Wednesday 19 December 2012

ရန်ကုန်မြို့ ရှိ မြို့နယ် ၁၉ ခု ၏ သန့်ရှင်းရေးဆောင် ရွက်ခများ ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ တွင် ထပ်မံ တိုးမြှင့် မည်

Photo: ရန်ကုန်မြို့ရှိ မြို့နယ် ၁၉ ခု၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံ တိုးမြှင့်မည်

Tuesday, 18 December 2012
ရန်ကုန်မြို့ရှိ မြို့နယ် ၁၉ ခု ၏ သန့်ရှင်းရေးဆောင်ရွက်ခများကို  လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သန့်ရှင်းရေးဌာန၏ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည့် စာနယ်ရှင်း လင်းပွဲမှ သိရှိရသည်။

ရန်ကုန်တစ်မြို့လုံး၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ယခု ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ယခင်နှုန်းထား၏ နှစ်ဆသို့ တိုးမြှင့်ခဲ့ပြီး မြို့တွင်း Down Town  ခြောက်မြို့နယ်တွင် ယခင်သုံးလ တစ်
ကြိမ် ကျပ် ၉၀၀ အစား ၁၈၀၀ ကျပ်သို့ လည်းကောင်း၊ မြို့တွင်းနှင့်  ဆက်စပ်(၉) မြို့နယ်ဖြစ်သော မင်္ဂလာ
တောင်ညွန့်၊ တာမွေ၊  အလုံ၊ ကြည့်မြင်တိုင်စသည်တို့တွင်  ယခင် သုံးလတစ်ကြိမ် ၆၇၅ ကျပ်အစား ၁၃၅၀ ကျပ်သို့လည်းကောင်း၊ ကျန် ဆင်ခြေဖုံး ၁၇ မြို့နယ်ဖြစ်သည့်  ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း အရှေ့ ပိုင်း၊ တောင်ဥက္ကလာပ စသော မြို့နယ်များတွင် ယခင် သုံးလတစ်ကြိမ် ၄၅၀ ကျပ်အစား ၉၀၀ ကျပ်သို့ တိုးမြှင့်ကာ ကောက်ခံလျက် ရှိသည်။

ယင်းသို့ တိုးမြှင့်လိုက်သည့် နှုန်းထားများအနက် လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် မြို့တွင်း ဆက်စပ် ၉ မြို့နယ်ဖြစ်သော  မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ ဒဂုံ၊ ရန်ကင်း၊ ကမာရွတ်မြို့နယ်တို့အားလုံးတွင် လက်ရှိသုံးလတစ်ကြိမ်  ၁၃၅၀ ကျပ်မှ ၁၈၀၀ ကျပ်သို့ လည်းကောင်း၊ ဆင်ဖြေဖုံးမြို့နယ် ၁၇ မြို့နယ် အနက် ၁၀ မြို့နယ်ဖြစ်သော ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ သာတေက၊ ဒေါပုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်မြို့ နယ်တို့တွင်  လက်ရှိ သုံးလတစ်ကြိမ် ၉၀၀ ကျပ်မှ  ၁၃၅၀ ကျပ်သို့ ထပ်မံ တိုးမြှင့်မည် ဖြစ်ကြောင်း သိရ သည်။ ကျန်ဆင်ခြေဖုံး ၇ မြို့နယ်ဖြစ်သော ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များနှင့် မြို့တွင်း ခြောက်မြို့နယ်မှာ ထပ်မံတိုးမြှင့် မည့်အထဲတွင် မပါဝင်ကြောင်း သိရသည်။

''အခု သန့်ရှင်းရေးဆောင်ရွက်ခ တိုးလိုက်တဲ့မြို့နယ်တွေမှာ အဲဒီမြို့နယ်တွေရဲ့ ဖွံ့ဖြိုးမှုအတိုင်းအတာ၊ လူနေမှုအဆင့်အတန်း၊ စီးပွားရေး လုပ်ငန်းများ များပြားလာမှု၊ အမှိုက် ထွက်ရှိမှုနှုန်းထားအပေါ် မူတည်ပြီး တိုးလိုက်တာဖြစ်ပါတယ်။ မြို့တွင်းနဲ့ ဆက်စပ်ကိုးမြို့ဆိုရင်လည်း ဖွံ့ဖြိုးမှု အတိုင်းအတာက၊ တိုးတက်လာ တဲ့ လူနေမှုအဆင့်အတန်းတွေက  မြို့တွင်းနဲ့ ဆက်စပ်နေတဲ့အတွက် အဲဒီမြို့နယ်တွေရဲ့ နှုန်းထားကို မြို့တွင်းနဲ့ တူညီအောင်လို့ ကျပ် ၁၃၅၀ အစား ကျပ် ၁၈၀၀ ကို ပြောင်းလဲလိုက်တာဖြစ်ပါတယ် ''ဟု  သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်သည့်အပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက ပြောကြားခဲ့သည်။

သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်သည့်အပေါ်တွင် အမှိုက်သိမ်းဝန်ဆောင်မှုများအား တိုးမြှင့် ပြုလုပ်ရန် အစီအစဉ်နှင့် ပတ်သက်၍ ''အမှိုက်သိမ်းမှုနဲ့ ပတ်သက်ပြီး အခုထက်ပိုပြီး ၀န်ဆောင်မှုပေးဖို့အတွက် ပထမ အပိုင်းက ၀ါးကပ် အမှိုက်ကန်တွေကို ဖျက်သိမ်းပြီး အမှိုက်ပုံးတွေ ချပေးမယ်။ ပြီးတော့ လူအင်အားထက် ကားအင်အားကို ပိုပြီးသုံးမှာဖြစ်ပြီး ကားအစီးရေ ၄၀ ထပ်ပြီးဝယ်မှာ ဖြစ်ပါတယ်'' ဟု ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောကြားခဲ့သည်။

''သန့်ရှင်းရေးဆောင်ရွက်ခ  တိုးမြှင့်တာနဲ့အတူ အမှိုက်သိမ်း ၀န်ဆောင်မှုတွေကို ဘယ်လိုတိုးမြှင့် ပေးမှာလဲ ။ ဆောင်ရွက်ခတိုးသလို ၀န်ဆောင်မှု ကောင်းတာကိုပဲ ပြန်ရချင်ပါတယ်။ အခုဆိုရင် သီးသန့် အမှိုက် အိပ်ဝယ်သုံးနေရတဲ့ ကုန်ကျစရိတ်ကလည်း ရှိနေပါတယ်''ဟု သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ အိမ်ရှင်တစ် ဦးက ပြော ကြားခဲ့သည်။

Eleven Media Groupရန်ကုန်မြို့ရှိ မြို့နယ် ၁၉ ခု ၏ သန့်ရှင်းရေးဆောင်ရွက်ခများကို လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေး ဌာန၏ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည့် စာနယ်ရှင်း လင်းပွဲမှ သိရှိရသည်။

ရန်ကုန်တစ်မြို့လုံး၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ယခု ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ယခင်နှုန်းထား၏ နှစ်ဆသို့ တိုးမြှင့်ခဲ့ပြီး မြို့တွင်း Down Town ခြောက်မြို့နယ်တွင် ယခင်သုံးလ တစ်ကြိမ် ကျပ် ၉၀၀ အစား ၁၈၀၀ ကျပ်သို့ လည်းကောင်း၊ မြို့တွင်းနှင့် ဆက်စပ်(၉) မြို့နယ်ဖြစ်သော မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ ကြည့်မြင်တိုင်စသည်တို့တွင် ယခင် သုံးလတစ်ကြိမ် ၆၇၅ ကျပ်အစား ၁၃၅၀ ကျပ်သို့လည်းကောင်း၊ ကျန် ဆင်ခြေဖုံး ၁၇ မြို့နယ်ဖြစ်သည့် ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း အရှေ့ ပိုင်း၊ တောင်ဥက္ကလာပ စသော မြို့နယ်များတွင် ယခင် သုံးလတစ်ကြိမ် ၄၅၀ ကျပ်အစား ၉၀၀ ကျပ်သို့ တိုးမြှင့်ကာ ကောက်ခံလျက် ရှိသည်။

