါတယ်။

Saturday, 26 May 2012

ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်ခြင်းဖြင့် သာသနာတော်တည်တံ့နိုင်ပါစေ

ရန်ကုန် မေလ ၂၅
        မှော်ဘီမြို့နယ်၊ သင်တောရိုးကျေးရွာ၊ သီတင်းသုံးနေတဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟအနေနဲ့ နိုင်ငံရေး လူမှုကိစ္စတွေမှာပါဝင်ပတ်သက်နေလို့ တစ်နည်းပြောရယင်တော့ ဘုန်းကြီးအလုပ် မဟုတ်တာတွေလုပ်နေလို့ဆိုပြီး ကြည့်မြင်တိုင်ကျောင်းတိုက်မှာ နေထိုင်ခွင့်မပြုခဲ့ပါဘူး။ အခုမှော်ဘီကကျေးရွာတစ်ရွာမှာ သီတင်းသုံးနေထိုင်နေရပါတယ်။  မှော်ဘီမှာလဲ ဒီလိုမျိုးအလုပ်တွေ အဆက်မပြတ်လုပ်နေတာဖြစ်လို့ အခုဆိုရင် မြို့နယ်သံဃာ့နာယကဆရာတော်         ဦးဇနိန္ဒက ရွှေည၀ါဆရာတော်အနေဖြင့် အလုပ်သမားတွေထံ ထမင်း၊ဟင်းများ လှူဒါန်းသည်ကို မိမိအနေဖြင့်လက်ခံပါ သော်လည်း ရေည၀ါဆရာတော်ကိုယ်တိုင် အလုပ်သမားထု ရှေ့မှာထွက်မရပ်ဖို့နဲ့ ၀ိနည်းတော်နဲ့အညီနေထိုင်ဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။

