Wednesday, 12 December 2012

ဘယ်ဘက်ဦးနှာက်သန်သူနှင့် ညာဘက်ဦးနှောက်သန်သူ

ဘယ်ဘက်ဦးနှာက်သန်သူနှင့် ညာဘက်ဦးနှောက်သန်သူ
Wednesday, 12 December 2012 

ဘယ်ဘက်အခြမ်း ဦးနှောက်သန်သူ

သိပ္ပံ ပညာရပ် စိတ်ဝင်စားသူ၊ သင်္ချာအတွက်အချက်ဝါသနာပါသူ၊ ခင်မင်ရင်းနှီးလွယ်သူ၊ တိကျပြတ်သားသူ၊ ဖြောင့်မတ်သူ၊ အသေးစိတ်တွက် ချက်သူ၊ ဗျူဟာဆန်ဆန်တွေးတတ်သူ၊ လက်တွေ့ကျမှုကို သေ
ဘာကျသူ၊ ဘာသာစကားနှင့် ဝေါဟာရများ လေ့လာရန် လွယ်ကူသူ၊ လက်တွေ့ကို သဘောကျသူ၊ အီကွေးရှင်းများ တွက်ချက်ဝါသနာပါသူ၊ ကိန်းဂဏန်းများနဲ့ ဆော့ကစားနေတတ်သူ၊ အမိန့်နာခံတတ်သူ၊ သဘာဝအတိုင်း ပုံသေနည်းစံစံ မှန်ကန်အောင် လုပ်တတ်သူ၊ ကိုယ့်ကိုယ်ကိုယ် မည်သူမည်ဝါ သေချာသိသူ။

ညာဘက်အခြမ်း ဦးနှောက်သန်သူ

အတွေးအမြင်သစ်များ စဉ်းစားလုပ်တတ်သူ၊ လွတ်လွပ်မှုကို သဘောကျသူ၊ သံယောဇဉ်ကြီးသူ၊ အကြောင်းအရင်းကို ဖော်ထုတ်ပြောဆိုတတ်သူ၊ စွန့်စားလိုစိတ်ရှိသူ၊ ရယ်မောလောင်ပြောင်တတ်သူ၊ အနုပညာဆန်ဆန် ခံစားတတ်သူ၊ သီချင်းများ ခရေဇီဖြစ်သူ၊ ဗလာမျက်နှာပြင် ကို ဆေးရောင်ခြယ်ပေးတတ်သူ၊ စိတ်ကူ ယဉ်လွန်းသူ၊ ပန်းချီဆရာ၊ ကဗျာဆရာ၊ တွေးခေါ်ပညာရှင်၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတတ်သူ။

ညာဘက်အခြမ်း ဦးနှောက်နဲ့ ဘယ်ဘက်အခြမ်း ဦးနှောက်တို့ရဲ့ လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။
--
Ref:Medicalfact.
Aung Kham (TSJ team)
TechSpace Journalဘယ်ဘက်အခြမ်း ဦးနှောက်သန်သူ

သိပ္ပံ ပညာရပ် စိတ်ဝင်စားသူ၊ သင်္ချာအတွက်အချက်ဝါသနာပါသူ၊ ခင်မင်ရင်းနှီးလွယ်သူ၊ တိကျပြတ်သားသူ၊ ဖြောင့်မတ်သူ၊ အသေး စိတ်တွက် ချက်သူ၊ ဗျူဟာဆန်ဆန်တွေးတတ်သူ၊ လက်တွေ့ကျမှုကို သဘောကျသူ၊ ဘာသာစကားနှင့် ဝေါဟာရများ လေ့ လာရန် လွယ်ကူသူ၊ လက်တွေ့ကို သဘော ကျသူ၊ အီကွေးရှင်းများ တွက်ချက်

အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်မည်

အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်မည်
Wednesday, 12 December 2012 

အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ်သည် ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အဖြစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှစ၍ သုံးရက်ကြာ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

ဆယ်လ်မန်ခါရှစ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့်
နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆယ်လ်မန်ခါရှစ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့သို့လည်း
သွားရောက် လည်ပတ်မည်ဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ
တွေ့ဆုံဆွေးနွေးပွဲကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဆယ်လ်မန်ခါရှစ်သည် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန တိုင်းတာရေးအဖွဲ့မှ  ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်
လျက်ရှိသည့် ပုဂံမြို့ရှိ အာနန္ဒာဘုရားသို့လည်း သွားရောက် ဖူးမျှော်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဆယ်လ်မန်ခါရှစ်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေရန်အတွက်လည်း စီစဉ်ထားကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ လှူဒါန်းသော ရွှေတိဂုံ
စေတီတော်တွင် အပူဇော်ခံထားရှိသည့် ၁၆ ပေ အမြင့်ရှိ ဓမ္မစကြာ မုဒြာသဲကျောက် ဗုဒ္ဓဆင်းတုတော်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် 
၎င်းက လွှဲပြောင်းပေးအပ်မည် ဖြစ်သည်။

''ပြည်ပရေးရာဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးအပေါ်မှာ ဘယ်လောက်ထိ အလေး
ထားတယ် ဆိုတာကို ထပ်မံပြသတာပဲ ဖြစ်ပါတယ်''ဟု   ပြည်ပရေးရာ
ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆာအစ်အာဘာရုဒင်က ပြောပါသည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ကျင်းပမည့် အိန္ဒိယ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိကြောင်းလည်း သိရသည်။

Eleven Media Groupအိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ်သည် ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် အဖြစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှစ၍ သုံးရက်ကြာ လာရောက် လည်ပတ်

နာနီကို ခေါ်ယူဖွယ် ရှိသည့် အာဆင်နယ်


နာနီကို ခေါ်ယူဖွယ် ရှိသည့် အာဆင်နယ်

အာဆင်နယ် အသင်းသည် မန်ချက်စတာ ယူနိုက်တက် တောင်ပံလူ လူးဝစ် နာနီကို စိတ်ဝင်စား နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။ အာဆင်နယ် မန်နေဂျာ အာစင် ဝင်းဂါးသည် ပေါ်တူဂီ လက်ရွေးစင် ကစား သမားကို ဇန်နဝါရီ လတွင် အံ့အားသင့်ဖွယ် အခြေအနေ တစ်ရပ်အဖြစ် ပေါင်စတာလင် သန်း (၂၀) မျှဖြင့် ချဉ်း ကပ် ချိတ်ဆက် လာနိုင်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

ဝင်းဂါးသည် သီအို ဝဲလ်ကော့တ်ကို သက်တမ်းတိုး စာချုပ်ရေး ကြိုးပမ်းမှု မအောင်မြင် သည့်နောက် တောင်ပံ ကစားသမားသစ် တစ်ဦးကို ရှာဖွေနေဆဲ ဖြစ်သည်။ လတ်တလောတွင် ခရစ္စတယ်လ် ပဲလေ့စ်မှ ဝီလ်ဖရက်ဒ် ဇာဟာသည်လည်း အမ်းမရိတ်စ်သို့ ရောက်ရှိ နိုင်ကြောင်း သတင်းကြီး နေသည်။

မန်ယူသည်လည်း စာချုပ် သက်တမ်း (၁) နှစ်ခွဲမျှသာ ကျန်ရှိပြီး အသင်းနှင့် သက်တမ်း တိုးရေး အဆင်မပြေ ဖြစ်နေသည့် နာနီကို ရောင်းထုတ်ဖြစ်ဖွယ် ရှိနေသည်။ နာနီသည် (၂၀၀၇) ခုနှစ်က ပေါ်တူဂီ ကလပ် စပို့တင်း လစ္စဘွန်းမှ ပေါင်စတာလင် (၁၄) သန်းဖြင့် ပြောင်းရွှေ့ လာပြီးနောက် ယမန်နှစ် ဘောလုံး ရာသီထိ ခြေစွမ်းပြ နိုင် ခဲ့သည်။ သို့သော် လည်း လက်ရှိ ရာသီတွင်မူ နာနီသည် အရန် ခုံတွင်သာ ထိုင်နေရသလို ဒဏ်ရာ ပြဿ နာ များနှင့်လည်း ကြုံနေရသည်။ 

