Friday 12 April 2013

မန္တလေး မီးတွင် အိုးမဲ့အိ မ့်ဖြစ်သွား သည့် အမ်ထောင်စု ၁၀၀ေ ကျာ်ရှိ မန္တလေး၊

Photo: မန္တလေးမီးတွင် အိုးမဲ့အိမ့်ဖြစ်သွားသည့် အမ်ထောင်စု ၁၀၀ကျော်ရှိမန္တလေး၊

Friday, April 12, 2013

မန္တလေးမြို့တွင် ဧပြီ ၁၂ရက် နံနက်ပိုင်းက မြို့နယ်နှစ်ခုတွင် မီးလောင်

ကျွမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိုးအိမ်မဲ့သွားသည့်အိမ်ထောင်စု ၁၃၅ စုရှိပြီး ဒုက္ခသည်ပေါင်း ၅၀၀ ခန့်ရှိကြောင်းသတင်းရရှိသည်။

နံနက်(၂)နာရီက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်ကွက် ၊ချီပါရပ်တွင် ပန်းပုလုပ်ငန်းအလုပ်ရုံအတွင်းရှိ ရေဘော် စာအနီး

ခြင်ဆေးခွေထွန်း ထားရာက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ကြာမြင့်ချိန်နှစ်နာရီခွဲခန့် လောင် ကျွမ်းခဲ့ပြီး RC နှစ်ထပ်တိုက်နှစ်

လုံး၊ နံကပ်နှစ်ထပ်တိုက်သုံးလုံး၊ နံကပ် တစ်ထပ် ငါးလုံး၊ ပျဉ်ထောင်သွပ်

မိုး ၁၀လုံး၊ သွပ်မိုးထရံကာ အလုံး တစ်ရာ၊ ဆိုင်ကယ်သုံးစီး၊ စုစုပေါင်း ၁၆၇ သိန်းကျော်ဆုံးရှုံးခဲ့သည်ဟု တိုင်းမီးသတ်ဦးစီးဌာနကသတင်း ထုတ်ပြန်သည်။

မြို့ပေါ် မီးသတ်စခန်းများအပြင် စစ်ကိုင်း၊ တံတားဦး၊ကျောက်ဆည်မြို့များမှ မီးသတ်စခန်းများမှ အဖွဲ့ဝင်များလည်းလာရောက်ငြှိမ်းသက်ခဲ့ကြရသည်ဟု ဆိုသည်။ ယင်းရပ်ကွက်ရှိရတနာဂုဏ်ရည် ဓမ္မာရုံ၊ ဦးကြွယ် ဓမ္မာရုံ၊ အောင်

ချမ်းသာ ဓမ္မာရုံ၊မှန်ကင်းကျောင်းတိုက်၊မာန်အောင်ကျောင်းတိုက်တို့တွင်ကယ်

ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီဖြစ်သည်။

“ ညအိပ်ကောင်းနေချိန်လည်းဖြစ်တယ်။လေတွေကလည်း တအားတိုက်နေတယ်။ တစ်နိုင်တစ်ပိုင် သယ်နိုင်တာလေးတွေက လွဲလို့ဘယ်သူမှ ဘာပစ္စည်းမှမရလိုက်ဘူး”ဟု ယင်းရပ်ကွက် ကွက်စိပ်မှူး

ဦးသန့်စည်က ပြောသည်။ထိခိုက်ဒဏ်ရာနှင့်အသေအပျောက်မရှိကြောင်း ရပ်ကွက်တာဝန်ရှိသူများက ပြောသည်။

နံနက်(၆)နာရီ အချိန်ကလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အကွက် အမှတ်(ညည/၆၆) သင်ပန်းကုန်းရပ်ရှိ သွပ်မိုးထရံကာ အိမ်တစ်အိမ်တွင်မီး

ဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားရာဝါးကပ်မိုးအိမ်လေး လုံး၊ ထရံကာသွပ်မိုးငါးလုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟုသိရသည်။ အိုးအိမ်မဲ့

