Friday 24 May 2013

ကမ္ဘာ့ ပထမဆုံး နိုဘယ်ဆု ရရှိသော အမျိုး သမီး

noble 
ပိုလန်နိုင်ငံမှာဖွားပြီး ပြင်သစ်မှာ ရူပနဲ့ ဓာတုဗေဒပညာ လေ့လာတဲ့ Marie Curie အမည်ရ အမျိုးသမီး ဟာ ကမ္ဘာ့ပထမဆုံးနိုဘယ်လ်ဆုရှင် အမျိုးသမီးဖြစ်ပါတယ်။ ဒါကြောင့် ပိုလန်ငွေစက္ကူတွေထဲမှာလည်း သူမပုံကို ထည့်သွင်း အသိအမှတ်ပြုခဲ့ကြပါသေးတယ်။
Radioactivity သီအိုရီ ကို စတင်ထုတ်ဖော်နိုင်သူ၊ radioactive isotopes ခွဲထုတ်ခြင်း နည်းပညာကို ဖန်တီးသူ၊ ပိုလိုနီယမ်၊ရေဒီယမ် အစရှိသဖြင့် ဒြပ်စင်နှစ်ခု ရှာဖွေတွေ့ရှိသူအဖြစ် အောင်မြင်ကျော်ကြားပြီး အခြားသော သိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်မှုပေါင်း များစွာ ရရှိထား သူ ဖြစ်ပါတယ်။

၁၈၆၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က မွေးဖွားပြီး ၁၉၃၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ် ရှိနေပြီ ဖြစ်ပါတယ်။

အမျိုးသမီး တစ်ဦးအနေနဲ့ သူမရဲ့တီထွင်မှု၊ ရှာဖွေဖော်ထုတ်နိုင်မှုဟာ အခြားသော အောင်မြင်တဲ့ အမျိုးသား သိပ္ပံပညာရှင်များနဲ့ တန်းတူယှဉ်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း ကမ္ဘာ့ပထမဆုံး အမျိုးသမီး နိုဘယ်ဆုရှင်၊ ကမ္ဘာ့အထူးချွန်ဆုံးအမျိုးသမီး ရူပ၊ဓာတု ဗေဒ ပညာရှင်အဖြစ် အသိမှတ်ပြု ခံထားရကြောင်း သိရပါတယ်။

Ref: wiki
ရိုးရာလေး ဗဟုသုတ

No comments:

Post a Comment