        ရွှေည၀ါဆရာတော်နဲ့ ပတ်သက်လို့ အင်တာနက်သတင်းတွေအရ လျှောက်ထားလွှာတွေအများကြီးဖတ်ရပါတယ်။ လျှောက်ထားလွှာ တော်တော်များများမှာတော့ ဆရာတော်ကို ၀ိနည်းတော်နဲ့အညီ ကျင့်ကြံနေထိုင်ဖို့ တိုက်တွန်းလျှောက် ထားတွေများပါတယ်။ အရင်တုန်းကတော့ စစ်အစိုးရမို့ ဆန့်ကျင်တရားတွေဟောပြောနေတာ မှန်သလိုလိုရှိပေမဲ့ အခု အစိုးရသစ်လက်ထက်မှာ အစိုရဆန့်ကျင်ရေးဟောပြောတာမျိုးတွေမလုပ်သင့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာသိ ဒီမိုကရေစီအစိုးရဖြစ်နေလို့ပါပဲ။ ဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစိုးရဖြစ်နေတာမို့လို့ ဆန့်ကျင်ဘက်ဟော ပြောမှုတွေ ပိုပြီးမလုပ်သင့်တော့ဘူးလို့ ထင်ပါတယ်။
        ဒါပေမယ့် ခက်နေတာက… ပြည်ပကနေ ပေးပို့ထားတဲ့သတင်းတွေအရ ရွှေည၀ါဆရာတော်ဥိးပညာသီဟကို ပြည်ပ အခြေစိုက် မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် (ပြည်သစ်ညွန့်ဝေအဖွဲ့)က ငွေကျပ်သိန်းတစ်ရာ ပေးပို့လှူဒါန်းပြီး အခုလိုမျိုး လူမှုရေးတွေလုပ်ခိုင်းတာလို့ သိရပါတယ်။ ပြည်သစ်ညွန့်ဝေဆိုတာဟိုးအစိုးရအဆက်ဆက်ကထဲက ပြည်ပမှာ နေပြီးဆန့်ကျင်ရေးတွေလုပ်နေတာပါ။ နိုင်ငံခြားမှာ အဆက်အသွယ်ကောင်းတွေရပြီး ကြီးပွား ချမ်းသာနေတဲ့သူ တစ်ယောက်ပါ။  ဒီမိုကရေစီအရေးအကြောင်းပြပြီး ကမ္ဘာအရပ်ရပ်ကလှူဒါန်းငွေတွေထဲကမှ ဗမာပြည်ကဒီလိုမျိုး   ဦးဆောင်နိုင်သူတွေကိုဆယ်ပုံပုံ၊ တစ်ပုံလောက်ပေးတဲ့ငွေကြေးဖြစ်ပါတယ်။ သိန်းပေါင်းသောင်းနဲ့ချီ ယူထားပြီးမှ သိန်းတစ်ရာလောက်ပေးခဲ့တာပါ။
        ဒါကိုရွှေည၀ါဆရာတော်အနေနဲ့ အဟုတ်ကြီးထင်ပြီး ဗုဒ္ဓရဲ့သာသနာသုံးရပ်ပြန့်ပွားအောင်မလုပ်ဘဲ လူမှုရေးတွေလျှောက်လုပ်နေတာမျိုးကတော့ ဘုန်းကြီးနဲ့ဘီးလိုပါပဲ။တစ်ခြားစီမှ တကယ့်ကို တစ်ခြားစီပါပဲ။ ထင်ပေါ်ကျော် ကြားလိုမှုတစ်ခုထဲနဲ့တော့ သာသနာကို မထိခိုက်စေချင်ပါဘူး။ ထင်ပေါ်ကျော်ဇောလိုမှုကိုမျှော်မှန်းပြီး ဆန္ဒပြအလုပ်သမား တွေ ရှိတဲ့ နေရာ သွားလိုက်၊ လာဘ်လာဘ ရလိုမှုကို မျှော်ကိုးပြီး ၈၈ ကျောင်းသားတွေနဲ့ တွေ့လိုက်ဆိုတာမျိုး ကတော့ ဘုန်းကြီး အချင်းချင်း အားမနားတမ်း ပြောရယင် ဒါတွေကို လူတွေလုပ်ပါလိမ့်မယ်။