အသက် (၂၆) နှစ်ရှိ နာနီသည် မန်ယူတွင် တစ်ပတ် ပေါင် စတာလင် (၉၀၀၀၀) ရရှိနေပြီး စာချုပ်သစ်တွင် တစ်ပတ် ပေါင်စတာလင် (၁၃၀၀၀၀) ထိ ပေးချေရန် တောင်းဆို ခဲ့သည့် တိုင် မန်ယူက ငြင်းဆန်ထားသည်။ အာဆင်နယ်သည် အသင်းတွင် လုပ်ခလစာ အမြင့်မားဆုံး ကစားသမားများ ဖြစ်သော အင်ဒရီ အက်ရှ်ဗင်နှင့် လူးကက်စ် ပိုဒေါ့စကီး တို့အား တစ်ပတ် ပေါင်စတာလင် (၉၀၀၀၀) မျှ လုပ်ခ လစာ ပေးချေ ထားခဲ့သည်။

နာနီကို PSG နှင့် ဇင်းနစ် စိန့်ပီတာ စဘာ့ဂ်တို့က စိတ်ဝင်စား နေသလို ချယ်လ်ဆီး က စောင့်ကြည့် နေကြောင်းလည်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

http://www.myawady.net.mm/sport/globalsportnews/item/1478-2012-12-12-07-59-10အာဆင်နယ် အသင်းသည် မန်ချက်စတာ ယူနိုက်တက် တောင်ပံလူ လူးဝစ် နာနီကို စိတ်ဝင်စား နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့ သည်။ အာဆင်နယ် မန်နေဂျာ အာစင် ဝင်းဂါးသည် ပေါ်တူဂီ လက်ရွေး စင် ကစား သမားကို ဇန်နဝါရီ လတွင် အံ့အားသင့်ဖွယ် အခြေအနေ တစ်ရပ် အဖြစ် ပေါင်စတာလင် သန်း (၂၀) မျှဖြင့် ချဉ်း

အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်

ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချစ်သူသက်တမ်း ၆ နှစ်နီးပါးကြာ ယနေ့ ဒီဇငါဘာ ၁၂ ရက် နံနက်တွင် ကျင်းပသည့် လက်ထပ်မင်္ဂလာအခမ်းအနားသို့ မင်္ဂလာမောင်နှံတို့နှင့်အတူ ၎င်းတို့၏ နှစ်ဖက်မိသားစုဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်ကို တွေ့ရပြီး အနဂ္ဂနှင့် သံသာဝင်းတို့မှာ ကက်သလစ်ဘာသာဝင်များ ဓလေ့ထုံးစံနှင့်အညီ တစ်ဦးနှင့်တစ်ဦး မင်္ဂလာကတိသစ္စာပြုခြင်း၊ မင်္ဂလာလက်စွပ် လဲလှယ်ဝတ်ဆင်ခြင်း၊ မင်္ဂလာလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့သည်။

 မင်္ဂလာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်ခဲ့ပြီး ဂီတလောကမှ အဆိုတော်များ၊ တေးရေးများ၊ ထုတ်လုပ်သူများ၊ ရုပ်ရှင်ဘက်မှ အကယ်ဒမီထွန်းအိန္ဒြာဗိုတို့စုံတွဲနှင့် အကယ်ဒမီလူမင်းတို့စုံတွဲ တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ နိုင်ငံရေးနယ်ပယ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့တို့လည်း တက်ရောက်ခဲ့သည့်အပြင် အက်ဆစ်အဖွဲ့မှ လွှတ်တော်အမတ် ဇေယျာသော်က မင်္ဂလာပွဲတွင် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ၀င်ရောက်ဆင်နွှဲခဲ့သည်ကို တွေ့ရသည်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ် စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ချစ်သူသက်တမ်း ၆ နှစ်နီးပါးကြာ ယနေ့ ဒီဇငါဘာ ၁၂ ရက် နံနက်တွင် ကျင်းပသည့်

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေးကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားဆောက်ရန် စိတ်ဝင်စားကြောင်း လာရောက်ဆွေးနွေး

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေးကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားဆောက်ရန် စိတ်ဝင်စားကြောင်း လာရောက်ဆွေးနွေး 
Wednesday, 12 December 2012

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်ရန် စိတ်ဝင်စားကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် လာရောက်ဆွေးနွေး
ခဲ့သည်ဟု သိရသည်။

ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ယင်းလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက်တင်ပြ ဆွေးနွေးရာတွင် ဒလဘက်ခြမ်းအား ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရှိရသည်။ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ၎င်းတို့ပြုလုပ်လိုသည့် ဒလအိမ်ရာစီမံကိန်း၊ ဒလအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် ရန်ကုန်ဒလ ဆက်သွယ်သည့်တံတား ဆောက်လုပ်ရန် လုပ်ငန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ခွင့်ပြုပါက ကုမ္ပဏီ၏ အစီအစဉ်ဖြင့် လေ့လာတိုင်းတာမှု လုပ်ငန်းများ
ပြုလုပ်သွားမည်ဖြစ်ပြီး စီမံကိန်းများ အတွက်ပါ Proposal တင်ပေး
သွားမည်ဖြစ်ကြောင်း သိရသည်။

ဒလဘက်ခြမ်းတွင် အိမ်ရာစီမံကိန်း တည်ဆောက်ပါက ကိုရီးယားနိုင်ငံတွင် အခြေစိုက်သည့် အမေရိကန် ကုမ္ပဏီ (OPIC-Overseas Private Investment Corporation) ၏ အကူအညီဖြင့် ငွေချေးယူကာ
ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဟန်ရှင်းကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လိုလျှင်
လည်း သဘောတူသည်ဟု ဟန်ရှင်းကုမ္ပဏီဘက်က တင်ပြခဲ့သည်။

ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက တင်ပြလာမှုအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ
သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ ဟန်ရှင်းကုမ္ပဏီက အဆိုပါလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမေရိကန်ဒေါ်လာသန်း ၂၅၀ ခန့် အသုံးပြုသွားရန် ခန့်မှန်းထားသည်
ဟုလည်း သိရသည်။

ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီသည် ကိုရီးယားနိုင်ငံ၏ ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည်ဟု သိရသည်။

ထို့ပြင် ရန်ကုန်-ဒလ ဆက်သွယ်သည့် ရန်ကုန်မြစ်ဖြတ် မြစ်ကူးတံတား
လေးစင်းဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ကိုရီးယားတို့ လေ့လာတိုင်းတာမှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။

Eleven Media Groupကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်ရန် စိတ်ဝင်စားကြောင်း ရန်ကုန်မြို့တော် စည်ပင်

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိ နိုင်မည်

Photo: တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိ နိုင်မည်
Wednesday, December 12, 2012 

''တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုသည်ကို လုံးဝ လက်မခံကြောင်း ယခုလ ၃ ရက်နေ့ က ကျောက်ဆည် မြို့တွင် ကျင်းပသော ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း တွေ့ဆုံပွဲ၌
ပြောကြားသည်'' လို့ အစ ချီထားတဲ့ သတင်း တစ်ပုဒ်ကို ဂျာနယ် တစ်စောင်မှာ ဖတ်လိုက် ရတယ်။

၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က ကျောက်ဆည်မြို့ မြို့တော်ခန်းမ မှာကျင်းပ တဲ့ တွေ့ဆုံ ပွဲမှာ ပြောခဲ့ တာပေါ့။ တိုင်းပြည် စီးပွားရေး မကောင်းဘဲနဲ့ စစ်တပ်အတွက် စစ်လက်နက် အသုံးအဆောင် ပစ္စည်းတွေကို ဘယ်လို ဝယ်မလဲ၊ တပ်မတော်ကို တိုက်ခိုက်တယ်၊ မုန်းတယ်လို့ မြင်ကြ မှာပဲ။ မဟုတ်ပါဘူး၊ မှားနေ တာတွေကို တပ်မတော် အနေနဲ့ ပြင်ကြ ရအောင်လို့ ပြောတာ ပါတဲ့။

