Thursday 9 May 2013

“မန်ယူတွင် ရော်နယ်လ်ဒိုအဝင် ရွန်နီအထွက် ဖြစ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်”

Photo: “မန်ယူတွင် ရော်နယ်လ်ဒိုအဝင် ရွန်နီအထွက် ဖြစ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်”

မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာ အပြောင်းအလဲ ကဏ္ဍနှင့်အတူ အသင်း၏ တိုက်စစ်မှူး ဝိန်းရွန်နီသည်လည်း အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာဖွယ် ရှိနေကြောင်း သိရှိရသည်။

လတ်တလောတွင် အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် အသင်းမှ အနားယူတော့မည့် သက်တော်ရှည် မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂူဆန်အား ၎င်းအနေဖြင့် အသင်းပြောင်းလိုကြောင်း ဝန်ခံ ပြောဆိုခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။
 
ထိုအချိန်တွင် မန်ယူအသင်း အမှုဆောင်ချုပ် ဒေးဗစ်ဂီးလ်ကလည်း ရီးယဲလ်မက်ဒရစ်ထံ ရောင်းချခဲ့သည့် ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒို ပြန်လည် ခေါ်ယူရေးအတွက် ကစားသမား၏ အေးဂျင့်ထံ ဆက်သွယ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ရွန်နီကို ပေါင်စတာလင် (၂၅)သန်းဖြင့် ဝယ်ယူနိုင်ရန် မျှော်လင့်နေကြောင်းလည်း Daily Mail lတွင် ရေးသားထားသည်။ မန်ယူအသင်းတွင် ဆယ်စုနှစ် တစ်ခုနီးပါး ပါဝင်ထားသည့် ကစားသမားကို ပြင်သစ်ထိပ်သီး PSGကလည်း စိတ်ဝင်စားလျှက် ရှိသည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21499
မန်ချက်စတာယူနိုက်တက် အသင်း၏ မန်နေဂျာအပြောင်းအလဲကဏ္ဍနှင့်အတူ အသင်း၏ တိုက်စစ်မှူး ဝိန်းရွန်နီသည်လည်း အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာဖွယ် ရှိနေကြောင်း သိရှိရသည်။

လတ်တလောတွင် အသက်(၂၇)နှစ်ရှိ အင်္ဂလန်လက်ရွေးစင်သည် အသင်းမှ အနားယူတော့မည့် သက်တော်ရှည် မန်နေဂျာကြီးဆာအဲလက်စ် ဖာဂူဆန်အား ၎င်းအနေဖြင့် အသင်းပြောင်းလိုကြောင်း ဝန်ခံ ပြောဆိုခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ထိုအချိန်တွင် မန်ယူအသင်း အမှုဆောင်ချုပ် ဒေးဗစ်ဂီးလ်ကလည်း ရီးယဲလ်မက်ဒရစ်ထံ ရောင်းချခဲ့သည့် ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒို ပြန်လည် ခေါ်ယူရေးအတွက် ကစားသမား ၏ အေးဂျင့် ထံ ဆက်သွယ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ရွန်နီကို ပေါင်စတာလင် (၂၅)သန်းဖြင့် ဝယ်ယူနိုင်ရန် မျှော်လင့်နေကြောင်းလည်း Daily Mail lတွင် ရေးသားထားသည်။ မန်ယူအသင်းတွင် ဆယ်စုနှစ် တစ်ခုနီးပါး ပါဝင်ထားသည့် ကစားသမားကို ပြင်သစ်ထိပ်သီး PSGကလည်း စိတ်ဝင်စားလျှက် ရှိသည်။ 
From...Planet Myanmar Network

No comments:

Post a Comment