အပွင့်လင်းဆုံးပြောရယင်တော့ ရွှေည၀ါဆရာတော်ကို ပြည်သစ် ညွန့်ဝေက ခိုင်းစားနေတယ်လို့ပြောချင်တယ်။ ဆရာတော်ရဲ့ ဥပဓိရုပ်၊ အဟောအပြောကောင်းတာကိုကြည့်ပြီး တကယ့်ကို နှမျောလွန်းလို့ပြောတာပါ။  ရွှေည၀ါဆရာတော်ကို အစိုးရဆန့်ကျင်ရေး၊ ထိပ်တိုက်ရင်ဆိုင်ရေး၊ ရှင်းရှင်းပြောရယင်တော့ အစိုးရမကောင်းကြောင်းတွေ မဟောစေချင်ပါဘူး။ ခေတ်ကုန်သွားပြီ မို့လို့ပါ။ မကောင်းတဲ့သူ မကောင်းသလို ပြည်သူတွေရဲ့ဒဏ်ခတ်မှုခံရမှာပါ။ လောကမှာလူကောင်းချည်းပဲမရှိနိုင်သလို လူဆိုးချည်းပဲလဲ မရှိပါဘူး။ ဗုဒ္ဓဘာသာနည်းကျကျပြောရယင် ကိုယ်လုပ်တာ ကိုယ်ခံကြရမှာပါ။ ကောင်းတာလုပ်ရင်ကောင်းကျိုးဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမှာပါ။ဒါကြောင့်မို့ ဘုန်းကြီးအချင်းချင်းအကြံပြု လျှောက်ထားချင်တာကတော့ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်တာအကောင်း ပဲဖြစ်ပါတယ်။ဒါမှမဟုတ်ရင် ရွှေည၀ါဆရာတော်အနေနဲ့ လူထွက်ပြီး နိုင်ငံရေးလုပ်တာဟာ အပြစ်လည်းကင်း၊ သူတကာ ကဲ့ရဲ့ပြောဆိုမှုလည်းကင်းမှာပါ။
ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်မယ်ဆိုရင်တော့ “လူနတ်ဗြဟ္မာ၊ သတ္တ၀ါတို့၊ များစွာကျိုးရ၊ ချမ်းသာလှသည့်၊ ဗုဒ္ဓ မြတ်စွာ၊ သာသနာသည်၊ ရှည်ကြာတည်တံ့၊ ရှည်ခိုင်ခံ့၍၊ ပျံ့နှံ့တိုးပွား၊ ကျင့်သူများလျက်၊ ရငြားချမ်းသာ၊ ချမ်းမြေ့ သာအောင်၊ ညီညာတို့များ၊ တာဝန်ထား၊ ကြိုးစားကြပါစို့“ လို့တိုက်တွန်းချင်ပါတယ်။ လူသာဓုခေါ်၊ သံဃာထုသာဓုခေါ်မို့ ရွှေည၀ါဆရာတော်အတွက် ကောင်းတဲ့လမ်းကို ညွှန်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ရွှေည၀ါဆရာတော်အနေနဲ့ ဘာသာ၊ သာသနာအကျိုး ကျင့်ကြံအားထုတ်မှုမရှိဘဲ နိုင်ငံရေးပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ အပါယ်(၄)ဘုံကိုရောက်ပြီး ငရဲအိုးထဲ စောက်ထိုးကျနေမှာကို မြင်ယောင်မိပါသေးတယ်။

