Wednesday 19 December 2012

သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင်သေဆုံးသည်ကို တွေ့ရှိ

၁၇-၁၂-၂၀၁၂ ရက်နေ့ ၁၃၁၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီး သစ်တောကြိုးဝိုင်းအတွင်း အကွက်အမှတ်(၂၁)တွင် တောဆင်ရိုင်း တစ်ကောင် သေဆုံးနေကြောင်း သတင်းအရ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်မြန်မာ့သစ်လုပ်ငန်းမှ တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဒုတိယဦးစီးမှူးတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

သေဆုံးနေသောဆင်မှာ အလျား (၁၃) ပေခန့်၊ လုံးပတ် (၁၂) ပေခန့်ရှိ အသက် (၂၇) နှစ်ခန့် ဆင်ထီး တစ်ကောင်ဖြစ်ပြီး လွန်ခဲ့သည့် (၁၅)ရက်ခန့်က သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ဆင်မှာ ၀ဲတင်ပါးဆုံတွင် အဆိပ်ပါသည့် ချွန်ထက်သောအရာဖြင့် ပစ်ခတ်ခံထားရပြီး ဦးခေါင်းရှိ အစွယ်နှင့် နှာမောင်း တို့အား ခုတ်ဖြတ်
ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ နှာမောင်းသားနှင့် အစွယ်နှစ်ချောင်းလုံး တွေ့ရှိရခြင်းမရှိဟု သတင်းရရှိသည်။

From : ရဲဇာနည်

No comments:

Post a Comment