မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ လာမယ့် ၂၀၁၄ ခုနှစ်မှာ အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်မှုကို လူ ၁၀၀ မှာ၇ ဦးခန့် အထိ သုံးစွဲနိုင်ဖို့ ပြုလုပ် သွားမှာ ဖြစ် တယ် လို့ သိရပါတယ်။ လက်ရှိမှာတော့ အသုံးပြုသူ လူ ၁၀၀ မှာ ၂ ဦးခန့် ရှိတယ်လို့ သိရပါတယ်။ အခုလို အသုံးပြုမှုများထဲမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုမှု အများဆုံး ဖြစ်ပြီး မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုသူ စုစုပေါင်း တစ်သန်း နှစ်သိန်း ငါးသောင်းကျော် ရှိတယ် လို့လည်း သိရပါတယ်။
Friday, 20 September 2013
၂၀၁၄ ခုနှစ်တွင် လူ ၁၀၀ ၌ ၇ ဦးနှုန်း အင်တာနက် အသုံးပြုနိုင် ရန် ဆောင်ရွက် လျက်ရှိ
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ လာမယ့် ၂၀၁၄ ခုနှစ်မှာ အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်မှုကို လူ ၁၀၀ မှာ၇ ဦးခန့် အထိ သုံးစွဲနိုင်ဖို့ ပြုလုပ် သွားမှာ ဖြစ် တယ် လို့ သိရပါတယ်။ လက်ရှိမှာတော့ အသုံးပြုသူ လူ ၁၀၀ မှာ ၂ ဦးခန့် ရှိတယ်လို့ သိရပါတယ်။ အခုလို အသုံးပြုမှုများထဲမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုမှု အများဆုံး ဖြစ်ပြီး မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုသူ စုစုပေါင်း တစ်သန်း နှစ်သိန်း ငါးသောင်းကျော် ရှိတယ် လို့လည်း သိရပါတယ်။
ဆက်သွယ်ရေး ဥပဒေကြမ်း သမ္မတအတည်မပြု
ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၂၇ ရက်နေ့တွင် အတည်ပြုပြီး နိုင် ငံတော် သမ္မတထံ ပေးပို့ထား သည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို သမ္မတ က အတည်ပြုခြင်းမရှိဘဲ ပြင်ဆင်ချက် သဘောထား မှတ်ချက်များဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့လာကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်း က ပြောကြားသည်။
နေပြည်တော် ပုဗ္ဗသီရိတွင် ရဲနှင့်ရွာသားများ ပဋိပက္ခဖြစ် ရဲတပ်ဖွဲ့ဝင် ငါးဦး ဆေးရုံရောက်
ရွာသားများက လက်ပြန်ကြိုးတုပ်ထားသော ရဲတပ်ဖွဲ့ဝင်တစ်ဦးအား စက်တင် ဘာ ၁၉ ရက် နံနက်က တွေ့ရစဉ် |
လယ်ယာမြေပြဿနာမှ အစပြု၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများ ပဋိပက္ခဖြစ်ပြီး ရွာသားများကဖမ်းဆီး ထားသော ရဲတပ်ဖွဲ့ဝင်များကို ရဲအင်အားတစ်ရာကျော်ဖြင့် သွားရောက်ကယ်တင်ခဲ့ရသော ဖြစ်စဉ် တစ်ခု နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရွှေရွက်လှေ အနှိပ်ခန်းကို ရဲများ ၀င်ရောက်ဖမ်းဆီး
စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက် စမ်းချောင်းလမ်းတွင် ဖွင့်လှစ် ထားသည့် ရွှေရွက်လှေ အနှိပ်ခန်းကို ရဲများက စက်တင်ဘာ ၁၈ ရက်ည ၈ နာရီခွဲက ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ထုတ်ပြန် ခဲ့သည်။
အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၉၀ ကျော် မလေးရှားနယ်စပ်တွင် ဖမ်းမိ
မလေးရှား လဝကစခန်းမှာ မြန်မာနိုင်ငံ သားများအား တွေ့ရစဉ် |
ထိုင်းနယ်စပ်မှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်လာသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၉၂ ဦးကို စက်တင်ဘာ ၁၈ ရက်က မလေးရှားနိုင်ငံ ကွာလာပါလစ်မြို့အနီးတွင် ဖမ်းဆီးရမိခဲ့သည်ဟု မလေးရှား သတင်းစာများက ဖော်ပြသည်။
မုဒိမ်းကျင့်ခံရသော မြန်မာအမျိုးသမီး မလေးရှားအစိုးရ ကျပ်သိန်း တစ်ရာကျော်
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့်ခံခဲ့ရသည့် မြန်မာအမျိုးသမီးကို မလေးရှား အစိုးရက နစ်နာကြေးအဖြစ် ကျပ်သိန်းတစ်ရာကျော် စက်တင်ဘာလ ဒုတိယပတ်အတွင်း ပေးအပ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြား သည်။
သိမ်းဆည်း လယ်ယာမြေပြဿနာ ဒုတိယသမ္မတများ ကိုယ်တိုင်ဖြေရှင်းမည်
တပ်မတော် အစိုးရလက်ထက်က တပ်မတော်၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းနှင့် ကုမ္ပဏီများက သိမ်းယူခဲ့သော လယ်ယာမြေ ပြဿနာများ ကို ဖြေရှင်း ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် ဒုတိယသမ္မတ နှစ်ဦးထဲမှတစ်ဦးကို တာဝန်ပေးအပ်မည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားသည်။
နေပြည်တော်ရဲနှင့် ၀ဲကြီးရွာသားများ ပဋိပက္ခဖြစ်
နေပြည်တော် ပုဗ္ပသီရိမြို့နယ် ၀ဲကြီးကျေးရွာမှာ စက်တင်ဘာ ၁၈ ရက်ညက ရဲနဲ့
ကျေးရွာသားတွေ ပဋိပက္ခဖြစ်ပွားပြီး ရဲ ၁၀ ယောက်လောက် ဆေးရုံတင်ထားရတယ်လို့
မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်က
ပြောပါတယ်။
ငါးတွေ ရေသောက်ကြပါသလား..........?
ကသိကအောက်နိုင်တဲ့မေးခွန်းပါ။
ငါးတွေကရေထဲမှာနေတော့ မသိရင်တော့သိမယောင်နဲ့ ခက်နိုင်တယ်။
မက္ကဆီကိုတွင်နှစ်ထပ်ကွမ်း မုန်တိုင်းတိုက် ကျေးရွာတစ်ရွာ မြေအောက်ရောက် လူ ၈၀ သေ
မက္ကဆီကိုနိုင်ငံတစ်ဝန်းတွင် နှစ်ထပ်ကွမ်းမုန်တိုင်း တိုက်ခတ်မှု ကြောင့်လူပေါင်း ၈၀ ထက် မနည်း သေဆုံးခဲ့ရပြီးနောက် မက္ကဆီကို အနောက်မြောက်ဘက် ကမ်းခြေ အနီးတွင် ဟာရီကိန်း မုန်တိုင်း သစ်တစ်ခု ဖြစ်ပေါ်ခဲ့ရာ မြေပြိုမှုများ ကြောင့် ကျေးရွာတစ်ရွာမြေအောက် သို့ ရောက်သွားခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးခဲ့သည်။ ဂါရီယိုပြည်နယ် အနောက် တောင်ဘက် တောင်များရှိ ရွာ များတွင် မြေများပြိုကျပြီးနောက် ၅၈ ဦး ပျောက်ဆုံးနေကြောင်း သမ္မတအန်ရီကူပီနာနီတိုက ပြော ခဲ့သည်။
ရန်ကုန်မြို့လည်မှာ ဆောက်မယ့် အထပ်မြင့်တိုက် ကန့်ကွက်ခံနေရ
မြန်မာနိုင်ငံမှ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ရန်ကုန်မြို့လယ် ရှေးဟောင်း နယ်မြေရှိ သက်တမ်း နှစ် ၁၀၀ ကျော်ရှိသည့် ရှေးဟောင်း အဆောက်အဦး တခုနှင့် ကပ်လျှက်တွင် အမေရိကန် ဒေါ်လာ သန်း ၁၀၀ တန် အထပ်မြင့်ရုံးခန်း အဆောက်အဦးတခု တည်ဆောက်ရန် စီစဉ်နေခြင်းကို ပြင်းပြင်းထန်ထန် ကန့် ကွက်နေသည်။
