အမေရိကန်သိပ္ပံပညာရှင်များ က နောက်ဆုံးပေါ်ပြေးမလွတ်ကျည် ဆန်ကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ Daily Mirror သတင်းဌာနက ရေးသားဖော်ပြခဲ့ ပါတယ်။အဆိုပါပြေးမလွတ်ကျည်ဆန်ကို အမေရိကန် စစ်တပ်မှာ အသုံးပြုဖို့အတွက် အမေရိကန်စစ်ဘက်ဆိုင်ရာသိပ္ပံ ပညာရှင်တွေက အထူးစမ်းသပ် တီထွင် ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ပြေးမလွတ်ကျည်ဆန်ရဲ့ထူးခြား ချက်ကတော့ မိမိပစ်မှတ်ထားရာရန်သူရဲ့ ရွေ့လျားလှုပ်ရှားမှု နောက်ကို လိုက်လို့ ပစ် ခတ်တိုက်ခိုက်လို့ရပါတယ်။
အမေရိကန်စစ်ဘက်ဆိုင်ရာ သိပ္ပံပညာရှင်တို့ စမ်းသပ်တီထွင်ထုတ်လုပ် လိုက်တဲ့ ပြေးမလွတ်ကျည်ဆန် ကိုတော့ လက်ဖြောင့်တပ်သားတွေအတွက် သီးသန့် အသုံးပြုစေမယ်လို့သိရပြီး ကျည်ဆန်ဟာ ရန်သူ တစ်ဦးကိုပစ်မှတ်ထား ရာမှာ အတော် လေးသက်ရောက်မှုပေးစေတယ်လို့ သိရ ပါတယ်။
ယင်းပြေးမလွတ်ကျည်ဆန်ဟာ အလျားလေးလက်မ အရှည်ရှိတယ်လို့ သိရ ပါတယ်။
Yangon Media Group
No comments:
Post a Comment