ဒါကို ဖတ်မိတော့ သြော်ရှင်း နေတာကို ရှုပ်အောင် လုပ်ပြန်ပြီ၊ မှန်နေတာ တွေကို တလွဲဖြစ် အောင် ဖွလိုက်ပြန်ပြီ ဟဲ့လို့ ညည်းမိပါရဲ့။ မှားနေတာ တွေကို တပ်မတော် အနေနဲ့ ပြင်ကြရ အောင် ပြောတာ ပါတဲ့။ အတွေးအမြင်၊ အယူ အဆ၊ ဝါဒတွေ အရတော့ ''တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည်'' ဆိုတဲ့ ဆောင်ပုဒ်က မှားကောင်း မှားနေ
နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေး သမိုင်း၊ တပ်မတော် သမိုင်းနဲ့ အစဉ်အလာ အရတော့ မမှားတာ ရဲရဲကြီး အာမခံ ရဲတယ်။

ကျွန်တော်တို့ နိုင်ငံသူ့ကျွန် ဖြစ်ရတဲ့ အကြောင်းတရား အမျိုးမျိုး ထဲမှာ အဓိက အချက် အနေနဲ့ အင် အား တောင့် တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် ခိုင်ခိုင်မာမာ မရှိခဲ့ တာလည်း အချက် တစ်ချက် အနေနဲ့ ပါတယ်။ အင်အား ဆိုတဲ့ နေရာမှာ လူအင်အား၊ လက်နက် ခဲယမ်းအင်အား စသဖြင့် ပေါ့လေ။ ကျွန်တော်တို့ လူမျိုးမှာ မျိုးချစ်စိတ် ဆိုတဲ့ အင်အား တစ်ခုပဲ ခိုင်မာ တောင့်တင်း ခဲ့တာပါ။ လူ၊ စစ်လက်နက် အင်အား ဘယ်လိုမှ မယှဉ်သာလို့ ကိုယ့် အရှင် နှစ်ပါးကို ကြက်ကလေး၊ ငှက်ကလေးလို အလွယ်တကူ ဖမ်းသွားတာကို မျိုးချစ်စိတ်နဲ့ ကြိတ်မနိုင် ခဲမရ အံကြိတ် ကျန်ရစ် ခဲ့ရတာ ပြေးမြင် ကြည့်စမ်းပါ။ ဘယ်လောက် ရင်နာစရာ
ကောင်းတဲ့ မြင်ကွင်း ဖြစ်လိုက် မလဲလို့။

တကယ်လို့သာ အဲဒီခေတ်က နယ်ချဲ့တွေနဲ့ အပြိုင် စစ်အင်အား၊ စစ်လက်နက် ပစ္စည်း အင်အားတွေ တောင့်တင်း ခိုင်မာတဲ့ ခေတ်မီ တပ်မတော် သာရှိခဲ့မယ် ဆိုရင် ကျွန်တော် တို့ နိုင်ငံ သူ့ကျွန်ဘဝ ကျရောက်ခဲ့ စရာ အကြောင်း မရှိဘူး။ ကျွန်တော်တို့ လူမျိုး တွေမှာ မျိုးချစ်စိတ်ပဲ ခိုင်မာ တောင့်တင်းပါတယ် ဆိုတာလေ။ အဲဒီ စိတ်ကြောင့်ပဲ နယ်ချဲ့တွေ ကို ရရာ လက်နက် စွဲကိုင်ပြီး တော်လှန် တိုက်ခိုက်ခဲ့တဲ့ နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲ တွေဟာ တောမီး ပမာ ပျံ့နှံ့ ခဲ့တယ်။ သို့သော်လည်း ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေ မရခဲ့ ကြဘူး။ ဘာလို့လဲ ဆိုတော့ ကျစ်လျစ် ခိုင်မာတဲ့ တစ်လုံး တစ်စည်းတည်းသော အင်အားကို မတည်ဆောက် နိုင်ခဲ့လို့ ပါပဲ။

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ စကားက သမိုင်းပေး သင်ခန်း စာ တွေ အရ ပေါ်ထွန်း လာတဲ့ စကားပါ။ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်စောင့် ရှောက်မယ့် အင်အား တောင့်တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် မရှိခဲ့လို့ လွတ်လပ်ရေးကြီး ဆုံးရှုံး ခဲ့ရဖူးတယ်။ အဲဒီ ဆုံးရှုံး ခဲ့ရတဲ့ လွတ်လပ်ရေးကို တပ်မတော် ကပဲ ဦးဆောင်ပြီး အရယူ ပေးခဲ့တာပါ။ ပြည်သူ လူထုရဲ့ တစ်ခဲနက် အားပေး
ထောက်ခံမှု တွေကလည်း တပ်မတော် အင် အား တစ်ရပ်ပဲ။

ကိုယ့်ထက် အင်အားကြီး သူကို အောင်ပွဲ ဆင်နိုင်ဖို့ ဆိုတာ ကိုယ့်မှာ အင်အား တောင့်တင်း နေမှ ဖြစ်မှာပေါ့။ နယ်ချဲ့တွေ ကို တိုက်ထုတ တွန်းလှန် နိုင်ဖို့ အတွက် ဗမာ့ လွတ် လပ်ရေး တပ်မတော် ကိုစတင် ဖွဲ့စည်း ခဲ့တာက ရဲဘော်သုံးကျိပ် တည်းရယ်ပါ။ ဒါပေမဲ့ ဘီအိုင်အေ တပ်မတော် စတင် ဖွဲ့စည်းပြီး ရက်ပိုင်းမှာပဲ အင်အားက ၁၅ဝ ကျော် ခဲ့တယ်။ မြန်မာနိုင်ငံ အတွင်းကို ရောက်တဲ့ အချိန်မှာ ဘီအိုင်အေ အင်အားက လေးထောင်နီးပါး ရှိလာ သတဲ့။ ၁၉၄၂ ခုနှစ် မေလ ရောက်တော့ တပ်မတော်ရဲ့ အင်အားက ၂၃ဝဝဝ အထိ ရှိနေပြီ။ နေ့ချင်း ညချင်း အင်အား ကြီးမားလာတဲ့ တပ်မတော်ကို ဖက်ဆစ်တွေ ကတောင် အံ့သြပြီး မျက်ကလဲ ဆန်ပျာ
ဖြစ်ရတယ်။ ဒါကြောင့် အင် အား သုံးထောင် အထိ လျှော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော်လို့ အမည်ပြောင်းလဲ ဖွဲ့စည်းခြင်း ခံခဲ့ရတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် တပ်မတော်ဟာ မိမိရဲ့ အင်အား၊ ပြည်သူ လူထုရဲ့ အားတွေနဲ့ ပေါင်းစုပြီး လွတ်လပ် ရေးကို အရ ယူ ပေးခဲ့တယ်။ တကယ်လို့သာ တပ်မတော်မှာ သာ ခိုင် မာ တောင့်တင်းတဲ့ အင်အား မရှိခဲ့ဘူး ဆိုရင်၊ မျိုးချစ်စိတ် အင်အားတွေ မထက်သန် ခဲ့ဘူးဆိုရင် လွတ်လပ် ရေး ဟာ ရွှေပြည်တော် မျှော်လေ တိုင်း ဝေး ဆိုသ လို ဖြစ်နေ ဦးမှာပါ။

ကျွန်တော်တို့ ကြားဖူး၊ ဖတ်ဖူး ခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးစ ပြည်တွင်း သောင်းကျန်းမှု ကာလဆိုးကြီး အကြောင်း ကိုပေါ့။ ပြည်တွင်း ရောင်စုံ သောင်းကျန်းသူ တွေရဲ့ အင်အားက တပ်မတော် အင်အားထက် သာလွန် များပြား တယ်။ နိုင်ငံ ရဲ့ မြို့ကြီးများ အနက်က ၇၅ ရာခိုင်နှုန်း ခန့်က သောင်းကျန်းသူတွေ လက်ထဲမှာ။ ရန်ကုန် မြို့လယ် ကွက်ကွက် ကလေး လောက်ပဲ ကျန်တော့တဲ့ အထိ ဖြစ်ခဲ့လို့ ရန်ကုန် အစိုးရလို့ တောင်လှောင် ပြောင် ကဲ့ရဲ့ ခြင်းခံ ခဲ့ ရတယ် မဟုတ်လား။

