Friday 18 April 2014

မိုယေးစ် တစ်ယောက်တည်းသာ အပြစ်ရှိသည် မဟုတ်ကြောင်း ပြောကြားလိုက်သည့် မာတာ။

Photo: မိုယေးစ် တစ်ယောက်တည်းသာ အပြစ်ရှိသည် မဟုတ်ကြောင်း ပြောကြားလိုက်သည့် မာတာ။
Friday, April 18, 2014

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဂျူအန် မာတာဟာ လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်း၏ ရပ်တည်မှုဟာ မန်နေဂျာ ဒေးဗစ်မိုယေးစ် အပြစ်ကြောင့်သာ မဟုတ်ကြောင်း ပြောကြားလိုက်သည်။ မာတာဟာ ဒေးဗစ်မိုယေးစ်ကို ကာကွယ် ပြောဆိုလိုက်သလို လာမည့် ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ပြန်လည် ခေါင်းမော့လာနိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားလိုက်သည်။
မာတာက “ကျနော် ဒီကို ပြောင်းမလာခင်ကတည်းက ယူနိုက်တက်မှာ ခက်ခဲတဲ့ အခိုက်အတန့်ကို ရင်ဆိုင်နေရတယ်ဆိုတာ သိခဲ့ပြီးသားပါ။ ကျနော် ပြောင်းရွှေ့လာမယ့် နေရာဟာ ပွဲတွေ အနိုင်ရပြီးရင်း အနိုင်ရနေမယ့် နေရာ ဖြစ်မနေဘူးဆိုတာ သိနေခဲ့ပြီးသားပါ။”

“ဒါပေမယ့် ဒီအသင်းဟာ ပြန်လည် နိုးထလာမယ့် အသင်းတစ်သင်းဆိုတာကိုလည်း ကျနော် ကောင်းကောင်း သိနေခဲ့ပါတယ်။ အသင်းရဲ့ အနာဂါတ်ဟာ တောက်ပလာမှာပါ။ ကျနော် ဒါကို သံသယ မရှိပါဘူး။ ကျနော် ဒီကို ပြောင်းလာတုန်းက မန်နေဂျာ၊ ဘုတ်အဖွဲ့ဝင်တွေနှင့် ကျနော့်ရဲ့ ပြောဆိုဆွေးနွေးမှုတွေဟာ လာမယ့် ဘောလုံးရာသီအတွက် ပြောဆို ဆွေးနွေးခဲ့ကြတာပါ။ မှန်ကန်သင့်တော်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်လိမ့်မယ်လို့ သူတို့ ယုံကြည်မှု ရှိနေပါတယ်။ ”
“အသင်းဟာ အပြောင်းအရွှေ့ကာလတစ်ခုကို ရင်ဆိုင်နေရတယ်ဆိုတာ သူတို့ သိသလို ကျနော်လည်း သိပါတယ်။ လာမယ့် နွေရာသီမှာ သူတို့ဟာ ကစားသမားတစ်ချို့ ခေါ်ယူမှာပါ။ ထိပ်တန်းကစားသမားတွေကို သူတို့ ခေါ်ယူကြလိမ့်မယ်ဆိုတာ ကျနော် ယုံကြည်နေပါတယ်။”

“ဒီအသင်းဟာ ပြန်လည်နိုးထလာမယ့် အသင်းဖြစ်ပြီး ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်သွားမယ်အသင်း ဖြစ်တယ်ဆိုတာ ကျနော် သေချာပေါက် ပြောရဲပါတယ်။ ကျနော် ကလေးဘဝတုန်းက ကတည်းက မန်ချက်စတာယူနိုက်တက်ဟာ ပြိုင်ပွဲ အားလုံးအတွက် တိုက်ပွဲဝင်လာခဲ့တဲ့ အသင်းပါ။ ဒီအခိုက်အတန့်ကနေလည်း ပြန်လည်နိုးထလာမယ်ဆိုတာ သေချာပါတယ်။”

“လက်ရှိ အနေအထားဟာ မန်နေဂျာ တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ နည်းစနစ် ဗျူဟာတွေကြောင့်ချည်း မဟုတ်ပါဘူး။ ဒီအချိန်ဟာ တစ်ယောက်တည်းကို အပြစ်တင်နေရမယ့် အချိန် မဟုတ်ပါဘူး။ ကျနော်တို့ အားလုံး အတူတူ အပြစ်ရှိပါတယ်။” ဟု ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

