Thursday, 23 October 2014

ရုရှားလေကြောင်းကျူးကျော်မှု Estonia ကန့်ကွက်

Photo: ရုရှားလေကြောင်းကျူးကျော်မှု Estonia ကန့်ကွက်
Thursday, October 23, 2014

ရုရှားထောက်လှမ်းရေး လေယာဉ်တစီးဟာ Estonia နိုင်ငံ နယ်နမိတ်အတွင်းကို ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်လာတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး Estonia အစိုးရက ရုရှားနိုင်ငံသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်ပါတယ်။

ဘော်လ်ကန်ဒေသတွင်းမှာရှိတဲ့ နိုင်ငံအနေနဲ့ အခုလို ကျူးကျော်လာတဲ့ လုပ်ရပ်အပေါ် အလေးနက်ကိစ္စတရပ်အဖြစ် သဘောထားကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သံအမတ်ကြီးအနေနဲ့ ဖြေရှင်းချက်ပေးဖို့ တောင်းဆို ကြောင်း ပြောကြားခဲ့တယ်လို့ Estonia နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။

ရုရှားရဲ့ Ilyushin-20 အမျိုးအစား ထောက်လှမ်းရေးလေယာဉ်ဟာ သူ့နိုင်ငံရဲ့ လေပိုင်နက်အတွင်း အင်္ဂါနေ့ နေ့ခင်းပိုင်းက ဘာကြောင့် ၀င်ရောက်လာရသလဲ ဆိုတဲ့အချက်ကို Estonia နိုင်ငံက သိလိုနေတဲ့အကြောင်း ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။ ရုရှားထောက်လှမ်းရေး လေယာဉ်ဟာ Estonia လေပိုင်နက်အတွင်းမှာ တမိနစ်ခန့် ၀င်ရောက်လာခဲ့ကြောင်း NATO အဖွဲ့ကပြောပါတယ်။

အမည်မသိ လေယာဉ်တစီးကို ရေဒါထဲမှာ တွေ့ရှိခဲ့ပြီးတဲ့နောက် ဘော်လ်ကန် ဒေသတွင်းမှာရှိတဲ့ လေတပ်အခြေစိုက် စခန်းတခုမှာရှိတဲ့ ပေါ်တူဂီနဲ့ ဒိန်းမတ်နိုင်ငံတွေက F-16 တိုက်လေယာဉ်တွေ ချက်ခြင်း ပျံတက်ပြီး လိုက်ခဲ့ကြတယ်လို့ NATO က ပြောပါတယ်။ ၀င်ရောက်လာတဲ့ ရုရှားထောက်လှမ်းရေး လေယာဉ်ကို ဒိန်းမတ်တိုက်လေယာဉ်က ကြားဖြတ် ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ရုရှားထောက်လှမ်းရေး လေယာဉ်တစီးဟာ Estonia နိုင်ငံ နယ်နမိတ်အတွင်းကို ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်လာတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး Estonia အစိုးရက ရုရှားနိုင်ငံသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်ပါတယ်။

ပစ်ခတ်မှု ဖြစ်ပြီးနောက် ကနေဒါ ပါလီမန် ပိတ်ချထား

Photo: ပစ်ခတ်မှု ဖြစ်ပြီးနောက် ကနေဒါ ပါလီမန် ပိတ်ချထား
Thursday, October 23, 2014

ကနေဒါနိုင်ငံ Ottawa မြို့ ပါလီမန်မှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့အတွက် လွှတ်တော် အဆောက်အဦးကို ပိတ်ချထားရပါတယ်။

စစ်ဗိမ္မာန်အစောင့် စစ်သားကို သေနတ်သမား တစ်ဦးက ပစ်ခတ်ခဲ့ပြီးနောက် ပါလီမန်ရှိရာဘက်ကို ပြေးလာပြီး အဲဒီမှာ အော်တို သေနတ်တွေနဲ့ ထပ်မံ ပစ်ခတ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။  ရဲတွေက ပြန်လည် ပစ်ခတ်ခဲ့တဲ့ အတွက် သေနတ် သမား သေဆုံးသွားပြီ ဖြစ်ပါတယ်။

သေနတ်သမား ကတော့ အသက် ၃၂ နှစ်အရွယ် ကနေဒါ နိုင်ငံဖွား Michael Zehaf-Bibeau ဖြစ်တယ်လို့ ကနေဒါ သတင်းတစ်ခုက အတည်ပြုပါတယ်။

အဲဒီ သေနတ် သမားနဲ့အတူ နောက်လူတွေ ရှိနိုင်တဲ့အတွက် အနီးအနားက အဆောက်အဦးတွေအထိ ရဲတွေက ရှာဖွေမှု လုပ်နေပါတယ်။ ကနေဒါနိုင်ငံရဲ့ ပါလီမန်ဟာ လူတိုင်း သွားလာနိုင်အောင် လုပ်ထားတာဖြစ်ပြီး အမေရိကန်လို တင်းကြပ်မှု မရှိဘူးလို့ Canadian Press သတင်းသမား Jennifer Ditchbum က ပြောပါတယ်။

ကနေဒါနိုင်ငံ ပါလီမန်ကို လူတိုင်းက အလွယ်တကူ ဝင်ရောက်နိုင်ပြီး အဲဒီလို အခြေအနေကို ကနေဒါ နိုင်ငံသားတွေက ကြိုက်နှစ်သက်ကြတယ်လို့ ဆိုပါတယ်။

လွှတ်တော်အမတ်မဟုတ်တဲ့လူတွေ၊ သတင်းသမား မဟုတ်တဲ့ လူတွေလည်း လွှတ်တော်ကို လည်ပတ်နိုင်ပြီး အဲဒီလို လည်ပတ်ဖို့အတွက် လုံခြုံရေးတော့ ဖြတ်ကျော်ရတယ်လို့ ပြောပါတယ်။

ပါလီမန်ကို ရဲတွေက စောင့်ရှောက်တာမဟုတ်ပဲ ပါလီမန် လုံခြုံရေးတွေက စောင့်ရှောက်တာ ဖြစ်သလို လွှတ်တော်အမတ်ကိုလည်း စောင့်ရှောက်တဲ့ အဖွဲ့တွေရှိတဲ့အတွက် အခုဆိုရင် လုံခြုံရေးအဖွဲ့ ပေါင်းစုံက အတူတူ ပူးပေါင်းနေကြတယ်လို့လည်း ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်နေချိန်အတွင်း ကနေဒါ လွှတ်တော်အမတ်တွေ အစည်းအဝေးလုပ်နေချိန် ဖြစ်ပါတယ်။ အခုအခါမှာတော့ ကနေဒါ ဝန်ကြီးကို လုံခြုံရာနေရာ ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