လွတ်လပ်ရေး ရပြီးစ အခြေအနေဟာ ဖြေရှင်းရ ခက်ခဲတဲ့ အခြေ အနေပဲ။ သောင်းကျန်းသူ အဖွဲ့ကြီး အချို့က သူတို့ စစ်ရေးအရ အသာစီး ရပြီး အနိုင်ရ ခဲ့ရင် သူတို့ကို ကျောေ ထာက် နောက်ခံ ကူညီ ပေးခဲ့တဲ့ နိုင်ငံကြီး အချို့နဲ့ ပူးပေါင်း မယ်လို့ ကြေညာ ခဲ့တဲ့ အတွက် တိုင်းပြည် က နှစ်ခြမ်းကွဲ ရတော့မယ့် အခြေအနေ ဖြစ်ခဲ့ရတယ်။

ဒါပေမဲ့ တပ်မတော်က မိမိအင်အား ထက်သာလွန် များပြားတဲ့ သောင်းကျန်း သူတွေကို ကျားကုတ်ကျားခဲ တိုက် ခိုက်ချေ မှုန်းပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ကာကွယ် စောင့်ရှောက် နိုင်ခဲ့ပါတယ်။ ပြည် တွင်း သောင်းကျန်းသူ တွေကို တိုက်ခိုက် ခဲ့ရာမှာ မည်သည့် နိုင်ငံရဲ့ အကူအညီ ကိုမျှ မယူဘဲ တပ်မတော် အင်အား သက် သက် ဖြင့်သာ တိုက်ခိုက် အောင်ပွဲ ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒါတင် မကပါဘူး။ ပြည်ပ ကျူးကျော်သူ ကူမင်တန် တပ်တွေကိုလည်း တပ်မ တော်က ၁၉၅၁ ခုနှစ်မှ ၁၉၅၆ ခုနှစ် အထိ နဂါးနိုင် စစ်ဆင်ရေး၊ ဘုရင့်နောင် စစ်ဆင်ရေး၊ ရန်ကြီးေ အာင် စစ်ဆင်ရေး စတဲ့ စစ်ဆင်ရေး တွေနဲ့ တိုက်ခိုက် တွန်းလှန် ခဲ့တယ်။ တကယ်လို့များ အဲဒီ အချိန်က တပ်မတော်က စစ်ရေး အင်အားနဲ့ စွမ်းရည်တွေသာ မရှိခဲ့ရင် မတွေးဝံ့ စရာပါဘဲ။

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်က အာဏာ တည် ဆောက်ဖို့ မဟုတ် ဘူး၊ နိုင် ငံတော် ကာကွယ်ရေး အတွက်ပါ။ နိုင်ငံတော် တည်ငြိမ် အေး ချမ်းရေး အတွက်ပါ။ နိုင်ငံ တစ်နိုင်ငံမှာ အင် အား တောင့် တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် မရှိရင် သူတစ်ပါးရဲ့ ကျူးကျော် စော်ကားမှု၊ ထိပါးရန်စ မှုတွေကို တစ်နည်းနည်းနဲ့ ကြုံတွေ့ခံစား ရတတ်တယ်။ အစွမ်းထက်တဲ့ စစ်လက်နက် ကိရိယာ၊ ပစ္စည်းတွေ မရှိရင် လည်း လေးစား ခံ့ညားမှုကို မရနိုင်ဘူး။

ကမ္ဘာနဲ့ချီပြီး နိုင်ငံတကာ စံနှုန်းတွေ အကြောင်း နှိုင်းယှဉ် ပြောတတ် ကြတဲ့သူတွေ ပိုပြီး သိမှာပါ။ ဒီကနေ့ နိုင်ငံ တ ကာ အသီးသီးက မိမိတို့ရဲ့ တပ်မတော် တွေကို ပိုပြီးအင် အား တောင့်တင်းအောင်၊ စွမ်းရည် ထက်မြက်အောင်၊ လက်နက်အင်အား သာလွန်အောင် အပြိုင် အဆိုင် ကြိုးပမ်း နေကြတာ အသိပါ။ အခြား မကြည့်ပါနဲ့၊ ကိုယ့်ရဲ့ အိမ်နီး ချင်း နိုင်ငံ တွေရဲ့ စစ်အင်အား ကိုပဲ လေ့လာ ကြည့်စေ ချင်ပါတယ်။

ဥပမာ အနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ ဆိုရင် (ကြည်း /ရေ /လေ) ကာကွယ်ရေး အင်အား ၂ ဒသမ ၄ သန်းရှိပြီး ကမ္ဘာ့ အဆင့်-၂ ရှိ နျူကလီးယား လက်နက် ပိုင်ဆိုင် ထားတဲ့ တပ်မတော် ရှိတယ်။ အိန္ဒိယ နိုင်ငံ ဆိုရင်လည်း နည်းပညာ အဆင့်အတန်း ခေတ်မီ မြင့်မားတဲ့ (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၁ ဒသမ၂ သန်း ရှိတယ်။ ကမ္ဘာ့အဆင့် -၄ရှိ နျူကလီးယား လက်နက် ရတဲ့ တပ်မတော် တစ်ရပ်ကို ပိုင်ဆိုင် ထားတယ်။ ရခိုင် ပြည်နယ်နှင့် ဆက်စပ် တည်ရှိ နေတဲ့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၁ ဒသမ ၆ သိန်း၊ ထိုင်းနိုင် ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၃ဒသမ ၄၅ သိန်း (ကမ္ဘာ့ အဆင့်- ၂၈)၊ လူဦးရေ ၆ ဒသမ ၆၇ သန်းသာရှိတဲ့ လာအို နိုင်ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၃၇၅ဝဝ စသဖြင့် ကာ ကွယ်ရေး အင်အားတွေ ရှိတယ်။ ပိုပြီး အင်အား တောင့်တင်း ခိုင်မာ အောင်လည်း ကြိုးပမ်း တည်ဆောက် နေကြ တယ်။

သူတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ် တွေက ၂ဝ၁၁ ခုနှစ်မှာ တရုတ်က ၉၁ ဒသမ ၇ ဘီလီယံ၊ အိန္ဒိယက အမေရိကန် ဒေါ်လာ ၃၆ ဒသမ ဝ၃ ဘီလီယံ၊ ထိုင်း နိုင်ငံက အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံက အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ၊ လာအို နိုင်ငံက အမေရိကန် ဒေါ်လာ ၇၁ သန်း သုံးစွဲခဲ့ သတဲ့။ သူတို့ ငွေအား၊ လူအား၊ လက်နက် ကိရိယာ အားတွေနဲ့ တပ်မတော် အင်အား ရှိအောင် ကြိုးပမ်း တည်ဆောက် နေရ ခြင်းရဲ့ ရည်မှန်း ချက်က သူတို့ နိုင်ငံကို ကောင်းစွာ ကာကွယ် စောင့်ရှောက် နိုင်ဖို့ပါ။ ဒါကို အပြစ်လို့ သွားမြင်လို့ရ ပါ့မလား။ မြင်ခဲ့ ရင်လည်း အဲဒီလူဟာ သူတို့ကို ဆန့်ကျင် တိုက်ခိုက် နေတဲ့ သူပဲ ဖြစ်လိမ့်မယ်။

ဒီကနေ့ ကျွန်တော်တို့ နိုင်ငံကို အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမို ကရေစီ နိုင်ငံအဖြစ် ကြိုးပမ်း တည်ဆောက် နေတာပါ။ ကျွန်တော် တို့လည်း ဒီမို ကရေစ စနစ် ဖော်ဆောင်ရေးမှာ တစ်ဖက် တစ်လမ်းက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပါဝင် ဆောင်ရွက်ပေး နေကြတယ် မဟုတ်လား။ ကျွန်တော် ဘာလို့ ဒီလို လုပ်ရသလဲ ဆိုတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကောင်းစားဖို့၊ တိုးတက် စေချင်လို့ မဟုတ်လား။

