စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ပြည်တွင်းရှိ
အသေးစားနှင့်အလတ်စား စက်မှု လုပ်ငန်းရှင်များကို အစိုးရက ငွေကျပ်သန်းပေါင်း
ကိုးသောင်းနီးပါး ထုတ်ချေးထားပေးပြီးဖြစ်သည်ဟု စက်မှုဝန်ကြီးဌာနမှ
ဒု-၀န်ကြီး ဦးသိန်းအောင်က အောက်တိုဘာ ၇ ရက်ကပြုလုပ်သည့်
ပြည်သူ့ လွှတ်တော်တွင် ပြောဆိုလိုက်သည်။
Tuesday, 8 October 2013
ပြည်တွင်းဆန်ဈေးငြိမ်လာ၍ ကုမ္ပဏီဆန်များထုတ်ရောင်းချမှုရပ်နား
ပြည်တွင်းဆန်ဈေးများ ပြန်လည်ကျ ဆင်းလာပြီဖြစ်၍ ဝါးတန်းဆန်ကုန်စည်ဒိုင်မှ ကုမ္ပဏီထုတ်ရော င်း ခြင်း အား ပြန်လည်ရပ်ဆိုင်းလိုက် ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဆီးဂိမ်းအတွင်း အင်တာနက်အသုံးပြုရာတွင် လူသုံးသောင်းခန့် တစ်ပြိုင်နက် အသုံးပြုနိုင်မည့်ကွန်ရက်ကို တည်ဆောက်ထားဟုဆို
![Photo: ဆီးဂိမ်းအတွင်း အင်တာနက်အသုံးပြုရာတွင် လူသုံးသောင်းခန့် တစ်ပြိုင်နက် အသုံးပြုနိုင်မည့်ကွန်ရက်ကို တည်ဆောက်ထားဟုဆို
Tuesday, October 8, 2013
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းအတွင်း အင်တာနက်အသုံးပြုရာတွင် လူသုံးသောင်းခန့် တစ်ပြိုင်နက်အသုံးပြုနိုင်မည့် ကွန်ရက်ကို တည်ဆောက်ထားကြောင်း Red
Link ကုမ္ပဏီ၏ Vice Chairman နှင့် Co-Founder ဦးသိန်းသန်းတိုးက ပြောသည်။
အဆိုပါကုမ္ပဏီအနေဖြင့် ပြိုင်ပွဲကာလအတွင်း နေရာ ၆ နေရာတွင် အင်တာနက်ဝန်ဆောင်မှုကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ “ရန်ကုန်နဲ့ ပုသိမ်မှာ ကျင်းပမယ့် (၆) နေရာမှာ ဆောင်ရွက်ပေးသွားမှာပါ။ ကွန်ရက်ကို သေချာ တည်ဆောက်နေတယ်။ တစ်ပြိုင်နက်တည်း လူအယောက်သုံးသောင်းလောက် သုံးလို့ရတဲ့ နက်ပ်ဝက်ကို တည်ဆောက်ထားတယ်” ဟု ဦးသိန်းသန်းတိုးက ပြောသည်။ မြန်နှုန်းသတ်မှတ်ချက်ကို လက်ရှိအချိန်တွင် မသတ်မှတ်ရသေးသော်လည်း မြန်နှုန်းအများအပြား တိုးချဲ့သွားမည်ဖြစ်ကြောင်း ဆိုသည်။
“Speed ကိုတော့ အခုအချိန်ထိ မသတ်မှတ်ရသေးပေမယ့် ကျိန်းသေတယ်။ MPT ဘက်ကနေပြီး Sea Game အတွက်ရည်ရွယ်ပြီးတော့ အများကြီးချဲ့ထားတယ်” ဟုပြောကြားသည်။ ဝိုင်ဖိုင်အင်တာနက်စနစ် အသုံးပြုရာတွင် လိုင်းကျပ်တည်းမှုမဖြစ်အောင် Access Point အများအပြား ထည့်သွင်းထားကြောင်း၊ ယခင်သတ်မှတ်ထားသော အစီအစဉ်ထက် သုံးဆခန့်တိုးမြှင့်ထားကြောင်း သိရသည်။ အဆိုပါ အင်တာနက်စနစ်ဆောင်ရွက်ချက်အတွက် အတွေ့အကြုံရှိ ပြည်ပနည်းပညာကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာအဆင့်မီ နည်းပညာများသုံးထားသည်ဟု ဆိုသည်။ “နိုင်ငံခြား ကုမ္ပဏီက အရင်နှစ်တွေက ဆီးဂိမ်းတွေကို အင်တာနက်ဝန်ဆောင်မှုပေးရာမှာ အတွေ့အကြုံရှိထားတော့ သူတို့ရဲ့ အကြံဉာဏ်နဲ့ ပူးပေါင်းဆောင်ရွက်တာပါ။ သူတို့နဲ့ပေါင်းပြီးတော့မှ ဒီဇိုင်းတွေဘာတွေပြန်ပြင်၊ ထပ်တိုးစရာရှိတာတွေထပ်တိုး စတာတွေ ဆာင်ရွက်သွားတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအမီ ပြည်တွင်းအင်တာနက်လိုင်းများ၏ မြန်နှုန်းကို 10GB အထိ တိုးမြှင့်ရန် ပြင်ဆင်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားခဲ့ဖူးသည်။ အင်တာနက်မြန်နှုန်းများ အဆင့်မြှင့်တင်ခြင်းကို နေပြည်တော်၌အဓိက ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-နေပြည်တော် ဖိုင်ဘာဆက်ကြောင်း အဆင့်မြှင့်တင်ြခင်းကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း
Internet Journal](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-frc3/p480x480/1380386_645308248843150_487522141_n.jpg)
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းအတွင်း အင်တာနက် အသုံးပြုရာတွင် လူ သုံးသောင်းခန့် တစ်ပြိုင်နက်အသုံးပြုနိုင်မည့် ကွန်ရက်ကို တည်ဆောက်ထားကြောင်း Red Link ကုမ္ပဏီ ၏ Vice Chairman နှင့် Co-Founder ဦးသိန်းသန်းတိုးက ပြောသည်။
ပဋိပက္ခဇစ်မြစ်ကို သေချာစွာလေ့လာဖို့ အစိုးရကို တိုက်တွန်း
![Photo: ပဋိပက္ခဇစ်မြစ်ကို သေချာစွာလေ့လာဖို့ အစိုးရကို တိုက်တွန်း
Tuesday, October 8, 2013
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ပြည်နယ်ကိုယ်စားပြု အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ ကြေငြာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
အခုလက်ရှိမှာ အာဏာပိုင်တွေအနေနဲ့ ပဋိပက္ခရဲ့ဇာစ်မြစ်ကို သေချာစွာလေ့လာခြင်းမရှိဘဲ ဖမ်းဆီးနေတဲ့အတွက် ဒီသဘောထားကြေငြာချက်ကို ထုတ်ပြန်ရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကိုယ်စားပြု အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဌဆရာတော် အရှင် နန္ဒောဘာသက RFA ကို မိန့်ကြားပါတယ်။
"သံတွဲမှာဆူပူမှုဖြစ်တာ ဘယ်သူ့ကြောင့်ဖြစ်တာလဲ တရားခံအရင်းကို မရှာပဲနဲ့ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေကို အကုန်လုံးလိုက်ဖမ်းနေတယ်ဆိုတော့ကာ သူတို့က ဒီဆူပူဖြစ်အောင်လုပ်တာမှာ မပါတဲ့ပုဂ္ဂိုလ်ကများနေတယ်၊ မပါတဲ့ပုဂ္ဂိုလ်ကိုလွှတ်ပေးဖို့ အဲလိုသဘောထားထုတ်ပြန်ရခြင်းဖြစ်ပါတယ်"
RNDP ပါတီရဲ့ သဘောထားကြေငြာချက်ထဲမှာ သံတွဲမြို့နယ် RNDP ပါတီဥက္ကဌ ဦးစောလှိုင်နဲ့တကွ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ အခုလို မတရားစွပ်စွဲဖမ်းဆီးခြင်းတွေဟာ ပဋိပက္ခကို လျော့ပါးသွားစေမှာမဟုတ်ဘဲ မကျေနပ်မှုတွေသာများလာနိုင်ကြောင်း ၊ RNDP ပါတီခေါင်းဆောင်တချို့ကို တရားခံဖြစ်စေဖို့ အကွက်ချစီမံလုပ်ဆောင်ခြင်းခံခဲ့ရတာလို့ ယုံကြည်ကြောင်းစတဲ့ အချက် ၉ ချက်ပါရှိတယ် ဖော်ပြထားပါတယ်။