Friday, 11 May 2012

“ မပြောမဖြစ်လို့တော့ပြောရ ဦးမယ်… ”


  မြအေး          ကိုကိုကြီး         မင်းကိုနိုင်
          
           အဖွဲ့အစည်းတစ်ခုသည် စနစ်တကျ၊ စည်းကမ်း၊ ဥပဒေ၊ တာဝန်ဝတ္တရားများဖြင့် မဖွဲ့စည်းလျှင် ဘယ်တော့မှ ရေရှည်ခံမည့် အဖွဲ့အစည်းတစ်ခု မဖြစ်နိုင်ပါ။ ယခုလည်းကြည့်ပါ။ ၈၈မျိုးဆက် ကျောင်းသား အဖွဲ့သည် ဖွဲ့စည်းမှုလည်းမရှိ၊ တာဝန်ဝတ္တရားလည်းမရှိ ပရမ်းပတာ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဖွဲ့စည်းပုံ နှင့် တာဝန်ဝတ္တရားတွေရှိလာလျှင် ခေါင်းဆောင်ကောင်းဆိုတာ လိုအပ်လာမည်။  ခေါင်ဆောင်ဆိုတာ သာမန် ခေါင်းဆောင်မှုမျိုးကို မဆိုလိုပါ။ ယခုလုပ်နေသည့် အဖွဲ့ခေါင်းဆောင် မင်းကိုနိုင် ဆိုတာ သူ့ဘာသာသူ အမည်ခံထားတာပါ။ သူလိုငါလို ထောင်ကထွက်လာပြီး ထောင်ထွက်ချင်းအတူတူ တစ်မူး ပိုယူချင်လို့ လုပ်တာပါ။ ခေါင်းဆောင်မှုအရည်အချင်းနဲ့သာ ခန့်ရမယ်ဆိုရင် ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ ကိုယ်ရည်ကိုယ်သွေးမှ မရှိတာ။ ငယ်စဉ် ကျောင်းသားဘ၀မှာ သူများပစ္စည်းခိုးလို့ ကျောင်းထုတ်ခံရဘူးတဲ့ သူပါ။ အကျင့်စာရိတ္တက အဲဒီလိုကောင်းခဲ့တာပါ။ သူ့ရဲ့ အတန်းပိုင်ဆရာမကြီးလည်း ယနေ့အထိ သက်ရှိထင်ရှား ရှိနေပါသေးတယ်။ ဒါကြောင့် သင်္ကန်းကျွန်း၊ အထက (၁) လူငယ်ရေးရာညကျောင်းမှ (၁၀) တန်း အောင်ခဲ့ရတဲ့ ဘ၀ပါ။ ဒါမျိုးအကျင့်ရှိတဲ့သူက ခေါင်းဆောင်လုပ်တော့ ဘယ်သူက လက်ခံချင်မှာလဲ။ မင်းဇေယျ ကလည်း မင်းသားကြီးမလုပ်ရရင် ပတ်မကြီး ထိုးခွဲမဲ့သူပါပဲ။ ၈၈ ကတည်းက ဗကသမှာ ဥက္ကဌ မလုပ်ရလို့ မကသကိုဖွဲ့ပြီး ဥက္ကဌ လုပ်ခဲ့တဲ့သူပါ။ မင်းကိုနိုင်က အကျင့်မကောင်းတော့ မင်းဇေယျက လက်မခံဘူး။ သူကိုယ်တိုင် ခေါင်းဆောင်လုပ်ပြီး ရလာမဲ့ ငွေကြေးထောက်ပံ့မှုတွေကို သူလည်း အလှည့်ကျ ခေါင်းဆောင်အနေနဲ့ လိုချင်တယ် တူပါရဲ့။ ဒီကြားထဲ ဌေးကြွယ်လို သူများသားမယား ပြစ်မှားကျူးလွန်တဲ့ သူ ကလည်း ခေါင်းပေါင်းစ တစ်ထောင်ထောင်နဲ့ လူကြားထဲ အကောင်လုပ်ချင်နေတာ သူ့အကျင့်နဲ့သူ လူမိ တော့မှ ငြိမ်သွားတာပါ။ အဆိုးဆုံးကတော့ ၈၈အဖွဲ့ကို မျက်နှာဖုံးယူပြီးတော့ မွတ်ဆလင်ကုလား လူမျိုး ကောင်းစားရေး အတွက် သူ့လူမျိုးတွေဆီက ထောက်ပံ့မှုတွေယူ၊ သမီးကိုနိုင်ငံခြားမှာ ထားပြီး ပြည်တွင်းက ဒုက္ခရောက်နေတဲ့ အကျဉ်းကျခံတွေနဲ့ မိသားစုစားရမဲ့ နိုင်ငံခြား ထောက်ပံ့ငွေကြေးတွေကို ဖြတ်စား လတ်စားလုပ်နေတဲ့ မြအေးတို့သားအဖ ကိုလည်း ကျန်တဲ့ ၈၈ အဖွဲ့ဝင်တွေက ဘာမှမပြောရဲတဲ့ အပြင် ကျေးဇူးတောင်တင်နေရပါတယ်။ ၈၈ အဖွဲ့ရဲ့ လှုပ်ရှားမှုနဲ့အတူ မြန်မာနိုင်ငံမှာ မူဆလင်ကုလားတွေ ခေါင်းထောင်လာပြီး ရိုဟင်ဂျာတွေတောင် တိုင်းရင်းသား ဖြစ်လာမဲ့အရေးကို ဆက်လက်ထောက်ခံပေးဖို့ ပြည်သူလူထုအနေဖြင့် မတွေးသင့်တော့ပါဘူးလို့ ပြောလိုက်ချင်ပါတယ်။