ဒီကနေ့ ကာလမှာ နိုင်ငံတကာ အသိုင်း အဝိုင်းက မြန်မာ နိုင်ငံကို အသိအမှတ် ပြုလာကြပြီ။ စီးပွားရေး ပိတ်ဆို့ ထား တာ တွေကိုလည်း ဖြေလျှော့ ပေးခဲ့ကြလို့ အလား အလာကောင်း တွေကို ခံစား၊ စံစားရဖို့ မြင်နေ ရပါပြီ။ ဒီခြေလှမ်း အတိုင်း တက်ညီ လက်ညီ ချီတက် သွားကြမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ မကြာလှ တော့တဲ့ ကာလ မှာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမို ကရေစီ နိုင်ငံအဖြစ် ရောက်ရှိ လာလိမ့်မယ်။ ဖွံ့ဖြိုး တိုးတက် ခြင်းနဲ့အတူ စိန်ခေါ် မှု အသစ် အသစ်တွေလည်း ရင်ဆိုင်လာ ရနိုင်တယ်။ အထူးသဖြင့် စစ်ရေးနဲ့ ပတ်သက် လာရင် ဘယ်လိုလုပ် ကြမ လဲ။ နိုင်ငံ တော်ကို ဘယ်လို ကာကွယ် စောင့်ရှောက် ကြမလဲ။

ရေမြင့်ရင် ကြာတင့် ရသလိုပဲ အေးချမ်း ခေတ်မီတဲ့ ဒီမို ကရေစီ နိုင်ငံတော်နဲ့ နိုင်ငံသား တွေကို ကာ ကွယ် စောင့်ရှောက် နိုင် ဖို့ အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ မျိုးချစ် တပ်မတော် တစ်ရပ် မလိုအပ် ပေ ဘူးလား။ တပ်မတော် အင်အားရှိမှ တိုင်းပြည်ကို ကောင်းစွာ ကာကွယ် စောင့်ရှောက်နိုင် လိမ့်မယ်။ တည် ငြိမ် အေးချမ်း မှုတို့ အဓွန့်ရှည် ခိုင်မာနေ လိမ့်မယ်။

''ကျွန်တော်တို့ တပ်မတော် ကြီးကို အင်မတန်မှ အင်အား တောင့်တောင့် တင်းတင်းနဲ့ ဖြစ်စေ ချင်ပါတယ်'' ဆိုတဲ့ အပြော လေးလည်း ဖတ်မိလိုက် ပါသေးတယ်။ တပ်မတော် အင်အားရှိမှ နိုင်ငံနဲ့ လူမျိုးအပေါ် ကျရောက် လာ မယ့် ဘေးအန္တရာယ် အပေါင်းကို ကာကွယ် စောင့်ရှောက် နိုင်မှန်း သိပါလျက်နဲ့ ဘာကြောင့်များ တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်ကို လက်မခံရ သလဲဆိုတာ မစဉ်းစား တတ်အောင် ပါပဲ။ မလိုသူတွေ အကြိုက်လိုက် ပြီးတော့များ ပြောမိလေ သလား။ ဒါမှမဟု တ် ပေါ်ပြူလာ နိုင်ငံရေး သမား ကြီး ဖြစ်ချင်လို့ ပြောချင်တာ ဇွတ်ပြောမိ လိုက်တာ များလားလို့ ကျွန်တော် စဉ်းစားမိတယ်။

တလွဲ အတွေးနဲ့ ဘေးမထွက် လိုက်ပါနဲ့၊ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အား ရှိမည် ဆိုတဲ့ ဆောင်ပုဒ်က နိုင်ငံတော်ကာကွယ်ရေးအတွက် ရည်ရွယ်ချက် ချပြထား တဲ့ ဆောင်ပုဒ် ပါ။ စစ်တပ်က အာဏာ တည်ဆောက်ဖို့ သုံးစွဲတဲ့ ဆောင်ပုဒ် မဟုတ်ဘူး ဆိုတာကို သိစေချင် လို့ ရေးသားခြင်းပဲ ဖြစ်ပါတယ်။

ဆောင်းပါးရှင်- မောင်ညိုချော (ကျေးလက်)
မြ၀တီ''တပ်မတော် အင်အား ရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုသည်ကို လုံးဝ လက်မခံကြောင်း ယခုလ ၃ ရက်နေ့ က ကျောက်ဆည် မြို့တွင် ကျင်း ပသော ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း တွေ့ဆုံပွဲ၌ပြော ကြားသည်'' လို့ အစ ချီထားတဲ့ သတင်း တစ်ပုဒ်ကို ဂျာနယ်

သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူခြောက်ဦးသေဆုံး


ha-12-12-6 သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် မုတ္တမဘက်မှတက်လာသော မထသ လိုက်ထရပ်ယာဉ်နှင့် မော်လမြိုင်မှ ကျိုက်ထိုဘက်သို့သွားမည့်

ရှမ်းလူမျိုးများနှင့်ဝတပ်ဖွဲ့များအကြား အမုန်းတရားများတိုးပွားနေ

ရှမ်းလူမျိုးများနှင့်ဝတပ်ဖွဲ့များအကြား အမုန်းတရားများတိုးပွားနေ
Wednesday, 12 December 2012 

"၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်းမှာ ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရှမ်းနှစ်သစ်ကြိုဆိုပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ဟာ ရှမ်းလူမျိုးတွေရဲ့
၂၁၀၇ ခုနှစ် ဆန်း ဖြစ်ပါတယ်။ "၀" တပ်ဖွဲ့တွေအနေနဲ့ ပန်ဆန်းဌာနချုပ်မှာ ရှမ်းနှစ်သစ်ကြိုဆိုပွဲရက်မှာကျင်းပတာဖြစ်ပေမယ့် ရှမ်းလူမျိုးတွေ
ဖြစ်စေချင်တဲ့ ``ရှမ်းနှစ်သစ်အား ကြိုဆိုပါ၏``ဆိုတဲ့ ဆိုင်းဘုတ်တပ်ခွင့် မရခဲ့ ပါဘူး။

"၀"တွေအနေနဲ့ ယခုပွဲတော်ကို ကောင်းမှုလုံပွဲတော်လို့ပဲ နာမည်တပ်ခိုင်းတဲ့အတွက် ရှမ်းလူမျိုး အများစု အနေနဲ့ မကျေမနပ် ဖြစ်နေကြပါတယ်။ ပန်ဆန်းဟာ "၀"တပ်တွေရဲ့ ဌာနချုပ်လို့ ဆိုပေ မယ့် ရှမ်းပြည်နယ် ထဲကမြို့တစ်မြို့သာဖြစ်ပါတယ်။

ဒါ့အပြင်ကောင်းဟုန်းရွာ၊ ကောင်းမူးရွာ၊ နားလောက်ရွာ၊ ကျူဟဲ့ရွာ၊ ဟတ်ဇုရွာနဲ့ နမ့်တောင်း စတဲ့ ရှမ်းရွာများဟာ ပန်ဆန်းမြို့နယ်ထဲက ရှမ်းရွာတွေဖြစ်ပါတယ်။ ရှမ်းနှစ်သစ် ကူးပွဲလို့ မသတ်မှတ်တဲ့အတွက် ရှမ်းလူမျိုးတွေအနေနဲ့ ၀လူမျိုးတွေအပေါ်မှာ အမုန်းတရားတွေ တိုးပွား လာနေပါတယ်။ အမှန်တကယ်အားဖြင့် "၀"လူမျိုးတွေဟာ ရှမ်းပြည်နယ်မှာကြည့်မယ်ဆိုရင် နိမ့်ကျတဲ့လူမျိုးတစ်မျိုးလို့ ရှမ်းအများစုသတ်မှတ်ထားခဲ့တာပါ။ "၀"တွေအနေနဲ့ ဗမာသောင်း ကျန်းသူတွေနဲ့ပေါင်းပြီး လက်နက်ကိုင်တပ်ဖွဲ့ ထူထောင်လိုက်တာရယ်၊ လက်နက်အားကိုးနဲ့ ဘိန်း စိုက်ပျိုးရောင်းချနေတာရယ်ကြောင့် ရှမ်းပြည်နယ်မှာ "၀"လူမျိုးတွေ ချမ်းချမ်းသာ သာဖြစ်သွားခဲ့ကြတာပါ။

