Thursday 25 July 2013

တရုတ် ကမ်းရိုးတန်း ကင်းလှည့်ရေ ယာဉ် မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေး ခရီးရောက်ရှိလာ...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိလာသော တရုတ်ကမ်းရိုးတန်း ကင်းလှည့်ရေယာဉ်ဟိုင်ရွှန်း (01) သည် မြန်မာနိုင်ငံကိုဇူလိုင်လ(၂၄)ရက် နေ့၊ညနေ(၃)နာရီတွင် ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို ဆိုက်ရောက်လာမည်ဟုသိရသည်။

ထိုတရုတ်ကမ်းရိုးတန်းရေယာဉ်သည် မြန်မာနိုင်ငံတွင် ဇူလိုင်လ(၂၄) ရက် မှ (၂၇)ရက်အထိလည်ပတ် မည်ဖြစ်သည်။ဟိုင်ရွှန်း (01)သည် ချစ်ကြည်ရေးခရီးစဉ်အနေနှင့် (၆၂) ရက် ကြာမြင့်မည်ဖြစ်ပြီး သြစတြေး လျ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာနိုင်ငံတို့ကိုလာရောက် လည်ပတ်ခြင်းဖြစ်သည်။ ၎င်းဟိုင်ရွှန်း(01) ကမ်းရိုးတန်း ကင်းလှည့်ရေယာဉ်တွင် တရုတ်ကမ်းရိုးတန်းဘေးကင်း လုံခြုံရေးဌာနမှညွှန်ကြားရေးမှူး (၃)ဦးတို့ဦးဆောင်လိုက်ပါလာမည်ဖြစ်ပြီးဟိုင်ရွှန်းသင်္ဘောသည် အရှည် (၁၂၈.၆)မီတာရှိပြီးဆီ ကုန်သွား လျှင် လည်း(၁၈၅၂၀)ကီလိုမီတာအထိ ရွက်လွှင့်နိုင်ကြောင်းသိရသည်။ 

ထိုရေယာဉ် သည် ကင်းလှည့်လုပ်ငန်းတစ်ခုတည်းမဟုတ်ဘဲ မီးလောင်ရင်လည်း မီးငြှိမ်းသတ်နိုင်သလို သင်္ဘောပေါ် တွင် ဒဏ်ရာရရှိသူများကိုကုသရန် သင်္ဘောပေါ်တွင် ခွဲစိတ်ခန်းလည်းပါဝင်သလို လူ အယောက် (၂၀၀)ကိုလည်းကယ်တင်နိုင်သည်ဟုသိရသည်။

အဆိုပါ သင်္ဘောပေါ်တွင် ပါဝင်ကြသောသင်္ဘောသားများနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောလက်ရွေးစင် အသင်းမှ အားကစားသမားများသည် ဇူလိုင်လ(၂၅)ရက်နေ့တွင် ချစ်ကြည်ရေးပွဲစဉ်အနေနှင့် အောင်ဆန်း အားကစားပြိုင်ကွင်းတွင် ဘတ်စကက်ဘော ကစားကြမည်ဟု သိရသည်။ဟိုင်ရွှန်း(01) တရုတ် ကမ်းရိုး တန်း ကင်းလှည့်ရေယာဉ်သည် တရုတ်နိုင်ငံ၊ရှန်ဟိုင်းမြို့မှ ဇွန်လ(၁၀) ရက်နေ့ကထွက်ခွာလာခဲ့ကြောင်း သတင်းရရှိသည်။
Skynet TV Browser

No comments:

Post a Comment