Thursday 26 September 2013

မြန်မာတွေအတွက် ဂျပန်ဗီဇာလိုအပ်ချက် ဖြေလျော့ပေးမည်

Photo: မြန်မာတွေအတွက် ဂျပန်ဗီဇာလိုအပ်ချက် ဖြေလျော့ပေးမည်
Thursday, September 26, 2013

ဂျပန်နိုင်ငံဟာ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ အတွက် ဗီဇာလိုအပ် ချက်တွေ ကို ဖြေလျော့ပေးဖို့ စီစဉ်နေတယ်လို့  ဂျပန်အစိုးရ တာဝန်ရှိသူတဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။

ဂျပန်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု မဟာဗျူဟာကို မြှင့်တင်ပေးနိုင်မယ့် ကြိုးပမ်းချက် အဖြစ်  ခရီးသွားကဏ္ဍ တိုးမြင့်လုပ်ဆောင်ဖို့  လုပ်ဆောင်တာလို့ ဂျပန်အစိုးရ တာဝန်ရှိ သူတွေက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက် တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် မစ္စတာအာဘေးရဲ့အစိုးရအဖွဲ့ဟာ  ဂျပန်နိုင်ငံကို နိုင်ငံခြားသား ဧည့်သည်တွေ ပိုပြီး လာရောက်နိုင်စေဖို့ ဗီဇာတင်းကျပ်မှုတွေကို ဖြေလျော့ပေးဖို့ စီမံကိန်းကို ချမှတ်ခဲ့တာဖြစ်ပြီး  ဇူလိုင်လ မှာတော့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက ကာလတို နေထိုင်မယ့်ဧည့်သည်တွေအတွက် ဗီဇာကင်းလွတ် ခွင့် ပေးခဲ့ပါတယ်။

ခုဆို မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေနေ လာရောက်မယ့်သူတွေကို  “multiple-entry visas” အကြိမ်ကြိမ် ၀င်ထွက်ခွင့်ဗီဇာထုတ်ပေးခွင့်ပြုဖို့ ဂျပန်အစိုးရက စဉ်းစားနေတယ်လို့ လည်း သတင်း ရင်းမြစ်တွေ က ဆိုပါတယ်။

တိုကျိုမှာ ကျင်းပဖို့ရှိတဲ့  ၂၀၂၀ အိုလံပစ်ပွဲတော်အကြိုအနေနဲ့  ဂျပန်နိုင်ငံဟာ အာရှခရီးသွား အရေအတွက် တိုးမြင့်လာစေဖို့ ရည်ရွယ်ထားပြီး နိုင်ငံရဲ့  ခရီးသွား လုပ်ငန်း ပွင့်လန်းလာစေဖို့ ရည်ရွယ်ထားတယ်လို့လဲ ဆိုပါတယ်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ နိုင်ငံရဲ့ အရောင်းခွန်နှုန်းထားတွေကို နောက်လာမယ့် ဧပြီလကနေစပြီး လက်ရှိ ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ ဖြေ လျော့ပေးဖို့ ဆုံးဖြတ်ချက်ကိုလဲ ကြေညာလိုက်ပြီး တချိန်ထဲမှာပဲ ဒီ ဗီဇာကန့်သတ်ချက် ဖြေလျော့တဲ့အစီအစဉ်ကို စလုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

by ဒီဗွီဘီ
ဂျပန်နိုင်ငံဟာ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ အတွက် ဗီဇာလိုအပ် ချက်တွေ ကို ဖြေလျော့ပေးဖို့ စီစဉ်နေတယ်လို့  ဂျပန်အစိုးရ တာဝန်ရှိသူတဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။


ဂျပန်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု မဟာဗျူဟာကို မြှင့်တင်ပေးနိုင်မယ့် ကြိုးပမ်းချက် အဖြစ်  ခရီးသွားကဏ္ဍ တိုးမြင့်လုပ်ဆောင်ဖို့  လုပ်ဆောင်တာလို့ ဂျပန်အစိုးရ တာဝန်ရှိ သူတွေက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက် တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် မစ္စတာအာဘေးရဲ့အစိုးရအဖွဲ့ဟာ  ဂျပန်နိုင်ငံကို နိုင်ငံခြားသား ဧည့်သည်တွေ ပိုပြီး လာရောက် နိုင်စေ ဖို့ ဗီဇာတင်းကျပ်မှုတွေကို ဖြေလျော့ပေးဖို့ စီမံကိန်းကို ချမှတ်ခဲ့တာဖြစ်ပြီး  ဇူလိုင်လ မှာတော့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက ကာလတို နေထိုင်မယ့်ဧည့်သည်တွေအတွက် ဗီဇာကင်းလွတ် ခွင့် ပေးခဲ့ ပါတယ်။

ခုဆို မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေနေ လာရောက်မယ့်သူတွေကို  “multiple-entry visas” အကြိမ်ကြိမ် ၀င်ထွက်ခွင့်ဗီဇာထုတ်ပေးခွင့်ပြုဖို့ ဂျပန်အစိုးရက စဉ်းစားနေတယ်လို့လည်း သတင်း ရင်းမြစ်တွေ က ဆိုပါတယ်။

တိုကျိုမှာ ကျင်းပဖို့ရှိတဲ့  ၂၀၂၀ အိုလံပစ်ပွဲတော်အကြိုအနေနဲ့  ဂျပန်နိုင်ငံဟာ အာရှခရီးသွား အရေအတွက် တိုးမြင့်လာစေဖို့ ရည်ရွယ်ထားပြီး နိုင်ငံရဲ့  ခရီးသွား လုပ်ငန်း ပွင့်လန်းလာစေဖို့ ရည်ရွယ်ထားတယ်လို့လဲ ဆိုပါတယ်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ နိုင်ငံရဲ့ အရောင်းခွန်နှုန်းထားတွေကို နောက်လာမယ့် ဧပြီလကနေစပြီး လက်ရှိ ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ ဖြေ လျော့ပေးဖို့ ဆုံးဖြတ်ချက်ကိုလဲ ကြေညာလိုက်ပြီး တချိန်ထဲမှာပဲ ဒီ ဗီဇာကန့်သတ်ချက် ဖြေလျော့တဲ့အစီအစဉ်ကို စလုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

by ဒီဗွီဘီ 

No comments:

Post a Comment