ဒီလို ပစ်ခတ်မှု ဘာကြောင့် ဖြစ်ရသလဲ ဆိုတာကို ကနေဒါရဲတွေက ငြင်းဆိုနေပြီး ပါလီမန်အနီးတဝိုက် နေထိုင်သူတွေကိုလည်း နေအိမ်အတွင်းမှာနေပြီး မျက်စိရှင်ရှင် သတိနဲ့ နေကြဖို့ ရဲတွေက ပြောပါတယ်။

ကနေဒါ နိုင်ငံမှာ အကြမ်းဖက်မှု ဖြစ်နိုင်တယ်ဆိုပြီး အကြမ်းဖက်တပ်လှန့်မှုအဆင့်ကို အလယ်အလတ်အဆင့် တိုးမြင့်ပြီး မကြာခင်မှာပဲ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အင်္ဂါနေ့တုန်းကလည်း Quebec ပြည်နယ်မှာ မွတ်စလင်ဘာသာကို ပြောင်းလဲခံယူခဲ့သူ တစ်ဦးက ရဲနှစ်ကို တမင်တကာ ကားနဲ့တိုက်ခဲ့ရာက ပစ်သတ်ခံခဲ့ရပါတယ်။

အဲဒီလို လုပ်ရပ်ကြောင့် ရဲတစ်ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သြစတြေးလျ ပါလီမန်ဟာလည်း လူတိုင်းဝင်ရောက်နိုင်ပေမယ့် အရင်လတွေကစပြီး အကြမ်းဖက်တပ်လှန့်မှု အဆင့်မြှင့်ပြီးနောက်ပိုင်း လက်နက်ကိုင် စစ်သားတွေ၊ ရဲတွေ လွှတ်တော်တွင်းနဲ့ ပြင်ပမှာ လုံခြုံရေးယူထားလိုက်ပြီ ဖြစ်ပါတယ်။

ABC Radio Australia

ပါလီမန်အတွင်းက ရဲတွေက သေနတ်သမားကို ပစ်သတ်ခဲ့ (Credit: AFP)
ပါလီမန်အတွင်းက ရဲတွေက သေနတ်သမားကို ပစ်သတ်ခဲ့ (Credit: AFP)
ကနေဒါနိုင်ငံ ​Ottawa ​မြို့ ​ပါလီမန်မှာ ​ပစ်ခတ်မှုတွေ ​ဖြစ်ခဲ့တဲ့အတွက် ​လွှတ်တော် အဆောက်အဦးကို ​ပိတ်ချထားရပါတယ်။

မြန်မာအသင်း အုပ်စုကျပ်ထဲ ကျရောက်နေ

Photo: မြန်မာအသင်း အုပ်စုကျပ်ထဲ ကျရောက်နေ
Thursday, October 23, 2014

လာမယ့် နိုဝင်ဘာလ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပ ပြုလုပ်မဲ့ AFF Suzuki Cup ပြိုင်ပွဲမှာ မြန်မာလက်ရွေးစင်အသင်းဟာ အုပ်စု (ဘီ)မှာ အိမ်ရှင် စင်ကာပူ၊ မလေးရှား၊ ထိုင်းအသင်းတို့နဲ့ အတူ အုပ်စုကျပ်ထဲ ကျရောက်နေပါတယ်။

အုပ်စု(အေ)မှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ လာအိုအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်ပါတယ်။ အဆိုပါ အုပ်စု(အေ) ပွဲစဉ်များကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပ ပြုလုပ်မှာပါ။

မြန်မာလက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပွဲဦးထွက်ပွဲစဉ်အဖြစ် စင်ကာပူအမျိုးသားကွင်းမှာ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားမည် ဖြစ်ပါတယ်။

ဒုတိယပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ အိမ်ရှင် စင်ကာပူ၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဂျလန်ဘီဆာကွင်းမှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားကြမှာပါ။

ဒီဗွီဘီ
လာမယ့် နိုဝင်ဘာလ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပ ပြုလုပ်မဲ့ AFF Suzuki Cup ပြိုင်ပွဲမှာ မြန်မာလက်ရွေးစင်အသင်းဟာ အုပ်စု (ဘီ)မှာ အိမ်ရှင် စင်ကာပူ၊ မလေးရှား၊ ထိုင်းအသင်းတို့နဲ့ အတူ အုပ်စုကျပ်ထဲ ကျရောက်နေပါတယ်။

ဗြိတိန်နှစ်ဦးအား လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားနှစ်ဦး၏ မိဘများနှင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့၊ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ဗြိတိန်စုံတွဲကို သတ်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား မောင်ဝင်းဇော်ထွန်း ၏ဖခင် ဦးထွန်းထွန်းထိုက် ဘန်ကောက်ရှိ မြန်မာသံရုံး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် (Photo:AFP) 
ဗြိတိန်ကမ္ဘာ့လှည့်နှစ်ဦးအား လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမား နှစ်ဦး၏ မိဘများနှင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့၊ မြန်မာသံရုံး အထူး ကိုယ်စားလှယ်အဖွဲ့တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် အောက်တို ဘာ ၂၂ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မှတ်ပုံတင်မထားသည့် ပြည်နယ်သတင်းစာများထုတ်ဝေမှုရပ်ဆိုင်း

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်းလုပ်ငန်းနည်းဥပဒေပြဋ္ဌာန်းပြီး ရက်ပိုင်းအတွင်း ချင်းပြည် နယ်အခြေစိုက် သတင်းစာစောင် နှစ်ခုကို မှတ်ပုံမတင်ထား၍ ဆက်လက်ထုတ်ဝေမှုမပြုကြောင်း ပြည်နယ်အစိုးရက  ညွှန်ကြားခဲ့သည်ဟု သတင်းရရှိသည်။

အိမ်ကွင်းမှာ လီဗာပူး ဂိုးပြတ် အရေးနိမ့်ပြီး နောက်ဆုံး မိနစ်သွင်းဂိုးများဖြင့် အာဆင်နယ် အနိုင်ရ

