Monday 17 March 2014

အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ်လူထုနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ပြောကြား

Photo: အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ်လူထုနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ပြောကြား
Monday, March 17, 2014

အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မတ် ၁၆ ရက်က ကချင်ပြည်နယ်လူထုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ဒီကနေ့ဒီအချိန်မှာ မိမိတို့နိုင်ငံမှာ အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း” ကချင်ပြည်နယ်ခရီးစဉ် ခရစ်ယာန်ဘာသာရေး ဘုန်တော်ကြီးများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ထုတ်ဖော်လာသည့် တိုင်းရင်းသားများ၏ လိုလားချက်တောင်းဆိုချက်ကို ချန်လှပ်မထားရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ပြောကြားသည်။ သမ္မတသည် ယနေ့ညနေပိုင်းက မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ ကချင်နှစ်ခြင်း အသင်းချုပ်ရုံးတွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ သာသနာ့ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရောင်ခြည်တွေ သန်းနေတဲ့အချိန်မှာ တွေ့ဆုံခွင့်ရသည်အတွက် ၀မ်းမြောက်မိပါတယ်။ မကြာသေးတဲ့အချိန်က တိုင်းရင်းသားခေါင်းဆောင်တွေနှင့် အစိုးရအဖွဲ့က ၀န်ကြီးတွေ တပ်မတော်အရာရှိ တွေ့ဆုံခဲ့ပါတယ်။ အပြန်အလှန် နားလည်မှုတွေ တည်ဆောက်နိုင်ခဲ့လို့ အပစ်အခတ်ရပ်စဲရေး သဘောတူ ရေးထိုးမယ့်နေ့ရက်လည်း တဖြည်းဖြည်း နီးကပ်လာပါပြီ။ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြတာဖြစ်ပြီး လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံသားတိုင်း၏ ညီမျှမှု၊ ကိုးကွယ်ယုံကြည်မှု၊ ထုတ်ဖော်ပြောကြားမှုတို့ကို အာမခံချက်ပေးထားပြီး ဖြစ်ပါတယ်။ လူမျိုးဘာသာ ဘယ်လိုပင် ကွဲပြားစေကာမူ တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း၊ ညီညွတ်ခြင်း၊ ချမ်းသာခြင်းအားလုံးသည် တူညီတဲ့ပန်းတိုင်ပဲ ဖြစ်ပါတယ်။ မပြီးဆုံးသေးတဲ့ တိုက်ပွဲတွေကြောင့် ကျွန်တော်တို့ မျိုးဆက်တွေရဲ့ ပညာရေး၊ ကျန်းမာရေး အပါဝင် အရာရာ နောက်ကျခဲ့ပါတယ်။ မငြိမ်းချမ်းသေးတဲ့ ဒေသတွေမှာ လုံခြုံမှု ပျောက်ကွယ်နေခဲ့ရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ သားသည်မိခင်၊ ကလေးသူငယ်၊ စသင်သံ တိတ်ဆိတ်နေတဲ့ စာသင်ကျောင်းတွေ၊ မရေရာတဲ့ အနာဂတ်တွေကို လျစ်လျူရှူ၍ မရနိုင်ပါဘူး။ နှောင့်နှေးကြန့်ကြာမှု မရှိရလေအောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်း အရှိအဟုန်မြင့် ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်ဆဲပြီး နှစ်ပေါင်းများစွာ တောင့်တနေတဲ့ နိုင်ငံရေးစားပွဲဝိုင်းကိုလည်း ဆက်တိုက်သွားတော့မည် ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး စိတ်ဝင်စားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးလုပ်ငန်းစဉ်မှာ  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ နိုင်ငံရေးပြဿနာတွေကို အဖြေရှာတဲ့ စားပွဲဝိုင်းတွေက ထုတ်ဖော်လာတဲ့ တိုင်းရင်းသားများလိုလားချက်၊ တောင်းဆိုချက်ကို ချန်လှပ်မထားဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်သူမှ ကျန်ခဲ့လို့ မဖြစ်နိုင်ပါဘူး။ အားလုံးပါဝင်ဖို့ အရေးကြီးနေပါတယ်” ဟု ပြောကြားသည်။