ယင်းသို့ တိုးမြှင့်လိုက်သည့် နှုန်းထားများအနက် လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် မြို့တွင်း ဆက်စပ် ၉ မြို့နယ်ဖြစ်သော မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ ဒဂုံ၊ ရန်ကင်း၊ ကမာရွတ်မြို့နယ်တို့အားလုံးတွင် လက်ရှိသုံးလတစ်ကြိမ် ၁၃၅၀ ကျပ်မှ ၁၈၀၀ ကျပ်သို့ လည်းကောင်း၊ ဆင်ဖြေဖုံးမြို့နယ် ၁၇ မြို့နယ် အနက် ၁၀ မြို့နယ်ဖြစ်သော ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ သာတေက၊ ဒေါပုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်မြို့ နယ်တို့တွင် လက်ရှိ သုံးလတစ်ကြိမ် ၉၀၀ ကျပ်မှ ၁၃၅၀ ကျပ်သို့ ထပ်မံ တိုးမြှင့်မည် ဖြစ်ကြောင်း သိရ သည်။ ကျန်ဆင်ခြေဖုံး ၇ မြို့နယ်ဖြစ်သော ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များနှင့် မြို့တွင်း ခြောက်မြို့နယ်မှာ ထပ်မံတိုးမြှင့်မည့်အထဲ တွင် မပါဝင်ကြောင်း သိရသည်။

''အခု သန့်ရှင်းရေးဆောင်ရွက်ခ တိုးလိုက်တဲ့မြို့နယ်တွေမှာ အဲဒီမြို့နယ်တွေရဲ့ ဖွံ့ဖြိုးမှုအတိုင်းအတာ၊ လူနေမှုအဆင့်အတန်း၊ စီးပွားရေး လုပ်ငန်းများ များပြားလာမှု၊ အမှိုက် ထွက်ရှိမှုနှုန်းထားအပေါ် မူတည်ပြီး တိုးလိုက်တာဖြစ်ပါတယ်။ မြို့တွင်းနဲ့ ဆက်စပ်ကိုးမြို့ဆိုရင်လည်း ဖွံ့ဖြိုးမှု အတိုင်းအတာက၊ တိုးတက်လာ တဲ့ လူနေမှုအဆင့်အတန်းတွေက မြို့တွင်းနဲ့ ဆက်စပ်နေတဲ့အတွက် အဲဒီမြို့နယ်တွေရဲ့ နှုန်းထားကို မြို့တွင်းနဲ့ တူညီအောင်လို့ ကျပ် ၁၃၅၀ အစား ကျပ် ၁၈၀၀ ကို ပြောင်းလဲလိုက်တာဖြစ်ပါတယ် ''ဟု သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်သည့်အပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက ပြောကြားခဲ့သည်။

သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်သည့်အပေါ်တွင် အမှိုက်သိမ်းဝန်ဆောင်မှုများအား တိုးမြှင့် ပြုလုပ်ရန် အစီအစဉ်နှင့် ပတ်သက်၍ ''အမှိုက်သိမ်းမှုနဲ့ ပတ်သက်ပြီး အခုထက်ပိုပြီး ၀န်ဆောင်မှုပေးဖို့အတွက် ပထမ အပိုင်းက ၀ါးကပ် အမှိုက်ကန်တွေကို ဖျက်သိမ်းပြီး အမှိုက်ပုံးတွေ ချပေးမယ်။ ပြီးတော့ လူအင်အားထက် ကားအင်အားကို ပိုပြီးသုံးမှာဖြစ်ပြီး ကားအစီးရေ ၄၀ ထပ်ပြီးဝယ်မှာ ဖြစ်ပါတယ်'' ဟု ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောကြားခဲ့သည်။

''သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်တာနဲ့အတူ အမှိုက်သိမ်း ၀န်ဆောင်မှုတွေကို ဘယ်လိုတိုးမြှင့် ပေးမှာလဲ ။ ဆောင်ရွက်ခတိုးသလို ၀န်ဆောင်မှု ကောင်းတာကိုပဲ ပြန်ရချင်ပါတယ်။ အခုဆိုရင် သီးသန့် အမှိုက် အိပ်ဝယ်သုံးနေရတဲ့ ကုန်ကျစရိတ်ကလည်း ရှိနေပါတယ်''ဟု သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ အိမ်ရှင်တစ် ဦးက ပြော ကြားခဲ့သည်။

From : Eleven Media Group

No comments:

Post a Comment