ဒီအတောအတွင်း RNDP ပါတီဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ပါတီခေါင်းဆောင်တွေဟာ သံတွဲမြို့နယ်ကို ရောက်ရှိနေပါတယ်။ သူတို့ရဲ့ခရီးစဉ်မှာ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေပြုလုပ်သွားမှာဖြစ်ပြီး ဒီစုံစမ်းမှုက ရလာတဲ့ရလာဒ်တွေကို အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ သိရပါတယ်။
RFA](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash4/p480x480/1385608_518908601533518_1015152709_n.jpg)
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်း ထားသူတွေကို ပြန်လွှတ်ပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ပြည်နယ် ကိုယ် စားပြု အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ ကြေငြာချက် ထုတ်ပြီး တောင်းဆို လိုက်ပါတယ်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် မူဘောင်ခြောက်ချက် KNU ထုတ်ပြန်
![Photo: နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် မူဘောင်ခြောက်ချက် KNU ထုတ်ပြန်
Tuesday, October 8, 2013
အစိုးရ၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် အစိုးရဘက်က လိုက်လျောပေးရမည့် မူဘောင် ခြောက်ချက်ကို ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်လိုက်ကြောင်း KNU လုံခြုံရေး ကော်မတီ၏ တာဝန်ခံ ဗိုလ်မှူးရန်နိုင်က ပြောကြားသည်။ ...
KNU အဖွဲ့က နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် အစိုးရက အဆိုပါမူဘောင် ခြောက်ချက်ကို သဘောတူညီမှု ရှိ၊ မရှိအပေါ် မူတည် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ မူခြောက်ချက်ကို အောက်တိုဘာလ ပထမပတ်အတွင်း ပြုလုပ်သည့် KNU ဗဟိုကော်မတီ အစည်းအဝေး အပြီးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အပစ်အခတ် လက်မှတ်ထိုးပွဲတွင် နိုင်ငံရေး အာမခံချက် ရရှိနိုင်ရေးအတွက် အဆိုပါမူ ခြောက်ချက်ကို အစိုးရနှင့် အရင်ဆုံးညှိနှိုင်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ခြောက်ချက်လုံး သဘောတူညီမှုရအောင် ညှိနှိုင်းမှာပါ။ နှစ်ဖက်စလုံး အတိုးအလျှော့တော့ လုပ်ရမှာပေါ့”ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။
အဆိုပါမူ ခြောက်ချက်တွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲတွင် အစိုးရဘက်မှ တပ်မတော် ကိုယ်စားလှယ်များ အပါအဝင် အဓိကပုဂ္ဂိုလ်များ ပါဝင်လက်မှတ်ထိုးရန်၊ လက်မှတ်ရေး ထိုးပွဲသို့ အသိသက်သေအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အကြီးအကဲများ ပါဝင်ရေးစသည့် အချက်များ ပါဝင်ကြောင်း KNU ထံမှ သိရှိရသည်။
ထို့ပြင် လက်မှတ်ရေးထိုးပြီး နောက်တွင်လည်း တွေ့ဆုံဆွေးနွေးပွဲ ဆိုင်ရာ နိုင်ငံရေး မူဘောင်ကို ဆက်လက်ညှိနှိုင်း အကောင်အထည် ဖော်ရန်၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတည်ဆောက်ရန်၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်နှင့် နိုင်ငံရေး ဆွေးနွေးမှု ဖြစ်စဉ်ကို လေ့လာစောင့်ကြည့်ရေးအဖွဲ့ ထားရှိရန်နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးမီ အစိုးရနှင့် လက်နက်ကိုင် တပ်ဖွဲ့အားလုံး Code Of Conduct ကို သဘောတူလက်မှတ် ထိုးရန်ဟူသည့် အချက်ခြောက်ချက်ကို အစိုးရနှင့် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း KNU ခေါင်းဆောင်များက ဆိုသည်။
အဆိုပါ KNU ထုတ်ပြန်ချက် မူခြောက်ချက်ကို သိရှိထားသော်လည်း KNU ဘက်မှ ခေါင်းဆောင်များ နှင့်ညှိနှိုင်း ဆွေးနွေးရမည် ဖြစ်သောကြောင့် မည်သည့် မှတ်ချက်ကိုမျှ မပေးနိုင်သေးကြောင်း Myanmar Peace Centre မှ ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။
“KNU ခေါင်းဆောင်တွေနဲ့ အဲဒီကိစ္စတွေကို ဘာမှမပြောရသေးပါဘူး” ဟု ၎င်းကဆိုသည်။
KNU အဖွဲ့သည် စက်တင်ဘာလ ပထမအပတ်အတွင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် လက်မှတ်ထိုးရန် မူအားဖြင့် သဘောတူထားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆွေးနွေးမှုအချို့ ပြုလုပ်ထားသည်။
KNU ကို ၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၆၀ ကျော် စစ်အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့သည်။
The Voice Weekly](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-prn2/p480x480/1385707_518906961533682_1345103490_n.jpg)
အစိုးရ၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် အစိုးရ ဘက်က လိုက်လျောပေးရမည့် မူဘောင် ခြောက်ချက်ကို ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန် လိုက်ကြောင်း KNU လုံခြုံရေး ကော်မတီ၏ တာဝန်ခံ ဗိုလ်မှူးရန်နိုင်က ပြောကြားသည်။
သြစတြေးလျက တရုတ်နဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်ရဖို့ ယုံကြည်နေ
![Photo: သြစတြေးလျက တရုတ်နဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်ရဖို့ ယုံကြည်နေ
Tuesday, October 8, 2013
သြစတြေးလျနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုကို လာမယ့် ၁၂လအတွင်းမှာ လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိတဲ့အကြောင်း ၀န်ကြီးချုပ် Tony Abbott ကပြောလိုက်ပါတယ်။
သြစတြေးလျ ၀န်ကြီးချုပ် Tony Abbott က သူ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပပြုလုပ်နေတဲ့ အာရှပစိဖိတ်ညီလာခံ ကိုအသုံးချပြီး ဒေသတွင်းက နိုင်ငံတွေနဲ့ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးရရှိဖို့အတွက် တက်ရောက်တာဖြစ်တဲ့အကြောင်း ပြောပါတယ်။