ရှမ်းလူမျိုးအများစုအမြင်မှာတော့ UWSA ဆိုတဲ့ "၀"လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ရှမ်းလူမျိုးတွေအပေါ် ကြီးစိုးလွှမ်းမိုးမှုတွေ များလာပြီး
ခုလိုမျိုး ရှမ်းနှစ်သစ်ကူးပွဲတော် ကိုတောင် အသိအမှတ်မပြုချင်တဲ့ အဆင့်မျိုးရောက်လာနေလို့ စိတ်ထဲမှာခံပြင်းနေ ကြပါတယ်။
အခုအခါမှာတော့ "၀"တပ်ဖွဲ့တွေနဲ့ ရှမ်း လူမျိုးတွေရဲ့အကြား
အမုန်းတရားတွေ တိုးပွားလာနေတယ်လို့ နယ်စပ်ဒေသကစစ်ရေး
လေ့လာသူ ဦး အောင်ကျော်ဇော က ပြောဆို ထား ပါတယ်။

Shan News"၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်း မှာ ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရှမ်းနှစ် သစ်ကြို ဆိုပွဲ ကျင်း ပတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ဟာ ရှမ်းလူမျိုးတွေရဲ့၂၁၀၇ ခုနှစ်ဆန်း ဖြစ်ပါတယ်။ "၀" တပ်ဖွဲ့တွေအနေနဲ့ ပန်ဆန်းဌာနချုပ်မှာ ရှမ်းနှစ်သစ်ကြိုဆိုပွဲရက်မှာ  ကျင်းပတာဖြစ်ပေမယ့်   ရှမ်းလူမျိုးတွေ
ဖြစ်စေချင်တဲ့ ``ရှမ်းနှစ်သစ်အား ကြိုဆိုပါ၏``ဆိုတဲ့ ဆိုင်းဘုတ်တပ် ခွင့် မရခဲ့ပါဘူး။
"၀"တွေအနေနဲ့ ယခုပွဲတော်ကို ကောင်းမှုလုံပွဲတော်လို့ပဲ နာမည်တပ်ခိုင်းတဲ့အတွက်

Wednesday, December 12, 2012

ဇနီးသည်ကို သတ်ပြီး ထွက်ပြေးသူ မြန်မာရွှေပြောင်းအလုပ်သမားတစ်ဦးကို ထိုင်း

ဆီးရီးယားမြောက်ပိုင်းမှ အစိုးရစစ် စခန်းကို သူပုန်များသိမ်း

ဆီးရီးယားမြောက်ပိုင်းမှ အစိုးရစစ် စခန်းကို သူပုန်များသိမ်း

12/Dec/2012

ဆီးရီးယား သူပုန်များသည် နိုင်ငံ၏မြောက်ပိုင်း အလက်ပိုမြို့၏ အနောက်ဘက် ကပ်လျက်ရှိသည့် ကြည်းတပ် အခြေစိုက် စခန်းတစ်ခုကို နောက်ထပ် သိမ်းပိုက်လိုက်ကြောင်း၊ တူရကီ နယ်စပ်အနီး နယ်မြေများကို အတိုက်အခံတို့က ထိန်းချုပ်ထားခြင်းအား ပိုမိုခိုင်မြဲသွားစေကြောင်း လှုပ်ရှားသူများက တနင်္လာနေ့တွင် ပြောကြားသည်။ သူပုန်များသည် ရှိတ်ဆူလမန် စစ်စခန်း ဝန်းကျင်၌ သီတင်းပတ်နှင့် ချီ၍ တိုက်ပွဲများ ဆင်နွှဲပြီးနောက် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ယင်းစခန်းအတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာရေး အဖွဲ့က ပြောကြားခဲ့သည်။ လွန်ခဲ့သည့်လက အလက်ပိုမြို့အနီးရှိ စစ်စခန်း တစ်ခုဖြစ်သော ကြည်းတပ်၏ အမှတ် ၄၆ တပ်ရင်း စခန်းကိုလည်း သူပုန်တို့ သိမ်းယူနိုင်ခဲ့သည်။ သဘောထား တင်းမာသော စစ်သွေးကြွ အုပ်စုများက သူပုန်များသည် ရှိတ်ဆူလမန် စခန်းကို ဝင်ရောက် တိုက်ခိုက် ခဲ့ကြသည်ဟု လူ့အခွင့်အရေး လေ့လာရေး အဖွဲ့ခေါင်းဆောင် ရာမီအဗ္ဗူလ်ရာမန်က ပြောသည်။ ရာမန်က အေပီ သတင်းဌာနသို့ ပြောကြားရာတွင် ယင်းသို့ ရှိတ်ဆူလမန် စခန်းကို သိမ်းပိုက်ခဲ့ကြသော တိုက်ခိုက်ရေး သမားမှာ ဂျီဟတ်အယ်လ်-နျူဆရာ၊ မူဂျာဟီဒင်ဘူရာ ကောင်စီနှင့် မူဟာဂျီဒင်း အုပ်စုတို့မှ ဖြစ်ကြသည်ဟု ဆိုသည်။

 (အေပီ)
ဆီးရီးယား သူပုန်များသည် နိုင်ငံ၏မြောက်ပိုင်း အလက်ပိုမြို့၏ အနောက်ဘက် ကပ်လျက်ရှိသည့် ကြည်းတပ် အခြေစိုက် စခန်း တစ်ခုကို နောက်ထပ် သိမ်းပိုက်လိုက်ကြောင်း၊ တူရကီ နယ်စပ်အနီး နယ်မြေများကို အတိုက်အခံတို့က ထိန်းချုပ်ထားခြင်းအား ပိုမိုခိုင်မြဲ

ရခိုင်ကမ်းရိုးတန်း ကဏန်းမဖမ်းရ ဇုန်အတွင်း ဖမ်းဆီးမှုများ ရှိနေ

Photo: ရခိုင်ကမ်းရိုးတန်း ကဏန်းမဖမ်းရ ဇုန်အတွင်း ဖမ်းဆီးမှုများ ရှိနေ
Wednesday, 12 December 2012

ရခိုင်ကမ်းရိုးတန်းဒေသအတွင်း ဥကပ်ပါ ကဏန်း အရွယ်အစားများကို စည်းကမ်းမဲ့ဖမ်းဆီးမှုများ မပြုရန် ကဏန်းမဖမ်းဆီးရဇုန်များ သတ်မှတ်ထားသော်လည်း  ၎င်းရေပြင်တွင် ကဏန်းဖမ်းဆီး
နေဆဲဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ တင်ပို့နေသည့် ရေထွက်ကုန်ပစ္စည်း ဈေးကွက်တွင် ဒုတိယ
အများဆုံးတင်ပို့နေရသော ကဏန်းပို့ကုန်များကို တိုးမြင့်ထုတ်လုပ်
တင်ပို့နိုင်ရေးနှင့် ကဏန်းမျိုးပွားနှုန်းတိုးလာစေရန်အတွက် မြို့နယ်ဒေသ အလိုက် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီး ဌာနမှ ကဏန်းမဖမ်းဆီးရ
ရေပြင်ဧရိယာဇုန်နယ်မြေများ ကို ၂၀၁၀ ခုနှစ်ကတည်းသတ်မှတ် ထားခြင်းဖြစ်သည်။

သို့သော် ရေလုပ်ငန်းလုပ်ကိုင်နေသည့် အချို့ လုပ်ငန်းပိုင်ရှင်များမှ သတ်မှတ်ထားသည့် ဇုန်အတွင်း ကဏန်းဖမ်းဆီးနေခြင်းဖြစ်သည်။

