Friday 15 March 2013

တရုတ်ရင်းနှီးမြှပ်နှံမှုဖြင့် တည်ဆောက်လျှက်ရှိသော ရွာသစ်ရေကာတာ ရပ်တန့်ရေးအတွက် ဆုတောင်းပွဲအား အာဏာပိုင်မှ ခွင့်မပြုခဲ့ဟု ဒေသခံများဆို

တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်လျှက်ရှိသော ရွာသစ်ရေကာတာ ရပ်တန့်ရေးအတွက် ဆုတောင်းပွဲ ကို အာဏာပိုင်မှ ခွင့်မပြုခဲ့၍ အန္တရာယ်ကင်းဝေးရေးအတွက်တရားနာမှုများ ပြုလုပ်ခဲ့ကြောင်း မတ် ၁၄ ရက် တွင် ဒေသခံများဖြင့် ဖွဲ့စည်းထားသော သံလွင်ချစ်သူ အဖွဲ့ဥက္ကဌ ဦးစိုင်းသန်းရွှေ၏ ပြောပြချက်အရ သိရသည်။

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ ရွာသစ်ရေကာတာနှင့် ဆက်စပ်သော ဆုတောင်းပွဲ ကို ကမ္ဘာ့ကုလသမဂ္ဂ၏ ဆည်နှင့် ရေကာတာ ရပ်တန့်ရေးနေ့ဖြစ်သော မတ်လ ၁၄ ရက်တွင် ကျင်းပခွင့် မပြုကြောင်း မှုလစီစဉ်ပေးထားသော့ ရွာသစ်ရေကာတာ ရပ်တန့်ရေးအတွက် ဒေသခံ ၃၀၀၀ နှင့် လူမှုရေး အဖွဲ့အစည်းများမှ ဆုတောင်းပွဲပြုလုပ်ရန် ရှိသော်လည်း ထိုသို့ မပြုလုပ်ရန် အကြောင်းကြားမှုကြောင့် ဖားဆောင်းမြို့နယ်၊ယင်းတလဲ ကျေးရွာရှိဓမ္မ၀ိရုံနိကျောင်းတွင်အန္တရယ်ကင်းဝေးတရားနာမှုများသာ ပြုလုပ်ခဲ့ သည်။

“ဒီဆုတောင်းပွဲပြုလုပ်ဖို့ အတွက် မတ်လ ၃ ရက်နေ့ကတည်းက စာတင်ထားခဲ့တာပါ။ ဒါပေမဲ့ လုပ်မယ့် အချိန်နှင့် အရမ်းနီးတော့မှ လုပ်ပိုင်ခွင့် မရှိဘူးဆိုပြီး အကြောင်းပြန်တယ်။ ပြီးတော့ လုပ်ပိုင်ခွင့် မပြုတာက သူတို့အကြောင်းကြားစာမှာပါရှိတဲ့ သံလွင်ချစ်သူ အဖွဲ့က တရားဝင်အသင်းအဖွဲ့ မဟုတ်တဲ့ အ တွက်ကြောင့် လို့ ပါရှိတာဟာ အဓိပ္ပါယ်မဲ့လှပါတယ်” ဟု သံလွင်ချစ်သူအဖွဲ့ ဥက္ကဌ ဦးစိုးသန်းရွှေမှ ထပ်မံပြောသည်။

သံလွင်မြစ်မပေါ်ရှိ တည်ဆောက်မည့် ရွာသစ်ရေကာတာ စီမံကိန်း ဆက်လက် အကောင်အထည်ဖေါ်မည် ဆိုပါ က ယင်းစီမံကိန်း အထက်ပိုင်း သံလွင်မြစ် တစ်ကြောရှိ ကျေးရွာဒေသများ၏ စိုက်ပျိုးမြေများ၊ လူနေ အိမ်များသစ်တောများရေလွှမ်းမိုးနိုင်မည်ဖြစ်ပြီး၊ယင်းစီမံကိန်းပိုင်းတွင်လည်းရေလျော့ နည်းခြင်း ရေ ခန်းခြောက်မှုနှင့် ဂေဟစနစ် ပျက်သုဉ်းမည်ဖြစ်ကြောင်း သံလွင်ချစ်သူ အဖွဲ့၏ လေ့လာချက်အရ သိရသည်။
သံလွင်ချစ်သူ အဖွဲ့မှ အတွင်းရေးမှူး ဒေါ်နန်းလှိုင်က “ကျွန်မတို့ကတော့ ဒီစီမံကိန်း မဖြစ်မြောက်ရေး အ တွက် ဆက်လက်ပြုလုပ်သွားပါမယ် ဒီစီမံကိန်းရဲ့ဆိုးကျိုးရလဒ်တွေက ဒေသခံတွေကိုသာ ထိခိုက်မှာပါ။ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့်ဆိုးကျိုးရလဒ်တွေက သံလွင်မြစ် အောက်ပိုင်းမှာဆိုရင် မြစ်ရေ ခန်းခြောက် မယ်။ ဂေဟစနစ်တွေပျက်စီးလာမယ်ရေတိမ်ကောမှုတွေလည်း ဖြစ်လာမယ် မြစ်အထက်ပိုင်းမှာဆိုရင်လူနေ အိမ်တွေ၊ စိုက်ပျိုးမြေ၊ သစ်တောတွေ ရေလွှမ်းမိုးမှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု ဆိုသည်။

ယင်းစီမံကိန်း ရပ်တန့်ရေးအတွက် ကယားပြည်နယ် သံလွင်မြစ်ပေါ်ရှိ ဒေသခံပြည်သူများနှင့် လူမှုရေး အဖွဲ့ အစည်းများမှ စုပေါင်း၍ ကယားပြည်နယ် အစိုးရထံသို့ တင်ပြမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ် အတွင်းရှိ သံလွင်မြစ်ပေါ်တွင် ၂၀၁၀ ခုနှစ်က မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီဖြစ်သည့် ဒါးတန်းကော် ပိုရေးရှင်းတို့ နားလည်မှု စာချုပ်အရ မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်ပေးနိုင်သည့် ဆည်တစ်ခု၊ သံ လွင်မြစ်လက်တက် ဖြစ်သော ပွန်ချောင်းနှင့် သဘက်ချောင်းတို့တွင် ၁၃၀ နှင့် ၁၁၀ မဂ္ဂါဝပ်ရှိသော ဆည် အပါအ၀င် စုစုပေါင်း ဆည် ၃ ခု တည်ဆောက်ရန် ပါဝင်ကြောင်း သိရသည်။


ref:EMG

No comments:

Post a Comment