          ပြီးတော့ ၈၈ မျိုးဆက်ဆိုပြီးတော့ ကြီးကြီး ကျယ်ကျယ်နဲ့ အဖွဲ့အစည်း တစ်ခုကို ဟုတ်တိ ပတ်တိဖွဲ့ပြီး ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ဘာသာကိုယ် မရပ်တည်နိုင်ဘူး၊ မရပ်တည်ရဲဘူး၊ ရပ်တည်နိုင်တဲ့ အရည်အချင်းလည်းမရှိဘူး၊ ဒေါ်စုကြည်ရဲ့ထမီနားခိုကပ်ပြီးတော့ နိုင်ငံရေးကို အချောင်ယီးလေးခိုလိုက် လုပ်နေတာပါ။ ကိုယ့်ရဲ့ အဖွဲ့အစည်းဘယ်လောက် သိက္ခာကျတယ်ဆိုတာ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘူး မဟုတ်လား။ အဘွားကြီးက ဂရုတောင်မစိုက်ပါဘူး။ မင်းတို့တွေဘာပဲလုပ်လုပ် သူ့အတွက်ပဲ ဖြစ်လာမယ် ဆိုတာ သိလို့ငြိမ်ခံနေတာပါ။
          မင်းကိုနိုင်ကလည်း ကျန်တဲ့သူတွေကို တိုင်ပင်ရင် လုပ်ချင်တာတွေ မလုပ်ရမှာစိုးလို့ သူ့သဘော သူဆောင်ပြီးတော့ လုပ်နေတာတွေကို အဖွဲ့ဝင်တွေက မကျေနပ်ကြတော့ပါဘူး၊ သင်္ကြန်အတွင်း သံချပ် တိုင်တာကို ကျန်တဲ့အဖွဲ့ဝင်တွေက ၀ိုင်းဝန်းတားမြစ်ပေမဲ့ မလိုက်နာဘဲ အစိုးရကို ထိခိုက်စေတဲ့ စာသား တွေ နဲ့ သံချပ်တိုင်ခဲ့တယ်။ ငယ်စဉ်ကာလက ခိုးလို့ကျောင်းထုတ်ခံခဲ့ပေမဲ့ ယနေ့မှာတော့ ရင့်ကျက်မှုကိုပြပြီး လူငယ်တွေကို မြေတောင်မြှောက်လုပ်ဆောင်စေသင့်တယ်ဆိုတာကိုတောင် နားမလည်ဘူး။ ငါလုပ်သမျှ အဟုတ်၊ ငါလုပ်သမျှအကောင်း ထင်နေတော့တာပါပဲ။ ပြီးတော့ ABSDF အဖွဲ့ဝင်ဟောင်း လူ့ဘောင်သစ် ပါတီက တင်မောင်ဆန်းနဲ့ သွားပေါင်းသေးတယ်။ တင်မောင်ဆန်းက ယခင် ၈၈ အဖွဲ့ထဲမှာ စည်းရုံးရေး ပျက်အောင် လုပ်ပြီး ထောက်လှမ်းရေးကို သတင်းပေးခဲ့တဲ့သူပေါ့။ ဒါကိုတောင်မှ တစ်ခါသေဘူး၊ ပျဉ်ဖိုး နားမလည်ဘဲ ကိုယ့်လည်ပင်း ကြိုးကွင်းစွပ်တဲ့သူကိုမှ နှမပေးပေါင်းချင်နေသေးတယ်။
          မင်းကိုနိုင်နဲ့ ကိုကိုကြီးရေ ဘယ်လိုပဲကြည့်ကြည့် မင်းတို့လုပ်နေတာတွေက ပြည်သူလူထု အတွက် မဟုတ်ပါဘူး၊ မင်းတို့အတွက် လုပ်နေတယ်ဆိုတာ ရှင်းနေတာပါပဲ။ မင်းတို့ဘ၀အတွက် ကိုယ့်ဘာသာ ရပ်တည်ဖို့ဆိုတာ ငယ်စဉ်က ပရမ်းပတာ လုပ်ခဲ့တော့ ပညာအရည်အချင်းက တောင်မရောက် မြောက် မရောက်၊ အခုအချိန်မှာ ပညာရှာမယ်ဆိုတော့လည်း ခွေးကြီးမှ လက်ပေးသင်သလို အရာမရောက် တော့ပါဘူး၊ ရှိပြီးသားပညာအရည်အချင်းကလည်း ယနေ့လို အိုင်တီခေတ်ကြီးထဲမှာ ဘာမှလုပ်ကိုင် စားသောက်လို့မရတော့ ကိုယ့်ဘာသာ နိုင်ငံရေး သူရဲကောင်းဘွဲ့ခံပြီး မြိုးမြိုးမြက်မြက်နဲ့ မိသားစု ၀င်ငွေ ရအောင် နိုင်ငံရေးသူတောင်းစား လုပ်စားဖို့ပဲ ရှိတော့တာပေါ့။ နိုင်ငံရေး ဇာတ်ခုံပေါ်ကနေ ခွေးကျမကျ ပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။