“အရွယ်အစားမညီ ဈေးကွက်မဝင်တဲ့ ကဏန်းတွေကို မဖမ်းဖို့
တားမြစ်ထားတာတွေရှိတယ်။ ဒါပေမယ့် ဖမ်းဆီးမှု တွေလဲရှိနေဆဲပါ။
ဂရန် (၁၀၀) အောက်ရှိတဲ့ ကဏန်းတွေဟာ ဈေးကွက်မဝင်ဆိုပေမယ့်
ဒေသစားသုံးမှုဈေး ကွက်တွေမှာတော့ တွေ့ရတယ်   ဆိုတော့ ကဏန်းမျိုးတုန်းလာတယ်လေ။" ဟု ငါးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကဏန်း ဈေးကွက်အတွင်း  ဥကပ်ပါ ကဏန်းနှင့် အရွယ်အစား
သေးငယ်သည့် ကဏန်းများကို ရောင်းချခြင်းသည် ကဏန်းမျိုးတုန်း
လာမည့် အနေအထားရှိနေကြောင်း သိရသည်။

လက်ရှိ ကဏန်းဈေးကွက်တွင်  ဂရန် (၁၀၀)  အထက် ကဏန်း
တစ်ကောင်လျှင် အရွယ်အစားအလိုက်ကျပ်ငွေ (၇ဝ) မှ (၂၅၀) ကျပ်
ထိရှိဈေးနှုန်းရှိသည်။

ရခိုင်ပြည်နယ်ရှိ ကမ်းရိုးတန်းများမှ ကဏန်းများအား တရုတ်ပြည်သို့ အဓိက တင်ပို့နေကာ ထိုသို့ တင်ပို့နေရသည့်အတွက် ကဏန်းဖမ်းဆီးသူများပြား
လာကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတန်းဒေသအတွင်း  ကဏန်းမဖမ်းရဇုန်နယ်မြေအဖြစ် ဧက(၁၁၄၈.၄၈) ဧက သတ်မှတ်ထား ပြီး   စစ်တွေမြို့နယ်တွင်  (၁၆)ဧက ၊ တောင်ကုတ်မြို့တွင်(၅၃၇)ဧက၊ အမ်းမြို့နယ်တွင်  (၃၇.၅၀) ဧက  ရမ်းဗြဲမြို့နယ် တွင် (၃.၂၅)ဧက၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၅၄.၇၃)ဧက
 နှင့် မြေပုံမြို့တွင် (၅၀၀)ဧက စသည်တို့ကို သတ်မှတ်ထားခြင်းဖြစ်သည်။

ကဏန်းများ ဖမ်းဆီးရရှိမှု ရှားပါးလာသော်လည်း မွေးမြူထုတ်လုပ်မှု
နည်းပညာအကူအညီ မရှိသည့်အတွက် ရခိုင်ပြည်နယ်တွင်
ကဏန်းမွေးမြူးရေး လုပ်ငန်းမရှိသေးပေ။

ရခိုင်ပြည်နယ်၏ ပြည်ပပို့ကုန်ဖြစ်သော ကဏန်းဈေးကွက်မှာ တရုတ်
ဈေးကွက်နှင့် ဘင်္ဂလားဒေရှ့်ဈေးကွက် ဖြစ်သည်။  ပြီးခဲ့သည့် နှစ်နှစ်ခန့်မှ စပြီး ရခိုင်ပြည်နယ် ကဏန်းဈေးကွက်နှင့် ဈေးနှုန်းအနေအထားအရ တရုတ်ဈေးကွက်တစ်ခုတည်းကိုသာ တင်ပို့မှု ပမာဏ များပြားလာကြောင်း ကဏန်းပို့ကုန်လုပ်ငန်းများ၏ အဆိုအရ သိရသည်။

ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့်လည်း ကဏန်းရှာပါးမှု မဖြစ်စေရန်အတွက် ရာသီချိန်အလိုက် ကဏန်းသားပေါက်များကို သတ်မှတ်ထားသည့် ကဏန်းဘေးမဲ့ဇုန်များအတွင့်း  လွှတ်ထည့်ပေးခြင်းများကို အစဉ်တစိုက် လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

အာရကန်ကိုကို-မောင်တော (မြစ်မခ)
Myit Makha Mediagroupရခိုင်ကမ်းရိုးတန်းဒေသအတွင်း ဥကပ်ပါ ကဏန်း အရွယ်အစားများကို စည်းကမ်းမဲ့ ဖမ်းဆီးမှုများ မပြုရန် ကဏန်းမဖမ်းဆီးရဇုန်များ သတ်မှတ် ထားသော်လည်း ၎င်းရေပြင်တွင် ကဏန်း ဖမ်းဆီး နေ ဆဲဖြစ်ကြောင်း သိ ရသည်။ ပြည်ပသို့ တင်ပို့နေသည့် ရေထွက် ကုန် ပစ္စည်း ဈေး ကွက် တွင် ဒုတိယ အများဆုံးတင်ပို့နေရသော ကဏန်းပို့ကုန်များကို တိုးမြင့်ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် ကဏန်းမျိုးပွားနှုန်းတိုးလာစေရန် အတွက် မြို့နယ်ဒေသ အလိုက် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီး ဌာနမှ

ဂဏန်းနီကျွန်း

ဂဏန်းနီကျွန်း 

အမည်ကတော့ ခရစ်စမတ်ကျွန်းဖြစ်ပါတယ်။ သို့ပေမယ့် လူအရေအတွက် ထက် ဂဏန်းအရေအတွက် ပိုများနေတဲ့အတွက် ဂဏန်းနီ ကျွန်း (red crab island) လို့တောင် တင်စား ခေါ်ဝေါ်ပါတယ်။ 

အိန္ဒိယ သမုဒ္ဒရာထဲမှာ တည်ရှိပြီး သြစတေးလျနိုင်ငံပိုင်ကျွန်း တစ်ခု ဖြစ် ပါတယ်။ အကျယ်အားဖြင့် ၅၂ စတုရန်းမိုင်ပဲ ရှိတဲ့ ကျွန်းငယ်လေး ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၅၀၀ ဝန်းကျင်ပဲ ရှိပါတယ်။ ပင်လယ်ဂဏန်း (ဂဏန်းနီ) အများဆုံး နေထိုင်ကျက်စားတဲ့ ကျွန်းဖြစ်ပြီး ကျွန်းပင့်ကူကြီးများ လည်း ပေါပါတယ်။ ပင်လယ်ပျော် သတ္တဝါအများစု အသက်ရှင် နေထိုင် ကျက်စားတဲ့ ကျွန်း ဖြစ်ပါတယ်။ လူတွေကို ဒုက္ခ မပေးပါဘူး။ သူတို့ကိုလည်း ဖမ်းဆီးစားသုံးခွင့်ကို အကန့်အသတ်နဲ့ ပိတ်ပင် ထားပါသေးတယ်။ ပင်လယ်စာလည်း ပေါကြွယ်ဝတဲ့အတွက် လမ်းမပေါ် ပုံနေတဲ့ ဂဏန်းနီလောက်ကတော့ ဘယ်သူမှ အန္တရာယ် မပေးပါဘူး။

နှစ်စဉ် သားဖောက်တဲ့အချိန်ရောက်တဲ့အခါ ကျက်စားရာ နေရာ ပြောင်း ပါတယ်။ ကျွန်းကျင်းကျင်းလေးမှာကိုပဲ နှစ်စဉ် ပုံမှန် ရွှေ့ ပြောင်းနေ တာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ ရွှေ့ ပြောင်းချိန် ရောက်ရင် လမ်းမပေါ် မှာကော အိမ်ဝင်းတွေထဲမှာရော ဂဏန်းနီတွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒါကြောင့် ဂဏန်းနီအတွက် သီးသန့် သွားရာလမ်းလို့ တောင် နှစ်စဉ် သတ် မှတ်ပြီး ရှောင်ပေးရပါတယ်။ 

