Sunday 20 October 2013

ပန်းဆိုးတန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား

Photo: ပန်းဆိုးတန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား
Sunday, October 20, 2013

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာရှိတဲ့ Samsung Show Room မှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမားတွေ ဒဏ်ရာရရှိခဲ့ကြပါတယ်။

မီးအားအတက်အကျကြောင့် ၀ါယာရှော့ဖြစ်ရာကနေ စတင် မီးလောင်ကျွမ်းတာဖြစ်တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်အတွင်း ဆိုင်အောက်ဘက်မှာ လောင်ကျွမ်းနေတဲ့ မီးကို ငြှိမ်းသတ်နေစဉ်မှာ ဆိုင်ရဲ့ ထပ်ခိုးခန်းကို မီးကူးစပ်ခဲ့ပြီး အပေါ်ထပ်ကို တက်တဲ့ လှေခါး မီးလောင်ကျွမ်းခဲ့တာကြောင့် မီးသတ်ဝန်ထမ်းတဦး လှေကားပေါ်ကနေပြုတ်ကျပြီး ပခုံးအဆစ်ပြုတ်ထွက်တဲ့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မီးခိုးငွေ့တွေ အဆက်မပြတ် ထွက်နေတာကြောင့်လည်း မီးခိုးမွှန်ပြီး မေ့လဲခဲ့တဲ့ မီးသတ်သမားတွေနဲ့ အရပ်သားအချို့ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။

ဆိုင်အတွင်းမှာ တီဗွီ၊ ရေခဲသေတ္တာစတဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ပြည့်နေတဲ့ အတွက် မီးငြှိမ်းသတ်ဖို့ အခက်အခဲဖြစ်ခဲ့ပြီး အောက်တိုဘာ ၁၉ ရက် မနက် ၁ နာရီလောက်မှာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး အချိန် ၅ နာရီလောက် မီးငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုဖြစ်စဉ်ကို ထိန်းချုပ်နိုင်ဖို့ မီးသတ်ကား အစီးရေ ၃၀ လောက်ကို အသုံးပြုခဲ့တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

“မီးက များတာမဟုတ်ပါဘူး။ ထပ်ခိုးပေါ်မှာ ပစ္စည်းတွေအများကြီးထည့်ထားတော့ ရေခဲသေတ္တာတွေ ဘာတွေက လှိုက်ပြီး လောင်နေတာပါ။ လှေခါးကလည်း တက်လို့ မရဘူး ပိတ်နေတယ်။ ဘယ်ကမှ ၀င်လို့မရဘဲ မီးက အထဲမှာ လှိုက်လောင်နေတာပါ။ ရှေ့ကဖောက်၊ နောက်ကဖောက်နဲ့ တော်တော်လုပ်ယူရတယ်။ ဒုက္ခပေးတာက မီးခိုးပါ။

ပန်းဆိုးတန်း မီးလောင်မှုကို မီးငြှိမ်းသတ်နေစဉ် အောက်တိုဘာလ ၁၉ ရက် မနက် ၁ နာရီလောက်မှာလည်း ရွှေဘုံသာလမ်း အောက်ဘလောက် အိမ်အမှတ် ၅၆ မှာလည်း မီးအားမြှင့်စက် ၀ါယာလျှော့ဖြစ်ရာမှ မီးလောင်မှုတခု ထပ်မံဖြစ်ပွားခဲ့ပြီး အဲဒီမီးကိုတော့ မိနစ်ပိုင်းအတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီမီးလောင်မှု ဖြစ်စဉ်တွေကနေ ဆုံးရှုံးခဲ့တဲ့ တန်ဖိုးကို သက်ဆိုင်ရာက တွက်ချက်နေဆဲ ဖြစ်ပါတယ်။

ကောင်းထက်ကျော်
(ဒီဗွီဘီ)
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာရှိတဲ့ Samsung Show Room မှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမားတွေ ဒဏ်ရာရရှိခဲ့ကြပါတယ်။
မီးအားအတက်အကျကြောင့် ၀ါယာရှော့ဖြစ်ရာကနေ စတင်မီးလောင်ကျွမ်းတာဖြစ်တယ်လို့ မီးသတ်အရာရှိ တဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်အတွင်း ဆိုင်အောက်ဘက်မှာ လောင်ကျွမ်းနေတဲ့မီးကို ငြှိမ်းသတ်နေစဉ်မှာဆိုင်ရဲ့ ထပ်ခိုး ခန်းကို မီးကူးစပ်ခဲ့ပြီး အပေါ်ထပ်ကိုတက်တဲ့ လှေခါး မီးလောင်ကျွမ်းခဲ့တာကြောင့် မီးသတ်ဝန်ထမ်း တဦး လှေကားပေါ်ကနေပြုတ်ကျပြီး ပခုံးအဆစ်ပြုတ်ထွက်တဲ့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မီးခိုးငွေ့တွေ အဆက်မပြတ် ထွက်နေတာကြောင့်လည်း မီးခိုးမွှန်ပြီး မေ့လဲခဲ့တဲ့ မီးသတ်သမားတွေနဲ့ အရပ်သား  အချို့ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။

ဆိုင်အတွင်းမှာ တီဗွီ၊ ရေခဲသေတ္တာစတဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ပြည့်နေတဲ့ အတွက် မီးငြှိမ်းသတ်ဖို့ အခက်အခဲဖြစ်ခဲ့ပြီး အောက်တိုဘာ ၁၉ ရက် မနက် ၁ နာရီလောက်မှာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး အချိန် ၅ နာရီလောက် မီးငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုဖြစ်စဉ်ကို ထိန်းချုပ်နိုင်ဖို့ မီးသတ်ကား အစီးရေ ၃၀ လောက်ကို အသုံးပြုခဲ့တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

“မီးက များတာမဟုတ်ပါဘူး။ ထပ်ခိုးပေါ်မှာ ပစ္စည်းတွေအများကြီးထည့်ထားတော့ ရေခဲသေတ္တာတွေ ဘာတွေက လှိုက်ပြီး လောင်နေတာပါ။ လှေခါးကလည်းတက်လို့မရဘူး ပိတ်နေတယ်။ ဘယ်ကမှ ၀င်လို့ မ ရဘဲ မီးက အထဲမှာ လှိုက်လောင်နေတာပါ။ ရှေ့ကဖောက်၊ နောက်ကဖောက်နဲ့ တော်တော် လုပ်ယူ ရတယ်။ ဒုက္ခပေးတာက မီးခိုးပါ။

ပန်းဆိုးတန်း မီးလောင်မှုကို မီးငြှိမ်းသတ်နေစဉ် အောက်တိုဘာလ ၁၉ ရက် မနက် ၁ နာရီလောက် မှာလည်း ရွှေဘုံသာလမ်း အောက်ဘလောက် အိမ်အမှတ် ၅၆ မှာလည်း မီးအားမြှင့်စက် ၀ါယာလျှော့ဖြစ် ရာမှ မီးလောင်မှုတခု ထပ်မံဖြစ်ပွားခဲ့ပြီး အဲဒီမီးကိုတော့ မိနစ်ပိုင်းအတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါ တယ်။ ဒီမီးလောင်မှု ဖြစ်စဉ်တွေကနေ ဆုံးရှုံးခဲ့တဲ့ တန်ဖိုးကို သက်ဆိုင်ရာက တွက်ချက်နေဆဲ ဖြစ် ပါတယ်။

ကောင်းထက်ကျော်
(ဒီဗွီဘီ)

No comments:

Post a Comment