Thursday 15 August 2013

ရွှေတိဂုံ နိုင်ငံခြားသား ဧည့်ဝင်ကြေး တိုးကောက်မည်

Photo: ရွှေတိဂုံ နိုင်ငံခြားသား ဧည့်ဝင်ကြေး တိုးကောက်မည်
Thursday, August 15, 2013

ပြည်ပဧည့်သည် ဝင်ရောက်မှု အများဆုံး စေတီတော်ဖြစ်သော ရွှေတိဂုံ
စေတီတော်၏ နိုင်ငံခြား ဧည့်ဝင်ကြေးကို အောက်တိုဘာလမှစ၍ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ယင်းစေတီတော်၏ ဂေါပက အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဝင်းကြိုင်က ပြောကြားသည်။

နိုင်ငံခြားသား ဧည့်ဝင်ကြေးကို ၁၉၉၅ ခုနှစ်မှ စတင်၍ နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာ သတ်မှတ် ကောက်ခံခဲ့ရာမှ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ရှစ်ဒေါ်လာအထိ တိုးမြှင့်ကောက်
ခံမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

တိုးမြှင့်ကောက်ခံရရှိသည့် ငွေများဖြင့် ရွှေတိဂုံစေတီတော်၏ ရင်ပြင်တော်ပေါ်ရှိ ထင်ရှားသော နေရာများနှင့် စေတီပုထိုး၊ ရုပ်ပွားဆင်းတုတော်၊ ရုပ်တုနေရာများတွင် အင်္ဂလိပ်ဘာသာဖြင့် ဆိုင်းဘုတ်များ ရေးသားချိတ်ဆွဲခြင်း၊ ဘုရားသမိုင်းနှင့် စေတီလမ်းညွှန် စာအုပ်များကို အင်္ဂလိပ် ဘာသာဖြင့် အခမဲ့ဖြန့်ဝေပေးသွားခြင်းတို့
ပြုလုပ်မည် ဖြစ်ကြောင်း ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရွှေတိဂုံစေတီတော် အပါအဝင် အခြားယဉ်ကျေးမှု ဇုန်များဖြစ်သော ပုဂံ၊ အင်းလေးဇုန်တို့တွင်လည်း ဧည့်ဝင်ကြေးများ တိုးမြှင့်ကောက်ခံလိုက်ခြင်း
ကြောင့် ယဉ်ကျေးမှုဇုန် အုပ်စုလိုက် ခရီးသွား လုပ်ငန်းများ အနည်းငယ် ထိခိုက်မှု ရှိကြောင်း Supreme Services Team (S.S.T) ခရီးသွားကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးစောလှချစ်က ပြောကြားသည်။

“ဒီလိုတိုးကောက်မယ် ဆိုတာကို ကြိုတင် အကြောင်းကြားခဲ့တာ မရှိဘူး။ သတ်မှတ်ထားတဲ့ဈေးနဲ့ ကြိုရောင်းထားရတော့ အုပ်စုလိုက်လုပ်တဲ့ ကုမ္ပဏီတွေ ထိတာပေါ့။ ဧည့်သည်တွေကို မျက်နှာ အပျက်မခံနိုင်တော့ ဘယ်တတ်နိုင်မလဲ စိုက်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိ ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားဧည့်သည် တစ်ရက်လျှင် ပျမ်းမျှ ၈၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အလားတူကာလ
အတွင်း တစ်ရက်လျှင် နိုင်ငံခြားသား ခရီးသွား ဧည့်သည် ပျမ်းမျှဦးရေ ၆၀၀ ခန့် ဝင်ရောက်မှု ရှိခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဟိန်းမြတ်စိုး
The Voice Weekly
ပြည်ပဧည့်သည် ဝင်ရောက်မှု အများဆုံး စေတီတော်ဖြစ်သော ရွှေတိဂုံစေတီတော်၏ နိုင်ငံခြား ဧည့်ဝင်ကြေးကို အောက်တိုဘာ လမှစ၍ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ယင်းစေတီတော် ၏ ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဝင်းကြိုင်က ပြောကြားသည်။
နိုင်ငံခြားသား ဧည့်ဝင်ကြေးကို ၁၉၉၅ ခုနှစ်မှ စတင်၍ နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာ သတ်မှတ် ကောက်ခံ ခဲ့ရာမှ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ရှစ်ဒေါ်လာအထိ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

တိုးမြှင့်ကောက်ခံရရှိသည့် ငွေများဖြင့် ရွှေတိဂုံစေတီတော်၏ ရင်ပြင်တော်ပေါ်ရှိ ထင်ရှားသော နေရာ များနှင့် စေတီပုထိုး၊ ရုပ်ပွား ဆင်းတုတော်၊ ရုပ်တုနေရာများတွင် အင်္ဂလိပ်ဘာသာဖြင့် ဆိုင်းဘုတ် များ ရေးသားချိတ်ဆွဲခြင်း၊ ဘုရားသမိုင်းနှင့် စေတီလမ်းညွှန် စာအုပ်များကို အင်္ဂလိပ်ဘာသာဖြင့် အခမဲ့ဖြန့်ဝေပေးသွားခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရွှေတိဂုံစေတီတော် အပါအဝင် အခြားယဉ်ကျေးမှု ဇုန်များဖြစ်သော ပုဂံ၊ အင်းလေးဇုန်တို့တွင်လည်း ဧည့်ဝင်ကြေးများ တိုးမြှင့်ကောက် ခံလိုက်ခြင်းကြောင့် ယဉ်ကျေးမှုဇုန် အုပ်စုလိုက် ခရီးသွား လုပ်ငန်းများ အနည်းငယ် ထိခိုက်မှု ရှိကြောင်း Supreme Services Team (S.S.T) ခရီးသွားကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစောလှချစ်က ပြောကြားသည်။

“ဒီလိုတိုးကောက်မယ်ဆိုတာကို ကြိုတင်အကြောင်းကြားခဲ့တာ မရှိဘူး။ သတ်မှတ်ထားတဲ့ဈေးနဲ့ ကြိုရောင်းထားရတော့ အုပ်စုလိုက်လုပ်တဲ့ ကုမ္ပဏီတွေထိတာပေါ့။ ဧည့်သည်တွေကို မျက်နှာ အပျက် မခံနိုင်တော့ ဘယ်တတ်နိုင်မလဲ စိုက်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိ ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားဧည့်သည် တစ်ရက်လျှင် ပျမ်းမျှ ၈၀၀ ခန့် ဝင်ရောက်လျက် ရှိပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အလားတူကာလအတွင်း တစ်ရက်လျှင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ပျမ်းမျှဦးရေ ၆၀၀ ခန့် ဝင်ရောက်မှု ရှိခဲ့ကြောင်း ဂေါပက အဖွဲ့ ထံမှ စုံစမ်းသိရှိရသည်။

ဟိန်းမြတ်စိုး
The Voice Weekly

No comments:

Post a Comment