အောင်စိုးမိုး
https://www.facebook.com/footballcafe.mm
မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဂျူအန် မာတာဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း၏ ရပ်တည်မှုဟာ မန်နေဂျာ ဒေးဗစ်မိုယေးစ် အပြစ်ကြောင့်သာ မဟုတ်ကြောင်း ပြောကြား လိုက်သည်။ မာတာဟာ ဒေးဗစ်မိုယေးစ်ကို ကာကွယ် ပြောဆိုလိုက်သလို လာမည့် ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ပြန်လည် ခေါင်းမော့ လာနိုင်မည် ဖြစ်ကြောင်း လည်း ပြောကြား လိုက်သည်။
မာတာက “ကျနော် ဒီကို ပြောင်းမလာခင်ကတည်းက ယူနိုက်တက်မှာ ခက်ခဲတဲ့ အခိုက်အတန့်ကို ရင်ဆိုင်နေရတယ်ဆိုတာ သိခဲ့ပြီးသားပါ။ ကျနော် ပြောင်းရွှေ့လာမယ့် နေရာဟာ ပွဲတွေ အနိုင်ရပြီးရင်း အနိုင်ရနေမယ့် နေရာ ဖြစ်မနေဘူးဆိုတာ သိနေခဲ့ပြီးသားပါ။”

“ဒါပေမယ့် ဒီအသင်းဟာ ပြန်လည် နိုးထလာမယ့် အသင်းတစ်သင်းဆိုတာကိုလည်း ကျနော် ကောင်းကောင်း သိနေခဲ့ပါတယ်။ အသင်းရဲ့ အနာဂါတ်ဟာ တောက်ပလာမှာပါ။ ကျနော် ဒါကို သံသယ မရှိပါဘူး။ ကျနော် ဒီကို ပြောင်းလာတုန်းက မန်နေဂျာ၊ ဘုတ်အဖွဲ့ဝင်တွေနှင့် ကျနော့်ရဲ့ ပြောဆိုဆွေးနွေးမှုတွေဟာ လာမယ့် ဘောလုံးရာသီအတွက် ပြောဆို ဆွေးနွေးခဲ့ကြတာပါ။ မှန်ကန်သင့်တော်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်လိမ့်မယ်လို့ သူတို့ ယုံကြည်မှု ရှိနေပါတယ်။ ”
“အသင်းဟာ အပြောင်းအရွှေ့ကာလတစ်ခုကို ရင်ဆိုင်နေရတယ်ဆိုတာ သူတို့ သိသလို ကျနော်လည်း သိပါတယ်။ လာမယ့် နွေရာသီမှာ သူတို့ဟာ ကစားသမားတစ်ချို့ ခေါ်ယူမှာပါ။ ထိပ်တန်းကစားသမားတွေကို သူတို့ ခေါ်ယူကြလိမ့်မယ်ဆိုတာ ကျနော် ယုံကြည်နေပါတယ်။”

“ဒီအသင်းဟာ ပြန်လည်နိုးထလာမယ့် အသင်းဖြစ်ပြီး ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်သွားမယ် အသင်း ဖြစ်တယ်ဆိုတာ ကျနော် သေချာပေါက် ပြောရဲပါတယ်။ ကျနော် ကလေးဘဝတုန်းက ကတည်းက မန်ချက်စတာယူနိုက်တက်ဟာ ပြိုင်ပွဲ အားလုံးအတွက် တိုက်ပွဲဝင်လာခဲ့တဲ့ အသင်းပါ။ ဒီအခိုက် အတန့်ကနေလည်း ပြန်လည်နိုးထလာမယ်ဆိုတာ သေချာပါတယ်။”

“လက်ရှိ အနေအထားဟာ မန်နေဂျာ တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ နည်းစနစ် ဗျူဟာတွေကြောင့်ချည်း မဟုတ်ပါဘူး။ ဒီအချိန်ဟာ တစ်ယောက်တည်းကို အပြစ်တင်နေရမယ့် အချိန် မဟုတ်ပါဘူး။ ကျနော်တို့ အားလုံး အတူတူ အပြစ်ရှိပါတယ်။” ဟု ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

အောင်စိုးမိုး
https://www.facebook.com/footballcafe.mm

No comments:

Post a Comment