င၀န် မြစ်ရေကြီးမှုကြောင့် ဟင်္သာတ မြို့နယ် သပြုဆိပ် လယ်သမားတာ ကျိုးပေါက်
ဟင်္သာတမြို့နယ် သပြုဆိပ် လယ်သမား တာကျိုးပေါက်မှုအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်မျိုး) |
င၀န်မြစ်ရေကြီးမှုကြောင့် ဟင်္သာတမြို့နယ် အင်္ဂရမ်းကျေးရွာအုပ်စုရှိ သပြုဆိပ်လယ်သမား တာကျိုးပေါက် မှု ဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။
ထိပ်တန်းဝင်ငွေခွန် ဆောင်သူ ၁၀၀ စာရင်းတွင် ပုဂ္ဂလိက ဆေးရုံဆေး ခန်း များ ထဲမှ ဆေးရုံကြီး တစ်ခုသာပါဝင်၊ နာမည်ကျော် ဆေးရုံဆေး ခန်းကြီး အချို့ ထိပ်တန်း အခွန်ဆောင်သူ ၅၀၀ စာရင်း၌ပင် ပါဝင် လာခြင်းမရှိ
ထိပ်တန်း
ဝင်ငွေခွန် ပေးဆောင်သူ ၁၀၀ စာရင်းတွင် ပုဂ္ဂလိက ဆေးရုံဆေးခန်း များထဲမှ
အာရှတော်ဝင် အထူးကုဆေးရုံ တစ်ခုသာ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားချက် များအရ
သိရသည်။
မွန်ပြည်နယ်မှ ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ် ကိုင်ရင်း မွေး ဖွားလာသော ကလေးငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးနေပြီး နိုင်ငံ သား ဖြစ်ခွင့်ပါ ထိခိုက်လာနိုင်
မွန်ပြည်နယ်မှ
ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင် ရင်း မွေးဖွားလာသော ကလေးငယ်
အများစုမှာ ပြည်တွင်း၌ ပညာသင်ကြား ရန် အတွက် မွေးစာရင်း မရှိသောကြောင့်
ပညာသင်ကြားခွင့် ဆုံးရှုံးနေရပြီး ကြီးပြင်းလာချိန် တွင်လည်း နိုင်ငံသား
ဖြစ်ခွင့်ပါ ထိခိုက်လာနိုင်ကြောင်း စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သော
မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ပထမနေ့တွင် ကျိုက်မရောမြို့ နယ်
မဲဆန္ဒနယ် အမှတ် (၁)မှ ဦးလှထွန်းက ပြောကြားသည်။
မြန်မာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုးကျဆင်းနေကြောင်း အစီရင်ခံစာဖော်ပြ
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်နေကြသော ဒေသခံများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) |
နိုင်ငံတကာငြိမ်းချမ်းရေးနှင့်
လုံခြုံရေးသုတေသနအဖွဲ့ စတမ်ဆန် စင်တာက တရုတ်-မြန်မာစီးပွားရေး
ပူးပေါင်းဆောင်ရွက်နေခြင်းအပေါ် သုံးသပ်ချက်အစီရင်ခံစာတစ်စောင်ကို
စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်လိုက်သည်။
တောင်ဥက္ကလာပမှ အမျိုးသမီးကြီးတစ်ဦးကိုသတ်ရန် ငွေပေးစေခိုင်းသူ များနှင့် ကြေးစားလူသတ်သမားတို့ကို ဖမ်းမိပြီဟုဆို
တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးကြီးတစ်ဦးအား လူတစ်ဦးက ချွန်ထက်သော အရာဖြင့်ထိုးပြီး ထွက်ပြေးခဲ့မှုနှင့်ပတ်သက်ပြီး
သံသယရှိထားသည့် ငွေပေးစေခိုင်းသူများနှင့် ကြေးစား လူသတ်သမား တို့ကို
ဖော်ထုတ် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၉
ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