ညီလာခံကို တက်ရောက်ဖို့အတွက် ဘာလီကျွန်းကို ရောက်ရှိနေချိန်မှာပဲ ၀န်ကြီးချုပ် Tony Abbott က တရုတ်သမ္မတ ရှင်ကျင်းပင်းနဲ့ တွေ့ဆုံခဲ့ပြီးတော့ လာမယ့်နှစ်အတွင်းမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။
ဒီကနေ့မှာတော့ ၀န်ကြီးချုပ် Tony Abbott ဟာ တခြားဝန်ကြီးချုပ်တွေ၊ သမ္မတတွေနဲ့အတူ ကုန်သွယ်ရေးနဲ့ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေးကိစ္စတွေကို ညှိနှိုင်းဆွေးနွေးမှုပြုကြမှာ ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်တဲ့အဖွဲ့အနေနဲ့ အချိန်သုံးနှစ်လောက်ကြာပြီဖြစ်တဲ့ Trans Pacific Partnership ခေါ် လွတ်လပ်စွာကုန်သွယ်မှု နယ်မြေအရေးကိစ္စကို သဘောတူနိုင်ငံဖို့အတွက် အပြီးသတ်ဆွေးနွေးကြမှာဖြစ်ပြီး ဒီနှစ်ကုန်အတွင်းမှာ အပြီးသတ်နိုင် ဖို့အတွက်လည်း လိုလားနေကြပါတယ်။
ဝန်ကြီးချုပ် Tony Abbott အနေနဲ့ အင်ဒိုနီးရှားနိုင်ငံအပါအ၀င် စီးပွားရေးအတူပူးတွဲလုပ်ကိုင်ကြတဲ့ နိုင်ငံတွေအတွက် အခြေခံအဆောက်အဦးတွေ တိုးတက်မြှင့်တင်နိုင်ဖို့ ကူညီသွားဖို့ရှိပါတယ်။
ဝန်ကြီးချုပ် Tony Abbott အနေနဲ့ တရုတ်၊ စင်္ကာပူ၊ ထိုင်း၊ မက္ကစီကိုနဲ့ ကနေဒါနိုင်ငံတွေက ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပြီး ဒီကနေ့မှာတော့ Papua New Guinea ၀န်ကြီးချုပ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တို့နဲ့လည်းတွေ့ဆုံဖို့ရှိပါတယ်။
အဲဒါအပြင် စီးပွားရေးအတူပူးတွဲလုပ်ကိုင်ကြတဲ့ နိုင်ငံတွေအတွက် အခြေခံအဆောက်အဦးတွေ တိုးတက်မြှင့်တင်နိုင်ဖို့ ပူးတွဲစီမံကိန်းဖြစ်တဲ့ ဒေါ်လာသုံးသန်းထောက်ပံ့ကြေးကိုလည်း ကြေညာ သွားဖို့ရှိတယ်လို့ ယူဆနေကြတဲ့အကြောင်း အေဘီစီသတင်းထောက် George Roberts က ဘာလီကျွန်းကနေ သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။
ABC Radio Australia](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-prn1/p480x480/64212_518906421533736_607935587_n.jpg)
သြစတြေးလျနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုကို လာမယ့် ၁၂လအတွင်းမှာ လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိတဲ့အကြောင်း ၀န်ကြီးချုပ် Tony Abbott ကပြောလိုက်ပါတယ်။
တိုင်းရင်းသားများ၏ ပညာရေး အခက်အခဲ သုတေသန CESR သို့ တင်ပြမည်
တိုင်းရင်းသားများ၏ ပညာရေး အခက်အခဲအကြောင်းကို သုတေသန ပြုလုပ်ထားပြီး ယင်းကို ဘက်စုံ လွှမ်းခြုံ ပညာရေး သုံးသပ်ချက် (CESR) သို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း တင်ပြသွား မည် ဖြစ်ကြောင်း ထိုသုတေသနကို ပြုလုပ်ထားသည့် ငြိမ်းဖောင်ဒေးရှင်း စီမံကိန်းမန်နေဂျာက The Voice သို့ ပြောကြားသည်။
အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်
![Photo: အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်
Tuesday, October 8, 2013
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ဘာသာလူမျိုးအခြေခံ အကြမ်းဖက် ပဋိပက္ခတွေကြောင့် တိုးတက် ဖွံ့ဖြိုးစပြုလာနေတဲ့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်နိုင်ဖွယ်ရှိနေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမှာ ထင်ရှားတဲ့ ငပလီ ကမ်းခြေ အနီးမှာ ဖြစ်ပွားခဲ့တာပါ။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့နိုင်ငံသားတွေကို သတိပေးထားရာမှာ ငပလီမှာ အခုထိ လုံခြုံမှုရှိတယ် ဆိုနိုင်ပေမဲ့၊ ခရီးသွားတွေအနေနဲ့ ဒေသဆိုင်ရာ အခြေအနေတွေကို အမြဲ သတိပြုနေကြဖို့၊ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီတွေနဲ့ အမြဲထိတွေ့နေဖို့ ကြေညာထားပါတယ်။
ငပလီ ကမ်းခြေအနီး သံတွဲမြို့ မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီ အထိ ညမထွက်ရ အမိန့် ထုတ်ထား ပါတယ်။
မြန်မာ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေအနေနဲ့လည်း လက်ရှိ အဖြစ် အပျက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတယ် လို့ ဆိုပါတယ်။
အခုအခါ ခရီးသွားရာသီ စတင်ပြီမို့ အရေးကြီးတဲ့ အချိန်ရောက်လာပြီလို့ ကုမ္ပဏီ တစ်ခုက ပြောပါတယ်။
မြန်မာနိုင်ငံအကြောင်း လေ့လာသူ သြစတေးလျ စီးပွားရေး ပညာရှင် ဒေါက်တာ Sean Tunnel ကလည်း လတ်တလောအနေနဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် ပြည်ပခရီးသွားဦးရေ ရုတ်တရက် ချက်ခြင်း မကျဆင်းနိုင် ပေမဲ့၊ ရေရှည်မှာတော့ ပြဿနာကြီးတစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ ပြီးတော့ ကမ်းခြေတွေဟာ ဝေးလံတဲ့နေရာ တွေ မှာရှိတာမို့ တစ်စုံတခုဖြစ်ခဲ့ရင် အန္တရာယ်အရှိဆုံးနေရာတွေဖြစ်သွားနိုင်ကြောင်း သတိပေးပြောဆိုပါတယ်။
RFA](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-prn1/p480x480/996919_518904898200555_768159095_n.png)
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ဘာသာလူမျိုးအခြေခံ အကြမ်းဖက် ပဋိပက္ခတွေကြောင့် တိုး တက်ဖွံ့ဖြိုးစပြုလာနေတဲ့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်နိုင်ဖွယ်ရှိနေတယ်လို့ AFP သတင်းက ဖေါ်ပြပါ တယ်။
ရန်ကုန်လေဆိပ် ပြည်ပထွက်ခွါ ဆောင်တွင် စိတ်ကြွဆေးပြား ငါးသောင်းကျော်ဖမ်းဆီးရမိ
![Photo: ရန်ကုန်လေဆိပ် ပြည်ပထွက်ခွါ ဆောင်တွင် စိတ်ကြွဆေးပြား ငါးသောင်းကျော်ဖမ်းဆီးရမိ