ဒါကြောင့် ခရစ်စမတ်ကျွန်းအမည်ရ ဂဏန်းနီ ကျွန်းပေါ်ကို နှစ်စဉ် ကမ္ဘာလှည့် ခရီးသည်များ သွားရောက် လည်ပတ်လေ့ ရှိကြောင်း သိရပါတယ်။ 
--
Ref: wiki

www.innewsmyanmar.com/2012/12/blog-post_12.html

----
အမည်ကတော့ ခရစ်စမတ်ကျွန်းဖြစ်ပါတယ်။ သို့ပေမယ့် လူအရေ အတွက် ထက် ဂဏန်းအရေအတွက် ပိုများနေတဲ့အတွက် ဂဏန်းနီ ကျွန်း (red crab island) လို့တောင် တင်စား ခေါ်ဝေါ်ပါတယ်။
အိန္ဒိယ သမုဒ္ဒရာထဲမှာ တည်ရှိပြီး သြစတေးလျနိုင်ငံပိုင်ကျွန်း တစ်ခု ဖြစ်ပါတယ်။ အကျယ်အားဖြင့် ၅၂ စတုရန်းမိုင်ပဲ ရှိတဲ့ ကျွန်း ငယ်လေး ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၅၀၀ ဝန်းကျင်ပဲ ရှိပါတယ်။ ပင်လယ်ဂဏန်း (ဂဏန်းနီ) အများဆုံး နေထိုင်ကျက်စားတဲ့

ရန်ကုန်မြို့တွင် သံဃာတော်များ ဆန္ဒထုတ်ဖော်မှု ငြိမ်းချမ်းစွာ ပြီးဆုံး

Photo: ရန်ကုန်မြို့တွင် သံဃာတော်များ ဆန္ဒထုတ်ဖော်မှု ငြိမ်းချမ်းစွာ ပြီးဆုံး
Wednesday, 12 December 2012

ရန်ကုန်မြို့တွင် ယနေ့ နေ့လယ် ၂ နာရီခန့်က စတင်ခဲ့သည့် သံဃာတော်များ ဆန္ဒထုတ်ဖော်မှု မှာ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင် ရန်ကုန်မြို့လယ် ဆူးလေ စေတီတော် ကြီးတွင် ငြိမ်းချမ်းစွာ ပြီးဆုံးသွားပြီး လူစုခွဲလိုက်ပြီ
ဖြစ်ကြောင်း ဦးဆောင်ဆရာတော်က The Voice Weekly သို့ မိန့်ကြားသည်။

The Voice Weekly ရန်ကုန်မြို့တွင် ယနေ့ နေ့လယ် ၂ နာရီခန့်က စတင်ခဲ့သည့် သံဃာတော်များ ဆန္ဒထုတ်ဖော်မှု မှာ ညနေ

ဝန်ကြီးများရုံးအနီးတွင်ကားတစ်စီးမီးလောင်

ဝန်ကြီးများရုံးအနီးတွင်ကားတစ်စီးမီးလောင်
ရန်ကုန်၊ဒီဇင်ဘာ၊၁၂။
ယနေ့မွန်းတည့် ၁နာရီ ၅မိနစ်ကသိမ်ဖြူလမ်းနှင့်မဟာဗန္တုလ
လမ်းထောင့်၊ယခင် ဝန်ကြီးများရုံးနံဘေးတွင် ကားနံပါတ်
၂က/၄၅၈၆ တောင်းအေ့(ဂ်ျ) ယဉ်အမျိုးအစားမီးလောင်ကျွမ်းခဲ့သည်။
မီးလောင်ပြီး ၂မိနစ်ခန့်အကြာ ၁နာရီ ၇မိနစ်တွင်
ရောက်ရှိခဲ့ကြောင်း ကျောက်တံတားမီးသတ်ဝန်ထမ်း တစ်ဦးကပြောသည်။ 
အခင်းဖြစ်ပွားချိန်တွင် ယဉ်မောင်းဖြစ်သူကိုမတွေ့ရှိရတော့ကြောင်း
၊ပေါ့ဆမီးလောင်မှုဖြစ်ကြောင်း ဗိုလ်တစ်ထောင်မြို့နယ် စခန်းမူးက ပြောသည်။THE MYANMAR AGE
ယနေ့မွန်းတည့် ၁ နာရီ ၅မိနစ်ကသိမ်ဖြူလမ်းနှင့်မဟာဗန္တုလ လမ်းထောင့်၊ ယခင် ဝန်ကြီးများရုံးနံဘေးတွင် ကားနံပါတ် ၂က/ ၄၅၈၆ တောင်းအေ့(ဂ်ျ) ယဉ်အမျိုးအစားမီးလောင်ကျွမ်းခဲ့သည်။
မီးလောင်ပြီး၂မိနစ်ခန့်အကြာ ၁နာရီ၇မိနစ်တွင်ရောက် ရှိ

စစ်တွေ ကန်တော်ကြီး ဂျပန် အကူအညီဖြင့် ပြန်ပြင်မည်


ဒီဇင်္ဘာလ ၁၀ ရက်နေ့က စတင်သောရခိုင်ပြည်နယ် လွှတ်တော်တွင် အမတ် တစ်ဦးကစစ်တွေ ကန်တော် ကြီးမှာ  ဟောင်းနွမ်းနေပြီ ဖြစ် သဖြင့်  ပြန်လည် ပြုပြင်ရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ ရခိုင်ပြည်နယ် အစိုးရမှ  ဂျပန်၏ ချေးငွေ အကူအညီဖြင့် ပြန်ပြုပြင်သွားရန် စီစဉ်နေကြောင်း ဖြေ ကြား ခဲ့သည်ဟု သိရသည်။
စစ်တွေ ကန်တော်ကြီးမှာ အင်္ဂလိပ်တို့ တည်ဆောက်ခဲ့သော

ဆယ်တန်းဖြေမည့် လူငယ်ကို KIA ဟု ဖြောင့်ချက်ယူ ဖမ်းဆီးထား


ယခုနှစ် ဆယ်တန်းစာမေးပွဲ ဖြေဆိုမည့် မောင်ဇော်ဆိုင်းအောင် ဆိုသည့် ကချင်လူငယ်အား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ တပ်ကြပ်ကြီးအဖြစ် ဖြောင့်ချက်ယူကာ ဖမ်းဆီး ချုပ်နှောင်ထားသည် ဟု ထိုလူငယ်၏ မိခင်ဖြစ်သူက ပြောသည်။ “ကျမသားက KIA စစ်သား

အီဂျစ်က ဆန့် ကျင်ဘက် ဆန္ဒပြမှု ပိုတင်းမာလာ

အီဂျစ်နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းသစ်အပေါ် လူထု ဆန္ဒခံယူပွဲကျင်းပရေးနဲ့ ပတ်သက်လို့ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား အပြိုင်အဆိုင် စုရုံး ဆန္ဒထုတ်ဖေါ်မှုတွေ ဒီကနေ့ ပြုလုပ်နေကြပါတယ်။
အတိုက်အခံ NSF National Salvation Front အဖွဲ့က ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းဟာ သမ္မတ မော်စီရဲ့ အစ္စလာမ်ဝါဒီ မဟာမိတ်တွေ ကြီးစိုးတဲ့

မိုင်းဖြတ်မြို့နယ်အတွင်း ဘိန်းဖြူဘလောက်တုံးဖမ်းဆီးရမိ

 ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်၊ ဝှေလေလန်စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ (၁၀)ရက်နေ့ ညနေပိုင်းက ဘိန်းဖြူ ဘလောက်တုံး သယ်ဆောင်လာတဲ့ အမျိုးသား (၂)ဦးကို ဖမ်းမိခဲ့ပါတယ်။

မိုင်းဖြတ်မြို့နယ် ၀မ်ပုံကျေးရွာအနီးမှာ တာဝန်ကျနေတဲ့ စရဖ၊ တာချီလိတ် မူးယစ်အဖွဲ့၊ မြို့နယ်ရဲအဖွဲ့၊ အကောက်ခွန်အဖွဲ့၊ လ၀ကအဖွဲ့များမှ ရှာဖွေဖမ်းဆီးခဲ့တာလို့ သိရ