Saturday 9 February 2013

ကမ္ဘာ့ပထမဆုံး ငါးမန်းဖြူဖမ်းဆီးသတ်ဖြတ်နိုင်သူ



တောင်အာဖရိက နိုင်ငံတွင် အပျော်တမ်း ငါးမျှားသူတစ်ဦးသည် ကမ္ဘာပေါ်တွင် ပထမဆုံး ငါးမန်းဖြူသတ်ဖြတ်မှုဖြင့် အပြစ်ဒဏ် ချ မှတ်ခြင်းခံရသူ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ လီယွန်ဘက်ကာ သည် ကမ်းခြေတွင် ငါးဖမ်းနေစဉ် ၎င်း၏ ငါးမျှားချိတ်ကိုသားစားငါး မန်းကြီးက လာရောက် ကိုက်ခဲခဲ့သည်။


အနောက်ပိုင်းကိပ် ဒေသတွင် နေထိုင်သောလီယွန်သည် အဆိုပါငါးမန်းကို ကမ်းပေါ်ရောက်အောင် ဆွဲတင်နိုင်ခဲ့သည်။ သို့သော်လည်း ငါးမျှားချိတ်လေးဖြင့်ငါးမန်းဖြူကြီး တစ်ကောင်ကို အရဖမ်းနိုင်ခဲ့သည့် ၎င်း၏ ဂုဏ်ယူစိတ်မှာ ကြာရှည် မခံခဲ့ရှာချေ။


တောင်အာဖရိက ဥပဒေအရ ရေနေ သက်ရှိ အရင်းအမြစ်များဆိုင်ရာ ဥပဒေအရ တောင်အာဖရိကငွေ (၁၂၀၀၀၀) [ပေါင်စတာလင် (၈၅၅၀)ဝန်းကျင်] ပေးဆောင်ရန် တရားရုံးက လီယွန်အား အမိန့်ချမှတ်ခဲ့ သည်။




  Planet Myanmar Network


No comments:

Post a Comment