လက်ဖက်လုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်နေသော ပလောင်တိုင်းရင်း သား များ၏ ရွှေဖီလက်ဖက် ရာသီအတွင်း အစိုးရနှင့် နှစ်ဖက်ထိတွေ့မှု တိုက်ပွဲများကို လျှော့ချသွားမည် ဖြစ်ကြောင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
Tuesday, 11 March 2014
မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် ပျောက်ဆုံးခဲ့သော်လည်း ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်များ ပုံမှန်အတိုင်း သွားလာ

မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး မတ်လ ၈ ရက်နေ့က ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သော်လည်း မြန်မာနှင့် မလေးရှားသွား လေယာဉ်စီး ခရီးသည်များ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း Malaysia Airlines မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယူကရိန်းစစ်စခန်းတွေ ရုရှားဆက်လက်သိမ်းပိုက်

ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံပိုင်၊ ခရိုင်းမီးယားဒေသတွင်းက ယူကရိန်းစစ်အခြေစိုက်စခန်းတွေကို ဆက်လက်သိမ်းပိုက်နေ တယ်လို့ ယူဆရတဲ့ ရုရှားတပ်။
ရုရှားနိုင်ငံကိုလိုလားတဲ့ တပ်ဖွဲ့တွေက ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်းစစ်စခန်းတွေကို သိမ်းပိုက်လိုက်ပြီး တဲ့နောက် ယူကရိန်းနိုင်ငံက လက်ယာအစွန်းရောက် တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်ကိုလိုလားနေတဲ့ ယူကရိန်းအစိုးရတို့ဟာ နိုင်ငံအရှေ့ပိုင်း ခရိုင်းမီးယားဒေသရဲ့ အခြေအနေတွေ ဖရိုဖရဲဖြစ်အောင် ဖန်တီးနေ တယ်လို့ ရုရှားက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် တဦးတည်းပြိုင် တဦးတည်း အရွေးခံရ

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong ရွေးကောက်ပွဲအတွက် the Kim Il Sung တက္ကသိုလ်ကို ရောက်ရှိစဉ်။ (မတ် ၉၊ ၂၀၁၄)
မြောက်ကိုရီးယားနိုင်ငံမှာ အဆင့်အမြင့်ဆုံးဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ဦးစီးပြည်သူ့လွှတ်တော်ရွေးကောက် ပွဲမှာ နိုင်ငံ့ခေါင်းဆောင် Kim Jong Un ကို သူ့မဲဆန္ဒနယ်က မဲထည့်ဝင်သူအားလုံးက သူ့ကိုထောက်ခံ မဲပေးပြီး ရွေးချယ်လိုက်ပါတယ်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ Crimea ပြင်ဆင်

ရုရှားလိုလားသူ ခရိုင်းမီးယားဝန်ကြီးချုပ် Sergei Askyonov (လယ်)
ယူကရိန်းနိုင်ငံ Crimea ဒေသ အာဏာပိုင်တွေက ရုရှားနဲ့ပူးပေါင်းဖို့ ရှေ့တိုးလုပ်ဆောင်နေတဲ့အချိန်မှာပဲ Crimea ဒေသကို ရုရှားတပ်ဖွဲ့တွေကို ပိုမို တင်းကြပ် ချုပ်ကိုင်လာနေပြီ ဖြစ်ပါတယ်။
ဖိလစ်ပိုင်မှာ ကွန်မြူနစ် သူပုန်တွေ တိုက်ခိုက်

ကွန်မြူနစ် သူပုန် New People Army အဖွဲ့ဝင်အချို့
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ကွန်မြူနစ် သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲနဲ့ စစ်တပ်က လုံခြုံရေး တပ်ဖွဲ့ဝင် ၉ ဦး ထက်မနည်း သေဆုံးသွားပါတယ်။
ဗီယက်နမ်ကမ်းလွန်ပိုင်း လောင်စာဆီကွက် ပျောက်ဆုံးလေယာဉ်နဲ့ မပတ်သက်