ရန်ကုန်၊ အောက်တိုဘာ ၈
၇.၁၀.၂၀၁၃ရက်နေ့ ၀၉၀၀အချိန် ရန်ကုန်(မူယစ်တပ်ဖွဲ့စု-၄၅)မှ တပ်ဖွဲ့ဝင်များသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်
ပြည်ပထွက်ခွာဆောင် Main X ray စက်၌ စစ်ဆေးရှာဖွေရေးတာဝန်ဆောင်ရွက်နေစဉ် မဖြူဥ၊ (ဘ)ဦးဘိုနီ၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ၏ ခရီးဆောင်အိတ်အား X ray စက်ဖြင့်
ဖြတ်သန်းစစ်ဆေးရာ အိတ်အတွင်း၌ မသင်္ကာပုံရိပ်များတွေ့ရှိရသဖြင့် မဖြူဥ၏ ခရီဆောင်အိတ်အား စစ်ဆေးခဲ့ရာ မြင့်မြင့်ဝေနှင့် ကမ္ဘာစန်းတံဆိပ်ပါ ထိုးမုန့်ဗူးခွံ (၁၈)ဗူးအတွင်း၌ သိုဝှက်သယ်ဆောင်လာသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြာ(၅၄၇၂၀)ပြား၊ အလေးချိန် (၅.၄၇၂)ကီလိုဂရမ်နှင့် ဆေးပြားအကြေ(၀.၀၁)ကီလိုဂရမ် စုစုပေါင်းအလေးချိန် (၅.၄၈၂)ကီလိုဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၂၇၄၁)သိန်းနှင့် PHYU OU အမည်နှင့် ပတ်စ်ပို့(၁)စောင်၊
မဖြူဥအမည်ပါ မှတ်ပုံတင်(၁)ခု၊ ရန်ကုန်-ဘန်ကောက်-ဒါကာ ၊
ဘန်ကောက်-ရန်ကုန်အသွားအပြန် လေယာဉ် လက်မှတ်(၁)စောင်၊ အမေရိကန်ဒေါ်လာ(၄၀၀)၊ ခေါက်ပိုက်ဆံအိတ် (၁)လုံး၊ ဆင်းကဒ်ပါ (YUWIN)တံဆိပ်နီ/ခဲကြား လက်ကိုင်ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူအား စစ်ဆေးရာ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား တင်မောင်၊ (ဘ)ဦးရှုနာအာလီ၊ (၁)ရပ်ကွက်၊ သာကေတမြို့နယ်
နေသူမှပို့ဆောင်ခိုင်းကြောင်း ပေါ်ပေါက်သဖြင့် မူးယစ်တပ်ဖွဲ့ စု(၄၅/၄၂)မှတပ်ဖွဲ့ဝင်များပူးပေါင်း၍ တင်မောင်၏
နေအိမ်အားဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားများ
ရှာဖွေတွေ့ရှိရခြင်းမရှိဘဲ တင်မောင်အားဖမ်းဆီးရမိသဖြင့် မဖြူဥနှင့် တင်မောင်တို့အားမင်္ဂလာဒုံမြို့မရဲစခန်း မူးယစ်(ပ)၁၀/၂၀၁၃၊
မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)(ခ)/၂၁ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash3/p480x480/993412_388564781272795_1783330427_n.jpg)
၇.၁၀.၂၀၁၃ရက်နေ့ ၀၉၀၀အချိန် ရန်ကုန်(မူယစ်တပ်ဖွဲ့စု-၄၅)မှ တပ်ဖွဲ့ဝင်များသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဆောင် Main X ray စက်၌ စစ်ဆေးရှာဖွေရေး တာဝန်ဆောင်
မြန်မာ့ပညာရေး မြှင့်တင်ရေးအဖွဲ့ အမြန်ဆုံး ဖွဲ့စည်းမည်ဟု နိုင်ငံတော် သမ္မတ ပြောကြား
![]() |
လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် သမ္မတဦးသိန်းစိန်ကို တာဝန်ရှိသူများ နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံး ၀က်ဘ်ဆိုက်) |
ပညာရေး ကဏ္ဍတွင် ပြုပြင်ရမည့် အချက်များစွာ ရှိနေသည့်အတွက် ပညာရှင်များ၏ အကြံဉာဏ်ကို စု စည်းကာ ချက်ချင်း ဆောင်ရွက်ရမည့် လုပ်ငန်းနှင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဟူ၍ Action Plan များ ရေးဆွဲရန်အတွက် မြန်မာ့ပညာရေး မြှင့်တင်ရေး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး အမြန်ဆုံး အကောင်အထည် ဖော်သွားမည် ဖြစ်သည်ဟု အောက်တိုဘာ ၇ ရက် နံနက်က နေပြည်တော်၌ ကျင်း ပသော လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဆိုသည်။
မန်းတွင် မူးယစ်ဆေးဝါး ဆက်စပ်ရောင်းဝယ်ဖောက်ကားသူများ ဖမ်းမိ
မန္တလေးတွင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲသူနှင့်ဆက်စပ်ရောင်းသူများအားအောက်တိုဘာ၆ရက်က ဖမ်းဆီးရမိ ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
တက္ကသိုလ် အချင်းချင်း MoU ရေးထိုးခြင်း ဝန်ကြီးရုံးအဆင့်ထိ တင်သွင်းရန် မလိုတော့ဟုဆို
နိုင်ငံတကာ တက္ကသိုလ်၊ ပညာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်း အစိုးရ တက္ကသိုလ်များအကြား နား လည်မှု စာချွန်လွှာ ရေးထိုးရာတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အဆင့်အထိ တင်သွင်းရန် မလိုတော့ဘဲ တက္ကသိုလ် အချင်းချင်း လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၅) မှ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားသည်။
ကလေးစစ်သားအသုံးပြုမှုကြောင့် မြန်မာအပေါ် အမေရိကန် စစ် အထောက်အကူပေးမှု ကန့်သတ်
အမေရိကန်ပြည်ထောင်စုရဲ့ Child Soldiers Prevention Act “ကလေးစစ်သား
အသုံးပြုမှုအကာ အကွယ်ပေးရေး ဥပဒေ” အရ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့
စစ်ရေးအကူအညီတွေ ပိတ်ပင် ခံရတဲ့ နိုင်ငံစာရင်းထဲမှာ ပါရှိနေတုန်းပါ။
ဒါပေမယ့်လည်း အမေရိကန် မြန်မာဆက်ဆံရေးဟာ ပြီးခဲ့ တဲ့ နှစ်တွေ အတွင်း
ကောင်းမွန်တိုးတက်လာတာနဲ့အတူ အချို့ စစ်ရေးဆက်ဆံမှုတွေတော့ ရှိနေဆဲဖြစ်ပါ တယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
နျူကလီးယားအရေးနှင့်ပတ်သက်၍ အဆိုပြုချက်အသစ်များ ကမ်းလှမ်းရမည်ဖြစ်ကြောင်း အင်အားကြီးနိုင်ငံများကို အီရန်ပြော
အီရန် နျူကလီးယားပြဿနာနှင့်ပတ်သက်၍ အင်အားကြီးနိုင်ငံများအနေဖြင့် အဆိုပြုချက်အသစ်များ ထပ်မံကမ်းလှမ်းကြရန် အီရန်က တနင်္ဂနွေနေ့က တောင်းဆိုခဲ့ကြောင်း အောက်တိုဘာ ၇ ရက်က ဘီဘီစီ သတင်းဌာန မှ ဖော်ပြထားသည်။
အစိုးရနဲ့ KIO မြစ်ကြီးနားမှာ ထပ်မံတွေ့ဆုံ
![Photo: အစိုးရနဲ့ KIO မြစ်ကြီးနားမှာ ထပ်မံတွေ့ဆုံ
Tuesday, October 8, 2013
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ကချင် လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်တွေဟာ ဒီကနေ့ မြစ်ကြီးနားမြို့ ကို ရောက်ရှိလာပြီး မြန်မာအစိုးရတာဝန်ရှိသူတွေ အပါအဝင် ဆွေးနွေးပွဲအတွက် ရောက်လာသူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
