Saturday 4 April 2015

ငြိမ်းချမ်းမှုကိုလိုလားသောပြည်သူများစုပေါင်း၍တည်ငြိမ်အေးချမ်း စွာဖြင့် ဆန္ဒဖော် ထုတ် ပွဲပြုလုပ်



ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊လင်းခေးမြို.၊ရွာမကြီးအရှေ.ရပ်ကွက်နေ၊မြို.မိမြို.ဖဖြစ်သူ ဦးစိုင်းအောင်သန်းမှဦးဆောင်သောပြည်သူ လူထု စုပေါင်းအင်အား (၁၂၀၀)ကျော်သည် သက်ဆိုင်ရာမှခွင့်ပြုချက်ရ ယူပြီး စုပေါင်းစီတန်းလှည့်လည်၍၄င်းတို့၏ဆန္ဒဖော်ထုတ်ပွဲကို ဧပြီ(၄)ရက် နံနက်(၈)နာရီကပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲအား လင်းခေးမြို.၊နွယ်ဝတီခန်းမအရှေ. လင်းခေး-၀မ်ဟတ်သွား လမ်းမှစတင်ပြီး မြို.တွင်းလမ်းမကြီး အတိုင်းချီတက်စီတန်း လှည့်လည်လာခဲ့ ရာ နှင်းဆီလမ်း၊သီရိရတနာလမ်း၊လင်းခေး-မိုင်းပန်မော်တော်ကားလမ်းမကြီး အတိုင်းဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထို့နောက်အဆိုပါအဖွဲ့သည်လင်းခေးမြို.တွင်းရွာမကြီးအရှေ.ရပ်ကွက် ရှိခွာညိုလမ်း အတိုင်းပြန်လည်ဝင်ရောက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် ၄င်းရပ်ကွက်၊ဓမ္မာရုံ ၌ နံနက်(၉)နာရီအချိန်တွင် လူစုခွဲရပ်နားလိုက်ကြပါသည်။
စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ရာ၌“အပစ်အခတ်..အမြန်ရပ်စဲပေး”၊ “စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့လိုသည်” ..၊“ခေတ် မီနိုင်ငံတော် တည်ဆောက်ရေး၊မင်းမဲ့စရိုက်ဖန်တီးသူ တို့ရန်သူ”၊“တိုင်းရင်း သားကိုယ် စားလှယ် များပါဝင်ခွင့်ရရှိရေး ဒို့အရေး..”စသည့် လက်ကိုင်ဆောင်ပုဒ်များကိုကိုင်ဆောင်၍ “ဒီမိုကရေစီရှင်သန်ခိုင် မာရေး ဒို့အရေး” ၊ “နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဒို့အရေး” ၊“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဒို့အရေး”..ဟူသောကြွေးကြော်သံများဖြင့် လူအင်အား (၁၂၀၀)ကျော်တို့ကစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အဆိုပါစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ပွဲကို “ယနေ့နိုင်ငံတော် အစိုးရက အကောင် အထည်ဖော်ဆောင်ရွက်နေသောငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအားထောက်ခံ၍ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲပြီး၊အမျိုးသားပြန်လည်စည်းလုံးညီညွတ် ကာ ဒီမိုကရေစီနိုင်ငံတော်ပေါ်ပေါက်စေရန် ရည်ရွယ်လျက် ယခုကဲ့သို့ငြိမ်းချမ်း စွာဖြင့်မိမိတို့အနေဖြင့်စုပေါင်း ကာလူထု ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ် သည်”..ဟုအဖွဲ့ခေါင်းဆောင်ဦးစိုင်းအောင်သန်းက ပြောကြားခဲ့ပါ သည်။“..ဒီကနေ့ လူထုဆန္ဒဖော်ထုတ်ပွဲကို ဥပဒေနှင့် အညီ ခွင့်ပြုချက်တောင်းခံပြီးမှ ကျွန်တော်တို့ဆောင်ရွက်ခြင်းဖြစ်ပါတယ်.. ၊နိုင်ငံတော်ကဆောင်ရွက်နေ တဲ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဟာနိုင်ငံ အတွက်အလွန်အရေးကြီးပါတယ်။
ဒါကြောင့်ကျွန်တော်တို့ပြည်သူများကအလွန်လိုလားကြောင်း၊တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီးပြည်သူတစ်ရပ်လုံးမှာအေးချမ်းစွာနဲ့မိမိတို့ရဲ. အသက်မွေးဝမ်းကျောင်းတွေ ကိုလုပ်ကိုင်နိုင်ပြီး၊မိသားစုဘ၀ဟာ ဖွံ့ဖြိုးတိုးတက်လာနိုင်ကြမှာဖြစ်ပါ တယ်..ကျွန်တော်တို့နိုင်ငံကြီးကလည်းသာယာဝပြောတဲ့ဒီမိုကရေ စီနိုင်ငံတော်ကြီး အမှန်တကယ်ဖြစ်လာစေရန် ရည်ရွယ်ချက်များထားရှိပြီးအခုလိုလူထုဆန္ဒ ကိုဖော်ထုတ်ရခြင်းဖြစ်ပါတယ်”…ဟု ဦးစိုင်းအောင်သန်းကဆက်လက်ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဦးစိုင်းသန်းကျော်(မြို.မိမြို.ဖ)က “ဒီနေ့လူထုဆန္ဒဖော်ထုတ်ခြင်း ဟာ..နိုင်ငံတော်ကဆောင်ရွက်နေတဲ့အပစ်အခတ်ရပ်စဲရေး၊ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုထောက်ခံတဲ့အနေနဲ့ပြုလုပ်တာပဲဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့ပြည်တွင်းစစ်နှစ်ပေါင်း(၆၀)ကျော်ကြာရှည်ခဲ့ပြီဖြစ်ပါတယ်၊ဘယ်ဘက်ကကျဆုံးတာပဲဖြစ်စေကျွန်တော်တို့နိုင်ငံသားတွေပဲဖြစ်ပါတယ်..၊ ကျဆုံးသွားသူ ရဲ.မိသား စုတွေရဲ.လူမှုဘ၀လည်းဆုံးရှုံးရပါတယ်။နိုင်ငံ အတွက်အရွယ်ကောင်းတွေ ဟာ စစ်ပွဲတွေမှာအချိန်မကုန်ပဲနိုင်ငံနဲ့ လူမျိုး၊မိသားစုအရေးတွေမှာဆောင်ရွက်ရင်း နဲ့ပဲအချိန်ကုန်စေချင်ပါ တယ်။ ဒါကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်အမြန်ရပ် စဲပြီးအေးချမ်း တည်ငြိမ်တဲ့နိုင်ငံကြီးဖြစ်အောင် အမြန်ဆောင်ရွက်ကြဖို့ လူထုရဲ.သဘော ထားကိုအခု လိုဖော်ထုတ်ခဲ့ကြတာဘဲဖြစ်တယ်..” ဟု၎င်းမှပြောကြားခဲ့သည်။
အဆိုပါလူထုဆန္ဒဖော်ထုတ်သည့်စီတန်းလှည့်လည်လှုပ်ရှားခဲ့ကြစဉ်ပါဝင်ခဲ့ကြသူများသည် တည်ငြိမ်အေးချမ်းစွာဖြင့် ၄င်းတို့၏ဆန္ဒများအားဖော် ထုတ်ခဲ့ကြပြီး နံနက်(၉)နာရီတွင် ဆန္ဒပြမှု
ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
MOIWebportalMyanmar

No comments:

Post a Comment