Thursday 15 August 2013

ဧရာဝတီ တိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့မ ရဲစခန်းမှ ခိုးမှုဖြင့် ထွက်ပြေး တိမ်းရှောင်နေ သည့် တရားခံအား စုံစမ်း၍ ပူးပေါင်း ဖမ်း ဆီးပေးခဲ့

Photo: ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့မရဲစခန်းမှ ခိုးမှုဖြင့်ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံအား စုံစမ်း၍ ပူးပေါင်းဖမ်းဆီးပေးခဲ့
Thursday, August 15, 2013

၁၂.၈.၂၀၁၃ ရက်နေ့တွင် ကျောက်တန်းမြို့မရဲစခန်းသို့ ဧရာဝတီတိုင်း
ဒေသကြီး၊ ကန်ကြီးထောင့်မြို့မရဲစခန်းမှဆက်သွယ်လာပြီး ၎င်းရဲစခန်း၏ (ပ)၆၄/၂၀၁၃၊ပုဒ်မ ၃၈၀ အမှုမှ တရားခံ အောင်အောင်(ဘ)ဦးလှဝင်း၊ (၁၄)ရပ်ကွက်၊ ပုသိမ်မြို့နေသူမှာ ကျောက်တန်းမြို့သို့ ထွက်ပြေးတိမ်း
ရှောင်သွားကြောင်း သတင်းရရှိသဖြင့် စုံစမ်းဖမ်းဆီးပေးပါရန် အကူအညီတောင်းခံလာခဲ့ပါသည်။

ထိုသို့အကူအညီတောင်းခံလာမှုအပေါ် ကျောက်တန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် တရားခံအောင်အောင်အား စုံစမ်းရှာဖွေခဲ့ရာ
၎င်းသည် ဇနီးဖြစ်သူနှင့်အတူ ကျောက်တန်းမြို့တစ်ဖက်ကမ်း၊ အငူကျေးရွာနေဇနီးဖြစ်သူ၏မိဘများအိမ်တွင် ရောက်ရှိတိမ်းရှောင်
နေကြောင်း၊ ငွေကြေးများပါရှိလာပြီး ၎င်းရွာတွင်အခြေတကျနေထိုင်ရန်
စီစဉ်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

ရရှိသတင်းများအား ကန်ကြီးထောင့်မြို့မရဲစခန်းသို့ဆက်သွယ် အကြောင်းပြန်ကြားခဲ့ပြီး ကန်ကြီး ထောင့်မြို့မရဲစခန်း မှတပ်ဖွဲ့ဝင်များ
ရောက်ရှိလာသည့် ၁၃.၈.၂၀၁၃ ရက်နေ့တွင် အတူပူးပေါင်း၍
၁၂၃၀ အချိန်၌ တရားခံအောင်အောင်နှင့်ဇနီးတို့ ပုန်းခိုနေထိုင်သည့် အငူကျေးရွာရှိ နေအိမ်သို့ ၀င်ရောက်ဖမ်းဆီးခဲ့ပါသည်။

အဆိုပါနေအိမ်တွင် တရားခံအောင်အောင်နှင့်ဇနီးတို့အားဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ အမှုမှသက် သေခံငွေများ၊ ရွှေထည်ပစ္စည်းများ၊ အ၀တ်အထည်များ၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၃၇၉၃၈၀၀)အား
ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၂.၈.၂၀၁၃ ရက်နေ့တွင် ကျောက်တန်းမြို့မရဲစခန်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့မ ရဲစခန်းမှဆက်သွယ်လာပြီး ၎င်းရဲစခန်း၏ (ပ)၆၄/၂၀၁၃၊ပုဒ်မ ၃၈၀ အမှုမှ တရားခံ အောင်အောင်(ဘ) ဦးလှဝင်း၊ (၁၄)ရပ်ကွက်၊ ပုသိမ်မြို့နေသူမှာ ကျောက်တန်းမြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရရှိသဖြင့် စုံစမ်းဖမ်းဆီးပေးပါရန် အကူအညီတောင်းခံလာခဲ့ပါသည်။
ထိုသို့ အကူအညီတောင်းခံလာမှုအပေါ်ကျောက်တန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တရား ခံအောင်အောင် အား စုံစမ်းရှာဖွေခဲ့ရာ ၎င်းသည် ဇနီးဖြစ်သူနှင့်အတူ ကျောက်တန်းမြို့ တစ်ဖက်ကမ်း၊ အငူကျေးရွာနေဇနီးဖြစ်သူ၏ မိဘများအိမ်တွင် ရောက်ရှိတိမ်းရှောင်နေကြောင်း၊ ငွေကြေးများပါရှိလာပြီး ၎င်းရွာတွင်အခြေတကျနေထိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

ရရှိသတင်းများအား ကန်ကြီးထောင့်မြို့မရဲစခန်းသို့ဆက်သွယ် အကြောင်းပြန်ကြားခဲ့ပြီး ကန်ကြီး ထောင့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာသည့် ၁၃.၈.၂၀၁၃ ရက်နေ့တွင်အတူ ပူးပေါင်း၍ ၁၂၃၀ အချိန်၌ တရားခံအောင်အောင်နှင့်ဇနီးတို့ ပုန်းခိုနေထိုင်သည့် အငူကျေးရွာရှိ နေအိမ် သို့ ၀င်ရောက်ဖမ်းဆီးခဲ့ပါသည်။

အဆိုပါနေအိမ်တွင် တရားခံအောင်အောင်နှင့်ဇနီးတို့အားဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ အမှုမှသက်သေ ခံငွေများ၊ ရွှေထည်ပစ္စည်းများ၊ အ၀တ်အထည်များ၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၃၇၉၃၈၀၀) အား ပြန် လည် သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police

No comments:

Post a Comment