KIO နဲ့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ရဲ့ မနက်ဖြန်မှာ စတင်တဲ့ ဆွေးနွေးမှုတွေကတော့ နိုင်ငံရေး၊ ဒုက္ခသည်အရေး စတဲ့ အရေးကိစ္စတွေ အပါအဝင် အချက် ၅ ချက် အပေါ်မှာ အခြေခံပြီး အဓိကဆွေးနွေးဖို့ ရှိနေပါတယ်။ KIO နဲ့ မြန်မာအစိုးရတို့ရဲ့ အခုနောက်ဆုံးဆွေးနွေးပွဲနဲ့ ပတ်သက်လို့တော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အခု ကြားလိုက်ရတဲ့အသံတွေက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက် လာတဲ့ KIO ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကို ဒေသခံ ကချင် ပြည်သူတွေက ကြိုဆိုနေကြတဲ့အသံတွေဖြစ်ပါတယ်။ ဒီကြိုဆိုပွဲကို လာရောက်သူတွေဟာ သောင်းနဲ့ချီပြီး ရှိနိုင်မယ်လို့လည်း ခန့်မှန်းကြ ပါတယ်။
“ထောင်ကတော့ကျော်တယ်။ သောင်းဂဏန်းရှိမလား မသိဘူး။ လူအင်အား က အဲလောက်ရှိတယ်။ အခုနကပဲ ကျနော်နဲ့ သူငယ်ချင်း တယောက် အံ့သြတဲ့အကြောင်း ပြောနေတယ်။ ဘယ်သူမှလည်း စည်းရုံးလှုံ့ဆော် ထားခြင်းမရှိဘဲနဲ့ ပြည်သူလူထုက သူတို့ရဲ့အသိစိတ် ဓာတ်နဲ့ သူတို့ရဲ့ KIA အပေါ်မှာ ထောက်ခံတဲ့အနေနဲ့လေ-ပေါ့နော- လာပြီးတော့ ကြိုဆိုကြတဲ့ သဘောကို တွေ့ရလို့ အရမ်း အံ့သြမိပါတယ်။ ”
ဒီကြိုဆိုပွဲကို တက်ရောက်လာတဲ့ ဒေသခံလူငယ်တယောက် ပြောပြတာပါ။ KIO ကိုယ်စားလှယ်အဖွဲ့ဟာ မြစ်ကြီးနားမြို့ကို ညနေ ၃ နာရီကျော်လောက်က ဆိုက်ရောက်လာတာဖြစ်ပါတယ်။ KIO လုပ်ငန်းညှိနှိုင်းအဖွဲ့ရဲ့ ပြောခွင့်ရ သူဦးဒေါင်ခါးက ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွန်လွတ်ဂမ် ဦးဆောင်လာ ရောက်တာဖြစ်တယ်လို့ ပြောပါတယ်။
“ဦးဆွန်လွတ်ဂမ်ဦးဆောင်တာပေါ့။ ကျနော်တို့ KIO ကိုယ်စားလှယ်အဖွဲ့ခေါင်း ဆောင်ပဲလေ။ တပ်ပိုင်းဆိုင်ရာက ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်ပြီးတော့ ပါလာတယ်။ ကိုယ်စားလှယ်အဖွဲ့က ၈ ယောက်ပါ။”
မနက်ဖြန် ကျင်းပမယ့်ဆွေးနွေးပွဲမှာ မေလဆွေးနွေးပွဲနောက်ပိုင်း တိုးတက်ဖြစ်ထွန်းမှုတွေအပါအဝင် စစ်ရှောင်ဒုက္ခသည်များအရေး၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်၊ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးနဲ့ အထွေထွေကိစ္စရပ်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီကနေ့ညမှာတော့ ဆွေးနွေးမယ့် ခေါင်းစဉ်အချို့ကို ထပ်မံညှိနှိုင်းအတည်ပြုဖို့ ရှိနေပါတယ်။
မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ကိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်ပြီး ဝန်ကြီး ဦးအုံးမြင့်၊ ဝန်ကြီးဦးခင်မောင်စိုး၊ ဝန်ကြီးဦးဝင်းထွန်းအပါအဝင် ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊မြောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ အရှေ့မြောက်တိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး ၊ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ ပါဝင်တက်ရောက်ကြမှာ ဖြစ်ပါတယ်။
KIO နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကုလသမဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး မစ္စတာ နမ်ဘီးယား၊ တရုတ် နိုင်ငံက သံတမန်နှစ်ဦး၊ နိုင်ငံရေးပါတီ (၇) ပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၀) ဖွဲ့နဲ့ ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ကိုယ်စားလှယ်တွေလည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အစောပိုင်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ မနက်ဖြန်ဆွေးနွေးပွဲမှာတော့ မပါဝင်နိုင်ကြောင်း ဒီကနေ့ထုတ်သတင်းစာတချို့မှာ ဖော်ပြပါတယ်။
လောလောဆယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
“ဟုတ်တယ်ဗျ။ အခု လေးနာရီခွဲမှာ Observer အနေနဲ့ဖိတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးဦးအောင်မင်းနဲ့ နန်းသီတာဟိုတယ်လ်မှာ တွေ့ဖို့တော့ ပြင်ဆင်နေတယ်ဗျ။ ဒါကတော့ Nationwide ceasefire နဲ့ National Dialogue ကို ဦးအောင်မင်းက ရှင်းပြဖို့ သွားနေပါတယ်။”
တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ သောကြာနဲ့ စနေနေ့တွေက ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ ဦးသိန်းဇော်ခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ပန်ဆန်းမြို့မှာ ဆွေးနွေးခဲ့ပါတယ်။
UWSPရဲ့ သဘောထားကိုတော့ ပါတီရဲ့ပြောခွင့်ရသူ ဦးအောင်မြင့်က အခုလို ပြောပါတယ်။
“ကျနော်တို့ကို တရားဝင်ဖိတ်လို့ရှိရင် ကျနော်တို့သွားရောက်တက်ပါမယ်။ နိုင်ငံတော်က ဆွေးနွေးမယ့်အကြောင်းအရာ၊ လက်မှတ်ထိုးမယ့် အချက်အလက်တွေ ပီပီပြင်ပြင်ဖြစ်အောင် အားလုံးကို ကြိုတင်ပြီးတော့ တဖွဲ့ချင်းစီ ပေးပို့ပြီးတော့ ညှိနှိုင်းဆွေးနွေး သဘောတူညီမှု အစည်းအဝေးပြင်ပကနေပြီးတော့ အရင် ညှိနှိုင်းယူဖို့ ကျနော်တို့လည်း အမြင်သဘောထားလေးတွေ ပြန်ဆွေးနွေးထားတာ ရှိပါတယ်။”
ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ကလည်း တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ အချက် ၆ ချက်ထုတ်ပြန်ထားပါတယ်။ ဒီအချက်တွေမှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အတွက် ခိုင်မာသော ကတိကဝတ်များ ထားရှိဖို့၊ အပစ်ရပ်ရေး လက်မှတ်ရေးထိုးရာမှာ တပ်မတော် အကြီးအကဲများ ပါဝင်လက်မှတ်ထိုးဖို့နဲ့ လက်မှတ် ရေးထိုးကြရာမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေရှေ့မှာ လက်မှတ်ရေးထိုးဖို့ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။
