Saturday 4 April 2015

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို အမှန်တကယ်ကာကွယ်ရာ ရောက်၊ မရောက် ပြန်ဆန်းစစ်ရန် အရပ်ဘက်လူ့အဖွဲ့အစည်းအချို့ တောင်းဆို


မျိုးစောင့်ဥပေဒ များတွင် တစ်ခုပါဝင်သည့် ကိုး ကွယ်ရာဘာသာ ကူးပြောင်း ခြင်း ဆိုင်ရာဥပဒေကြမ်းတွင် ဗုဒ္ဓဘာ သာဝင် အမျိုးသမီးများကို အမှန် တကယ် ကာကွယ်ရာ ရောက်၊ မရောက် ပြန်လည်ဆန်းစစ်ရန်နှင့် ဘာသာ ကူးပြောင်းခြင်းကို မှတ် တမ်းတင်ပေးမည့် မှတ်တမ်းတင် အဖွဲ့ကို ပြန်လည် စိစစ်ရန် အရပ် ဘက် လူ့အဖွဲ့အစည်းအချို့က ဥပဒေကြမ်းကော်မတီနှင့် ပြုလုပ် သည့် ကြားနာပွဲတွင် တောင်းဆို လိုက်သည်။
ဧပြီ ၃ ရက်တွင် အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီတို့ ကြားနားပွဲပြုလုပ်ခဲ့ပြီး ကိုးကွယ်ရာဘာသာကူး ပြောင်းရေးဥပဒေကို ပြဋ္ဌာန်းရန် အမှန်တကယ်လိုအပ်မှု ရှိ၊ မရှိ မှတ်ပုံတင်မည့် အဖွဲ့အစည်းများ ၏ သမာသမတ်ကျမှုနှင့် ဥပဒေကြမ်းပါ အကြောင်းအရာများကို ပို၍ ကျယ်ပြန့်စွာသိရှိရန် လိုအပ်ပုံများအား အရပ်ဘက်လူမှုအဖွဲ့အစည်းများက ထောက်ပြခဲ့ကြ သည်။

တည်ဆဲ ၁၉၅၄ လက်ထပ် ထိမ်းမြားခြင်းဥပဒေအရ ဗုဒ္ဓဘာ သာဝင် အမျိုးသမီးတစ်ဦးသည် အခြားဘာသာဝင်တစ်ဦးနှင့် လက်ထပ်ပြီး အခြား ဘာသာသို့ ကူး ပြောင်းသော်လည်း ဗုဒ္ဓဘာသာ ၀င်အဖြစ် အသိအမှတ်ပြု၍ ခံစား ခွင့်များရှိသော်လည်း ယခုဥပဒေအတည်ပြုပါက ယင်းအခွင့် အရေးဆုံးရှုံးမည်ဟု Myanmar Development and Research Institute မှ ဦးတင်မောင်သန်းက ဆွေးနွေးခဲ့သည်။
‘‘ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဖြစ်နေတဲ့ ပြဿနာပါ။ ဒီ ပြဿနာအတွက် တခြားဘာသာတွေကိုပါ ဆွဲသွင်းလိုက်သလား စဉ်းစားစရာပါ။ လောလော ဆယ် ဒါပထမဦးဆုံးရှင်းဖို့ လိုမယ်ထင်ပါတယ်’’ဟု ဦးတင်မောင်သန်းက ပြောသည်။
ဘာသာကူးပြောင်းခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်းသည် ဆက်စပ်နေသဖြင့် ဘာသာကူး ပြောင်းရန် လက်မှတ်သည် လက် ထပ်ထိမ်းမြားရန် လိုအပ်သည့် လက်မှတ် ဖြစ်သင့်ပါသလားဟု Gender Equality မှ ဒေါ်မေစံပယ်ဖြူက ဥပဒေကြမ်းကော်မတီအား မေးခွန်းထုတ်ခဲ့သည်။
သို့သော် အဆိုပါဥပဒေ သည် အမှန်တကယ်လိုအပ်နေပြီး လွှတ်တော်၏ လုပ်ဆောင်မှုကို စောင့်ကြည့်နေခြင်းဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့် ရှောက်ရေးအဖွဲ့မှ စာရေးဆရာ မောင်သွေးချွန်က ပြန်လည်တုံ့ပြန် ခဲ့သည်။
‘‘ကျွန်တော်တို့ မဘသရုံးကို အချိန်မရွေး ၀င်စစ်နိုင်ပါတယ်။ အမှုတွဲတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ ဒီမျိုးစောင့်ဥပဒေ တွေကို ထောက်ခံတဲ့ ပြည်သူတွေ အများကြီးရှိတဲ့အတွက် ကျွန် တော်တို့ ဆူပူမှုလုပ်ချင်ရင် လွယ် ပါတယ်။ ဒါပေမဲ့ လွှတ်တော်မှာ လုပ်နေပြီဖြစ်တဲ့အတွက် လွှတ်တော်ကို စောင့်ကြည့်နေတာ’’ဟု ၎င်းကပြောသည်။
ယနေ့ပြုလုပ်သည့် ကြားနာ ပွဲမှ ဆွေးနွေးချက်များသည် ဥပဒေကြမ်းကို လေ့လာပြင်ဆင်ရာတွင် ထည့်သွင်းစဉ်းစားရန်သာဖြစ်ပြီး မတူသည့် သဘောထားအမြင် များကို ဆွေးနွေးခြင်းသာ ဖြစ် ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦး ခင်မောင်ရီကပြောသည်။
7Day

No comments:

Post a Comment