Photo: အိမ်ကွင်းမှာ လီဗာပူး ဂိုးပြတ် အရေးနိမ့်ပြီး နောက်ဆုံး မိနစ်သွင်းဂိုးများဖြင့် အာဆင်နယ် အနိုင်ရ
Thursday, October 23, 2014

ချန်ပီယံလိဂ် အုပ်စု တတိယမြောက် ပွဲစဉ်များ ပြီးဆုံး သွားပြီးနောက် လီဗာပူး အသင်းမှာ အိမ်ကွင်းတွင် ဧည့်သည်ရီးရဲလ်မက်ဒရစ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ရသည်။ နောက်ဆုံးအကြိမ်ချန်ပီယံလိဂ်တွင် တွေ့ဆုံခဲ့ကြစဉ်က ရီးရဲလ်မက်ဒရစ်အသင်းက နှစ်ကျော့လုံး ရှုံးနိမ့်ထားခဲ့ရာ လက်စားချေ နိုင်ပွဲကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
 
လီဗာပူးအသင်းဘက်မှ တိုက်စစ်မှူး ဘာလော့တယ်လီအပါအဝင်၊ စတာလင်၊ ကော်တင်ဟို၊ ဂျရတ်၊ အယ်လန်၊ ဟန်ဒါဆင် စသည့်အလယ်တန်းစုဖွဲ့မှုဖြင့် ပွဲထွက်လာခဲ့သည်။ ရီးရဲလ်မက်ဒရစ်အသင်းဘက်တွင် ဂါရက်ဘေးလ်မပါဝင်ခဲ့သည်မှလွဲကာ ရော်နယ်ဒို၊ ဘင်ဇီမား၊ အစ္စကို၊ မိုဒရစ်၊ ရိုဒရီဂွက်ဇ်၊ ပေပေ၊ မာဆယ်လို စသည့် အမာခံ ကစားသမားများ ပါဝင်လာခဲ့သည်။ အဝေးကွင်းဖြစ်သော်လည်း ပွဲစသည့်အချိန်ကတည်းက ရီးရဲလ်မက်ဒရစ်ဘက်မှ တိုက်စစ်ဆင်မှု အကြိမ်များစွာ ပြုလုပ်နိုင်ခဲ့သည်။ လီဗာပူးအသင်းတိုက်စစ်တွင် ဘာလော့တယ်လီ ခြေစွမ်းပျက်နေခဲ့ပြီး ကွင်းလယ်နှင့် တိုက်စစ်အချိတ်အဆက်မမိခဲ့ပေ။ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပထမဆုံးဦးဆောင်းဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် ရရှိခဲ့သည်။ ဂိုးဧရိယာထိပ်မှ ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ် တင်ပေးလိုက်သည့်ဘောလုံးကို ရော်နယ်ဒိုက ထိသည်ဆိုရုံမျှဖြင့် အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။
 
ပထမဂိုးရခဲ့ပြီး ၇ မိနစ်အကြာ ပွဲချိန်မိနစ် ၃၀ တွင် ရီးရဲလ်မက်ဒရစ်ဘက်မှ ဒုယတိဂိုးထပ်ရခဲ့ပြီး တိုနီခရူးစ် ဖြတ်တင်ပေးသည့် ဘောလုံးကို ဘင်ဇီမားက ခေါင်းတိုက်အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲစဉ်တွင် လီဗာပူးအသင်းနောက်တန်ကစားသမားများသည် ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမားများ၏ ထိုးဖောက်မှုများကို တည်ငြိမ်စွာ ကာကွယ်နိုင်ခြင်းမရှိခဲ့ပေ။
 
ဦးဆောင်ဂိုးနှစ်ဂိုးရပြီးသော်လည်း ရီးရဲလ်မက်ဒရစ်အသင်းဘက်မှ တိုက်စစ်အားကျမသွားခဲ့ပဲ ဆက်လက်တိုက်စစ်ဆင်ခဲ့ရာ ပွဲချိန် ၄၁ မိနစ်တွင် ထောင့်ကန်ဘောမှတဆင့် ပေပေ၏ ရင်ဘတ်နှင့်ထိန်းကာ ကျလာသောဘောလုံးကို ဘင်ဇီမားက လွယ်လွယ်ကူကူပင် အဆုံးသတ်နိုင်ခဲ့သဖြင့် တတိယဦးဆောင်ဂိုးရခဲ့သည်။ ပထမပိုင်းတွင် ရီးရဲလ်မက်ဒရစ်ဘက်မှ လီဗာပူး ဂိုးပေါက်သို့ လေးကြိမ်ကန်သွင်းခဲ့ရာတွင် သုံးဂိုးရခဲ့ဖြစ်သည်။ ပထမပိုင်းပြီးခါနီးတွင် လီဗာပူးကွင်းလယ်လူ ကော်တင်ဟို၏အဝေးကန်ချက် ကောင်းမွန်ခဲ့သော်လည်း ဂိုးတိုင်ထိထွက်ခဲ့သဖြင့် နစ်နာခဲ့ရသည်။
 
ဒုတိယပိုင်းတွင် လီဗာပူးက တိုက်စစ်မှူး ဘာလိုတယ်လီကို ထုတ်ကာ လယ်လာနာကို ထည့်ကစားခဲ့သည်။ ရီးရဲလ်မက်ဒရစ်ဘက်မှ တိုက်စစ်ကစားအားမှာ ကျဆင်းသွားခြင်း မရှိခဲ့ပဲ ၆၃ မိနစ်တွင် ရော်နယ်ဒိုအနီးကပ်ကန်ခွင့်ရသော်လည်း ဂိုးသမား မစ်ဂနိုလက် ကာကွယ်နိုင်ခဲ့သည်။ လီဗာပူးအသင်းမှာ ပွဲချိန် ၇၀ အထိ ထိရောက်စွာ တိုက်စစ်ဆင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ဒုတိယပိုင်းတစ်ပိုင်းလုံး တွင်လည်း လီဗာပူးအသင်းမှာ စတာလင်၏ အဝေးကန်ချက်တကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပြီး တိုက်စစ်မှာ အားရစရာလုံးဝမရှိခဲ့ပေ။ ဂိုးထပ် မသွင်းကြတော့သဖြင့် ပွဲအပြီးတွင် ရီးရဲလ်မက်ဒရစ်က အင်္ဂလန်မြေပေါ်တွင် သုံးဂိုးပြတ်ဖြင့် အောင်ပွဲ ခံနိုင်ခဲ့သည်။
 