ကိုရီးယားတွင် အလုပ်လုပ်သည့် မြန်မာ လုပ်သားများ တစ်လလျှင် ၀မ်ခုနစ်သောင်းခွဲ
လာမည့်
၂၀၁၄ ခုနှစ်မှစ၍ ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့်
မြန်မာလုပ်သားများ တစ်လလျှင် လုပ်ခ ၀မ်ဆယ်သိန်းရှစ်သောင်းကျော်
ရရှိမည်ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေ ဂျင်စီ မှ
မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်ကပြောသည်။
စင်ကာပူ ထိပ်တန်းခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမည်
မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စင်္ကာပူနိုင်ငံမှ ထိပ်တန်းခေါင်းဆောင် များနှင့် စက်တင်ဘာ ၂၀ ရက်တွင် စင်ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်မည့် ခရီးစဉ် အတွင်း တွေ့ ဆုံမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ဖော်ပြ ထားသည်။
မြန်မာ ဒုက္ခသည်စခန်းတွေကို ရိက္ခာ ဖြတ်တောက်တော့မည်
ထိုင်းမြန်မာနယ်စပ်
ဒုက္ခသည်စခန်း ၇ ခုက ဒုက္ခသည်အချို့အတွက် ဆန်ရိက္ခာခွဲတမ်းကို ဒီဇင်ဘာလ
ကနေစပြီး ဖြတ်တောက်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
မြဝတီမှာ လောင်းကစားလုပ်ငန်းတွေ ဖြိုခွင်း
ကရင်ပြည်နယ် မြဝတီမြို့က လောင်းကစားဂိမ်းရုံ ၂၄ ရုံကို မြဝတီခရိုင် ရဲတပ်ဖွဲ့က လောင်းကစား စက် ပစ္စည်းတွေအပြင် ဆိုင်ရှင် ၂ ဦးကိုပါ ဖမ်းဆီးလိုက်တယ်လို့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးက ဒီနေ့ပြောပါတယ်။
ယာဉ်မောင်းများ အရည်အချင်းပြည့်ဝမှု မရှိခြင်းကြောင့် ယာဉ်မတော် တဆဖြစ်မှု များပြားလာ
ရန်ကုန်မြို့တွင် ယာဉ်အစီးရေ များပြားလာသည့်နည်းတူ အရည်အချင်း မပြည့်ဝသည့် ယာဉ်မောင်း များကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားမှု ပိုမိုများပြားလာနေကြောင်း “မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း” မှ ပညာရှင်များ၏ ပြောကြားချက်အရ သတင်းရရှိသည်။
မြေလျော်ကြေး ၅၀%ထုတ်ပြီးရင် ကြေးနီစီမံကိန်း ပြန်စမယ်
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသ ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ မြေ ယာတွေ ရဲ့ လျော်ကြေးငွေ တစ်ဝက်လောက်ကို ဒေသခံတွေထုတ်ယူပြီးရင် ကြေးနီစီမံကိန်းကို ပြန်လည် စတင်မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကြေညာ လိုက် ပါတယ်။
ထိုင်းနဲ့မြန်မာ နယ်စပ်လုံခြုံရေး ပူးတွဲလုပ်ဖို့ သဘောတူ
မန်မာနဲ့ ထိုင်း၊ နိုင်ငံ စစ်ဖက်ဆိုင်ရာ အဆင့်မြင့် အကြီးအကဲတွေ ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေး မှုပြု လုပ်ခဲ့ကြ ပီ ၂နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စ ပူးတွဲလုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါ တယ်။