ကယ်ဆယ်ရေးအရာရှိတွေနဲ့ သတင်းထောက်တွေ ဗီယက်နပ်လေတပ်က ရှာဖွေရေးယာဉ်ရှေ့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ လိုက်ပါဖို့ စုစည်းနေစဉ်
မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ်တစီး ဘာ့ကြောင့်မှန်းမသိ ရုတ်တရက်ကွယ်ပျောက် သွားတဲ့ ကိစ္စက ပိုပြီး စဉ်းစားရကြပ်လာပြီး ဗီယက်နမ်ကမ်းရိုးတန်းမှာတွေ့ရတယ်ဆိုတဲ့ ရေပြင်ပေါ် ကလောင် စာ ဆီတွေက ပျောက်ဆုံးသွားတဲ့လေယာဉ်နဲ့ မသက်ဆိုင်ဘူးလို့ ဒီကိစ္စကို ဖော်ထုတ် စုံစမ်းနေ သူတွေက ကောက်ချက်ချလိုက်ပါတယ်။
လယ်မြေပြဿနာ ဖြေရှင်းပေးဖို့ ဆန္ဒပြသူများ ထောင်ဒဏ်ကျခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာနဲ့ ကံကြီးကုန်းကျေးရွာက လယ်ယာမြေပြဿနာ ဖြေရှင်းပေး ဖို့ ဆန္ဒပြခဲ့ကြတဲ့ တောင်သူ သုံးဦးကို ရွှေဘိုခရိုင်တရားရုံးက ဒီနေ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
နွားထိုးကြီးမြို့နယ် NLD ပါတီဝင်များ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။
ဇနီးနှင့်စကားများ၍ ခင်ပွန်းက ဆွဲကြိုးချသေဆုံးဟုဆို
လှည်းကူးမြို့နယ်တွင် ဇနီးဖြစ်သူနှင့် စကားများသည့် ခင်ပွန်းသည် ဆွဲကြိုးချသေဆုံးခဲ့မှု မတ်လ ၉ ရက်နေ့ ကဖြစ်ပွားခဲ့သည်။
သံလွင်မြစ်ကူး စက်လှေမှောက်ရာ ကျောင်းဆရာမ တစ်ဦးနှစ်မြုပ် ပျောက်ဆုံး
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကမမောင်းမြို့နယ်ခွဲမှ လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာသို့အပြန် စက်လှေ တိမ်းမှောက်၍ နှစ်မြုပ်ပျောက်ဆုံးမှုတစ်ခုဖြစ်ပွားခဲ့သည်။
ဘားအံဆွေးနွေးပွဲ ကျင်းပမည့်အချိန် ဧပြီလဆန်းမှသာ သတ်မှတ်မည်

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုရန်အတွက် အပြီးသတ် ဆွေးနွေးမည့် ဘားအံငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် အချိန်ကို အစိုးရနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဧပြီလဆန်းတွင် ထပ်မံ တွေ့ဆုံပြီးမှသာ သတ်မှတ်နိုင်မည် ဖြစ်ကြောင်း တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
စေတနာ မှန်ကို နား လည်ရင် ၂၀၁၅ ဆိုတာ ဂရုစိုက်စရာ မဟုတ် ဟု ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင် တို့ဆို

ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ၂ဝ၁၅ရွေးကောက် ပွဲတွင် ရှုံးနိမ့်ခဲ့ပါကလည်း ပြည်သူ ကို ဂရုမစိုက်စရာ အကြောင်းမရှိဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားလိုက်သည်။
ထောက်ပံ့ရေး လျှော့ချမှုကြောင့် စစ်ရှောင်ဒုက္ခသည် လေးသိန်းကျော် အခက်ကြုံ

ငြိမ်းချမ်းရေးလုပ်ငန်း စတင် အကောင်ထည် ဖော်သည့် အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူထားပြီး နိုင်ငံရေး ဆွေးနွေးမှု မပြီးသေးသည့် အချိန်တွင် နိုင်ငံတကာမှ ကူညီပေးသော အဖွဲ့အစည်းများက ဒုက္ခသည် စခန်းများနှင့် I.D.P (နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်သူများ) စခန်းများတွင် နေထိုင်သူ လေးသိန်းကျော်ကို ထောက်ပံ့ မှုများ လျှော့ချမှုကြောင့် အခက်အခဲ ကြုံတွေ့ရလျက် ရှိကြောင်း ဒုက္ခသည် စခန်းများထံမှ စုံစမ်း သိရှိရသည်။
အခွန်တံဆိပ် မပါသည့် ပြည်တွင်းထုတ် အရက်၊ ဘီယာများ သိမ်းဆည်းမည်
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အရက်ချက် စက်ရုံများကို ယခု သီတင်းပတ် အတွင်း လိုက်လံ စစ်ဆေးမည် ဖြစ်ပြီး အခွန် အမှတ်တံဆိပ်များ မပါရှိပါက ပစ္စည်းများ သိမ်းဆည်းမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
ပျောက်ဆုံးနေသော လေယာဉ်ရှာဖွေနေစဉ် အသက်ကယ်လှေ တစ်စင်းဖြစ် ဖွယ်ရှိသည့် သဲလွန်စကို တွေ့ရှိခဲ့သဖြင့် စုံစမ်းနေကြောင်း မလေးရှား ပြောကြား

(ပျောက်ဆုံးနေသော လေယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များအား AFP သတင်းဌာနမှ ဖော်ပြထားသော ဂရပ်ဖစ်ပုံ)
ပျောက်ချင်းမလှ ပျောက်သွားခဲ့သော မလေးရှားလေကြောင်း လိုင်းလေယာဉ် ကို နိုင်ငံတကာက ၀ိုင်းဝန်း ရှာဖွေနေစဉ် အသက်ကယ်လှေတစ်စင်း ဖြစ်နိုင်ဖွယ်ရှိသည့် အရာဝတ္ထုတစ်ခုကို တွေ့ရှိခဲ့သဖြင့် စုံစမ်းရန် သင်္ဘောများ စေလွှတ်ထားကြောင်း မလေးရှားက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
အရက်ကို အခွန် ၅၀ ရာခိုင်နှုန်းနှင့် စီးကရက်အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ရန် လွှတ်တော် ဆုံးဖြတ်
အစိုးရက ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းထားသော ပြည်ထောင်စု အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းပါ အထူး ကုန်စည်များ အခွန်ကောက်ခံခွင့် ဆိုင်ရာ အခန်းတွင် ပါရှိသော အရက်နှင့် ဆေးဝါး အမျိုးမျိုး (ဆေးရွက်ကြီး ထွက်ကုန်) ကို ၅၀ ရာခိုင်နှုန်း အခွန် ကောက်ခံရန်နှင့် ဆေးလိပ်နှင့် စီးကရက်များကို ၁၀၀ ရာခိုင်နှုန်း အခွန် ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
အော်ရီဒူးဖုန်းကတ် ဝယ်ယူရန် ကြိုတင် လျှောက်လွှာ တင်ခိုင်းထားခြင်း မရှိ

အော်ရီဒူးမြန်မာက ဇူလိုင်လအတွင်း စတင် ရောင်းချမည့် ဆင်းမ်ကတ်များ ဝယ်ယူနိုင်ရန် ပြင်ပ မိုဘိုင်းလ် ဖုန်းဆိုင်များတွင် ကြိုတင် လျှောက်လွှာဖြင့် လျှောက်ထားခိုင်းခြင်း မရှိကြောင်း အော်ရီဒူး မြန်မာမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး စံချိန်တင်ကြာမြင့်ခဲ့ပြီး ည ၈ နာရီခန့်အထိ ကျင်းပခဲ့

မတ် ၁၀ ရက် ည ၈ နာရီခန့်အထိ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှ ပြန်ဆင်း လာကြသော လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်
လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း မတ် ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေးသည် စံချိန်တင်ကြာမြင့်ခဲ့ပြီး ည ၇ နာရီ ၄၅ အချိန်အထိ ကျင်းပခဲ့သည်။
အခွန်မပေးဆောင်သော ကုမ္ပဏီတစ်သောင်းကျော်ရှိနေပြီး ဦးတေဇ၏ AGD ဘဏ်၊ Mr. Serge Pun ၏ ရိုးမဘဏ်အပါအ၀င် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးအချို့ ပါဝင်
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် အခွန်စည်းကြပ်မှု မပြုရသေးသော ကုမ္ပဏီ ၁၀၀၀၀ ကျော်ရှိနေပြီး AGD ဘဏ်၊ Yoma ဘဏ်အပါအ၀င် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးအချို့ ပါဝင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ထားမှုအရ သိရသည်။
Subscribe to:
Posts (Atom)