Friday, 4 May 2012

လွယ်ဂျယ်ကိုတိုက်ရန် KIA ဗဟိုက အမိန့်ပေးလိုက်ပြီ


လိုင်ဇာ  မေ ၎
 ကချင်(KIA) တပ်ဖွဲ့တွေအနေနဲ့ လတ်တလောကျဆင်းနေတဲ့ စစ်ရေးသိက္ခာ ပြန်လည်အဖတ်ဆယ်ဖို့အတွက် တိုက်ကွက်ဖော်ဖို့ ပြင်ဆင်နေတယ်လို့ လိုင်ဇာမှလာတဲ့ သတင်းတွေအရသိရှိရပါတယ်။ KIA အနေနဲ့ ပန်ဝါဘက်မှာရှိနေ တဲ့ နယ်ခြားစောင့်တပ်တွေကို သွားရောက်တိုက်ကွက်ဖော်ခဲ့ရာမှာ ထင်သလောက်အောင်မြင်မှုမရှိဘဲ အကျအဆုံးများပြား စွာနဲ့ ဆုတ်ခွာထွက်ပြေးခဲ့ရတဲ့အတွက် အခုခါမှာတော့ လွယ်ဂျယ်ကို ၀င်တိုက်ဖို့ ပြင်ဆင်နေပါတယ်။KIAတပ်မဟာ(၂)နဲ့ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ရင်း(၁၄) ရင်း(၂၀)က တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ သူတွေကိုလိုင်ဇာဌာနချုပ်မှာ အင်အား ဖြည့်တင်းထားရှိပါတယ်။
        KIA တွေအနေနဲ့ ဒီတစ်ခါ လွယ်ဂျယ်ကို တိုက်ရင်တော့ အနိုင်ရအောင်တိုက်မယ်လို့ ကြုံးဝါးထားပါတယ်။ ဒါကြောင့်မို့ အဖက်ဖက်ကပြင်ဆင်တဲ့အနေနဲ့ စစ်ရေးမှာ လိုအပ်ရင် အသုံးပြုဖို့ အရပ်သားတွေကိုလဲ ဖမ်းထားသလို ရိက္ခာ နဲ့ ဆက်ကြေးတွေလဲ အတင်းအကြပ်ကောက်ခံနေပါတယ်။ ၀ိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာနားမှာ ရွှေကျင်း လုပ်ကိုင်နေတဲ့ လုပ်သား(၃၀)နဲ့ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအရှေ့တောင် နန့်ပန်းအောင်ချောင်းဖျားမှာ အလုပ်လုပ်နေတဲ့ရွှေမှော် လုပ်သား(၄၃)တို့ကို KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီလိုမျိုးအတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ သူတွေအားလုံးကို တိုက်ပွဲဖြစ်တဲ့နေရာတွေ ခေါ်သွားပြီး အထမ်းသမားများအဖြစ် အသုံးပြုဖို့စီစဉ်နေတယ်လို့ လိုင်ဇာမှာရှိနေတဲ့ KIA အရာရှိတစ်ဦးပြောပါတယ်။
 လွယ်ဂျယ်ကို တိုက်တာနဲ့တပြိုင်နက် အနီးပတ်ဝန်းကျင်မှာရှိတဲ့ လမ်း၊ တံတားတွေပါ တစ်ပါတည်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးပစ်ဖို့ စီစဉ်ထားတယ်လို့ KIA ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရှိရပါတယ်။ KIA တပ်တွေအနေနဲ့ ကချင်ပြည်နယ်ရဲ့ နေရာအနှံ့မှာ အဖျက်လုပ်ငန်းတွေလုပ်နေတာဟာဖြင့် အလွန်ကို အကျည်းတန် ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ ဖြစ်နေပါတယ်။ လူသားချင်းစာနာထောက်ထားခြင်းမရှိသလို ကချင်ပြည်နယ်ကြီးအေးအေးချမ်းချမ်းဖြစ်နေမှာကိုလဲ မလိုလားပါဘူး။ ဒါကြောင့် KIA တပ်တွေဟာအဖျက်လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်နေသလို စစ်တပ်နဲ့ရဲစခန်းတွေကို လဲ လူအင်အားနဲ့တိုက်ခိုက်ဖို့ ပြင်ဆင်နေခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

အရပ်ဘက်ပစ်မှတ်များကို ရွေးချယ်တိုက်ခိုက်နေသော KIA ကို ကချင်ပြည်သူလူထုမှ အမြစ်ဖြတ်ချေမှုန်းပေးရန်တောင်းဆိုတော့မည်



