Sunday 17 February 2013

အာရှပစိဖိတ်တွင် အကြီးကျယ်ဆုံးနှင့် သက်တမ်းအရှည်ကြာဆုံး Cobra Gold 2013 ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်


အမေရိကန်နှင့် ထိုင်းနိုင်ငံတို့က နှစ်စဉ်ပြုလုပ်လေ့ရှိသော အာရှပစိဖိတ်ဒေသတွင်း အကြီးကျယ်ဆုံးနှင့် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် Cobra Gold ဘက်ပေါင်းစုံ စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံ ပတ္တယားမြို့အနီး Sattahip ခရိုင်ရှိ ရေတပ်စခန်းတစ်ခု၌ အမေရိကန်နှင့် ထိုင်းမရိန်းတပ်ဖွဲ့ဝင် ၃၀၀ ကျော် ပါဝင်သော ကုန်းရေနှစ်သွယ် လေ့ကျင့်မှုဖြင့် ဖေဖော်ဝါရီ ၁၄ ရက်က စတင် ပြုလုပ်ခဲ့သည်။

အမေရိကန်နှင့် ထိုင်းနိုင်ငံတို့က နှစ်စဉ်ပြုလုပ်လေ့ရှိသော အာရှပစိဖိတ်ဒေသတွင်း အကြီးကျယ်ဆုံးနှင့် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် Cobra Gold ဘက်ပေါင်းစုံ စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံ ပတ္တယားမြို့အနီး Sattahip ခရိုင်ရှိ ရေတပ်စခန်းတစ်ခု၌ အမေရိကန်နှင့် ထိုင်းမရိန်းတပ်ဖွဲ့ဝင် ၃၀၀ ကျော် ပါဝင်သော ကုန်းရေနှစ်သွယ် လေ့ကျင့်မှုဖြင့် ဖေဖော်ဝါရီ ၁၄ ရက်က စတင် ပြုလုပ်ခဲ့သည်။
(၃၂) ကြိမ်မြောက် အာရှပစိဖိတ်ဒေသတွင်း နိုင်ငံပေါင်းစုံ ပါဝင်သည့် Cobra Gold 2013 စစ်ရေးလေ့ကျင့်မှု စတင်သည့်အခမ်းအနားကို ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားသို့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြီးဆုံးမည့် ယခုနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် စစ်ဘက်ဆိုင်ရာ အဖွဲ့ဝင် ၁၃၀၀၀ ခန့်က မြေပြင်၊ ဝေဟင်နှင့်ရေပြင် ဘက်ပေါင်းစုံ လေ့ကျင့်မှုများအပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ်တုံ့ပြန် ဖြေရှင်းမှုများကိုလည်း ထည့်သွင်းလေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။      
Cobra Gold စစ်ရေးလေ့ကျင့်မှုသည် အမေရိကန်၊ ထိုင်းနှင့် အခြားပါဝင်လေ့ကျင့်သည့် နိုင်ငံများအကြား တပ်ဖွဲ့ဝင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံမှု တိုးတက်ကောင်းမွန်ရန်၊ ဒေသတွင်း စိန်ခေါ်မှုများကို ဖြေရှင်းနိုင်စွမ်း တိုးတက်စေရန် ရည်ရွယ်သည်။ ယင်းစစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်သော တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ သေဆုံးထိခိုက်မှု မရှိရေးက အရေးပါဆုံးဖြစ်ကြောင်း သိရသည်။
၁၉၈၂ ခုနှစ်ကတည်းက ထိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပလာခဲ့သော Cobra Gold စစ်ရေးလေ့ကျင့်မှုကို အမေရိကန်-ထိုင်း နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုအဖြစ် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က စတင်ခဲ့ရာမှ ယခုအခါ ဒေသတွင်း အခြားနိုင်ငံများပါ ပါဝင်လာသည်အထိ ကျယ်ပြန့်လာခဲ့သည်။ ယခုနှစ်တွင် ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူတို့ ပူးပေါင်းပါဝင် လေ့ကျင့်လျက်ရှိသည်။ ယင်းလေ့ကျင့်မှုကို လေ့လာရန်အတွက် မြန်မာနိုင်ငံမှ စစ်ဘက်အရာရှိနှစ်ဦး အပါအ၀င် ဒေသတွင်း အခြားနိုင်ငံများမှ လေ့လာသူများကိုလည်း ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အနှစ် (၁၈၀)ပြည့် အထိမ်းအမှတ် ကျင်းပလျက်ရှိသည်နှင့်အညီ ထိုင်းက အမေရိကန်၏ အဓိကမဟာမိတ် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေဆဲ ဖြစ်သော်လည်း ယခုအခါ အမေရိကန်သည် ထိုင်းသာမကဘဲ မြန်မာအပါအ၀င် အခြားအာရှနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်လာသည်ကို မြင်တွေ့ရကြောင်း ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ သုတေသီ သီတီနန်ပွန်ဆူဒီရက်က ပြောကြားခဲ့သည်။
Ref:CNA;AFP
EMG

No comments:

Post a Comment