မြန်မာအစိုးရဘက်ကတော့ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ဒီလကုန်ပိုင်းလောက်မှာ လက်မှတ်ရေးထိုးပြီး နောက်နှစ်ဆန်းပိုင်းမှာ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေး ပွဲကျင်းပဖို့ ကြိုးစားနေပါတယ်။
VOA](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-prn2/p480x480/1380042_518865704871141_869079100_n.jpg)
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စား လှယ်တွေဟာ ဒီကနေ့ မြစ်ကြီးနားမြို့ကို ရောက်ရှိလာပြီး မြန်မာအစိုးရတာဝန်ရှိသူတွေ အပါ အဝင် ဆွေးနွေး ပွဲ အတွက် ရောက်လာသူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ် လေးသန်းကျော် ရရှိပြီးဖြစ်ဟု ဆို
“မျိုးစောင့်ဥပဒေ”ဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်း ကို ထောက်ခံသည့် လက်မှတ်များကို တစ်နိုင်ငံလုံးအနှံ့ ကောက်ခံမှုများ ပြုလုပ်နေရာ အောက်တိုဘာ ၇ ရက် အထိ လက် မှတ်လေးသန်းကျော် ရရှိထားပြီး ဖြစ်သည်ဟု အဆိုပါ လက်မှတ်များ ကောက်ခံသော ဆရာတော်တစ်ပါး
ဖြစ် သည့် ဦးဝီရသူက မဇ္ဈိမကို မိန့်သည်။
ဖြစ် သည့် ဦးဝီရသူက မဇ္ဈိမကို မိန့်သည်။
မူဆယ်တွင် အမှုများ မကြာခဏဖြစ်သော်လည်း တရားခံများ တရုတ်နိုင်ငံသို့ ထွက်ပြေးသောကြောင့် အကုန်မဖမ်းမိ
ကူးသန်းရောင်းဝယ်မှု စည်ကားသော နယ်စပ်မြို့ဖြစ်သည့် မူဆယ်တွင်
လူသတ်မှုအပါအ၀င် အခြားအမှု များ မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း
ပြစ်မှုကျူးလွန်သူများမှာ တရုတ်နိုင်ငံသို့ထွက်ပြေး တိမ်းရှောင် သွားသဖြင့်
အမှုဖြစ်စဉ် အချို့သာပြန်ဖမ်းနိုင်သည်ဟု ပြည်ထဲရေးဒု-၀န်ကြီး
ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က အောက်တိုဘာ ၇ ရက်တွင် ပြောဆိုလိုက်သည်။
မြေသိမ်းခံထားရသူများ တရားမျှတမှုရရှိရန် ဖြေရှင်းပေးရန် လိုအပ်
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဦးဆောင်သည့် မကြာသေးမီက ဖွဲ့စည်းခဲ့သော မြေယာအသုံးချရေး စီမံခန့်ခွဲမှု ဗဟိုကော်မတီက မြေယာသိမ်းယူထားမှု ပြဿနာများအားလုံးကို တစ်နှစ်အတွင်း ဖြေရှင်းပေးမည်ဟု ကတိပြု ထားသည်။ ၎င်းအဖွဲ့၏ စက်တင်ဘာလ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ဒု-သမ္မတဦး ဥာဏ်ထွန်းနှင့် အဖွဲ့ဝင်များက တင်ပြထားသည့် မြေသိမ်းဆည်းထားမှု ပြဿနာပေါင်း ၇၄၅ ခုကို ဖြေ ရှင်းပေးမည်ဟုဆိုသည်။ မြန်မာနိုင်ငံက တံခါးဖွင့်ခဲ့ပြီဖြစ်ပြီး ပိုမိုပွင့်လင်းလာသည့် အုပ်ချုပ်မှု အစိုးရ စနစ်အောက် တွင် ဤသို့ မြေယာပြဿနာများမှာ ပို၍ ရှေ့တန်းရောက်လာခဲ့ သည်။
ရန်ကင်းမြို့နယ်ရှိ ကာကွယ်ရေး ၀န်ကြီးဌာနပိုင် မြေအား BOT စနစ်ဖြင့် အဆောက်အအုံများ ဆောက်လုပ်ရန် မြန်မာနှင့် စင်ကာပူ ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်မည်
![]() |
စီမံကိန်း အကောင်အထည် ဖော်မည့်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်) |
ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကာကွယ်ရေး ၀န်ကြီးဌာနပိုင်မြေအား BOT စနစ်ဖြင့် ဟိုတယ်၊ ရှော့ပင်းမောလ် အပါ အ၀င် အဆောက်အအုံများ တည်ဆောက်ငှားရမ်းခြင်း လုပ်ငန်းကို မြန်မာနှင့် စင်ကာပူ ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။
ပဋိပက္ခဇစ်မြစ်ကို သေချာစွာလေ့လာဖို့ အစိုးရကို တိုက်တွန်း
![Photo: ပဋိပက္ခဇစ်မြစ်ကို သေချာစွာလေ့လာဖို့ အစိုးရကို တိုက်တွန်း
Tuesday, October 8, 2013
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ပြည်နယ်ကိုယ်စားပြု အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ ကြေငြာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
အခုလက်ရှိမှာ အာဏာပိုင်တွေအနေနဲ့ ပဋိပက္ခရဲ့ဇာစ်မြစ်ကို သေချာစွာလေ့လာခြင်းမရှိဘဲ ဖမ်းဆီးနေတဲ့အတွက် ဒီသဘောထားကြေငြာချက်ကို ထုတ်ပြန်ရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကိုယ်စားပြု အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဌဆရာတော် အရှင် နန္ဒောဘာသက RFA ကို မိန့်ကြားပါတယ်။
"သံတွဲမှာဆူပူမှုဖြစ်တာ ဘယ်သူ့ကြောင့်ဖြစ်တာလဲ တရားခံအရင်းကို မရှာပဲနဲ့ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေကို အကုန်လုံးလိုက်ဖမ်းနေတယ်ဆိုတော့ကာ သူတို့က ဒီဆူပူဖြစ်အောင်လုပ်တာမှာ မပါတဲ့ပုဂ္ဂိုလ်ကများနေတယ်၊ မပါတဲ့ပုဂ္ဂိုလ်ကိုလွှတ်ပေးဖို့ အဲလိုသဘောထားထုတ်ပြန်ရခြင်းဖြစ်ပါတယ်"
RNDP ပါတီရဲ့ သဘောထားကြေငြာချက်ထဲမှာ သံတွဲမြို့နယ် RNDP ပါတီဥက္ကဌ ဦးစောလှိုင်နဲ့တကွ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ အခုလို မတရားစွပ်စွဲဖမ်းဆီးခြင်းတွေဟာ ပဋိပက္ခကို လျော့ပါးသွားစေမှာမဟုတ်ဘဲ မကျေနပ်မှုတွေသာများလာနိုင်ကြောင်း ၊ RNDP ပါတီခေါင်းဆောင်တချို့ကို တရားခံဖြစ်စေဖို့ အကွက်ချစီမံလုပ်ဆောင်ခြင်းခံခဲ့ရတာလို့ ယုံကြည်ကြောင်းစတဲ့ အချက် ၉ ချက်ပါရှိတယ် ဖော်ပြထားပါတယ်။
ဒီအတောအတွင်း RNDP ပါတီဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ပါတီခေါင်းဆောင်တွေဟာ သံတွဲမြို့နယ်ကို ရောက်ရှိနေပါတယ်။ သူတို့ရဲ့ခရီးစဉ်မှာ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေပြုလုပ်သွားမှာဖြစ်ပြီး ဒီစုံစမ်းမှုက ရလာတဲ့ရလာဒ်တွေကို အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ သိရပါတယ်။
RFA Burmese](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-ash4/p480x480/1379550_645166212190687_1931078911_n.jpg)
