Thursday 23 May 2013

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို သက်တမ်းတိုးရန် ထောက်ခံတော့မည် မဟုတ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ပြောကြား

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို သက်တမ်းတိုးရန် ထောက်ခံတော့မည် မဟုတ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ပြောကြား
Thursday, May 23, 2013

မြန်မာ့ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် သမ္မတဦးသိန်းစိန်၏ အလည်အပတ် ခရီးစဉ်အပြီးတွင် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာအချို့ ရှိနေသေးသော်လည်း အမေရိကန်နိုင်ငံ၏ အရေးပါသော လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ်သည် မြန်မာအပေါ် အရေးယူထားသော ပိတ်ဆို့မှုများကို အဆုံးသတ်ပေးရန် ထောက်ခံတော့မည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် အိမ်ဖြူတော်တွင် သမ္မတအိုဘားမားနှင့် တွေ့ဆုံအပြီး နောက်တစ်ရက်တွင် အမေရိကန် လွှတ်တော်၌ ဥပဒေပြု လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှု အပြီးတွင် နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအပေါ် ဦးဆောင်သူဖြစ်သည့် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ်က မြန်မာနိုင်ငံ၏ သွင်းကုန်များအား ထပ်မံအရေးယူ ပိတ်ဆို့ရန်အတွက် ထောက်ခံပေးတော့မည် မဟုတ်ဟု ပြောဆိုခဲ့သည်။

"ပိတ်ဆို့မှုတွေကို အသစ်လုပ်တာဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ မြန်မာaခါင်းဆောင်တွေကို မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်နေပြီး ဒီပြောင်းလဲမှုတွေကို နောက်ပြန်ဆွဲနေတဲ့ သူတွေကိုတော့ ရဲဆေးတင်ပေးလိုက် သလိုပါပဲ" ဟု အထက်လွှတ်တော်အမတ် ခေါင်းဆောင် မက်ကောနယ်လ်က ပြောကြားသည်။

ထို့ပြင် "ကျွန်တော်တို့ တော်တော်များများ မြန်မာနိုင်ငံမှာ ဒီလောက်ပြောင်းလဲ လာနိုင်လိမ့်မယ်လို့ကို မထင်မိခဲ့ပါဘူး။ ဒီအချိန်ဟာ အရေးကြီးပါတယ်။ ဒီအချိန်မှာ အမေရိကန် ကွန်ဂရက်ဟာ လုပ်သင့်တာကို လုပ်ရမယ့် အချိန်ဖြစ်ပါတယ်" ဟုလည်း ဆက်လက်ပြောကြားသည်။

သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအား ဆိုင်းငံ့ထားပြီး ဖြစ်သော်လည်း ကွန်ဂရက်က မြန်မာအစိုးရ၏ လုပ်ရပ်များကို စောင့်ကြည့်နေပြီး ပိတ်ဆို့မှုများကို နှစ်စဉ်သက်တမ်း တိုးခဲ့သည်။
ပိတ်ဆို့မှုများကို ရပ်တန့်လိုက်ခြင်းအားဖြင့် အမေရိကန်၏ လွှမ်းမိုးနိုင်မှုအင်အား ကျဆင်းနိုင်သည်ဆိုသည့် အဆိုများကို မက်ကောနယ်လ်က ပယ်ချလိုက်ပြီး ကျောက်မျက်ရတနာများကို ပိတ်ပင်ထားမှုကိုတော့ ဆက်လက်ထားရှိရန် ပြောဆိုခဲ့သည်။

ကန်တက်ကီပြည်နယ် အမတ်က အမေရိကန် ကုမ္ပဏီများသည်လည်း ပိတ်ဆို့မှု အကျိုးသက်ရောက်မှု မရှိသည့် သြစတြေးလျနှင့် ဥရောပ ကုမ္ပဏီများနည်းတူ မျှတသော ယှဉ်ပြိုင်ခွင့် ရရှိသင့်သည်ဟု ပြောကြားခဲ့သည်။

ရီပတ်ဘလီကန် အမတ်နှင့်အပြင် သမ္မတ ဦးသိန်းစိန်သည် အိမ်ဖြူတော် အဖွဲ့ ၀င်များဖြစ်သည့် အိုဘားမား၏ ဒီမိုကရက်တစ်ပါတီဝင် လေးဦးနှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။ အဆိုပါ အမတ်လေးဦးက သမ္မတ ဦးသိန်းစိန်အား နိုင်ငံရေးအရ မတရား အကျဉ်းချခံထားရသည့် အကျဉ်းသား ၂၅၀ ဦး၏ နာမည်စာရင်းများအား ပေးအပ်ခဲ့ပြီး လူမျိုးရေး အကြမ်းဖက်မှုများအားလည်း အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။ ထိုစာထဲတွင် "နိုင်ငံရေး အကျဉ်းသားများသည် တိုင်းပြည်၏ အနာဂတ်တွင် ပါဝင်ခွင့် ရသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့ကြောင့် အကျဉ်းသားများအား ချက်ချင်းခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုလိုက်သည်" ဟု ထည့်သွင်းဖော်ပြထားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို သက်တမ်းတိုးရန် အောက်လွှတ်တော်သို့ တင်သွင်းသူများတွင် လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီနှင့် ဂျိုးကရော်လီတို့လည်း ပါဝင်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် မြန်မာ-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်လည်း လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

(အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ် ၀ါရှင်တန်ဒီစီ၌ သတင်းထောက်များနှင့် မေ ၂၁ က တွေ့ဆုံစဉ်) (Photo:AFP)
မြန်မာ့ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် သမ္မတဦးသိန်းစိန်၏ အလည်အပတ် ခရီးစဉ်အပြီးတွင် လူ့ အခွင့် အရေးဆိုင်ရာ ပြဿနာအချို့ ရှိနေသေးသော်လည်း အမေရိကန်နိုင်ငံ၏ အရေးပါသော လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ်သည် မြန်မာအပေါ် အရေးယူထားသော ပိတ်ဆို့မှုများကို အဆုံးသတ်ပေးရန် ထောက်ခံတော့မည် ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်သည် အိမ်ဖြူတော်တွင် သမ္မတအိုဘားမားနှင့် တွေ့ဆုံအပြီး နောက်တစ်ရက်တွင် အမေရိကန် လွှတ်တော်၌ ဥပဒေပြု လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှု အပြီးတွင် နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအပေါ် ဦးဆောင် သူဖြစ်သည့် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ်က မြန်မာနိုင်ငံ၏ သွင်းကုန်များအား ထပ်မံ အရေးယူ ပိတ်ဆို့ရန်အတွက် ထောက်ခံပေးတော့မည် မဟုတ်ဟု ပြောဆို ခဲ့သည်။

"ပိတ်ဆို့မှုတွေကို အသစ်လုပ်တာဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ မြန်မာaခါင်းဆောင်တွေကို မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်နေပြီး ဒီပြောင်းလဲမှုတွေကို နောက်ပြန်ဆွဲနေတဲ့ သူတွေကိုတော့ ရဲဆေးတင်ပေးလိုက် သလိုပါပဲ" ဟု အထက်လွှတ်တော်အမတ် ခေါင်းဆောင် မက်ကောနယ်လ် က ပြောကြားသည်။

ထို့ပြင် "ကျွန်တော်တို့ တော်တော်များများ မြန်မာနိုင်ငံမှာ ဒီလောက်ပြောင်းလဲ လာနိုင်လိမ့်မယ်လို့ကို မထင်မိခဲ့ပါဘူး။ ဒီအချိန်ဟာ အရေးကြီးပါတယ်။ ဒီအချိန်မှာ အမေရိကန် ကွန်ဂရက်ဟာ လုပ်သင့်တာကို လုပ်ရမယ့် အချိန်ဖြစ်ပါတယ်" ဟုလည်း ဆက်လက်ပြောကြားသည်။

သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအား ဆိုင်းငံ့ထားပြီး ဖြစ်သော်လည်း ကွန်ဂရက်က မြန်မာအစိုးရ၏ လုပ်ရပ်များကို စောင့်ကြည့်နေပြီး ပိတ်ဆို့မှုများကို နှစ်စဉ်သက်တမ်း တိုးခဲ့သည်။
ပိတ်ဆို့မှုများကို ရပ်တန့်လိုက်ခြင်းအားဖြင့် အမေရိကန်၏ လွှမ်းမိုးနိုင်မှုအင်အား ကျဆင်းနိုင် သည် ဆိုသည့် အဆိုများကို မက်ကောနယ်လ်က ပယ်ချလိုက်ပြီး ကျောက်မျက်ရတနာများကို ပိတ်ပင်ထားမှု ကိုတော့ ဆက်လက်ထားရှိရန် ပြောဆိုခဲ့သည်။

ကန်တက်ကီပြည်နယ် အမတ်က အမေရိကန် ကုမ္ပဏီများသည်လည်း ပိတ်ဆို့မှု အကျိုးသက်ရောက်မှု မရှိသည့် သြစတြေးလျနှင့် ဥရောပ ကုမ္ပဏီများနည်းတူ မျှတသော ယှဉ်ပြိုင်ခွင့် ရရှိသင့် သည် ဟု ပြော ကြားခဲ့သည်။

ရီပတ်ဘလီကန် အမတ်နှင့်အပြင် သမ္မတ ဦးသိန်းစိန်သည် အိမ်ဖြူတော်အဖွဲ့ဝင်များဖြစ်သည့် အိုဘားမား ၏ ဒီမိုကရက်တစ်ပါတီဝင် လေးဦးနှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။ အဆိုပါ အမတ်လေး ဦးက သမ္မတ ဦးသိန်းစိန်အား နိုင်ငံရေးအရ မတရား အကျဉ်းချခံထားရသည့် အကျဉ်းသား ၂၅၀ ဦး၏ နာမည် စာရင်း များအား ပေးအပ်ခဲ့ပြီး လူမျိုးရေး အကြမ်းဖက်မှုများအားလည်း အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။ ထိုစာထဲ တွင် "နိုင်ငံရေး အကျဉ်းသားများသည် တိုင်းပြည်၏ အနာဂတ်တွင် ပါဝင်ခွင့် ရသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့ကြောင့် အကျဉ်းသားများအား ချက်ချင်းခြွင်းချက်မရှိ လွှတ်ပေး ရန် တောင်းဆိုလိုက်သည်" ဟု ထည့်သွင်းဖော်ပြထားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို သက်တမ်းတိုးရန် အောက်လွှတ်တော်သို့ တင်သွင်းသူများတွင် လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီနှင့် ဂျိုးကရော်လီတို့လည်း ပါဝင်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် မြန်မာ-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်လည်း လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
From...BBC

No comments:

Post a Comment