Wednesday 31 July 2013

ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ တရုတ်သို့ ဓာတ်ငွေ့ စတင် ပို့လွှတ်နေ ပြီဖြစ်ရာ ရခိုင်ပြည်နယ် အတွင်း လျှပ်စစ်မီး မဖြစ်မနေ ရရှိရေး စွမ်းအင် ၀န်ကြီးဌာန သို့ တင်ပြတောင်း ဆိုမည်

Photo: ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တရုတ်သို့ ဓာတ်ငွေ့စတင် ပို့လွှတ်နေပြီ
ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီး မဖြစ်မနေ ရရှိရေး စွမ်းအင်ဝန်ကြီး
ဌာနသို့ တင်ပြတောင်းဆိုမည်
Wednesday, 31 July 2013 

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တရုတ်နိုင်ငံသို့ မြန်မာ-တရုတ် သဘာဝ
ဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့ စတင်ပို့လွှတ်ပြီ ဖြစ်သော်
လည်း ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသခံ ကျေးရွာများ၏ နစ်နာမှု
 လျော်ကြေး၊ ဒေသခံများ၏ တောင်းဆိုထားချက်များမှာ ယခုအချိန်အထိ
 ပြေလည်မှု မရသေးကြောင်း၊ သို့ဖြစ်ရာ ပိုက်လိုင်းတစ်လျှောက်ရှိ ကျေးရွာ
များမှ ဒေသခံများ၏ သဘောထား တောင်းဆိုချက်များ ဇူလိုင် ၂၉ ရက်တွင် ထပ်မံထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထို့ပြင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းဝန်းကျင် ကျေးရွာများနှင့် ရခိုင်ပြည်နယ်
အတွင်း လျှပ်စစ်မီး မဖြစ်မနေ ရရှိရေး အတွက်ကိုလည်း စွမ်းအင်ဝန်ကြီး
ဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများသို့ ဒေသခံများ၏ လိုလားချက်များ ပေးပို့တောင်းဆို သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

"ဒီနေ့ (ဇူလိုင် ၂၉) ဆိုရင် ပိုက်လိုင်းတစ်လျှောက်က ကျေးရွာတွေက သူတို့ရဲ့
 တောင်းဆိုချက်တွေ မရသေးတဲ့အတွက် တောင်းဆိုချက်လေးချက်ကို ထပ်မံတောင်းဆို သွားမှာပါ။ ရမ်းဗြဲကျွန်းနဲ့ မြို့ချောင်းကျွန်းပေါ်က ကျေးရွာ ၂၃ ရွာက ဒေသခံတွေက စုပေါင်းပြီး ဆောင်ရွက်ကြတာ ဖြစ်ပါတယ်" ဟု ရွှေသဘာဝဓာတ်ငွေ့ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဦးထွန်းလွင်က
 ပြောကြားခဲ့သည်။

အဆိုပါ ထပ်မံတောင်းဆိုချက်များမှာ (၁) ပိုက်လိုင်းစီမံကိန်းကြောင့် ဖြစ်ပေါ်
လာသော ထိခိုက်နစ်နာမှု အရပ်ရပ်အတွက် ဖြေရှင်းဆောင်ရွက်ပေးရန်၊ (၂) လုံလောက်သော စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် သောက်သုံးရေကန်များ
 ဖြည့်ဆည်းပေးရန်၊ (၃) ကျေးရွာချင်းဆက်လမ်း ကောင်းမွန်အောင် ဆောင်
ရွက်ရာတွင် ကူညီပေးရန်နှင့်(၄)လျှပ်စစ်မီးရရှိရေး မဖြစ်မနေ ဆောင်ရွက်ပေး
ရန်တို့ ဖြစ်ကြောင်းလည်း သိရသည်။

"အခု တောင်းဆိုချက်တွေကို စွမ်းအင်ဝန်ကြီးဌာန၊ MOGE၊ CNPC၊ မြို့နယ်
အာဏာပိုင်တွေနဲ့ ကျောက်ဖြူမြို့ပေါ်က လူမှုအဖွဲ့အစည်းတွေကိုလည်း
 ပေးပို့သွားမှာ ဖြစ်ပါတယ်" ဟု ရွှေသဘာဝဓာတ်ငွေ့ စောင့်ကြည့်လေ့
လာရေးအဖွဲ့မှ ဦးထွန်းလွင်က ပြောကြားသည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ကျောက်ဖြူဒေသအတွက် လျှပ်စစ်မီး ပေး
မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်အထိ လျှပ်စစ်မီး ရရှိရေးနှင့် ပတ်သက်ပြီး မည်သည့်အရိပ်အယောင်မျှပင် မတွေ့ရသေး
ကြောင်း၊ သို့သော်လည်း ကျောက်ဖြူကို မီးပေးမည်ဆိုပြီး မီးတိုင်သွယ်တန်းမှု
အချို့ ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ မီးတိုင်သွယ်တန်းခြင်း လုပ်ငန်းများအတွက် CNPC မှ အမေရိကန်ဒေါ်လာ ၁၀ သန်းပေးထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။