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်း ထားသူတွေကို ပြန်လွှတ်ပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ပြည်နယ်ကိုယ် စားပြု အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ ကြေငြာချက်ထုတ် ပြီး တောင်းဆို လိုက်ပါတယ်။
မိတ္ထီလာကန် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ကန်ရေအပြည့်လှောင်ထား
![]() |
မိတ္ထီလာကန်ကိုတွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) |
မိတ္ထီလာမြို့ရှိ သမိုင်းဝင် မီတ္ထီလာကန်တွင် ပထမဆုံးအကြိမ် ကန်ရေအပြည့်
လှောင်ထားနိုင်ပြီဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဦးခင်ဇော်ကပြောကြားသည်။
နိုဘဲလ်ဆေးသိပ္ပံဆု အမေရိကန်နဲ့ ဂျာမန်သုတေသီတွေရရှိ
![Photo: နိုဘဲလ်ဆေးသိပ္ပံဆု အမေရိကန်နဲ့ ဂျာမန်သုတေသီတွေရရှိ
Tuesday, October 8, 2013
၂၀၁၃ ခုနှစ် ဆေးပညာအတွက် နိုဘယ်လ်ဆုကို အမေရိကန်ပညာရှင်နှစ်ဦးနဲ့ ပူးတွဲပြီး ဂျာမန်ပညာရှင်တဦးကို ချီးမြှင့်လိုက်ပါတယ်။
အမေရိကန်ပညာရှင်တွေဖြစ်တဲ့ James Rothman, Randy Schekman နဲ့အတူ ဂျာမန်ပညာရှင် Thomas Sudhof တို့ဟာ အမေရိကန်တက္ကသိုလ်တွေမှာ သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်နေသူတွေဖြစ်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေ တနေရာနဲ့တနေရာ ဘယ်လိုမျိုးကူးလူးသွားလာဖို့ လုပ်ဆေင်ကြသလဲဆိုတာကို သူတို့သုံးဦးပူးပေါင်းပြီး သုတေသန လုပ်ဆောင်လာတဲ့အတွက် ဆုရရှိကြောင်း ဆွီဒင်နိုင်ငံ၊ Stokcholm မြို့က နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့ကနေ တနင်္လာနေ့က ကြေညာခဲ့တာပါ။ နှစ်စဉ်ချီးမြှင့်နေတဲ့ နိုဘယ်လ်ဆုတွေထဲမှာ နိုဘယ်လ်ဆေးပညာဆုရှင်ကို ပထမဆုံးချီးမြှင့်တာဖြစ်ပါတယ်။
မစ္စတာ Rothman က Yale တက္ကသိုလ်ရဲ့ ကလပ်စည်းဆိုင်ရာ ဇီဝဗေဒဌာနရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ ကာလီဖိုးနီးယားပြည်နယ် Berkeley တက္ကသိုလ်က ကလပ်စည်းဆိုင်ရာ ပါမောက္ခ Schekman ဟာ Howard Hughes ဆေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။ သူနဲ့အတူ အလုပ်လုပ်ကိုင်နေတဲ့ ဂျာမဏီနိုင်ငံသား Sudhof ဟာ Stanford တက္ကသိုလ် ကလပ်စည်းဆိုင်ရာ သုတေသန ပါမောက္ခဖြစ်ပါတယ်။
တီထွင်ပညာရှင်တဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် Alfred Nobel ရဲ့ စာပေ၊ သိပ္ပံနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုတွေကို ၁၉၀၁ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
VOA](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-ash4/p480x480/1390532_645167262190582_1026819745_n.jpg)
၂၀၁၃ ခုနှစ် ဆေးပညာအတွက် နိုဘယ်လ်ဆုကို အမေရိကန်ပညာရှင်နှစ်ဦးနဲ့ ပူးတွဲပြီး ဂျာမန်ပညာရှင်တဦးကို ချီးမြှင့်လိုက်ပါတယ်။
ပရဟိတမယ် ခင်ဝင့်ဝါ
![Photo: ပရဟိတမယ် ခင်ဝင့်ဝါ
Tuesday, October 8, 2013
(၇) ရက်သော သားသမီးများတို့အား အမှူးထားပြီး Miss Supranational Internet ဆု၊ Missosology Website မှ ပေးအပ်သည့် People Choice Award, Face of Miss Supranational 2013, Belarus Webste မှ ပေးအပ်သည့် Most Beautiful Girl in the World အစရှိသည့် ဆု (၄) ဆု ဆွတ်ခူး ရယူခဲ့သူ ခင်ဝင့်ဝါသည် အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိခဲ့ချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၆.၁ဝ.၂ဝ၁၃ ရက်နေ့တွင် မိသားစုနှင့်အတူ အလှူငွေ ၅ဝဝဝဝဝိ/- (ငါးသိန်းကျပ်) တိတိတို့အား လာရောက် လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးကျော်သူမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဦးကျော်သူမှ အသင်း၏ လုပ်ဆောင်ပေးဆပ်မှုများ (နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး ကူညီမှုနှင့် အရေးပေါ်ကယ်ဆယ်ရေး) အစရှိသည် တို့အား လိုက်လံရှင်းလင်း ပြသခဲ့ပြီး ၇.၁ဝ.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ၂ဝ၁၃ ခုနှစ် တစ်နှစ်တာအတွင်း နာရေးကူညီမှု (တစ် သောင်းပြည့်) အစီအစဉ်အား ကျင်းပပြုလုပ်ရန်ရှိကြောင်း ပြောကြားခဲ့ရာ ခင်ဝင့်ဝါမှ ယင်းနေ့တွင် စာမေးပွဲ တစ်ခု ဖြေဆိုရန်ရှိနေသည့်အတွက် စာမေး ပွဲဖြေဆိုပြီးချိန်တွင် လာရောက်၍ ကိုယ်တိုင်ကိုယ်ကျ ယင်း တစ်သောင်းပြည့် နာရေးဈာပနအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အသင်း သား/ သူများ၊ လူမှုရေးမောင်နှမများ၊ ပရဟိတ အနုပညာမောင် နှမများနှင့်အတူ လက်တွဲ၍ ကုသိုလ် ယူမည် ဖြစ် ကြောင်း ပြောကြားခဲ့ ပါသည်။
ထိုကဲ့သို့သော နုငယ်လှပသည့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် အလှမယ် ကလေးများဖြစ်ကြသော နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ဂုဏ်ရည်အေးကျော်တို့ကဲ့ သို့ လူသားတိုင်း မလွန်ဆန်နိုင်သော သေခြင်း တရား ဖြစ်သည့် နာရေးတည်း ဟူသော နောက်ဆုံးခရီးစဉ်အား မိမိတို့ပိုင်ဆိုင်မှု မှတ်တိုင်ထူထားသော ဘွဲ့ထူး၊ ဂုဏ်ထူး၊ ဆု တံဆိပ်များနှင့် မသက်ဆိုင်သည်ဟု အများထင်မြင် ယူဆထားသော အယူသည်းမှုတို့ကို ရိုက်ချိုးတိုက်ဖျက်မှုအတွက် နာရေး ကူညီမှု အသင်း(ရန်ကုန်)မှ များစွာ လေးစား ဂုဏ်ယူ မိကာ သံသရာဘဝ မှ စောင့်မျှော်နေကြသော သမ္မာဒေဝါ နတ်ကောင်းနတ်မြတ်များတို့မှလည်း သာဓု .. သာဓု .. သာဓု ဟု ခေါ်ဆိုနေမည်မှာ မလွဲတော့ပေ။
