Friday 26 July 2013

ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး မြန်မာပြည် လာမယ်

U Thein Sein France ပြင်သစ်နိုင်ငံကို သမ္မတဦးသိန်းစိန်ရောက်ရှိစဉ် (Credit: ABC)  မြန်မာနိုင်ငံကို ​ရှေ့လာမယ့် ​တပတ်အတွင်းမှာ ​ပြင်သစ်နိုင်ငံ ​ကုန်သွယ်ရေးဝန်ကြီး ​Nicole ​Bricq ​ကနေဦးဆောင်ပြီးတော့ ​အသေးစားနဲ့ ​အလတ်စား ​စီးပွားရေးသမားများ ​၁၅ဦး ​ပါဝင်တဲ့ ​ကိုယ်စားလှယ် အဖွဲ့ ​တဖွဲ့ ​မြန်မာနိုင်ငံကို ​လာရောက်ဖို့ရှိတယ်လို့ ​သိရပါတယ်။
ဇူလိုင်လ ​၃၀ ​ကနေ ​၃၁ ​ရက်နေ့အထိလာရောက်မယ့် ​ခရီးစဉ် အတွင်းမှာ ​ပြင်သစ်နိုင်ငံ က ​မြန်မာနိုင်ငံ အပေါ် ​ဘယ်လိုစီးပွားရေးတွေဏ္ဍတွေမှာ ​ကမ်းလှမ်းသွားမလဲ ဆိုတာတွေကို ​ဖော်ပြခွင့် ရှိ မှာဖြစ် ပြီးတော့ ​မြန်မာနိုင်ငံက ​ဘဏ္ဍာရေးဝန်ကြီးနဲ့ ​တခြား ​အစိုးရတာဝန်ရှိသူတွေနဲ့ လည်း ​တွေ့ဆုံ သွားဖို့ ရှိ တယ်လို့ ​ဆိုပါတယ်။
ပြင်သစ်နိုင်ငံကို ​ပြီးခဲ့တဲ့တပတ်ကပဲ ​သမ္မတ ​ဦးသိန်းစိန်သွားရောက်လည်ပတ် ခဲ့ပြီး ​ပြင်သစ်သမ္မတနဲ့ လည်းတွေ့ ​ဆုံခဲ့ပါတယ်။ ​သမ္မတဦးသိန်းစိန် ​ခရီးစဉ်မကြာခင်နောက်ပိုင်း မှာပဲ ​ပြင်သစ် ကုန်သွယ်ရေး ၀န်ကြီးနဲ့ ​စီးပွားရေး ​ကိုယ်စားလှယ်အဖွဲ့တွေက ​မြန်မာနိုင်ငံကို ​အခုလိုလာရောက်မှာဖြစ်တယ်လို့ ​သိရပါတယ်။

ABC Radio

No comments:

Post a Comment