မြစ်ကြီးနား  မေ ၎
KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ ကချင်ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ ကောင်းကျိုး စီးပွားကို လျစ်လျူရှုပြီး ကားလမ်း၊ ရထားလမ်းတွေမိုင်းထောင် ဖောက်ခွဲဖျက်ဆီးနေပါတယ်။ အခုရက်ပိုင်းအတွင်းမှာ နေ့စဉ် ဆိုသလို ဖျက်ဆီးမှုတွေလုပ်ဆောင်နေရာမှာမေလ ၂ ရက်နေ့ မနက်၂နာရီခွဲမှာ မန္တလေး-မြစ်ကြီးနားရထားလမ်း ပြည်ထောင်ဘူတာနဲ့ မလိခဘူတာအကြားမှာ မိုင်းဖောက်ခွဲခဲ့ပါတယ်။အဲဒီနေ့မနက်မှာပဲဝိုင်းမော် ဆဒုံး-ကန်ပိုက်တီး လမ်းမှာရှိတဲ့ လန်န ခုနစ်ရောင်ခြယ်သံကူကျွန်ကရစ်တံတား၊မြစ်ကြီးနား-တနိုင်းကားလမ်း ၀ရာဇွတ်ရွာအနီး သံပေါင်ဘေလီတံတား၊မြစ်ကြီးနား-ချီဖွေလမ်းမှာရှိတဲ့ ဒွန်ဘန်တံတားတွေ မိုင်းထောင်ဖျက်ဆီးခဲ့ပါတယ်။ ဒီလိုမျိုးမိုင်းထောင်ဖောက်ခွဲလို့ရထားလမ်းတွေ ပျက်စီးသွားပြီး ပြည်သူတွေ လမ်းပန်းဆက်သွယ်ရေးမှာ အလွန်ပဲဒုက္ခရောက်သွားကြပါတယ်။ KIAရဲ့ အဖျက်လုပ်ရပ်တွေ ကြောင့် ပြည်သူတွေအနေနဲ့ ကချင်တပ်ဖွဲ့(KIA) အပေါ်မှာ နာကျည်းမုန်းတီးမှုတွေများလာပြီး စိုးရိမ်ပူပန်လျက်ရှိနေကြပါ တယ်။
KIA ဟာ ကချင်ပြည်သူတွေအတွက် တိုက်ပွဲဝင်နေပါတယ်လို့အသံကောင်းဟစ်ကြွေးနေပေမဲ့ လက်တွေ့မှာတော့ လူထုတွေ ဒုက္ခရောက်အောင်လုပ်နေပါတယ်။ စစ်တပ်နဲ့မသက်ဆိုင်တဲ့ အရပ်သားတွေနေထိုင်သွားလာတဲ့ နေရာတွေရွေးချယ် တိုက်ခိုက်နေပါတယ်။ လူစုလူဝေးရှိနေတဲ့နေရာ၊ ဈေး၊ကျောင်း၊ကားဂိတ်နဲ့ ဘာသာရေးအဆောက်အဦးတွေမှာမိုင်းထောင် ဖောက်ခွဲဖျက်ဆီးမှုတွေ၊ ရထားလမ်း၊ကားလမ်း၊တံတားတွေကို အင်အားအလွန်ပြင်းတဲ့ မိုင်းတွေနဲ့ဖောက်ခွဲနေတာတွေဟာ ကချင်ပြည်နယ်ကို မပျက် ပျက်အောင်ဖျက်ဆီးနေတာပဲဖြစ်ပါတယ်။