အိမ်ထောင်စု(၁၃)စု၊ မီးဘေးဒုက္ခသည် (၄၇)ဦးရှိခဲ့ပြီး၎င်းတို့ကိုဧရာ

ဦးဓမ္မာရုံတွင် ကယ်ဆယ်ထားရှိသည်ဟု မီးသတ်ဦးစီးဌာနမှ တာဝန်

ရှိသူကပြောသည်။

ဓာတ်ပုံ-ညီညီဇော်

7Day News Journal
မန္တလေးမြို့တွင် ဧပြီ ၁၂ရက် နံနက်ပိုင်းက မြို့နယ်နှစ်ခုတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိုးအိမ်မဲ့သွားသည့်အိမ်ထောင်စု ၁၃၅ စုရှိပြီး ဒုက္ခသည်ပေါင်း ၅၀၀ ခန့်ရှိကြောင်းသတင်းရရှိသည်။

နံနက်(၂)နာရီက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်ကွက် ၊ချီပါရပ်တွင် ပန်းပုလုပ်ငန်း အလုပ်ရုံအတွင်းရှိ ရေဘော် စာအနီးခြင်ဆေးခွေထွန်း ထားရာက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ကြာမြင့်ချိန်နှစ်နာရီခွဲခန့် လောင် ကျွမ်းခဲ့ပြီး RC နှစ်ထပ်တိုက်နှစ်လုံး၊ နံကပ်နှစ်ထပ်တိုက်သုံးလုံး၊ နံကပ် တစ်ထပ် ငါးလုံး၊ ပျဉ်ထောင်သွပ်မိုး ၁၀လုံး၊ သွပ်မိုးထရံကာ အလုံး တစ်ရာ၊ ဆိုင်ကယ်သုံးစီး၊ စုစုပေါင်း ၁၆၇ သိန်းကျော်ဆုံးရှုံးခဲ့သည်ဟု တိုင်းမီးသတ်ဦးစီးဌာနကသတင်း ထုတ်ပြန်သည်။
မြို့ပေါ် မီးသတ်စခန်းများအပြင် စစ်ကိုင်း၊ တံတားဦး၊ကျောက်ဆည်မြို့များမှ မီးသတ်စခန်းများမှ အဖွဲ့ဝင်များလည်းလာရောက်ငြှိမ်းသက်ခဲ့ကြရသည်ဟု ဆိုသည်။ ယင်းရပ်ကွက်ရှိရတနာဂုဏ်ရည် ဓမ္မာရုံ၊ ဦးကြွယ် ဓမ္မာရုံ၊ အောင်ချမ်းသာ ဓမ္မာရုံ၊မှန်ကင်းကျောင်းတိုက်၊ မာန်အောင်ကျောင်းတိုက် တို့တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီဖြစ်သည်။
“ ညအိပ်ကောင်းနေချိန်လည်းဖြစ်တယ်။လေတွေကလည်း တအားတိုက်နေတယ်။ တစ်နိုင်တစ်ပိုင် သယ်နိုင်တာလေးတွေက လွဲလို့ဘယ်သူမှ ဘာပစ္စည်းမှမရလိုက်ဘူး”ဟု ယင်းရပ်ကွက် ကွက်စိပ်မှူး ဦးသန့်စည်က ပြောသည်။ထိခိုက်ဒဏ်ရာနှင့်အသေအပျောက်မရှိကြောင်း ရပ်ကွက်တာဝန်ရှိသူများက ပြောသည်။
နံနက်(၆)နာရီ အချိန်ကလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အကွက် အမှတ်(ညည/၆၆) သင်ပန်းကုန်းရပ်ရှိ သွပ်မိုးထရံကာ အိမ်တစ်အိမ်တွင်မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ် ပွားရာဝါးကပ်မိုးအိမ်လေး လုံး၊ ထရံကာသွပ်မိုးငါးလုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟုသိရသည်။ အိုးအိမ်မဲ့အိမ်ထောင်စု(၁၃)စု၊ မီးဘေးဒုက္ခသည် (၄၇)ဦးရှိခဲ့ပြီး၎င်းတို့ကိုဧရာဦးဓမ္မာရုံတွင် ကယ်ဆယ်ထားရှိသည်ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။
7Day News Journal

No comments:

Post a Comment