Sunday 12 May 2013

"၂၀၁၃ခုနှစ်၊ မေလ(၁၂)ရက်နေ့မြန်မာစံတော်ချိန်(၀၆း၀၀)နာရီ အချိန်မုန်တိုင်းသတင်းထုတ်ပြန်ချက်"

ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ၊ (ကိုကိုးကျွန်း)၏ အနောက်တောင် ဘက်မိုင်(၄၃၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ချင်းနိုင်မြို့၏ အရှေ့တာင်ဘက်မိုင်(၄၈၀)ခန့် အကွာ ပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။ 
အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပြီး၊မုန်တိုင်း ဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၅၀)မှမိုင်(၆၀)အထိရှိနိုင်ပါသည်။ မဟာစင်(MAHASEN) ဆိုင်ကလုန်မုန်တိုင်းသည်နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး၊ အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ရောက်ရှိနိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊မွန် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင်/မြေပြင် လေသည်တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ ဆိုင်ကလုန်း မုန်တိုင်း၏လက်ရှိအခြေအနေမှာအ၀ါရောင်အဆင့်သာ ရှိသော်လည်းမေလ(၁၃)ရက်နေ့မွန်လွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်ဘက် သို့ကွေ့လျက်မေလ(၁၆)ရက်နေ့နံနက်ပိုင်းခန့်တွင်မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုး တန်းမြောက်ပိုင်း)ကမ်းခြေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသများဆီ သို့ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။ မြန်မာ့ကမ်းရီုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်မုန်တိုင်းအန္တရာယ်ရှောင် ရှားရန်လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။

Popular Journal

No comments:

Post a Comment