အခုဆိုရင် ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တွေတုန်းကပုံစံမျိုး အသက်ရှင်ဖို့ထက် သေဖို့မျှော်လင့်ပြီး ထမင်းစားနေကြရသလိုပါပဲ။ ဒီခြားထဲမှာ အဆိုးဆုံးကတော့KIA တပ်ဖွဲ့တွေဟာ ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းလူမျိုးတွေ၊ ဗမာလူမျိုးတွေဆို ပိုပြီး ဖိနှိပ်နေပါတယ်။ ရှမ်းနဲ့ဗမာ အမျိုးသမီးငယ်ငယ်ရွယ်ရွယ် လေးတွေတွေ့ရင် အငမ်းမရ ဖမ်းဆီးပြီး လိုင်ဇာဌာနချုပ်ကနေတစ်ဆင့် တစ်ဖက်နိုင်ငံထဲရောင်းစားနေပါတယ်။ အသက်၁၅နှစ်ကနေ၃၀အတွင်းရှိတဲ့ ယောကျာ်းလေးတွေကိုတော့ KIA စခန်းတွေမှာ ခေါ်ထားပြီး စစ်တိုက်ခိုင်းနေပါတယ်။   KIA ကချင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဖားကန့်ဒေသမှာ ကျောက်လုပ်ကွက်တစ်ဧကကို သိန်း(၅၀) ကောက်ခံနေတဲ့အတွက် လုပ် ငန်းရှင်တွေအဖို့ KIA ကို လုပ်ကျွေးနေရသလိုဖြစ်နေကြပါတယ်။ လူသစ်စုဆောင်းတဲ့ အခါမှာလဲ ထင်သလောက်မရရှိတဲ့ အတွက် ကားလမ်း၊ရထားလမ်းတွေပိတ်ပြီးတွေ့တဲ့သူ အကုန်ဖမ်းခေါ်နေတာကြောင့် ခရီးသွားတဲ့အရေအတွက် လျော့နည်း လာနေပါတယ်။ဒါကြောင့်မို့ ကချင်ပြည်နယ်အတွင်းမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲလာတာနဲ့အတူ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေပါတယ်။ ကချင်အထူးဒေသ(၁)ကိုKIA အဖွဲ့သွားရောက်တိုက်ခိုက်တဲ့ရလဒ်ကလဲ အခုအခါမှာ စစ်ဘေးဒုက္ခ သည်တွေ ပိုမိုတိုးပွားလာပါတယ်။ ဒီတိုက်ပွဲမှာလဲ ထင်သလောက်အောင်မြင်မှုမရတဲ့အတွက် ဒုတိယအကြိမ်ထပ်မံတိုက် ခိုက်ဖို့ပြင်ဆင်နေပါတယ်။
 
လက်ရှိအခြေအနေမှာတော့ KIA ဟာ ကချင်ပြည်နယ်အတွင်းမှာ ပွဲမဆူ ဆူအောင်လုပ်နေသလိုမျိုး ဖြစ်နေ ပါတယ်။ အမှတ်(၁၀၀၂)နယ်ခြားစောင့်တပ်ဌာနချုပ်ကိုလဲတိုက်ခိုက်နေတယ်။ အရပ်သားတွေ၊၀န်ထမ်းတွေ (အပြစ်မဲ့ ပြည်သူတွေ) အပေါ်မှာလဲ လက်နက်အားကိုးနဲ့ ပစ်ခတ်သတ်ဖြတ်နေတယ်။ရထား လမ်းဆိုတာကတော့ KIA တွေရဲ့ မိုင်းပစ်ကွင်းလို့ပြောနိုင်လောက်အောင် နေ့စဉ်လိုလို ဖျက်ဆီးပစ်နေတယ်။ ကချင် ပြည်နယ်မှာတော့ KIAဟာအနိဌာရုံတွေချည်းပဲ အမွေပေးနေပါတယ်။ဒါကြောင့်ကချင်ပြည်နယ်မှာရှိတဲ့ပြည်သူတွေအားလုံး က နိုင်ငံတော်သမ္မတထံ စာရေးတိုင်ကြားဖို့ ပြင်ဆင်နေကြပါတယ်။ နိုင်ငံတော် သမ္မတရဲ့အလျော့ပေးမှုအပေါ်မှာ KIA ရဲ့ တဖက်သတ်လုပ်ရပ်တွေကြောင့် (ဖြစ်နိုင်မယ်ဆိုရင်) အစိုးရတပ်တွေအနေနဲ့ KIA ကိုအမြတ်ပြတ်ချေမှုန်းပေးဖို့ တောင်းဆို တော့မယ်လို့ သိရှိရပါတယ်။