မဟာဓာတ်အားလိုင်း ဓာတ်အား ပြတ်တောက်မှုကြောင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အများစုနှင့် နိုင်ငံတစ်ဝန်းမှ မြို့နယ်များတွင် လျှပ်စစ် မီး ပြတ်တောက် မှု ဖြစ်ပွားခဲ့
စက်တင်ဘာလ ၁၉ ရက် ညပိုင်းက ရန်ကုန်မြို့ လျှပ်စစ်မီး ပြတ်တောက် စဉ် ရန်ကုန်မြို့တော် ခန်းမ အနီးမြင်ကွင်း (ဓာတ်ပုံ-ဝေလင်းအောင်) |
မဟာဓာတ်အားလိုင်း ဓာတ်အား ပြတ်တောက်မှုကြောင့် ရန်ကုန် တိုင်း ဒေသကြီးရှိ မြို့နယ်အများ စုနှင့် နိုင်ငံတစ်ဝန်းမှ မြို့နယ်များတွင် စက်တင်ဘာ ၁၉ ရက် ညပိုင်းက လျှပ်စစ်မီး ပြတ်တောက် မှု ဖြစ်ခဲ့ကြောင်း ရန်ကုန်မြို့လျှပ်စစ်မီးပေးရေးဌာနမှ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး မောင်မောင်လတ် ၏ ပြော ကြားချက်အရ သိရသည်။
ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုး ထုတ်လုပ်မှု နှစ်စဉ် မြင့်တက်နေ ပြီး ပေါက်မြို့ တစ်မြို့တည်း၌ပင် ဗာဂျီးနီးယား ဆေးပေါင်း လုပ်ငန်း ၂၀၀ ကျော်ခန့်ရှိနေ
မကွေးတိုင်းဒေသကြီး အတွင်းရှိ ဗာဂျီးနီးယားဆေးပေါင်းရုံ တစ်ရုံအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း) |
မြန်မာနိုင်ငံတွင်
ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်မှု နှစ်စဉ် မြင့်တက်လျှက်ရှိကြောင်း ဆေး လိပ်နှင့် ဆေးရွက်ကြီး ကြော်ငြာခြင်း၊ အရောင်းမှင့်တင်ခြင်း၊ ပံ့ပိုးခြင်း၊ တားမြစ်ခြင်း ဆိုင်ရာအလုပ် ရုံ ဆွေးနွေး ပွဲ
တွင် ဖြန့်ဝေခဲ့သည့် အချက်အလက် များအရ သိရသည်။
အရက်၊ ဘီယာ ဖြန့်ဖြူးနေသည်ဟု သတင်းပေးမှုအရ GMG ကုမ္ပဏီအား ဒုတိယမြောက် နေ့အဖြစ် ထပ်မံရှာဖွေရာတွင် နိုင်ငံခြားဖြစ် အရက်ပုလင်းဟောင်း ၃၈၀၀၀ ကျော် စစ်ဆေးတွေ့ရှိ
Mobile Team ရှာဖွေတွေ့ရှိခဲ့သော အရက်ပုလင်းများအား တွေ့ရစဉ်
|
အရက်၊ ဘီယာများ ဖြန့်ဖြူးနေသည်ဟု သတင်းပေးထားသော GMG ကုမ္ပဏီအား ဒုတိယမြောက် နေ့ အဖြစ် စက်တင်ဘာ ၁၉ ရက်က ထပ်မံရှာဖွေရာတွင် အရက်ပုလင်းဟောင်း ၃၈၀၀၀ ကျော် တွေ့ရှိ ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း အာဆီယံပါလီမန်များ အထွေထွေ ညီလာခံသို့ တက်ရောက်
ပြည်ထောင်စု လွှတ်တော်နာယက
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် စက်တင်ဘာ ၁၉ ရက်က ဘရူနိုင်း
ဒါရုဆလမ်နိုင်ငံတွင် ကျင်းပသည့် (၃၄)ကြိမ်မြာက် အာဆီယံ ပါလီမန်များ၏
အထွေထွေညီလာခံသို့ တက်ရောက် ခဲ့ကြောင်း သိရသည်။
ဆီဒိုးနားဟိုတယ် ၀က်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး ဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များ ပေါက်ကြားမှုကို ဆီဒိုးနားဟိုတယ်မှ ငြင်းဆို
ဆီဒိုးနားဟိုတယ်၏ ၀က်ဘ်ဆိုက်
တိုက်ခိုက်ခံရပြီး ဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များ ပေါက် ကြားမှု
သတင်းကို မဟုတ်မှန်ကြောင်း ဆီဒိုးနား ဟိုတယ်မှ လုံခြုံရေးအကြီးအကဲတစ်ဦးက
စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။
Subscribe to:
Posts (Atom)