Wednesday 12 December 2012

အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်မည်

အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်မည်
Wednesday, 12 December 2012 

အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ်သည် ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အဖြစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှစ၍ သုံးရက်ကြာ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

ဆယ်လ်မန်ခါရှစ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့်
နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆယ်လ်မန်ခါရှစ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့သို့လည်း
သွားရောက် လည်ပတ်မည်ဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ
တွေ့ဆုံဆွေးနွေးပွဲကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဆယ်လ်မန်ခါရှစ်သည် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန တိုင်းတာရေးအဖွဲ့မှ  ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်
လျက်ရှိသည့် ပုဂံမြို့ရှိ အာနန္ဒာဘုရားသို့လည်း သွားရောက် ဖူးမျှော်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဆယ်လ်မန်ခါရှစ်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေရန်အတွက်လည်း စီစဉ်ထားကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ လှူဒါန်းသော ရွှေတိဂုံ
စေတီတော်တွင် အပူဇော်ခံထားရှိသည့် ၁၆ ပေ အမြင့်ရှိ ဓမ္မစကြာ မုဒြာသဲကျောက် ဗုဒ္ဓဆင်းတုတော်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် 
၎င်းက လွှဲပြောင်းပေးအပ်မည် ဖြစ်သည်။

''ပြည်ပရေးရာဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးအပေါ်မှာ ဘယ်လောက်ထိ အလေး
ထားတယ် ဆိုတာကို ထပ်မံပြသတာပဲ ဖြစ်ပါတယ်''ဟု   ပြည်ပရေးရာ
ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆာအစ်အာဘာရုဒင်က ပြောပါသည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ကျင်းပမည့် အိန္ဒိယ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိကြောင်းလည်း သိရသည်။

Eleven Media Groupအိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ်သည် ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် အဖြစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှစ၍ သုံးရက်ကြာ လာရောက် လည်ပတ် မည်ဖြစ်ကြောင်း သိရသည်။
ဆယ်လ်မန်ခါရှစ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် နေပြည်တော် တွင် တွေ့ ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဆယ်လ်မန်ခါရှစ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့သို့လည်းသွားရောက် လည်ပတ်မည်ဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာတွေ့ဆုံဆွေးနွေးပွဲကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဆယ်လ်မန်ခါရှစ်သည် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန တိုင်းတာရေးအဖွဲ့မှ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည့် ပုဂံမြို့ရှိ အာနန္ဒာဘုရားသို့လည်း သွားရောက် ဖူးမျှော်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဆယ်လ်မန်ခါရှစ်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေရန်အတွက်လည်း စီစဉ်ထားကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ လှူဒါန်းသော ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံထားရှိသည့် ၁၆ ပေ အမြင့်ရှိ ဓမ္မစကြာ မုဒြာသဲကျောက် ဗုဒ္ဓဆင်းတုတော်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၎င်းက လွှဲပြောင်းပေးအပ်မည် ဖြစ်သည်။

''ပြည်ပရေးရာဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးအပေါ်မှာ ဘယ်လောက်ထိ အလေးထားတယ်ဆိုတာကို ထပ်မံပြသတာပဲ ဖြစ်ပါတယ်''ဟု ပြည်ပရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆာအစ်အာဘာရုဒင် က ပြောပါသည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ကျင်းပမည့် အိန္ဒိယ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိကြောင်းလည်း သိရသည်။

Eleven Media Group


No comments:

Post a Comment