တစ်ဖက်တွင် အဝေးကွင်း ကစားခဲ့ရာသည့် အာဆင်နယ်အသင်းမှာ ပွဲချိန် ၈၉ မိနစ်အထိ အန်ဒါလက်ခ်ျအသင်း၏ ဦးဆောင်းဂိုးကို ခွင့်ပြုခဲ့ရသော်လည်း ၈၉ မိနစ်နှင့် ၉၀ မိနစ်တွင် အံ့အားသင့်ဖွယ်ရာ သွင်းယူသည့် ဂိုးများကြောင့် အနိုင် ရခဲ့သည်။ အာဆင်နယ် အသင်းအတွက် ပထ မချေပဂိုးကို သွင်းယူခဲ့ပြီး အနိုင်ဂိုးကို ပိုဒေါစကီးက သွင်းယူခဲ့သည်။

Soccer Myanmar
ချန်ပီယံလိဂ် အုပ်စု တတိယမြောက် ပွဲစဉ်များ ပြီးဆုံး သွားပြီးနောက် လီဗာပူး အသင်းမှာ အိမ်ကွင်းတွင် ဧည့်သည်ရီးရဲလ်မက်ဒရစ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ရသည်။ နောက်ဆုံးအကြိမ်ချန်ပီယံလိဂ်တွင် တွေ့ဆုံခဲ့ကြစဉ်က ရီးရဲလ်မက်ဒရစ်အသင်းက နှစ်ကျော့လုံး ရှုံးနိမ့်ထားခဲ့ရာ လက်စားချေ နိုင်ပွဲကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အကြမ်းဖက်ရိုက်နှက် ခြောက်လှန့် စစ်ဆေးခံခဲ့ရကြောင်း ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးပြော

Photo: အကြမ်းဖက်ရိုက်နှက် ခြောက်လှန့် စစ်ဆေးခံခဲ့ရကြောင်း ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးပြော
Thursday, October 23, 2014

ဘန်ကောက်- ထိုင်းရဲတပ်ဖွဲ့သည် မြန်မာလုပ်သား နှစ်ဦးအား စစ် ဆေးစဉ်က အကြမ်းဖက် ရိုက်နှက် စစ်ဆေးခဲ့ပြီး နှုတ်အားဖြင့် ကြောက်လန့်အောင် ပြောဆိုမှု မျာြး ပုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီက ပြော ကြားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးသည် ဗြိတိန်စုံတွဲကို သတ် ဖြတ်ရာတွင် ၎င်းတို့မပါဝင်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီအား ပြောကြားခဲ့ကြောင်း ယင်းကောင်စီက ပြောသည်။ ထိုင်းနိုင်ငံရှေ့နေများကောင်စီသည် အောက်တိုဘာ ၂၁ ရက် တွင်ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးထံ သွားရောက်မေးမြန်းခဲ့ရာ ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရှေ့နေကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အောက်တိုဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ လာရောက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

‘‘မနေ့က ကျွန်တော်တို့အဖွဲ့ တွေ ဖမ်းဆီးခံထားရတဲ့ မြန်မာ ကလေးနှစ်ယောက်ကို သွားတွေ့ ပါတယ်။ ထိုင်းရဲတပ်က သူတို့ကို အကြမ်းဖက်ရိုက်နှက် စစ်ဆေးခဲ့ ပြီး နှုတ်အားဖြင့် ကြောက်လန့် အောင် ပြောဆိုခဲ့တယ်လို့ ကလေးတွေက ပြောပါတယ်။ နောက်ပြီး သူတို့က ပြစ်မှုမကျူးလွန်ဘူးလို့လည်း ပြောပါတယ်။ အဲဒါကြောင့် အမှုအတွက် ဦးတိုက်လျှောက်ထားမလားလို့ မေးတဲ့အခါ ဦးတိုက် လျှောက်ထားချင်ပါတယ်လို့ ပြောပါတယ်။ နောက်ပြီး ပြစ်မှုကျူးလွန်ရာမှာလည်း သူတို့မပါဘူးလို့ ပြောပါတယ်’’ ဟု အောက်တိုဘာ ၂၁ ရက်တွင်ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးထံ သွားရောက်မေးမြန်းခဲ့သူ ထိုင်းနိုင်ငံရှေ့နေများကောင်စီမှ အထူးရှေ့နေတစ်ဦးက ပြောသည်။

ယင်းသို့ သွားရောက်မေးမြန်း ခဲ့ရာတွင် ပြစ်မှုတွင် အခြားမျက်မြင်သက်သေများနှင့် ပတ်သက်၍ မေးမြန်းခဲ့ပါသလားဟု မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံရှေ့နေများ ကောင်စီသို့ မေးမြန်းရာ ‘‘သူတို့က ပြစ်မှုကျူးလွန်တဲ့ နေရာမှာကို မရှိလို့ မသိပါဘူးလို့ ဖြေတယ်’’ ဟု ၎င်းက ပြောသည်။

 ထိုင်းနိုင်ငံ  ရှေ့နေများ ကောင်စီသည် ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦးထံ သွားရောက် တွေ့ဆုံရာတွင် ခြေချင်းများ ခတ်ထားသည်ကို တွေ့မြင်ခဲ့ရပြီး တရားခံဟု မယူဆရသေးမီတွင် ထိုကဲ့သို့ သံခြေချင်းများ ခတ်ထားခြင်းမျိုး ပြုလုပ်၍ မရသောကြောင့် သံအမတ်ကြီး အနေဖြင့် ပြောဆိုသင့်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက ပြောကြားရာ သံအမတ်ကြီးက ‘‘ချက်ချင်းစာထုတ်ပြီး လုပ်သွားမယ်’’ ဟု ပြန်လည်ပြောကြားသည်။

အောက်တိုဘာ ၂၂ ရက် တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးသို့ မြန်မာလုပ်သားနှစ်ဦး၏ အမှုအား ကူညီရန် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီနှင့် ထိုင်းနိုင်ငံ လူ့အခွင့်ရေးရာ ကောင်စီတို့က မြန်မာသံရုံးသို့ လာရောက်ခဲ့ပြီး သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံ  ရှေ့နေများ ကောင်စီနှင့် ထိုင်းနိုင်ငံလူ့အခွင့် ရေးရာကောင်စီတို့သည် ဖမ်းဆီး ခံမြန်မာလုပ်သားနှစ်ဦးတို့၏ မိဘ များနှင့် တွေ့ဆုံခဲ့ပြီး အတတ်နိုင် ဆုံး ကူညီမှုများ ဆောင်ရွက်ပေး သွားမည်ဟု  ကတိပေးသွားခဲ့ သည်။ ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏  မိဘများ  ထိုင်းနိုင်ငံလေဆိပ်သို့ ရောက်ရှိလာချိန်တွင် ထိုင်းနိုင်ငံအခြေစိုက် မီဒီယာများ နှင့် ပြည်ပမီဒီယာများမှ သတင်း ထောက် တစ်ရာဝန်းကျင် လာ ရောက် သတင်းယူခဲ့ကြသည်။

အဆိုပါသတင်းထောက်များ သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးရှေ့၌ တစ်နေကုန်စောင့်ဆိုင်း သတင်းယူနေသည်ကို တွေ့မြင်ရ သည်။

7Day DAILY 

သုဝဏ္ဏဘူမိလေဆိပ်အတွင်း တွေ့ရသည့် ဖမ်းဆီးခံမြန်မာလုပ်သား မိဘနှစ်ပါး (ဓာတ်ပုံ− ငြိမ်းချမ်း)
သုဝဏ္ဏဘူမိလေဆိပ်အတွင်း တွေ့ရသည့် ဖမ်းဆီးခံမြန်မာလုပ်သား မိဘနှစ်ပါး (ဓာတ်ပုံ− ငြိမ်းချမ်း)
ဘန်ကောက်- ထိုင်းရဲတပ်ဖွဲ့သည် မြန်မာလုပ်သား နှစ်ဦးအား စစ် ဆေးစဉ်က အကြမ်းဖက် ရိုက်နှက် စစ်ဆေးခဲ့ပြီး နှုတ်အားဖြင့် ကြောက်လန့်အောင် ပြောဆိုမှု မျာြး ပုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီက ပြော ကြားသည်။

နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသည့် ဘင်္ဂါလီနှစ်ရာကျော်ကို စတင်စစ်ဆေး

Photo: နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသည့် ဘင်္ဂါလီနှစ်ရာကျော်ကို စတင်စစ်ဆေး
Thursday, October 23, 2014

မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီလူမျိုး ၂၄၀ ကျော်အား နိုင်ငံသားဖြစ်ခွင့် နှင့်  နိုင်ငံသားပြုခွင့်ထပ်မံခွင့်ပြု ရန်  စတင်စစ်ဆေးနေပြီဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှ သတင်းရရှိသည်။

  နိုင်ငံသားဖြစ်ခွင့်လျှောက် ထားသူဘင်္ဂါလီလူမျိုးတစ်ထောင် ကျော်ရှိသည့်အနက် စက်တင် ဘာတွင် အစိုးရက ဘင်္ဂါလီလူမျိုး ၂၀၉ဦးကို နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ပေးပြီးနောက် ထပ်မံခွင့်ပြုရန်ကျန်ရှိသည့် ၂၄၄ ဦးကိုဝန်ကြီးဌာနက စတင်စစ်နေခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

‘‘ဒုတိယအသုတ်ခွင့်ပြုပေးဖို့ စတင်စစ်ဆေးနေပါတယ်။ စစ် ဆေးနေတာတော့ ၂၄၄ ဦးပါ။ ဗဟိုက စစ်ဆေးနေတာမို့ နိုင်ငံ သားနဲ့နိုင်ငံသားပြုခွင့်ဘယ်နှဦးရနိုင်တယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး’’ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

  ဘင်္ဂါလီလူမျိုးများ နိုင်ငံ သားပြုခွင့် လျှောက်ထားမှုကို ယခုနှစ် ဇွန်လ ၁၅ ရက်မှစတင်ပြီး မြေပုံမြို့နယ်ကိုစမ်းသပ်ဧရိယာ အဖြစ်သတ်မှတ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။ လျှောက်ထားသူ ၁၀၉၄ ဦးရှိခဲ့ပြီး ယင်းအနက်မှ နိုင်ငံသား ဖြစ်ခွင့် ၄၀၊ နိုင်ငံသားပြုခွင့်ရသူ ၁၆၉ ဦး ကိုပထမအကြိမ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 ၎င်းတို့ကို ၁၉၈၂ ဥပဒေ အရ ဗဟိုကခွင့်ပြုပေးခဲ့ခြင်းဖြစ် ပြီး မျိုးရိုးစဉ်ဆက်များကို စိစစ် သည့်အခါ ဥပဒေပါပုဒ်မ - ၆ နှင့်ကိုက်ညီသဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု  သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ကို သုံးမျိုးဖြင့်ခွင့်ပြုလျက်ရှိပြီး ၎င်းတို့မှာ နိုင်ငံသားဖြစ်ခွင့်၊ ဧည့်နိုင်ငံသား၊  နိုင်ငံသားပြုခွင့်ရသူဟူ၍သုံးမျိုးခွဲခြားထားခြင်းဖြစ်သည်။

ဘင်္ဂါလီလူမျိုးများကို နိုင်ငံ သားဖြစ်ခွင့်ရွေးချယ်ရာတွင် ပြည် နယ်အဆင့်၊ ပြည်ထောင်စုအဆင့် နှင့် ဗဟိုအဆင့်သုံးမျိုးခွဲခြား၍ ဆောင်ရွက်မည်ဖြစ်သည်။ ထပ်မံ ခွင့်ပြုရန်သင့်၊ မသင့်စဉ်းစားနေ သော အဆိုပါလူဦးရေသည် ပြည် နယ်အဆင့်နှင့် ပြည်ထောင်စု အဆင့်မှာ ပြီးစီးနေပြီး ဗဟိုအဆင့် သို့ရောက်ရှိနေပြီဖြစ်သည်။

ပြည်နယ်အဆင့်စစ်ဆေးရာ တွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊  မြို့နယ် ဥပဒေအရာရှိ၊  မြို့နယ်ဦးစီးမှူး၊ ဒေသခံရခိုင်နှင့်ဘင်္ဂါလီကိုယ်စား လှယ်တစ်ဦးစီထားကာ ရွေးချယ် ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်မှစိစစ်ပြီး သူများကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြန်လည်စိစစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာနတို့ပါဝင်သော  ဝန်ကြီးဌာနလေးခု၏ကော်မတီက  ပြန်လည်စိစစ်ခွင့်ပြုပေးခြင်းဖြစ်သည်။

7Day DAILY 

နိုင်ငံသားဖြစ်ခွင့်ရရှိခဲ့သည့် ဘင်္ဂါလီအမျိုးသမီးများ (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)
နိုင်ငံသားဖြစ်ခွင့်ရရှိခဲ့သည့် ဘင်္ဂါလီအမျိုးသမီးများ (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)
မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီလူမျိုး ၂၄၀ ကျော်အား နိုင်ငံသားဖြစ်ခွင့် နှင့်  နိုင်ငံသား ပြုခွင့် ထပ်မံခွင့်ပြုရန်  စတင်စစ်ဆေးနေပြီဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီး ဌာနမှ သတင်းရရှိသည်။

လုပ်သားအခွင့်အရေးများ တိုးတက်ရရှိရန် ရွှေသဇင်(ဖူဂျီ)ဆပ်ပြာစက်ရုံ ၀န်ထမ်းအမျိုးသမီးများ ဆန္ဒထုတ်ဖော်

လစာမဖြတ်ဘဲ ခွင့်ရက် ခံစားခွင့်ပေးရန်နှင့် လူမှုဖူလုံရေး ဥပဒေပါ ခံစားခွင့်များအတိုင်း အ လုပ်သမား အခွင့် အရေးများရရှိ ရန် မန္တလေးစက်မှုဇုန်အတွင်းရှိ ရွှေသဇင်(ဖူဂျီ)ဆပ်ပြာစက်ရုံမှ စက်ရုံဝန်ထမ်း အမျိုးသမီးများက အောက်တိုဘာ ၂၂ ရက်တွင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။

သဘာဝဘေးကြောင့် သီးနှံနှင့် လယ်မြေပျက်စီးမှုများအတွက် သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ထောက်ပံ့ရန်စီစဉ်

Photo: သဘာဝဘေးကြောင့် သီးနှံနှင့် လယ်မြေပျက်စီးမှုများအတွက် သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ထောက်ပံ့ရန်စီစဉ်
Thursday, October 23, 2014

သဘာဝဘေးအန္တရာယ် ကြောင့် လယ်ယာမြေများနှင့် သီး နှံခင်းအချို့ ပျက်စီးဆုံးရှုံးပါက နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံ ငွေမှ ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောကြားသည်။

ဒုတိယ၀န်ကြီးဦးခင်ဇော်က ပြည်သူ့လွှတ်တော်တွင် အောက် တိုဘာ ၂၁ ရက်က ပြောကြားခဲ့ ခြင်း ဖြစ်သည်။

 ‘‘နွေစပါးစိုက်ပျိုး စရိတ်ချေး ငွေဟောင်း  အကျေပေးသွင်းပြီးမှ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေအ သစ် ထပ်ချေးတဲ့ စည်းကမ်းချက် ရှိပေမယ့် သဘာဝဘေးနဲ့ ပိုးမွှား ဒဏ်ကြောင့် သီးနှံတွေ ပျက်စီး ဆုံးရှုံးပြီး ပြန်လည်ပေးဆပ်ဖို့ အ ခက်အခဲဖြစ်နေတဲ့ လယ်သမား များအတွက်  စည်းကမ်းချက်ကို လျှော့ပေါ့ပေးဖို့  အစီအစဉ်ရှိ၊ မရှိ’’ ရွှေဘိုမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအောင်သန်း၏ မေးမြန်းချက် ကို  ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

 ‘‘သဘာဝဘေးအန္တရာယ် ကြောင့် သီးနှံခင်းပျက်စီးမှုတွေ အများဆုံးဖြစ်ပေါ်နေပြီဆို ပြည် ထောင်စုရဲ့ ဘဏ္ဍာငွေရသုံးဆိုင် ရာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အ တိုင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေက မျိုးစပါးနဲ့ စိုက်ပျိုး စရိတ်ကို နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေကနေ ထောက်ပံ့ နိုင်ဖို့ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေပါတယ်’’ဟု ၀န်ကြီးဦးခင်ဇော်က ပြောကြားသည်။

နိုင်ငံတော်မှ ပျက်စီးဆုံးရှုံး သွားသော လယ်ယာမြေများကို အောက်ခြေရှိ ဌာနဆိုင်ရာ ၀န် ထမ်းများက စာရင်းလိုက်လံ ကောက်ယူကာ ထောက်ပံ့ငွေများ ကို ပေးဆောင်လျက်ရှိသည်။ ဒေသတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့၍ စပါးစိုက်ခင်းအချို့ပျက်စီးဆုံးရှုံးရသည့် အခြေအနေတစ်ရပ်ဖြစ်ပေါ်ခဲ့သည်။ ယင်းအတွက်နိုင်ငံတော်မှ ပျက်စီးမှုများကို သီးသန့်ထောက်ပံ့ငွေအဖြစ် ထောက်ပံ့ပေးနိုင်ရန်ဝန်ကြီးဌာနမှ  စီမံချက်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိထောက်ပံ့ငွေများကို ပျက်စီးသွားသည့် လယ်တစ်ဧက လျှင် ငွေ ၁၂,၀၀၀ကျပ်နှုန်းဖြစ် ပေးဆောင်ပြီး၊ အပျက်အစီး နည်းသော စိုက်ခင်းများအတွက် တစ်ဧကလျှင် ၆၀၀၀ကျပ်နှုန်းပေး ခြင်းဖြစ်သည်။ လယ်သမားများ မှာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးနှင့် နှိုင်းယှဉ်ပါက ထောက်ပံ့ပေးမှုက နည်းလွန်းနေသည့်အပြင် ပျက်စီးဆုံးရှုံးမှု လယ်ဧကစာရင်းကိုအမှန်အတိုင်း တင်ပြခွင့်မရှိ၍နစ်နာနေရကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ထောက်ပြထားသည်။

‘‘ကူညီပေးတာက နှိပ်စက် နေတဲ့ ပုံစံဖြစ်နေတယ်။ လယ် သမားတွေက ရမှာက နည်းနည်း ထောက်ပံ့ငွေပေးတဲ့ နေရာကို လာယူရတာကိုပဲ ထောက်ပံ့ငွေရထားတာက တစ်ဝက်လောက် ကုန်သွားပြီ။ အောက်ခြေအထိ စစ်ပေးပါလို့လည်း လွှတ်တော် မှာ မေးခဲ့တယ်။ အခုတော့ သီး သန့်အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးလိုက်စစ် နေတာ တွေ့ရတယ်’’ဟု ပျက်စီး ဆုံးရှုံးမှု လယ်ဧကအမှန်ရရှိနိုင် ရန် နိုင်ငံတော် သမ္မတထံ အသ နားခံစာပေးပို့သည့်အပြင် လွှတ် တော်တွင် မေးမြန်းခဲ့သူ ပဲခူးတိုင်း ဒေသကြီး သနပ်ပင်မြို့နယ် လွှတ် တော်ကိုယ်စားလှယ်ဦးမြင့်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းပဲခူးတိုင်းအတွင်း ရေကြီးခဲ့၍ ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာမြေများအတွက် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ကျပ်သန်းပေါင်းတစ်ထောင်ကျော် ထောက်ပံ့ခဲ့ကြောင်း လယ်ဆည်ဝန်ကြီးဌာနဒုတိယ၀န်ကြီးက ယခုလ ၂၁ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

7Day DAILY 

ပဲခူးတိုင်းအတွင်း စပါးစိုက်ခင်းများ ရေကြီးရေမြုပ်နေစဉ် (ဓာတ်ပုံ - အောင်သစ်လွင်)
ပဲခူးတိုင်းအတွင်း စပါးစိုက်ခင်းများ ရေကြီးရေမြုပ်နေစဉ် (ဓာတ်ပုံ - အောင်သစ်လွင်)
သဘာဝဘေးအန္တရာယ် ကြောင့် လယ်ယာမြေများနှင့် သီး နှံခင်းအချို့ ပျက်စီးဆုံးရှုံးပါက နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံ ငွေမှ ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောကြားသည်။

ကလေးငယ်အများအပြားအား ဆေးတိုက်ကျွေးမှု မမှန်ကန်

Photo: ကလေးငယ်အများအပြားအား ဆေးတိုက်ကျွေးမှု မမှန်ကန်
Thursday, October 23, 2014

ဝါရှင်တန်- အမေရိကန်နိုင်ငံတွင် ရှစ်မိနစ်ကြာတိုင်း ကလေးငယ်တစ်ဦးမှာ နေအိမ်မှာပင် မှန်မှန်ကန်ကန်မဟုတ်ဘဲ ဆေးတိုက်ကျွေးခံနေရသည်ဟု ယခုသီတင်းပတ်အတွင်း ကလေးဆေးပညာဂျာနယ်ပါ လေ့လာမှုတွင် ဖော်ပြသည်။

ယင်းတွင် မိဘ(သို့မဟုတ်) အုပ်ထိန်းသူတစ်ဦးက ကလေးငယ်အား ဆေးတစ်မျိုးတည်းကို သတိမထားမိဘဲ နှစ်ကြိမ်ထပ်တိုက်ခြင်း (သို့ မဟုတ်) နှစ်ဆတိုက်ခြင်းမှာ အဖြစ်အများဆုံးဖြစ်ပြီး မမှန်မကန် ဆေးတိုက်ကျွေးမှုများ၏ လေးပုံတစ်ပုံ ဖြစ်သည်။

ကံအားလျော်စွာပင် ဆေးပမာဏမသိခြင်း (သို့မဟုတ်) နှစ်ဆ တိုက်ကျွေးမိခြင်းများမှာ ကလေးငယ် အသက်ဆုံးရှုံးနိုင်လောက်အောင်မဖြစ်ခဲ့ပေ။ သို့သော် အမေရိကန်နိုင်ငံမှ မိဘများမှာ ကလေးငယ်များကို ဆေးတိုက်ကျွေးရာတွင် ပိုမိုဂရုစိုက်ရမည်ဆိုခြင်းကို လေ့လာမှုက ပြသနေသည်။ ယခုခန့်မှန်းထားသော အရေအတွက်မှာ နည်းပါးသေးသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

၂၀၀၂ မှ ၂၀၁၂ ခုနှစ်အတွင်း အမျိုးသားအဆိပ်သင့်မှု အချက်အလက်များကိုရယူ၍ သုတေသီများက ယခုစစ်တမ်းကို လေ့လာပြုစုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆယ်နှစ်တာကာလအတွင်း ကလေးငယ်ပေါင်း ၆၉၆,၉၃၇ မှာ ဆေးပမာဏမှားယွင်းတိုက်ကျွေးခြင်း ခံခဲ့ရသည်။ ယင်းတို့အနက် ကလေးငယ် ၂၅ ဦးသာ သေဆုံးမှု ဖြစ်ခဲ့သည်။

သိတတ်သော အရွယ်ကလေးများမှာ ဆေးတိုက်ပြီးကြောင်း မိဘများ၊ အုပ်ထိန်းသူများကို သတိပေးနိုင်သဖြင့် ဆေးမှားယွင်းတိုက်ကျွေး မှု အများစုမှာ ကလေးငယ်များတွင် ပိုမိုဖြစ်ပေါ်နိုင်ဖွယ်ရှိသည်။ အများအားဖြင့် တစ်နှစ်အောက် ကလေးငယ်များကို ယင်းသို့ ဆေးမှားယွင်း တိုက်ကျွေးမှုဖြစ်နိုင်ခြေ ပိုများသည်။ ဆေးမှားယွင်းတိုက်ကျွေးမှု အများဆုံးမှာ ချောင်းဆိုးခြင်း၊ အအေးမိခြင်းအတွက် ဆေးရည်များကို နှစ်ဆ (သို့မဟုတ်) နှစ်ကြိမ် တိုက်ကျွေးမိခြင်းဖြစ်ကြောင်း သိရသည်။       

UPI
7Day DAILY
ဝါရှင်တန်- အမေရိကန်နိုင်ငံတွင် ရှစ်မိနစ်ကြာတိုင်း ကလေးငယ်တစ်ဦးမှာ နေအိမ်မှာပင် မှန်မှန်ကန်ကန် မဟုတ်ဘဲ ဆေးတိုက်ကျွေးခံနေရသည်ဟု ယခုသီတင်းပတ်အတွင်း ကလေးဆေးပညာဂျာနယ်ပါ လေ့လာ မှုတွင် ဖော်ပြသည်။

နိုင်ငံခြားသားအဖြစ်ခံယူထားသူ ၁၇ ဦးကို နိုင်ငံသားအဖြစ်ထပ်မံခွင့်ပြု

ပြည်ပရောက် မြန်မာ နိုင်ငံသားအတတ်ပညာရှင်များ ပြန်လာရန် သမ္မတကဖိတ်ခေါ်ပြီး သုံးနှစ်အတွင်း အခြားနိုင်ငံသား အဖြစ်ခံယူထားသည့် ၁၇ ဦးကို နိုင်ငံသားအဖြစ်ထပ်မံခွင့်ပြုခဲ့ ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

ထိုင်းရှေ့နေကောင်စီက မြန်မာလုပ်သားနှစ်ဦးဘက်မှ စုံစမ်းဖော်ထုတ်မည်

Photo: ထိုင်းရှေ့နေကောင်စီက မြန်မာလုပ်သားနှစ်ဦးဘက်မှ စုံစမ်းဖော်ထုတ်မည်
Thursday, October 23, 2014

ထိုင်းနိုင်ငံရှေ့နေ များကောင်စီက မြန်မာလုပ်သား နှစ်ဦး၏ အမှုကို ၎င်းတို့အဖွဲ့မှ စစ်ဆေးမှုအထူးကျွမ်းကျင် ၁၂ ဦး ဖြင့်စုံစမ်းဖော်ထုတ်သွားမည်ဖြစ် ကြောင်း အဆိုပါကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အောက်တိုဘာ ၂၂ ရက်တွင်ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန် မာလုပ်သားနှစ်ဦး၏ အမှုကို စစ်ဆေးရန်အတွက် လူဦးရေ ၁၇ ဦး ဖြင့် ဖွဲ့စည်းထားပြီး ကောင်စီ၏ စရိတ်ဖြင့် စုံစမ်းဖော်ထုတ်ပေးသွားမည်ဟု မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ထံ လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အခင်းဖြစ်ပွားတဲ့နေ့ ကတည်းက အမှုကို မသင်္ကာဖြစ်ခဲ့တာပါ။ ဘယ်လိုနည်းနဲ့ ကူညီပေးရမယ်ဆိုတာ စဉ်းစားနေတာပါ။ သံအမတ် ကြီးက ကူညီခွင့်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် တို့အဖွဲ့က ဒီအမှုကို စစ်ဆေးဖို့ လူဦးရေ ၁၇ ဦးနဲ့ ဖွဲ့စည်းထားပါ တယ်။ အဲဒီထဲကမှ ဒီအမှုကို စစ် ဆေးဖို့အတွက် ကျွမ်းကျင်တဲ့ရှေ့ နေ ၁၂ ဦးနဲ့ စစ်ဆေးသွားမှာပါ။ ကုန်ကျစရိတ်တွေလည်း ပေးစရာ မလိုပါဘူး’’ဟု ထိုင်းနိုင်ငံရှေ့နေ များကောင်စီ ဥက္ကဋ္ဌက သံအမတ် ကြီး ဦးဝင်းမောင်အား ပြောသည်။

ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီသည် အောက်တိုဘာ ၂၁ရက်က ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာလုပ်သား နှစ်ဦးအား စစ် ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ကြောင်း အဆိုပါကောင်စီဥက္ကဋ္ဌ က ပြောသည်။

‘‘ကျွန်တော်တို့အဖွဲ့အစည်း က အစိုးရနဲ့လည်း အမှီအခိုကင်း သလို ရဲတပ်ဖွဲ့နဲ့လည်း အမှီအခို ကင်းပါတယ်’’ဟု ထိုင်းနိုင်ငံရှေ့ နေများကောင်စီ ဥက္ကဋ္ဌက ဆက် လက်ပြောကြားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးအား အာမခံရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး အာမခံရရှိရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀ သန်းနှင့် ထိုင်းနိုင်ငံ သူဌေးလေးဦးက အာမခံပေးရမည်ဖြစ်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ဦးကျော်သောင်းက ပြောသည်။

ထိုင်းနိုင်ငံရှေ့များကောင် စီနှင့် ထိုင်းနိုင်ငံလူ့အခွင့်ရေးရာ ကောင်စီတို့သည် ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦးတို့၏ မိဘများနှင့် တွေ့ဆုံခဲ့ပြီး အတတ်နိုင်ဆုံးကူညီ မှုများ ဆောင်ရွက်ပေးသွားမည် ဟု ကတိပေးသွားခဲ့သည်။ ဖမ်းဆီး ခံ မြန်မာလုပ်သားနှစ်ဦး၏ မိဘ များ ထိုင်းနိုင်ငံလေဆိပ်သို့ ရောက်ရှိလာချိန်တွင် ထိုင်းနိုင်ငံအခြေ စိုက် မီဒီယာများနှင့် ပြည်ပမီဒီယာ များမှ သတင်းထောက် ၁၀၀ ၀န်း ကျင်လာရောက် သတင်းယူခဲ့ကြ သည်။ အဆိုပါ သတင်းထောက် များသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့ သတင်းယူရန် စောင့်ဆိုင်းနေသည်ကို တွေ့မြင်ရသည်။

7Day DAILY

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိလာသော လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား ဝင်းဇော်ထွန်း၏ ဖခင်ကို ထိုင်းဘုရင်ဓာတ်ပုံကိုင်ဆောင်လျက်တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိလာသော လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ် သား ဝင်းဇော်ထွန်း၏ ဖခင်ကို ထိုင်းဘုရင်ဓာတ်ပုံကိုင်ဆောင်လျက်တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
ထိုင်းနိုင်ငံရှေ့နေ များကောင်စီက မြန်မာလုပ်သား နှစ်ဦး၏ အမှုကို ၎င်းတို့အဖွဲ့မှ စစ်ဆေးမှု အထူး ကျွမ်း ကျင် ၁၂ ဦး ဖြင့်စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း အဆိုပါကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး နှင့် တွေ့ဆုံစဉ် ပြောကြားသည်။