Wednesday 2 October 2013

မန်ယူ သို့ မပြောင်းမီ အာဆင်နယ် တွင် ရော်နယ်ဒို လေ့ကျင့် ခဲ့

Photo: မန်ယူ သို့ မပြောင်းမီ အာဆင်နယ် တွင် ရော်နယ်ဒို လေ့ကျင့် ခဲ့
Wednesday, October 2, 2013

အာဆင်နယ် မှာ ၎င်းတို့ အသင်း သမိုင်းတွင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ကို ခေါ်ယူ ရန် နီးစပ် ခဲ့ပြီးမှ လက်လွတ် ခဲ့ရကြောင်း နည်းပြ အာစင်ဝင်းဂါး က ၀န်ခံ ခဲ့သည်။ စပို့တင်း လစ္စဘွန်း ကစားသမား ရော်နယ်ဒို မှာ မန်ယူ နှင့် စာချုပ် မချုပ်ဆို မီ အာဆင်နယ် တွင် တစ်ပတ် ကြာ လာရောက် လေ့ကျင့် ခဲ့ပြီး ဖာဂူဆန် ၏ လက်ထောက် နည်းပြ ကားလို့စ် ကွီးရော့ဇ် ကြောင့် မန်ယူ သို့ ရောက်ရှိ ခဲ့ခြင်း ဟု အာစင်ဝင်းဂါး က ရှင်းလင်း သွားခဲ့သည်။

အာစင်ဝင်းဂါး က “ ကျွန်တော် တို့ အသင်းကို ရော်နယ်ဒို လာရောက် လေ့ကျင့် ခဲ့ပြီး အဲဒီ အချိန်တုန်းက နံပါတ် ( ၉ ) ဂျာစီ ကို သူဝတ် ခဲ့တာပါ။ ကျွန်တော်တို့ အသင်း ကို ပြောင်း လာဖို့ လည်း နီးစပ် ခဲ့ပါတယ်။ ဒါပေမဲ့ ကားလို့စ် ကွီရော့ဇ် ၀င်ရှုပ် ခဲ့ပြီးတဲ့ နောက်မှာ တော့ ရော်နယ်ဒို တစ်ယောက် မန်ယူ ကို ပြောင်းဖို့ ဆုံးဖြတ် ခဲ့တာပါ” ဟု ပြော ထား သည်။ ရော်နယ်ဒို မှာ လက်ရှိ အချိန်တွင် ရီးရဲလ် ၌ တစ်နှစ် လုပ်ခ ယူရို သန်း ( ၂၀ ) ကျော် ရရှိ နေပြီး ကမ္ဘာ့ လုပ်ခ လစာ အများဆုံး ကစား သမား အဖြစ် ရပ်တည် နေနိုင် သူ ဖြစ်သည်။

Football Cafe
အာဆင်နယ် မှာ ၎င်းတို့ အသင်း သမိုင်းတွင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ကို ခေါ်ယူ ရန် နီးစပ် ခဲ့ပြီးမှ လက်လွတ် ခဲ့ရကြောင်း နည်းပြ အာစင်ဝင်းဂါး က ၀န်ခံ ခဲ့သည်။
စပို့တင်း လစ္စဘွန်း ကစားသမား ရော်နယ်ဒို မှာ မန်ယူ နှင့် စာချုပ် မချုပ်ဆို မီ အာဆင်နယ် တွင် တစ်ပတ် ကြာ လာရောက် လေ့ကျင့် ခဲ့ပြီး ဖာဂူဆန် ၏ လက်ထောက် နည်းပြ ကားလို့စ် ကွီးရော့ဇ် ကြောင့် မန်ယူ သို့ ရောက်ရှိ ခဲ့ခြင်း ဟု အာစင်ဝင်းဂါး က ရှင်းလင်း သွားခဲ့သည်။

အာစင်ဝင်းဂါး က “ ကျွန်တော် တို့ အသင်းကို ရော်နယ်ဒို လာရောက် လေ့ကျင့် ခဲ့ပြီး အဲဒီ အချိန်တုန်းက နံပါတ် ( ၉ ) ဂျာစီ ကို သူဝတ် ခဲ့တာပါ။ ကျွန်တော်တို့ အသင်း ကို ပြောင်း လာဖို့ လည်း နီးစပ် ခဲ့ပါတယ်။ ဒါပေမဲ့ ကားလို့စ် ကွီရော့ဇ် ၀င်ရှုပ် ခဲ့ပြီးတဲ့ နောက်မှာ တော့ ရော်နယ်ဒို တစ်ယောက် မန်ယူ ကို ပြောင်းဖို့ ဆုံးဖြတ် ခဲ့တာပါ” ဟု ပြော ထား သည်။ ရော်နယ်ဒို မှာ လက်ရှိ အချိန်တွင် ရီးရဲလ် ၌ တစ်နှစ် လုပ်ခ ယူရို သန်း ( ၂၀ ) ကျော် ရရှိ နေပြီး ကမ္ဘာ့ လုပ်ခ လစာ အများဆုံး ကစား သမား အဖြစ် ရပ်တည် နေနိုင် သူ ဖြစ်သည်။

Football Cafe

No comments:

Post a Comment