Kyaw Thu](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-frc3/p480x480/1385775_518849161539462_1029629464_n.jpg)
(၇) ရက်သော သားသမီးများတို့အား အမှူးထားပြီး Miss Supranational Internet ဆု၊ Missosology Website မှ ပေးအပ်သည့် People Choice Award, Face of Miss Supranational 2013, Belarus Webste မှ ပေးအပ်သည့် Most Beautiful Girl in the World အစရှိသည့် ဆု (၄) ဆု ဆွတ်ခူး ရယူခဲ့သူ ခင်ဝင့်ဝါသည် အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိခဲ့ချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၆.၁ဝ.၂ဝ၁၃ ရက်နေ့ တွင် မိသားစုနှင့်အတူ အလှူငွေ ၅ဝဝဝဝဝိ/- (ငါးသိန်းကျပ်) တိတိတို့အား လာရောက် လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးကျော်သူမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
မြန်မာ့ငွေကြေးဆိုင်ရာ ဥပဒေများကို ပြန်ပြင်ရန် ဗဟိုဘဏ်နှင့် ကမ္ဘာ့ဘဏ် တို့ ဆွေးနွေး
မြန်မာ့ ငွေကြေးဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများ အကြံပြုနိုင်ရန် အတွက် ကမ္ဘာ့ဘဏ်အဖွဲ့ဝင် များနှင့် မြန်မာနိုင်ငံ ဗဟိုဘဏ် တို့ ယခုလနောက်အပတ် အတွင်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရ သည်။
ဓနသဟာယနိုင်ငံများ ညီလာခံကို ကနေဒါ ၀န်ကြီးချုပ် မတက်နိုင်ဟုဆို
![]() |
ကနေဒါနိုင်ငံဝန်ကြီးချုပ် Stephen Harper (Credit: AFP) |
လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ဓနသဟာယနိုင်ငံများညီလာခံကို ကိုယ်တိုင်မတက်ရောက်ပဲ အဆင့်နိမ့် အရာရှိတဦးကို သာ စေလွှတ်မယ်လို့ ကနေဒါဝန်ကြီးချုပ် စတီဗင်ဟာပါ က ပြောကြားလိုက်ပါတယ်။
အမေရိကန်ဒေါ်လာ ၁၀၀ တန် အသစ် အင်္ဂါနေ့ စထွက်မည်
![]() |
အောက်တိုဘာလ (၈) ရက်၊ အင်္ဂါနေ့မှာ စတင်ထုတ်ဝေမယ့် အမေရိကန်ဒေါ်လာ ၁၀၀ တန်အသစ်ပုံ။ |
အမေရိကန်ဒေါ်လာငွေစက္ကူ တရာတန်သစ်ကို အခုအင်္ဂါနေ့မှာ အမေရိကန်ပြည်ထောင်စုက တရားဝင် ထုတ်လိုက်ပါပြီ။ အခု ငွေစက္ကူ တရာတန်သစ်မှာ အရင်တုန်းကရှိခဲ့တဲ့ပုံစံမျိုးတွေ ပြန်တွေ့ရပေမယ့် လို့ ငွေစက္ကူအတုလုပ်မှုတွေ ကာကွယ်နိုင်အောင် ပုံစံသစ်ဆောင်ရွက်ထားတာတွေကိုလည်း တွေ့ရပါတယ်။
၂၀၁၃ ခုနှစ်အတွင်း မြန်မာ့အာမခံ လုပ်ငန်းမှ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခုအား လုပ်ငန်းလိုင်စင် ချထားပေးခဲ့
![]() |
အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်းအား တွေ့ရစဉ် |
မြန်မာ့အာမခံ လုပ်ငန်းမှ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခုအား လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ ပေးအပ်ထားပြီး ဖြစ်ကြောင်း အာမခံလုပ်ငန်း ကြီးကြပ်ရေး အသင်းဥက္ကဌ ဦးအေးမင်းသိန်းက ဆိုသည်။
ဂျပန်နိုင်ငံရှိ တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ် များအကြား အဆင့်မြင့် ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မည်
![]() |
ဂျပန်နိုင်ငံရှိ တက္ကသိုလ်များနှင့် အဆင့်မြင့် ပညာရေးကဏ္ဍ ပူပေါင်းဆောင်ရွက်မည့် ရန်ကုန်နည်းပညာ တက္ကသိုလ်အား တွေ့ရစဉ် (ဓာတ်ပုံ-တိုးအောင်) |
သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန လက်အောက်ရှိ မြန်မာတက္ကသိုလ်များနှင့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များအကြား အဆင့်မြင့်ပညာရေး၌ ပညာရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သိရသည်။
သီတဂူ ဆရာတော်ကြီး သံတွဲမြို့သို့ ရောက်ရှိစဉ် ဒေသခံများ ဒေါသစိတ်လျှော့ကြရန် တရားဟောကြားပြီး ယနေ့တွင် အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံမည်
သံတွဲမြို့နယ်ခန်းမတွင် သီတဂူ ဆရာတော်ကြီးက တရားဟောပြောနေစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
သံတွဲမြို့တွင် နေထိုင်နေကြသည့် ပြည်သူများ ဒေါသစိတ် လျှော့ကြရန် သီတဂူ
ဆရာတော်ကြီးက သံတွဲမြို့သို့ ရောက်ရှိလာပြီး တရားဟောကြား ခဲ့ကြောင်း
သိရသည်။ သီတဂူ ဆရာတော်ကြီးသည် အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက
လေယာဉ်ဖြင့် သံတွဲမြို့သို့ ရောက်ရှိလာပြီး မွန်းလွဲ ၃ နာရီခွဲ အချိန်တွင်
သံတွဲမြို့နယ်ခန်းမ၌ တရားဟောပြောခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တွင် ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် အလုံးစုံ မော်တော်ယာဉ်အာမခံ လျှောက်ထားသည့် ကားအစီးရေ မြင့်တက်လာ
မန္တလေးမြို့တွင်း ယာဉ်မတော်တဆမှု ဖြစ်စဉ်တစ်ခုအား တွေ့မြင်ရစဉ်
မန္တလေးမြို့တွင် ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် အလုံးစုံ
မော်တော်ယာဉ် အာမခံ လာရောက် လျှောက်ထားသည့် ကားအစီးရေ မြင့်တက်လာကြောင်း
သိရသည်။
ပဋိပက္ခဇစ်မြစ်ကို သေချာစွာလေ့လာဖို့ အစိုးရကို တိုက်တွန်း
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့
ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ပြည်နယ်ကိုယ်စားပြု
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ ကြေငြာချက် ထုတ်ပြီး
တောင်းဆိုလိုက်ပါတယ်။
ကျောင်းကုန်းပဋိပက္ခ တည်ငြိမ်မှု ပြန်လည်ရရှိ နေပြီဖြစ်ပြီး ဆူပူမှုဖြစ်စေရန် ဖန်တီးသူဟု ယူဆရသူအချို့ကို ဖမ်းဆီးထား
ကျောင်းကုန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ပြဿနာများ လက်ရှိတွင်
တည်ငြိမ်မှု ရရှိနေပြီဖြစ်ပြီး ဆူပူမှုများ ဖြစ်ပေါ်အောင် ဖန်တီးသူများဟု
ယူဆရသူ ငါးဦးအား ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။
Subscribe to:
Posts (Atom)