မေလ ၁ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ရခိုင်အမျိုးသားညီလာခံပိတ်ပွဲ အခမ်းအနား သို့ပြည်ထောင် စု လွှတ်တော်နာယကသူရဦးရွှေမန်း တက်ရောက်၍အမှာစကားပြော ကြားရာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ၆ လအလို၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီး ပြင်ဆင်ရေးဆွဲရန် ၎င်း၏ သဘော ထားကိုပေးပြီးဖြစ်ကြောင်းပြော ကြားခဲ့သည်။
Sunday, 4 May 2014
၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆ လအလိုဖွဲ့စည်းပုံအပြီးပြင်ရန် သူရဦးရွှေမန်းပြောကြား
မေလ ၁ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ရခိုင်အမျိုးသားညီလာခံပိတ်ပွဲ အခမ်းအနား သို့ပြည်ထောင် စု လွှတ်တော်နာယကသူရဦးရွှေမန်း တက်ရောက်၍အမှာစကားပြော ကြားရာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ၆ လအလို၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီး ပြင်ဆင်ရေးဆွဲရန် ၎င်း၏ သဘော ထားကိုပေးပြီးဖြစ်ကြောင်းပြော ကြားခဲ့သည်။
အသားထဲ စမတ်ဖုန်းအရွယ် Chip သွင်းသူ
SAW ရုပ်ရှင်မဟုတ်ပါဘူး။ တကယ့်အပြင်မှာ Tim Cannon လို့အမည်ရတဲ့ ဇီဝ ဗေဒပညာနဲ့ ဟက်ကာ ပညာ တတ်ကျွန်းသူ ပုဂ္ဂိုလ်က ပြုလုပ်ခဲ့ခြင်း ဖြစ် ပါတယ်။
မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ သုတ်ကောင် ဆဲလ် ဖန်တီးနိုင်
မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံလော က်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။
တစ်ပတ်အတွင်း သစ်ခိုးထုတ်မှုတန်ချိန် တစ်ထောင်ကျော်ဖမ်းမိ
Photo: တစ်ပတ်အတွင်း သစ်ခိုးထုတ်မှုတန်ချိန် တစ်ထောင်ကျော်ဖမ်းမိ Sunday, May 4, 2014 ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှု ရပ်ဆိုင်းပြီးနောက် ရက်ပိုင်းအတွင်း တရားမဝင်သစ် ခိုးထုတ်မှု စံချိန်တင် ဖမ်းဆီး ရရှိမိ ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနမှ သတင်းရရှိသည်။
တရုတ်နိုင်ငံတွင် ဆောက်လက်စ တံတားပြိကျ၊ လူ ၁၁ ဦး သေဆုံး
တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကောင်းကျိုးမြို့ပြင်က တစိတ်တပိုင်း ပဲ ဆောက်လက်စ တံတားခုံးတခု မေလ ၃ ရက်နေ့က ပြိုကျခဲ့လို့လူ ၁၁ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရပါတယ်။
အပူရှိန်လွန်ကဲမှုကြောင့် ချောက်မြို့တွင်လူ၁ဝဦးသေဆုံး
မကွေးတိုင်းဒေသကြီးချောက် မြို့တွင်အပူရှိန်လွန်ကဲမြင့်တက်လာခြင်းကြောင့် ယခုရက်ပိုင်းအတွင်း လူ ၁ဝ ဦးခန့်သေဆုံးသွားကြောင်း ချောက်ဒေသခံတစ်ဦးကပြောသည်။''အပူချိန်၄၃ဒီဂရီစင်တီဂရိတ် အထက်မှာရှိ တယ်။ မကျန်းမာတဲ့ လူတွေ၊ အရက်သောက်တဲ့လူတွေ သေကြတယ်။အသက်(၄ဝ)ကျော်နဲ့ (၆ဝ)ကျော်ေ တွပေါ့ '' ဟု၎င်းကပြော သည်။
မိုးရွာစေရန် ပြည်မြို့တွင် လွန်ဆွဲ
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် ဧပြီလ နောက်ဆုံးပတ်မှစ၍ နေ့အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်အထိ အပူလွန်ကဲမှုများ မြင့်တက်လျက် ရှိသောကြောင့် မိုးရွာသွန်းစေရန် ရည်ရွယ်၍ ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ လွန်ဆွဲပွဲများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသူ ၂၀ ဦးကို ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး စေလွှတ်မည်
မြန်မာနိုင်ငံ ၌ ပြီးခဲ့သည့် ၂၀၁၄
ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ် ၀င်တန်း စာမေးပွဲ ကို ပြည်နယ် နှင့်
တိုင်းဒေသကြီး အသီးသီး၌ ၀င်ရောက် ဖြေဆိုခဲ့ကြသော ကျောင်းသား ကျောင်းသူများ
ထဲမှ အမှတ်အများဆုံး ဦးရေ ၂၀ ကို မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး ၏
အစီအစဉ် ဖြင့် ဂျပန်နိုင်ငံ သို့ သီတင်းတစ်ပတ်ကြာ လေ့လာရေးခရီး ပို့ဆောင်
ပေးမည် ဖြစ်ကြောင်း သိရသည်။
NDF ပါတီ ကြားဖြတ်ရွေးကောက်ပွဲ တစ်နိုင်ငံလုံး ၁၅ နေရာ ဝင်ပြိုင်မည်
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေနှင့် တစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်တို့တွင် ၁၅ နေရာခန့် ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း မန္တလေးတိုင်း NDF ပါတီ လူငယ်တာဝန်ခံ က ပြော ကြားသည်။
ရခိုင်သယံဇာတ ၄၀ ရာခိုင်နှုန်းကို ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ရန် ရခိုင်အမျိုးသားညီလာခံ တောင်းဆို
သဘာဝဓာတ်ငွေ့များကို
တရုတ်နိုင်ငံသို့ ပို့လွှတ်နေပြီ ဖြစ်သည့် ရခိုင်ပြည်နယ်က ထွက်ရှိသည့်
သယံဇာတ များမှ ရရှိသည့် အကျိုးအမြတ်များ၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို
ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အသုံးပြု ရန် ကျောက်ဖြူမြို့တွင် ကျင်းပသည့်
ရခိုင်အမျိုးသားညီလာခံက ချမှတ်သည့် မူဝါဒမူကြမ်းတွင် ထည့် သွင်း ထားကြောင်း
အဆိုပါ ညီလာခံကို တက်ရောက်လာသည့် မြို့နယ် ကိုယ်စားလှယ်များထံမှ
သိရှိရသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးဝန်ထမ်းနှစ်ဦး လက်နက်ကိုင်များ ဖမ်းဆီး
ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းနှစ်ဦးကို အမည်မသိ လက်နက် ကိုင် အဖွဲ့ အစည်းတစ်ခုမှ အာလမ်ကျေးရွာအုပ်စု အတွင်းရှိ ဒွန်ဂန်ကျေးရွာ မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်း မကြီးလမ်းပိုင်း တစ်နေရာတွင် မေလ ၃ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲ အချိန်ခန့်က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း အာလမ်ကျေးရွာ ဒေသခံများနှင့် မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။
Subscribe to:
Posts (Atom)