Sunday 10 March 2013

ကမ္ဘာ့ထိပ်တန်းနည်းပညာပြပွဲ CeBIT တွင် သုံးဖက်မြင် ပုံနှိပ်စက် နည်းပညာကို စိတ်အ၀င်စားဆုံး ဖြစ်ခဲ့

ကမ္ဘာ့ထိပ်တန်းနည်းပညာပြပွဲ CeBIT တွင် သုံးဖက်မြင် ပုံနှိပ်စက် နည်းပညာကို စိတ်အ၀င်စားဆုံး ဖြစ်ခဲ့
Sunday, March 10, 2013

ကမ္ဘာ့ထိပ်တန်း နည်းပညာပြပွဲ တစ်ခုဖြစ်သော CeBIT ပြပွဲတွင်
ခေတ်အမီဆုံး နည်းပညာအသုံးအဆောင်များကို ပြသခဲ့ရာ ထုထည်ပစ္စည်းများကို ကွန်ပျူတာတွင် မြင်ရသည့်အတိုင်း
ပလတ်စတစ်ဖြင့် သုံးဖက်မြင် ပုံနှိပ်ပေးသည့် 3D printer ပုံနှိပ်စက်ကို စိတ်အ၀င်စားဆုံး ဖြစ်ခဲ့ကြသည်။

ဂျာမနီကုမ္ပဏီ Fabbster က ထုတ်လုပ်သော သုံးဖက်မြင် ပုံနှိပ်စက်သည် ပလတ်စတစ်ကို အရည်ဖျော်ပြီး ၀ ဒသမ ၀၈၈ မီလီမီတာသာထူသော အလွှာများတည်ဆောက်ကာ ထုထည်ပစ္စည်းတစ်ခုကို တိတိကျကျ ထုတ်လုပ်ပေးသည်။ ယင်း စနစ်ကို အသေးစားစီးပွားရေး လုပ်ငန်းများ၊ ဗိသုကာလုပ်ငန်းများ၊ ဒီဇိုင်းပညာရှင်များ၊ အင်ဂျင်နီယာများက လတ်တလောတွင် အသုံးပြုနေကြောင်း သိရသည်။

သီအိုရီအတိုင်း ဆိုပါက ထုတ်လုပ်ပေးနိုင်သော ထုထည်ပစ္စည်း၏ အရွယ်အစားမှာ အကန့်အသတ် မရှိသော်လည်း ပြပွဲတွင် ပြသခဲ့သော စက်ကထုတ်လုပ်ပေးနိုင်သော ထုထည်ပမာဏမှာ အလျား ၈ ဒသမ ၈ လက်မ၊ အနံ ၈ ဒသမ ၈ လက်မ နှင့် အမြင့် ၈ ဒသမ ၃ လက်မဖြစ်ကြောင်း စီမံကိန်းမန်နေဂျာ ဖေဘီယန်ဂရက်က ပြောကြားခဲ့သည်။ 

3D ပုံနှိပ်စက်ကို ပြပွဲတွင် ဒေါ်လာ ၂၀၀၀၊ ယူရို ၁၅၀၀ ဖြင့် ရောင်းချမည်ဟု ၎င်းကပြောကြားခဲ့သည်။ ဂျာမနီမြောက်ပိုင်း ဟန်နိုဗာမြို့တွင် မတ် ၅ ရက်နေ့မှ ၉ ရက်အထိ ကျင်းပသော CeBIT နည်းပညာပြပွဲသည် ကမ္ဘာ့အကြီးဆုံး နည်းပညာပြပွဲဖြစ်ပြီး နိုင်ငံ ၇၀ ကျော်မှ ပြခန်း ၄၁၀၀ ခန့် ပြသခဲ့ကြသည်။

(Photo - Reuters)
Ref:AFP
Eleven Media Group

 Sunday, March 10, 2013

ကမ္ဘာ့ထိပ်တန်း နည်းပညာပြပွဲ တစ်ခုဖြစ်သော CeBIT ပြပွဲတွင် ခေတ်အမီဆုံးနည်းပညာအသုံးအဆောင်များကို ပြသခဲ့ရာ ထု ထည် ပစ္စည်းများကို ကွန်ပျူတာတွင် မြင်ရသည့်အတိုင်း ပလတ်စတစ်ဖြင့် သုံးဖက်မြင် ပုံနှိပ်ပေးသည့် 3D printer ပုံနှိပ်စက်ကို စိတ်အ၀င်စားဆုံး ဖြစ်ခဲ့ကြသည်။
ဂျာမနီကုမ္ပဏီ Fabbster က ထုတ်လုပ်သော သုံးဖက်မြင် ပုံနှိပ်စက်သည် ပလတ်စတစ်ကို အရည်ဖျော်ပြီး ၀ ဒသမ ၀၈၈ မီလီမီတာသာထူသော အလွှာများတည်ဆောက်ကာ ထုထည်ပစ္စည်းတစ်ခုကို တိတိကျကျ ထုတ်လုပ်ပေးသည်။ ယင်း စနစ်ကို အသေးစားစီးပွားရေး လုပ်ငန်းများ၊ ဗိသုကာလုပ်ငန်းများ၊ ဒီဇိုင်းပညာရှင်များ၊ အင်ဂျင်နီယာများက လတ်တလောတွင် အ သုံးပြုနေကြောင်း သိရသည်။

သီအိုရီအတိုင်း ဆိုပါက ထုတ်လုပ်ပေးနိုင်သော ထုထည်ပစ္စည်း၏ အရွယ်အစားမှာအကန့်အသတ် မရှိသော်လည်း ပြပွဲ တွင် ပြသ ခဲ့သော စက်ကထုတ်လုပ်ပေးနိုင်သော ထုထည်ပမာဏမှာ အလျား ၈ ဒသမ ၈ လက်မ၊ အနံ ၈ ဒသမ ၈ လက်မ နှင့် အမြင့် ၈ ဒသမ ၃ လက်မဖြစ်ကြောင်း စီမံကိန်းမန်နေဂျာ ဖေဘီယန်ဂရက်က ပြောကြားခဲ့သည်။

3D ပုံနှိပ်စက်ကို ပြပွဲတွင် ဒေါ်လာ ၂၀၀၀၊ ယူရို ၁၅၀၀ ဖြင့် ရောင်းချမည်ဟု ၎င်းကပြောကြားခဲ့သည်။ ဂျာမနီမြောက်ပိုင်း ဟန်နိုဗာမြို့တွင် မတ် ၅ ရက်နေ့မှ ၉ ရက်အထိ ကျင်းပသော CeBIT နည်းပညာပြပွဲသည် ကမ္ဘာ့အကြီးဆုံး နည်းပ ညာပြပွဲဖြစ်ပြီး နိုင်ငံ ၇၀ ကျော်မှ ပြခန်း ၄၁၀၀ ခန့် ပြသခဲ့ကြသည်။


Ref:AFP,EMG

No comments:

Post a Comment