Tuesday, 18 March 2014

Mister & Miss University 2014 ပြိုင်ပွဲဝင် ကျောင်းသား တစ်ဦးဖြစ် သူ မောင်ကျော်ဇောဟိန်း၏ နောက်ဆုံး စစ်ဆေးချက်ထွက်ရှိလာ

မြန်မာပြည်တစ်နံတစ်လျားမှ အများပြည်သူများ စိတ်အဝင်စားဆုံး သတင်းတစ်ပုဒ်ဖြစ်သည့် Mister & Miss University 2014 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်နေစဉ် သေဆုံးခဲ့သော ပြိုင်ပွဲဝင် ကျောင်းသားတစ်ဦးဖြစ်သူ မောင်ကျော်ဇောဟိန်း၏ သေဆုံးမှု အမှုမှန်ပေါ်ပေါက်လာရေး အတွက်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေရာ နောက်ဆုံး စစ်ဆေးချက် များ ထွက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ ၄င်းကိစ္စနှင့် ပတ်သက်ပြီး သေဆုံးသူမောင်ကျော်ဇောဟိန်း၏ အစ်ကိုရင်းဖြစ်သူ ကိုအောင်ကိုကိုအား ဆက်သွယ်မေးမြန်းကြည့်ရာ..

" ပြောချင်တိုင်းတော့ပြောလို့မရဘူး။ အခုလက်ရှိ ရုံးမှာတော့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း သွားနေ တယ် ဆိုတော့ တချို့စကားတွေပြောလိုက်ရင်ရုံးတော်ကို မထီမဲ့ မြင်ဖြစ်သွားမှာလည်း ဆိုးတယ်။ အစ်ကိုပြောချင်တာလေးတွေလည်း ရှိတယ်။ မနေ့ကဆိုရင် အစ်ကို့မိဘတွေကအစ တရားရုံးမှာ ဆေးစာကိုလျှောက်လာခဲ့တယ်။ ရလည်းရလာခဲ့တယ်။ ဆေးစာမှာလည်း ပြင်ပဒဏ်ရာလေးတွေ အများကြီးတွေ့ရတယ်။ အနှေးနဲ့ အမြန်ကတော့ တရားခံကိုမိမှာပါ။

အစ်ကိုတို့ဘက်ကတော့တရားရုံးရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အနှောင့်အယှက်ဖြစ်မယ့် ကိစ္စမျိုးမပြောချင်ဘူး။ မလုပ်ချင်ပါဘူး။ မပတ်သက်တဲ့သူတွေကိုလည်း မထိခိုက်စေချင်ပါဘူး။
အခုဆေးစစ်ချက်မှာတွေ့ရှိ တာကတော့ ပြင်ပဒဏ်ရာက ငါးချက်၊ ခြောက်ချက်လောက်တော့ ရေးထားတယ်။ တံတောင်ဆစ်နှစ်ဖက်စလုံး ဒူးနှစ်ဖက်စလုံး၊ ကျောကုန်းတို့ အဲဒီလိုမျိုးရေး ထားတယ်။

အစ်ကိုတို့က ဥပဒေနဲ့ဆန့်ကျင်ပြီးတော့ မပြောချင်ဘူး။ တရားရုံးက လက်ရှိလုပ်ဆောင်နေတဲ့ အတွက် တရားရုံးကို လွှမ်းမိုးပြီးတော့ မပြောချင်ဘူး။ အစ်ကိုတို့ကတော့အဖြစ်မှန်ကို ပေါ်စေချင်တယ်။ ဘယ်သူ့ ကိုမှ မနစ်နာစေချင်ပါဘူး။ တရားရုံးက လုပ်ဆောင်စစ်ဆေးနေတာ ကိုပဲ အစ်ကိုတို့က ကူညီသွားမှာပါ။ အဖြစ်မှန်လည်းပေါ်မယ်လို့ ယုံကြည်ပါတယ်။ အမှန်တရား ပဲဖြစ်စေ ချင်တယ်။ ရုံးချိန်းက မတ်လ ၁၇ ရက်နေ့မှာ ဆိုတော့ ထပ်ပြီးစစ်ဆေးမှုတွေ ပြုလုပ် ဖို့တော့ရှိပါတယ်" ဟု ရှင်းလင်းပြောကြားသွားခဲ့သည်။

Popular Journal

No comments:

Post a Comment