Friday 28 November 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီဆိုင်ရာ ၀န်ကြီး H.E.Mr. Nikolay, P. Patrushev အား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ ဆိုင်ရာ ၀န်ကြီး H.E.Mr. Nikolay, P. Patrushev အား လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီဆိုင်ရာ ၀န်ကြီး H.E. Mr. Nikolay, P. Patrushev နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Pospelove နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံလုံခြုံရေးနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန် အလှန် ဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လုံခြုံရေးကောင်စီဆိုင်ရာဝန်ကြီး H.E. Mr. Nikolay, P. Patrushev တို့သည် အဖွဲ့ဝင် များနှင့်အတူ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment