အာရှတိုက် ကလပ်အသင်းတွေရဲ့အမြင့်ဆုံးပြိုင်ပွဲ ACL အာရှချန်ပီယံအသင်းထဲ ဝင်ရောက်ဖို့ ကြိုးစား နေပြီလို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ဇူလိုင် ၂၁ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဘာဖြစ်လို့ အာရှ အဆင့် ကို ခြေလှမ်းပြင်တာလဲ။
Tuesday, 22 July 2014
ဆေးဖက်ဝင်တဲ့ ရွက်ကျပင်ပေါက်
ရွက်ကျပင်ပေါက်တွေဟာ ဥတုရာသီမရွေး အမြဲစိမ်းလန်းနေသော အပင်မျိုးဖြစ်ပြီး၊ စိုစွတ်တဲ့ေ နရာများမှာ အလေ့ကျပေါက် ရောက်လေ့ရှိပါ တယ်။ ရုက္ခဗေဒအမည်မှာ Bryophyllum Calycinum Salisb ဖြစ်၍၊ Life Plant (သို့မဟုတ်)Air Plant ဟု လည်း ခေါ်ပါတယ်။ အရွက် ရှည်နှင့် အရွက်ဝိုင်းဟူ၍ အပင်နှစ်မျိုးနှစ်စား ရှိပါတယ်။ ၄င်းအပင်၏ ထူးခြားချက်က အချိန်အပိုင်း အခြားပေါ်မူတည်ပြီး အရသာပြောင်းလဲ သွားလေ့ရှိပါတယ်။ နံက်ပိုင်းမှ နေ့ မွန်းတည့်ချိန်အထိ “ချို” သောအရသာရှိပြီး၊ မွန်းလွဲ ပိုင်းမှ ညနေအထိ “ချဉ်” သောအရသာဖြစ်ပါတယ်။ အချိန်ကာ လပေါ်မူတည်၍ အရသာပြောင်းလဲသွားလေ့ရှိသော်လည်း၊ ဆေး ဖက်ဝင်အာနိသင်ကတော့ အတူတူပါဘဲ။
နိုင်ငံ့ဂုဏ်ကို ပညာရေးနဲ့ဆောင်ခဲ့တဲ့ မသန်စွမ်းကျောင်းသူ မစုပုံချစ်
မွေးရာပါ မသန်စွမ်း ဖြစ်ပေမယ့် ပညာထူးချွန်သူ မစုပုံချစ်ဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က နယူးဆောက်သ်ဝေးလ် တက္ကသိုလ်မှာ မဟာဘွဲ့ ပညာသင်ဆုရပြီး ၁ နှစ်ခွဲကြာ ပညာသင်ကြားပြီး ဘာသာ ရပ် ဆိုင်ရာ ဂုဏ်ထူးတွေ ရပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး ဖြစ်ပါတယ်။
လူ့အခွင့်အရေးကိုယ်စားလှယ် ကချင်ဒုက္ခသည်စခန်းသွား
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီကနေ့ ဗန်းမော်မြို့က ဒုက္ခသည်စခန်းတွေဆီကို ဆက်လက် သွားရောက်ခဲ့ပြီး ဗန်းမော်အကျဉ်းထောင်မှာ အကျဉ်းသား တဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေသခံတချို့ရဲ့ ငြိမ်းချမ်းရေး လိုလားမှုကို ဖော်ထုတ်တဲ့ ဆန္ဒ ထုတ်ဖော်မှု နဲ့ လည်း တွေ့ဆုံခဲ့ရပါတယ်။
ကိုရီးယားကူးတို့ရေယာဉ် နစ်မြုပ်မှုအတွက် ရဲက အလိုရှိနေသော သူဌေးကြီး၏ အလောင်းရှာတွေ့
ရေယာဉ်နစ်မြုပ်မှုနှင့် စပ်လျဉ်းပြီး ရဲတပ်ဖွဲ့က အလိုရှိနေသူများကို ကြေညာထားစဉ် (Photo - BBC)
ပြီးခဲ့သည့်လက ကွင်းပြင်တစ်ခုတွင် တွေ့ရှိခဲ့ရသည့် ရုပ်အလေင်းသည် Sewol ကူးတို့ရေယာဉ် နစ်မြုပ်မှုနှင့် ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် လုပ်ငန်းရှင်သူဌေး ယူဗြောင်အွန်ဖြစ်ကြောင်း တောင်ကိုရီးယား ရဲတပ်ဖွဲ့က အတည်ပြု ကြေညာခဲ့သည်။
အစ္စရေးထိုးစစ်တွင် ပါလက်စတိုင်းဘက်မှ သေဆုံးသူ (၅၀၀)ကျော်အထိ မြင့်တက်လာ
ဇူလိုင်(၂၁)ရက် ညပိုင်းထိ ဂါဇာစစ်ပွဲအတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက်သည် (၅၀၀)ကျော်ထိ မြင့်တက်လာပြီဟု သိရှိရသည်။အစ္စရေး လေတပ်သည် ဂါဇာရှိ ဟားမားစ် စစ်သွေးကြွတို့ ပုန်းခိုရာ ပစ်မှတ်များကို သည်းသည်းမည်းမည်း ဗုံးကြဲ တိုက်ခိုက်နေဆဲ ဖြစ်သလို အစ္စရေး မြေပြင်တပ်ဖွဲ့များကလည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပါလက်စတိုင်း ပိုင်နက်ထဲ စတင်ဝင်ရောက်လာပြီ ဖြစ်သည်။ ဟားမားစ်တို့၏ တိုက်ရည်ခိုက်ရည်သည် ယခင်ကထက် ပိုမိုမြင့်တက်လာကြောင်း အစ္စရေးစစ်ဘက် အရာရှိများက ဝန်ခံထားပြီး အစ္စရေး စစ်သည်များလည်း အကျအဆုံး များလျှက်ရှိသည်။
ရှေ့လုပ်ငန်းစဉ်များ၌ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နားလည်မှုရှိခြင်းနှင့် စိတ်ကောင်းစေတနာနှင့်ယှဉ်ပြီးဆောင်ရွက်ကြရမည်ဟု သူရဦးရွှေမန်းပြောကြား
ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ပြောဆိုဆောင်ရွက်ရာတွင် စိတ်ရှည် ခြင်း၊ သည်းခံခြင်း၊ နား လည်မှုရှိခြင်းနှင့် စိတ်ကောင်း စေတနာတို့ဖြင့် ယှဉ်တွဲဆောင်ရွက် မှုများ မလွှဲမသွေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအား ပြောကြားသည်။သီပေါမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်း၏ တောင်းပန်မှုကို လက်ခံခဲ့ပြီးနောက် အဆိုပါဖြစ်ရပ်နှင့်စပ်လျဉ်း၍ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြား ခဲ့ခြင်းဖြစ်သည်။
ယခုလ ၁၄ ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ် တော် ကိုယ်စား လှယ် ဦးရဲထွန်းမေး မြန်းခဲ့သည့်မေးခွန်း၌ မူလကမေး မြန်းထားသည့်အကြောင်းအရာထက် ပိုမိုသော အကြောင်းအရာများပါ ဝင်ခဲ့သဖြင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကနောင်လွှတ်တော် များ၌ မေးခွန်းများမေးသည့်အခါတွင် မူလမေးထားသည့်အကြောင်းအရာမှတစ်ပါးကျန်သည့်မေးခွန်း များ မမေးမြန်းရန်လွှတ်တော်၌သတိ ပေးပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ ဦးရဲထွန်းက ပြန် လည် တောင်းပန်လာခဲ့ကာတောင်းပန်မှုနှင့်ပတ်သက်၍ ''ယခုလိုလာရောက်တောင်းပန်တဲ့အတွက်ဝမ်းသာ မှုများ ရှိသလို ဦးရဲထွန်းရဲ့တာဝန်သိမှု၊ တာဝန်ယူမှုနဲ့သတ္တိရှိမှုကို အလေးပြုဂုဏ်ယူမိပါတယ်'' ဟု ယနေ့ပြည်သူ့ လွှတ်တော်အစည်း အဝေးတွင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ် များအား အသိပေးပြောကြားခဲ့သည်။
တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံ ရှေ့နှစ်တွင် ပြောင်းမည်
တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်ရေးစနစ်ပုံစံကို ၂၀၁၅- ၂၀၁၆ ပညာသင်နှစ်တွင် ပြောင်း လဲကျင့်သုံးရန် ပညာရေးဝန်ကြီး ဌာန တာဝန်ရှိသူများနှင့် အကြံ ပေးပညာရှင်များက ဆွေးနွေးဆုံး ဖြတ်လိုက်ကြောင်း သတင်းရရှိ သည်။ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးစ နစ်ပုံစံကို ပြောင်းလဲကျင့်သုံးရန် အချိန်ကာလအခက်အခဲကြောင့် ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ပြောင်းလဲကျင့်သုံးရန် ဆွေးနွေးဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။‘‘အခုအချိန်မှာ ပြင်ရင် အချိန်အခက်အခဲကြောင့် တအား ကသုတ်ကရက် ဖြစ်လိမ့်မယ်။ အချိန်က အရမ်းကပ်နေပြီလေ။ အဲဒီအတွက် ရှေ့နှစ်ကျမှ ပြောင်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဒီနှစ် ကတော့ အရင်အတိုင်းပဲ သွားမှာ ပေါ့’’ ဟု တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်ရေးစနစ် ပြောင်းလဲကျင့်သုံးရေး အစည်းအဝေးတက် ရောက်ခဲ့သော ပါမောက္ခချုပ်တစ် ဦးကပြောသည်။လက်ရှိ ကျင့်သုံးနေသော တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ် ရေးစနစ် ပြောင်းလဲရေးအတွက် ပညာရေးမြှင့်တင်မှုအကောင်အ ထည်ဖော်ရေးကော်မတီ၊ အကြံ ပေးအဖွဲ့ပညာရှင်များ၊ ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ သည် ဇူလိုင် ၁၈ ရက်တွင် ရန်ကုန် တက္ကသိုလ်၊ စိန်ရတု ခန်းမ၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ဝက်စ်ဟမ်းအသင်း မြန်မာနိုင်ငံ လာတော့မည် မဟုတ်
ဝက်စ်ဟမ်း ယူနိုက်တက်အသင်း၏ ရာသီကြို ခြေစမ်းခရီးစဉ်တွင် မြန်မာနိုင်ငံသို့ လာရောက်ကစားရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြိုးပမ်းခဲ့သော်လည်း ယခုအခါ ပျက်ပြယ်ခဲ့ပြီ ဖြစ်သည်။ ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဟမ်းအသင်းအနေဖြင့် ယခုနှစ် ပရီးမီးယားလိဂ် မတိုင်မီတွင် အာဆီယံ နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ မြန်မာနိုင်ငံများသို့ လာရောက်ရန် စီစဉ်ထားသော်လည်း ယခုအခါ ယင်း ခရီးစဉ် အားလုံးကို ဖျက်သိမ်းခဲ့သည်။“၀က်စ်ဟမ်းအသင်း မြန်မာနိုင်ငံကို လာတော့မှာ မဟုတ်ပါဘူး။ သူတို့အသင်းမှာ ကစားသမား စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းစရာလေးတွေ ရှိနေတဲ့အတွက် အာရှခရီး စဉ်အားလုံးကို ဖျက်သိမ်းခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့တော့ နောက်နှစ်တွေမှာ ပရီးမီးယား လိဂ်အသင်း တွေ မြန်မာနိုင်ငံ လာကစားဖို့ ထပ်ကြိုးစားဦးမှာပါ” ဟု မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောသည်။ဝက်စ်ဟမ်းအသင်းအနေဖြင့် အာရှခရီးစဉ် ဖျက်သိမ်းပြီးနောက် ဥရောပကလပ် အသင်းများဖြစ်သော ရှော်လ်ကေး၊ မာလာဂါ၊ ဆမ်ဒိုးရီးယား၊ အသင်းများနှင့် ခြေစမ်းရန် စီစဉ်ထားသည်။
mizzima
မြန်မာနေရှင်နယ်လိဂ် နောက်ကြောင်းပြန်လှည့်မည် မဟုတ်ဟု ဦးဇော်ဇော်ပြောကြား
မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအနေဖြင့် လက်ရှိအချိန်တွင် အရှုံးပေါ်နေသော်လည်း နောက်ကြောင်း ပြန်လှည့်မည်မဟုတ်ဟု ဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်က မဇ်္ဈိမကို ပြောကြားလိုက်သည်။
မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအနေဖြင့် ပြင်ပ၀င်ငွေမရှိဘဲ အသင်းပိုင်ရှင်၏ ထောက်ပံ့မှုဖြင့်သာ ရပ်တည်နေရခြင်းဖြစ်ပြီး စီပွားရေးအရ အရှုံးပေါ်လျက် ရှိကြသည်။
မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအနေဖြင့် ပြင်ပ၀င်ငွေမရှိဘဲ အသင်းပိုင်ရှင်၏ ထောက်ပံ့မှုဖြင့်သာ ရပ်တည်နေရခြင်းဖြစ်ပြီး စီပွားရေးအရ အရှုံးပေါ်လျက် ရှိကြသည်။
သူမ လိင်အင်္ဂါနဲ့ပတ်သက်ပြီး ရုပ်သံလိုင်းမှာ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ခဲ့တဲ့ ဗြိတိန်အမျိုးသမီး
ဗြိတိန်နိုင်ငံက အသက် ၂၂ အရွယ်အမျိုးသမီးတစ်ဦးက သူ့ရဲ့ အရှက်သိက္ခာကို မငဲ့ ကွက်ပဲ ရဲရဲဝံ့ဝံ့နဲ့ နိုင်ငံပိုင်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Channel4 ရဲ့ ကျန်းမာရေးကဏ္ဍ ခေါင်းစဉ် တစ်ခုအောက်က ပုံမှန်မဟုတ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းခံစားမှုဆိုတဲ့ အစီအစဉ်မှာ သူမခန္ဓာကိုယ်ရဲ့ လျို့ဝှက်ချက်တစ်ခုကိုပြောပြသွားခဲ့ပါတယ်။
ကယ်လီစမစ်ဆိုသူ အမျိုးသမီးက ငယ်စဉ်မွေးကတည်းက မိန်းမလိင်အင်္ဂါစပ် သေးငယ် တဲ့အပြင် သားအိမ်လည်း ပါမလာခဲ့တာကို သတိမပြုမိခဲ့ပဲ အပျိုဖော်ချိန်ရောက်လောက်မယ့် အသက် ၁၇ နှစ်အရွယ်ရောက်မှ သားအိမ်ပါမလာတာနဲ့ မလိင်အင်္ဂါစပ်သေးငယ် တာကို သတိထားမိခဲ့တယ်လို့ ရုပ်သံလိုင်းအစီအစဉ်တစ်ခုမှာ ဆွေးနွေးပြောကြားခဲ့ တာပဲဖြစ်ပါတယ်။
ကယ်လီစမစ်ဆိုသူ အမျိုးသမီးက ငယ်စဉ်မွေးကတည်းက မိန်းမလိင်အင်္ဂါစပ် သေးငယ် တဲ့အပြင် သားအိမ်လည်း ပါမလာခဲ့တာကို သတိမပြုမိခဲ့ပဲ အပျိုဖော်ချိန်ရောက်လောက်မယ့် အသက် ၁၇ နှစ်အရွယ်ရောက်မှ သားအိမ်ပါမလာတာနဲ့ မလိင်အင်္ဂါစပ်သေးငယ် တာကို သတိထားမိခဲ့တယ်လို့ ရုပ်သံလိုင်းအစီအစဉ်တစ်ခုမှာ ဆွေးနွေးပြောကြားခဲ့ တာပဲဖြစ်ပါတယ်။
AGD ဘဏ် အစုရှယ်ယာကိစ္စ ဘဏ်တာဝန်ရှိသူများနှင့် ဦးနေဝင်းမြေးတို့ကြား ပြောဆိုချက်များ ကွဲလွဲနေ
ဦးတေဇပိုင်ဆိုင်သော အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD)၏ အစုရှယ်ယာ ရောင်းချ ခြင်းကိစ္စနှင့် ပတ်သက်၍ အစုရှယ် ယာ ဝယ်ယူသူ ဦးကျော်နေဝင်း နှင့် ဘဏ်တာဝန်ရှိသူများကြား ပြောဆိုမှုများတွင် ကွဲလွဲမှုများ ရှိနေသည်။အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်၏ အစုရှယ်ယာ ၁၅ ရာ ခိုင်နှုန်းကို ဦးနေ၀င်း၏ မြေး ဦးကျော်နေ၀င်းနှင့် မီကိုကွေကာလုပ်ငန်းရှင်အပါအ၀င် စုစုပေါင်းလုပ်ငန်းရှင်လေးဦးကို ရောင်းချ ခြင်းဖြစ် ကြောင်း ဘဏ်ဘက်က ပြောဆိုနေသော်လည်း ကာယကံရှင် ဦးကျော်နေဝင်း ဘက်ကမူ ၆၀ ရာခိုင်နှုန်း အထိ ဝယ်ယူထား ပြီးဖြစ်ကြောင်း ပြောဆိုသည်။အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် (AGD) ဘဏ်တွင် စုစုပေါင်းအစုရှယ်ယာ ခြောက်သိန်းရှိပြီး ယင်းအနက် ၁၅ ရာခိုင်နှုန်းဖြစ်သော အစုရှယ်ယာကိုးသောင်းကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်း AGD ဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးဝေလင်းဦးကပြောသည်။ သို့သော် ဦးကျော်နေ၀င်းတို့ဘက်ကမူ အောက်ပါအတိုင်း တုံ့ပြန်ပြောကြားသည်။
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များအား အစုလိုက် အပြုံလိုက် နေရပ်ပြန်ပို့မည့် အပေါ်ကုလအပါအဝင်နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက ထိုင်းနိုင်ငံအား သတိပေး
-မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေးအနေအ ထားများအရ ဒုက္ခသည်များကို အစု လိုက် အပြုံလိုက် ပြန်ပို့ရန် မသင့်လျော် သေးဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးနှင့် အခြား နိုင်ငံတကာ အကူအညီပေးရေး အ ဖွဲ့များက အသိပေးပြောကြားလိုက် ကြောင်း သိရသည်။ ဒုက္ခသည်များကို လုံခြုံစိတ်ချ စွာနှင့် အောင်မြင်စွာပြန်ပို့နိုင်ရေး အတွက် မြန်မာစစ်တပ်နှင့် ကု လသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာ မင်းကြီးရုံးကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အနီးကပ် ပူး ပေါင်းဆောင်ရွက်မည်ဟု ထိုင်းနိုင် ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်တွင် အတည်ပြုဖော် ပြထားကြောင်း သိရသည်။
မြန်မာဒုက္ခသည် တစ်သိန်းနှစ် သောင်းကျော်ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်ထားကြောင်း ထိုင်း စစ်တပ်အကြီးအကဲ ပရာယုချန် အိုချာက ကြေညာခဲ့ပြီးကတည်းက ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း အားလုံးတွင် လုံခြုံရေးတိုးမြှင့်ချထား ကြောင်း သိရသည်။
အင်တာနက် ဆက်ကြောင်းတစ်နေရာ မြေတူးစက်ဖြင့် ထိုးမိသဖြင့် ပြတ်တောက်
မြန်မာနိုင်ငံ၏ အဓိက အင်တာနက်ဆက်ကြောင်းတစ်ခု ဖြစ်ပြီး ထိုင်းနိုင်ငံ မြ၀တီနယ်စပ်မှ သွယ်တန်းထား သည့်ဘန်ဝှစ်ဆက်ကြောင်းတစ်နေရာတွင်မြေတူးစက်ဖြင့်တူးမိသဖြင့်လိုင်းပြတ်တောက်မှုဖြစ်ပွား ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ပဲခူးဘုရားကြီးနှင့် ဝေါမြို့ ကြားရှိဆက်ကြောင်းတစ်နေရာ ကို မြေတူးစက်ဖြင့်တူးမိသဖြင့် လိုင်းပြတ်သွားခြင်းဖြစ်ပြီး ပြန်လည်ပြင်ဆင်ရန်လုပ်ဆောင် နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Internet Service Provider ဌာနမှ အင်ဂျင်နီယာချုပ်ဦးမျိုးဆွေက ပြော သည်။ အဆိုပါဆက်ကြောင်းမှာ တစ်နိုင်ငံလုံးအသုံးပြုလျက်ရှိသော ဘန်ဝှစ်ပမာဏ၏ သုံးပုံနှစ်ပုံခန့်ကို ချိတ် ဆက် အသုံးပြုနေသောကြောင့် ယခုရက်ပိုင်းအတွင်း အင်တာနက်လိုင်းများ ကောင်းစွာ အသုံးပြုနိုင်ဦးမည် မဟုတ်ကြောင်း ဦးမျိုးဆွေက ဆက်လက်ပြော ကြားသည်။
Bi မွန်းတည့်နေဂျာနယ်၏ ဖမ်းဆီးခံရသူခုနစ်ဦးအနက် တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦးကို ယနေ့ရုံးထုတ်မည်
Bi မွန်းတည့်နေဂျာနယ်၏ ဖမ်းဆီးခံရသူခုနစ်ဦးထဲမှ ချုပ်ရက်ရမန်ပြည့်ပြီဖြစ်သော တာဝန်ခံအယ်ဒီတာ အပါအ၀င် အယ်ဒီတာသုံးဦးကို ယနေ့ရုံးထုတ်မည်ဖြစ်ကြောင်း ယင်းဂျာနယ်မှ သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်က ပြောကြားသည်။ဇူလိုင် ၁၆ ရက်က ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ နေအိမ်တစ်ခုတွင် Bi မွန်းတည့်နေဂျာနယ်၏ ထုတ်ဝေသူလင်မယားနှစ်ဦးဖြစ်သော ဦးကျော်မင်းခိုင်နှင့် ဒေါက်တာအိအိစံတို့ အပြင် ၎င်းတို့၏မိတ်ဆွေ ဦးယဉ်မင်းထွန်းတို့ကိုပါ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး မူလဖမ်းဆီးခံထား ရသည့် တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦး၊ သတင်းထောက်တစ်ဦးနှင့်ဆိုပါက သတင်းတစ်ပုဒ် ရေးသားမှုကြောင့် ရဲသတင်းတပ်ဖွဲ့၏ ဖမ်းဆီးခံရသူ ခုနစ်ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။ဇူလိုင် ၇ရက်ကဖြန့်ချိခဲ့သော Bi မွန်းတည့်နေဂျာနယ်မျက်နှာဖုံးတွင် ဖော်ပြခဲ့သည့် "ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ကထုတ်ပြန်" ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ပါလာခဲ့သည်။
MH 17 လေယာဉ် Black Boxes ယူကရိန်းသူပုန်က မလေးရှားအာဏာပိုင်လက် အပ်
ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ရုရှားကိုလိုလားသူ ခွဲထွက်ရေးသူပုန်တွေက ပျက်ကျသွားတဲ့ မလေးရှားလေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ black box ကို မလေးရှားကျွမ်းကျင်သူတွေ လက်ကို လွှဲပေးလိုက်ပါတယ်။တနင်္လာနေ့နှောင်းပိုင်း ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetask ဒွန်းနပ်စ်မြို့မှာ လွှဲပြောင်းပေးလိုက်တာပါ။ မလေးရှားဝန်ကြီးချုပ် Najib Razak နဲ့ သူပုန်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ Alexander Borodai တို့အကြား တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောဆိုခဲ့ကြပြီးတဲ့နောက် နာရီပိုင်းအတွင်းမှာ အခုလို လွှဲပြောင်း ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ပြန်လည်လွှဲပြောင်းပေးတဲ့ ပျံသန်းမှုမှတ်တမ်းတင် ကိရိယာမှာ ထိခိုက်ပျက်စီးမှုတွေရှိကြောင်း မလေးရှား ဗိုလ်မှူးကြီး Mohamed Sakri ကပြောပါတယ်။ ဒါပေမဲ့ လက်ရာမပျက် ရှိပြီး အခြေအနေကောင်းမွန်ပါတယ်လို့ ပြောပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ယောက်တင်ဆောင်လာတဲ့ မလေးရှား နိုင်ငံပိုင် ခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့မှုနဲ့ပတ်သက်ပြီး ပစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ်ချက်ကို တနင်္လာနေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တညီတညွတ်တည်း ချမှတ်လိုက်ပါတယ်။
Subscribe to:
Posts (Atom)