Sunday 20 January 2013

အမေရိကန်နှင့် ပြင်သစ်နိုင်ငံရှိ ဘဏ်များတွင် ထားရှိသော ရွှေချောင်းများကို ဂျာမနီ ပြန်လည် ယူဆောင်မည်


အမေရိကန်နှင့် ပြင်သစ်နိုင်ငံရှိ ဘဏ်များတွင် ထားရှိသော ရွှေချောင်းများကို ဂျာမနီ ပြန်လည် ယူဆောင်မည်
Sunday, January 20, 2013 

အမေရိကန် ပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံ အတွင်းရှိ ဘဏ်များ တွင်ထားရှိသော ဂျာမနီနိုင်ငံမှ ရွှေချောင်း ထောင်ပေါင်း များစွာကို ယခုအခါတွင် ဂျာမနီနိုင်ငံ ဗဟိုဘဏ်သို့ ပြန်လည် ယူဆောင်တော့ မည်ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ ရွှေချောင်းများကို အမေရိကန်နှင့် ပြင်သစ်နိုင်ငံရှိ ဘဏ်များတွင် အဆင့်မြင့် လုံခြုံရေး ဆိုင်ရာ နည်းစနစ် များဖြင့် ရှစ်နှစ်ကျော်ကြာ သိမ်းဆည်း ထားကြောင်း သိရသည်။ ပြင်သစ်နိုင်ငံရှိ ဘဏ်တိုက်တွင် ထည့်သွင်း ထားသော ရွှေ တန်ချိန် ၃၇၄ တန်ကို ဂျာမနီနိုင်ငံ ဖရန့်ခ်ဖာ့တ်မြို့ရှိ ဗန်ဒက်စ် ဘဏ်တိုက် ၏ အလုံတိုက်ခန်း အတွင်းသို့ ၂ဝ၂ဝ ပြည့်နှစ်တွင် ပြန်လည်ရွှေ့ ပြောင်းယူ မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ တာဝန် ရှိသူများက ပြောကြားခဲ့သည်။ 

ထို့ပြင် အမေရိကန် ပြည်ထောင်စု နယူး ယောက်မြို့ရှိ ဘဏ်တိုက်တွင် ထည့်သွင်းထားသည့် ရွှေတန်ချိန် ၃ဝဝ ကိုလည်း ပြန်လည် ရွှေ့ပြောင်း
ယူဆောင် တော့မည် ဖြစ်ကြောင်း ၎င်းတို့က ဆက်လက် ပြောကြားခဲ့သည်။

ထိုရွှေချောင်း များ၏ ယခုလက်ရှိ ကာလ ပေါက်ဈေးမှာ အမေရိကန်
ဒေါ်လာ ၃၆ ဘီလီယံ တန်ဖိုးရှိပြီး ဂျာမနီ နိုင်ငံ၏ အရန် ရွှေပမာဏ၏ 
၁၉ ရာခိုင် နှုန်းရှိကြောင်း၊ အမေရိကန် နိုင်ငံပြီးလျှင် ဂျာမနီ နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ ရွှေ ပမာဏ အများဆုံး ပိုင်ဆိုင်သည့်
နိုင်ငံ ဖြစ်ကြောင်း သိရသည်။

ရွှေချောင်းများကို ပြန်လည် ရွှေ့ပြောင်း ယူငင်ပြီး ပါက ဂျာမနီ နိုင်ငံ၏ အရံ ရွှေပမာဏ တန်ချိန် ၃၄ဝဝ ၏ ထက်ဝက်ခန့်ကို ဖရန့်ခ်ဖာ့တ်မြို့ရှိ ဗန်ဒက်စ် ဘဏ်တိုက်တွင် ထားရှိမည် ဖြစ်ကြောင်း သိရသည်။

သို့သော် ဂျာမနီနိုင်ငံသို့ ရွှေချောင်းများ ပြန်လည် ယူဆောင်ရာတွင် မည်သည့် နည်းလမ်းဖြင့် ယူဆောင်မည်ကို ဗန်ဒက်စ် ဘဏ်တိုက်က ထုတ်ဖော်ပြော ကြားခြင်း မရှိခဲ့ပေ။

မြ၀တီ
အမေရိကန် ပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံ အတွင်းရှိ ဘဏ်များ တွင် ထားရှိသော ဂျာမနီနိုင်ငံမှ ရွှေချောင်း ထောင်ပေါင်းများစွာကို ယခု အခါ တွင် ဂျာမနီနိုင်ငံဗဟိုဘဏ်သို့ ပြန်လည်ယူဆောင်တော့ မည်ဖြစ်ကြောင်း အင်တာနက်သတင်း တစ်ရပ်အရသိရသည်။
အဆိုပါ ရွှေချောင်းများကို အမေရိကန်နှင့် ပြင်သစ်နိုင်ငံရှိဘဏ်များတွင် အဆင့်မြင့် လုံခြုံရေးဆိုင်ရာ နည်းစနစ်များဖြင့် ရှစ်နှစ်ကျော်ကြာသိမ်းဆည်းထားကြောင်းသိရသည်။ ပြင် သစ်နိုင်ငံရှိ ဘဏ်တိုက်တွင်ထည့်သွင်းထားသော ရွှေတန်ချိန် ၃၇၄ တန်ကိုဂျာမနီနိုင်ငံ ဖရန့်ခ်ဖာ့တ်မြို့ရှိ ဗန်ဒက်စ်ဘဏ်တိုက်၏ အလုံတိုက်ခန်းအတွင်းသို့ ၂ဝ၂ဝ ပြည့်နှစ်တွင် ပြန်လည်ရွှေ့ ပြောင်းယူ မည်ဖြစ်ကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စု နယူး ယောက်မြို့ရှိ ဘဏ်တိုက်တွင် ထည့်သွင်းထားသည့် ရွှေတန်ချိန် ၃ဝဝ ကိုလည်း ပြန်လည် ရွှေ့ပြောင်းယူဆောင် တော့မည် ဖြစ်ကြောင်း ၎င်းတို့ကဆက်လက် ပြောကြားခဲ့ သည်။

ထိုရွှေချောင်းများ၏ ယခုလက်ရှိ ကာလ ပေါက်ဈေးမှာအမေရိကန်ဒေါ်လာ ၃၆ ဘီလီယံတန်ဖိုးရှိပြီး ဂျာမနီ နိုင်ငံ၏အရန် ရွှေပမာဏ၏ ၁၉ ရာခိုင် နှုန်းရှိကြောင်း၊ အမေရိကန် နိုင်ငံပြီးလျှင် ဂျာမနီ နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ ရွှေ ပမာဏအများဆုံး ပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်ကြောင်းသိရသည်။

ရွှေချောင်းများကို ပြန်လည် ရွှေ့ပြောင်းယူငင်ပြီးပါက ဂျာမနီ နိုင်ငံ၏ အရံရွှေပမာဏတန်ချိန် ၃၄ဝဝ ၏ ထက်ဝက်ခန့်ကို ဖရန့်ခ်ဖာ့တ်မြို့ရှိ ဗန်ဒက်စ်ဘဏ်တိုက်တွင်ထားရှိမည် ဖြစ်ကြောင်း သိရသည်။

သို့သော် ဂျာမနီနိုင်ငံသို့ ရွှေချောင်းများ ပြန်လည်ယူဆောင်ရာတွင် မည်သည့်နည်းလမ်းဖြင့် ယူဆောင် မည်ကို ဗန်ဒက်စ် ဘဏ်တိုက်က ထုတ်ဖော်ပြော ကြားခြင်း မရှိခဲ့ပေ။

မြ၀တီ

No comments:

Post a Comment