ခရစ်ယာန်သာသနာ့ဝန်ထမ်းများကိုယ်စား ကချင်နှစ်ချင်းအသင်းချုပ်မှ သိက္ခာတော်ရ သင်းအုပ်ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွမ်က သမ္မတကြီး ကချင်ပြည်နယ်သို့ ရောက်ရှိလာခြင်းမှာ ငြိမ်းချမ်းသည့် လက္ခဏာဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ရောက်အောင် ကြိုးစားနေသည်ကို တွေ့နေရသည့်အတွက် ဂုဏ်ပြုပါကြောင်း၊ သမ္မတကြီး၏ ကျေးဇူးနှစ်ကို ခံစားရကြောင်း၊ ယင်းတို့မှာ မြစ်ဆုံဆည် ရပ်ဆိုင်းခြင်းနှင့် ကချင်ပြည်နယ် စစ်ပွဲများကို ရပ်ဆိုင်းစေပြီး ဆွေးနွေးပွဲ စားပွဲဝိုင်းဖြင့် စတင်နိုင်ခဲ့သည်ကို ဂုဏ်ယူမဆုံး၊ ကျေးဇူးတင်မဆုံး ရှိနေကြောင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် အစိုးရသစ်တက်လာပြီး သုံးနှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ကချင်ပြည်နယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ကချင်ပြည်နယ်သို့ ပထမဆုံး ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ၏ ခရီးစဉ်တွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ၀န်ကြီးဦးလှထွန်း၊ အခြားဝန်ကြီးကိုးဦးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် အခြားတပ်မတော် အရာရှိများလည်း ပါဝင်ခဲ့သည်။        

နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် ရပ်မိရပ်ဖများ၊ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ၀န်သိုကျောင်းဆရာတော်အား ဖူးမျှော်ပြီးနောက် ကချင်ပြည်နယ် နှစ်ခြင်းအသင်းချုပ် ရုံးတွင်ခရစ်ယာန်ဂိုဏ်းပေါင်းစုံ သာသနာ့ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

Eleven Media Group

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကချင်ပြည်နယ်လူထုနှင့် တွေ့ဆုံစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကချင်ပြည်နယ်လူထုနှင့် တွေ့ဆုံစဉ်

အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မတ် ၁၆ ရက်က ကချင်ပြည်နယ်လူထုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ဒီကနေ့ဒီအချိန်မှာ မိမိတို့နိုင်ငံမှာ အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း” ကချင်ပြည်နယ်ခရီးစဉ် ခရစ်ယာန်ဘာသာရေး ဘုန်တော်ကြီးများနှင့် တွေ့ဆုံရာ တွင် ပြော ကြား သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ထုတ်ဖော်လာ သည့် တိုင်းရင်းသားများ၏ လိုလားချက်တောင်းဆိုချက်ကို ချန်လှပ်မထားရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ပြောကြားသည်။ သမ္မတသည် ယနေ့ညနေပိုင်းက မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ ကချင်နှစ်ခြင်း အသင်းချုပ်ရုံးတွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ သာသနာ့ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရောင်ခြည်တွေ သန်းနေတဲ့အချိန်မှာ တွေ့ဆုံခွင့်ရသည်အတွက် ၀မ်းမြောက်မိပါတယ်။ မကြာသေးတဲ့အချိန်က တိုင်းရင်း သားခေါင်းဆောင်တွေနှင့် အစိုးရအဖွဲ့က ၀န်ကြီးတွေ တပ်မတော်အရာရှိ တွေ့ဆုံခဲ့ပါတယ်။ အပြန်အလှန် နားလည်မှုတွေ တည်ဆောက်နိုင်ခဲ့လို့ အပစ်အခတ်ရပ်စဲရေး သဘောတူ ရေးထိုးမယ့်နေ့ရက်လည်း တဖြည်းဖြည်း နီးကပ်လာပါပြီ။ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင် လာခဲ့ကြတာဖြစ်ပြီး လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံသားတိုင်း၏ ညီမျှမှု၊ ကိုးကွယ်ယုံကြည်မှု၊ ထုတ်ဖော်ပြောကြားမှုတို့ကို အာမခံချက်ပေးထားပြီး ဖြစ်ပါတယ်။ လူမျိုးဘာသာ ဘယ်လိုပင် ကွဲပြားစေကာမူ တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း၊ ညီညွတ်ခြင်း၊ ချမ်းသာခြင်းအားလုံးသည် တူညီတဲ့ပန်းတိုင်ပဲ ဖြစ်ပါတယ်။ မပြီးဆုံးသေးတဲ့ တိုက်ပွဲတွေကြောင့် ကျွန်တော်တို့ မျိုးဆက်တွေရဲ့ ပညာရေး၊ ကျန်းမာရေး အပါဝင် အရာရာ နောက်ကျခဲ့ပါတယ်။ မငြိမ်းချမ်းသေးတဲ့ ဒေသတွေမှာ လုံခြုံမှု ပျောက်ကွယ်နေခဲ့ရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ သားသည်မိခင်၊ ကလေးသူငယ်၊ စသင်သံ တိတ်ဆိတ်နေတဲ့ စာသင်ကျောင်းတွေ၊ မရေရာတဲ့ အနာဂတ်တွေကို လျစ်လျူရှူ၍ မရနိုင်ပါဘူး။ နှောင့်နှေးကြန့်ကြာမှု မရှိရလေအောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်း အရှိအဟုန်မြင့် ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်ဆဲပြီး နှစ်ပေါင်းများစွာ တောင့်တနေတဲ့ နိုင်ငံရေးစားပွဲဝိုင်းကိုလည်း ဆက်တိုက်သွားတော့မည် ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး စိတ်ဝင်စားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးလုပ်ငန်းစဉ်မှာ  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ နိုင်ငံရေးပြဿနာတွေကို အဖြေရှာတဲ့ စားပွဲဝိုင်းတွေက ထုတ်ဖော်လာတဲ့ တိုင်းရင်းသားများလိုလားချက်၊ တောင်းဆိုချက်ကို ချန်လှပ်မထားဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်သူမှ ကျန်ခဲ့လို့ မဖြစ်နိုင်ပါဘူး။ အားလုံးပါဝင်ဖို့ အရေးကြီးနေပါတယ်” ဟု ပြောကြားသည်။

ခရစ်ယာန်သာသနာ့ဝန်ထမ်းများကိုယ်စား ကချင်နှစ်ချင်းအသင်းချုပ်မှ သိက္ခာတော်ရ သင်းအုပ်ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွမ်က သမ္မတကြီး ကချင်ပြည်နယ်သို့ ရောက်ရှိလာခြင်းမှာ ငြိမ်းချမ်းသည့် လက္ခ ဏာဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ရောက်အောင် ကြိုးစားနေသည်ကို တွေ့နေရသည့် အတွက် ဂုဏ်ပြုပါကြောင်း၊ သမ္မတကြီး၏ ကျေးဇူးနှစ်ကို ခံစားရကြောင်း၊ ယင်းတို့မှာ မြစ်ဆုံဆည် ရပ်ဆိုင်းခြင်းနှင့် ကချင်ပြည်နယ် စစ်ပွဲများကို ရပ်ဆိုင်းစေပြီး ဆွေးနွေးပွဲ စားပွဲဝိုင်းဖြင့် စတင်နိုင်ခဲ့သည်ကို ဂုဏ်ယူမဆုံး၊ ကျေးဇူးတင်မဆုံး ရှိနေကြောင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် အစိုးရသစ်တက်လာပြီး သုံးနှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ကချင်ပြည် နယ် သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ကချင်ပြည်နယ်သို့ ပထမဆုံး ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ၏ ခရီးစဉ်တွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ၀န်ကြီးဦးလှထွန်း၊ အခြားဝန်ကြီးကိုးဦးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် အခြားတပ်မတော် အရာရှိများလည်း ပါဝင်ခဲ့သည်။        

နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် ရပ်မိ ရပ်ဖများ၊ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ၀န်သိုကျောင်းဆရာတော်အား ဖူးမျှော်ပြီးနောက် ကချင်ပြည် နယ် နှစ်ခြင်းအသင်းချုပ် ရုံးတွင်ခရစ်ယာန်ဂိုဏ်းပေါင်းစုံ သာသနာ့ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ သည်။

Eleven Media Group

No comments:

Post a Comment