eleven media group
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တရုတ်နိုင်ငံသို့ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် သဘာဝ ဓာတ်ငွေ့ စတင်ပို့လွှတ်ပြီ ဖြစ်သော်လည်း ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသခံ ကျေးရွာများ၏
နစ်နာမှုလျော်ကြေး၊ ဒေသခံများ၏တောင်းဆိုထားချက်များမှာ ယခုအချိန်အထိပြေလည်မှုမရသေးကြောင်း၊ သို့ဖြစ်ရာ ပိုက်လိုင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများ၏ သဘောထား တောင်း ဆို ချက်များ ဇူလိုင် ၂၉ ရက်တွင် ထပ်မံထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထို့ပြင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းဝန်းကျင် ကျေးရွာများနှင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီး မဖြစ်မနေ ရရှိရေး အတွက်ကိုလည်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများသို့ ဒေသခံ များ၏ လိုလားချက်များ ပေးပို့တောင်းဆို သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

"ဒီနေ့(ဇူလိုင် ၂၉)ဆိုရင် ပိုက်လိုင်းတစ်လျှောက်က ကျေးရွာတွေက သူတို့ရဲ့ တောင်းဆိုချက်တွေ မရသေးတဲ့အတွက် တောင်းဆိုချက်လေးချက်ကို ထပ်မံတောင်းဆို သွားမှာပါ။ ရမ်းဗြဲကျွန်းနဲ့ မြို့ချောင်း ကျွန်းပေါ် က ကျေးရွာ ၂၃ ရွာက ဒေသခံတွေက စုပေါင်းပြီး ဆောင်ရွက်ကြတာ ဖြစ်ပါတယ်" ဟု ရွှေ သဘာဝဓာတ်ငွေ့ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဦးထွန်းလွင်က ပြောကြားခဲ့သည်။

အဆိုပါ ထပ်မံတောင်းဆိုချက်များမှာ (၁) ပိုက်လိုင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်နစ်နာမှု အရပ်ရပ်အတွက် ဖြေရှင်းဆောင်ရွက်ပေးရန်၊ (၂) လုံလောက်သော စာသင်ကျောင်း၊ ဆေးပေး ခန်းနှင့် သောက်သုံးရေကန်များ ဖြည့်ဆည်းပေးရန်၊ (၃) ကျေးရွာချင်းဆက်လမ်း ကောင်းမွန်အောင် ဆောင်
ရွက်ရာတွင် ကူညီပေးရန်နှင့်(၄)လျှပ်စစ်မီးရရှိရေး မဖြစ်မနေ ဆောင်ရွက်ပေးရန်တို့ ဖြစ်ကြောင်းလည်း သိရသည်။

"အခု တောင်းဆိုချက်တွေကို စွမ်းအင်ဝန်ကြီးဌာန၊ MOGE၊ CNPC၊ မြို့နယ် အာဏာပိုင်တွေ နဲ့ ကျောက်ဖြူမြို့ပေါ်က လူမှုအဖွဲ့အစည်းတွေကိုလည်း ပေးပို့သွားမှာ ဖြစ်ပါတယ်" ဟု ရွှေသဘာဝ ဓာတ်ငွေ့ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဦးထွန်းလွင်က ပြောကြားသည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ကျောက်ဖြူဒေသအတွက် လျှပ်စစ်မီး ပေးမည်ဟု သတင်းများ ထွက်ပေါ် ခဲ့သော်လည်း လက်ရှိအချိန်အထိ လျှပ်စစ်မီးရရှိရေးနှင့် ပတ်သက်ပြီး မည်သည့်အရိပ်အယောင်မျှပင် မတွေ့ရသေးကြောင်း၊ သို့သော်လည်း ကျောက်ဖြူကို မီးပေးမည်ဆိုပြီး မီးတိုင်သွယ်တန်းမှု အချို့ ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ မီးတိုင်သွယ်တန်းခြင်း လုပ်ငန်းများအတွက် CNPC မှ အမေရိကန်ဒေါ်လာ ၁၀ သန်းပေးထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။
Eleven Media Group

No comments:

Post a Comment