Friday 26 July 2013

ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို စစ်ဆေး

Photo: ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို စစ်ဆေး

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် နာယကဆရာတော် ဦးဝီရသူရဲ့ တရားပွဲအနီးမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆရာတော် ဦးဝီရသူ တရားပွဲအနီးမှာ တပ်ထားတဲ့ CCTV ကင်မရာက ရိုက်ကူးထားတဲ့ ရုပ်ပုံမှတ်တမ်းကို ကြည့်ရှုစစ်ဆေးပြီးတဲ့အခါမှာ အခုလိုဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှုးဦးစိုးငြိမ်းက RFA ကို ပြောပါတယ်။

“ကင်မရာကလည်း သီးခြားတပ်ထားတဲ့ ကင်မရာမဟုတ်ပါဘူး၊ တခြားမှာ လုံခြုံရေးအရ သူ့ဘာသာသူ တပ်ထားတဲ့ ကင်မရာဆိုတော့ ဒီထဲမှာပါလိုပါငြားဆိုပြီးတော့ ကျနော်တို့က စုံစမ်းကြည့်ရတာပေါ့နော်၊ တရားနာတဲ့ပရိသတ်နဲ့ ပုံသဏ္ဍာန်မတူတဲ့ နည်းနည်းလေး သံသယဖြစ်ဖွယ်ရာရှိတဲ့ ပုံမှန်ထက်နည်းနည်းလေး ထူးခြားတယ်လို့ထင်တဲ့လူကို ကျနော်တို့က စုံစမ်းတာပါ၊ တရားခံဖြစ်ချင်ရင်လည်းဖြစ်မယ်၊ မဖြစ်ချင်ရင်လည်းမဖြစ်ဘူး”

ဇူလိုင်လ ၂၁ ရက်နေ့က ဆရာတော်ရဲ့ တရားပွဲနားမှာရပ်ထားတဲ့ ကားအနားမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကိုရင်နှစ်ပါးနဲ့ တရားနာသူ သုံးယောက်ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် နာယက ဆရာတော် ဦးဝီရသူရဲ့ တရားပွဲအနီးမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိ သူနှစ်ဦး ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆရာတော် ဦးဝီရသူ တရားပွဲအနီးမှာ တပ်ထားတဲ့ CCTV ကင်မရာက ရိုက်ကူးထားတဲ့ ရုပ်ပုံမှတ်တမ်းကို ကြည့်ရှုစစ်ဆေးပြီးတဲ့အခါမှာ အခုလိုဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ် ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှုးဦးစိုးငြိမ်းက RFA ကို ပြောပါတယ်။

“ကင်မရာကလည်း သီးခြားတပ်ထားတဲ့ ကင်မရာမဟုတ်ပါဘူး၊ တခြားမှာ လုံခြုံရေးအရ သူ့ဘာသာသူ တပ်ထားတဲ့ ကင်မရာဆိုတော့ ဒီထဲမှာပါလိုပါငြားဆိုပြီးတော့ ကျနော်တို့က စုံစမ်းကြည့်ရတာပေါ့နော်၊ တရားနာတဲ့ပရိသတ်နဲ့ ပုံသဏ္ဍာန်မတူတဲ့ နည်းနည်းလေး သံသယဖြစ်ဖွယ်ရာရှိတဲ့ ပုံမှန်ထက် နည်းနည်းလေး ထူးခြားတယ်လို့ထင်တဲ့လူကို ကျနော်တို့က စုံစမ်းတာပါ၊ တရားခံဖြစ်ချင်ရင်လည်းဖြစ် မယ်၊ မဖြစ်ချင်ရင်လည်းမဖြစ်ဘူး”

ဇူလိုင်လ ၂၁ ရက်နေ့က ဆရာတော်ရဲ့ တရားပွဲနားမှာရပ်ထားတဲ့ ကားအနားမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကိုရင်နှစ်ပါးနဲ့ တရားနာသူ သုံးယောက်ဒဏ်ရာရခဲ့ပါတယ်။
 
RFA

No comments:

Post a Comment