Monday, 30 September 2013

မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန် ဒေသခံများ တောင်းဆို

Photo: မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန် ဒေသခံများ တောင်းဆို
Monday, September 30, 2013

ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပြီး အဲဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့ တရုတ်နိုင်ငံက CPI ကုမ္ပဏီလည်း မြစ်ကြီးနားမြို့ကနေ အမြန်ဆုံးထွက်ခွာသွားဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီနေ့ကျင်းပတဲ့ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းခြင်း ၂ နှစ်ပြည့် အခမ်းအနားမှာ ကက်သလစ်ဘုန်းတော်ကြီး နော်ဒင်းက အခုလို ပြောကြားခဲ့ပါတယ်။

"တရုတ်ကုမ္ဗဏီများ လက်လျော့ပါလို့၊ စိတ်လျော့ပါလို့၊ မမျှော်လင့်ပါနဲ့လို့၊ ဘာမှစိတ်မကူးနဲ့တော့လို့ ပြည်သူပြည်သားများက လုံးဝခွင့်ပြုမှာ မဟုတ်ဘူး၊ သူတို့ရဲ့ရုံးကိုလည်း ပိတ်ရမယ်၊ ဒီရုံးက ရေကာတာစီမံကိန်း ရပ်ဆိုင်းတာနဲ့အမျှ ဒီရုံးကိုပိတ်ရမယ်၊ မပိတ်ရင်သူတို့က တစ်ချိန်လုံးမနားမနေ လှုပ်ရှားသွားလာနေတယ်၊ ဒီလိုနိုင်ငံခြားသားတွေကို မထားသင့်ဘူး၊ ဒီမြစ်ဆုံစီမံကိန်းကိုပြပြီးတော့ မနေသင့်တော့ဘူး၊ ဒါကြောင့် သက်ဆိုင်ရာ ကချင်ပြည်နယ် အစိုးရအနေဖြင့် ဒီရုံးကိုပိတ်ပေးပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်"

အလားတူပဲ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတဲ့ ၂ နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့မှာလည်း ကျင်းပခဲ့ပါတယ်။

၂၀၁၅ နှစ် ရွေးကောက်ပွဲအပြီး တက်လာမယ့်အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်း ပြန်ဆောက်သင့် ၊ မသင့်ကို ပြည်သူ့သဘောထားခံယူဖို့ လိုအပ်တယ်လို့ စိမ်းလန်းအမိမြေအဖွဲ့ ဥက္ကဌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် စိမ်းလန်းအမိမြေရုံးခန်းမှာ ပြောခဲ့တာပါ။

"ဆောက်ချင်ရင်တောင်မှ ဆက်ပြီးစူးစမ်းလေ့လာမှုတွေ အများကြီးလိုသေးတယ်၊ အဲဒါတွေကလည်း နှစ်ပေါင်းများစွာလုပ်ရမယ်၊ အနည်းဆုံး သုံး၊ လေးနှစ်နဲ့မရဘူး၊ ဒီမှာလုပ်ထားတဲ့ တစ်ပတ်တို့၊ နှစ်ပတ်တို့နဲ့မရဘူး၊ အရင်ဆုံးဆောက်ချင်တယ်ဆိုရင် အဲဒါလေးကို အရင်ဆုံးလုပ်လိုက်ပါအုံးလို့၊ အဲဒါလုပ်သွားပြီးရင်တောင်မှ သူ့ဘာသာ ဘယ်လောက်ကောင်းပါတယ်၊ ဆိုးပါတယ်ပြောပြော လူတွေရဲ့ရွေးချယ်မှုက အဓိကပါပဲ၊ အဲဒါကြောင့် ပြည်သူတွေကြိုက်ရင်တော့ ဆောက်၊ မကြိုက်ရင်တော့ မဆောက်နဲ့၊ ပြည်သူတွေမကြိုက်ရင်တော့ ပြည်သူ့ဆန္ဒကို ပြကြရုံပဲပေါ့"

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိ အစိုးရသက်တမ်း ၅ နှစ်အတွင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားကြောင်း ကြေညာထားခဲ့ပါတယ်။

RFA
ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပြီး အဲဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့ တရုတ်နိုင်ငံက CPI ကုမ္ပဏီလည်း မြစ်ကြီးနားမြို့ကနေ အမြန်ဆုံးထွက်ခွာသွားဖို့ ဒေသခံတွေ က တောင်း ဆို လိုက်ပါတယ်။

ရန်ကုန်မြို့ရှိ လူဦးရေ သုံးသန်းကျော် နေ့စဉ်ရထားအသုံးပြု သွားလာနိုင်ရန် ဂျပန်က ကူညီစီစဉ်ပေးမည်

လာမည့် အနှစ် ၂၀ အတွင်း ရန်ကုန်မြို့၏ လူဦးရေ သုံးသန်းကျော် နေ့စဉ် ရထားအသုံးပြုနိုင်အောင် စီစဉ်နိုင်မည်ဟု ဂျပန်မှ ခန့်မှန်းထားကြောင်း ရထားဝန်ကြီးဌာနမှ သိရသည်။

ဝန်ကြီး ၅ ဦး နုတ်ထွက်မှုနှင့်အတူ အီတလီအစိုးရ အကွဲအပြဲဖြစ်ပေါ်

Photo: ဝန်ကြီး ၅ ဦး နုတ်ထွက်မှုနှင့်အတူ အီတလီအစိုးရ အကွဲအပြဲဖြစ်ပေါ်
Monday, September 30, 2013

အီတလီ အစိုးရ အနေဖြင့် နိုင်ငံရေး အကွဲအပြဲ အခြေအနေ အသစ်တစ်ခု၏ ထိုးနှက်မှုကို ကြုံလာရပြီ ဖြစ်သည်။ စနေနေ့က အီတလီ အစိုးရအဖွဲ့မှ ဝန်ကြီး(၅)ဦး နုတ်ထွက်သွားခဲ့ပြီး လက်ရှိ အာဏာရ ဝန်ကြီးချုပ် အန်ရီကို လက်တာအတွက် ဖိအားရပ်ဝန်း တစ်ခုတွင် ကျရောက်လာခဲ့သည်။ ယခင်ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီ၏ လက်ယာယိမ်း ပြည်သူ့
လွတ်လပ်ရေးပါတီ (PDL)မှ ဝန်ကြီးများသည် ဘာလူစကိုနီ၏ အကြံပေး
မှုအရ နုတ်ထွက်သွားခြင်းဟု အီတလီ ဒုတိယ ဝန်ကြီးချုပ်နှင့် PDLပါတီ အတွင်းရေးမှူး အန်ဂျလီနို အယ်လ်ဖန်နိုက ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် လက်တာကမူ နုတ်ထွက်သွားသည့် ဝန်ကြီးများသည် မိမိကို လက်မခံ
နိုင်လောက်စရာ ဖိအားပေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲထား သည်။

"အဆက်မပြတ် ခြိမ်းခြောက်ဖို့ ကြိုးစားနေတဲ့ ဘယ်အားထုတ်မှုကိုမှ ဂရုစိုက်နေဖို့ ကျွန်တော် စိတ်ကူးမရှိဘူး"ဟု လက်တာက ဆိုသည်။ လက်တာသည် အစိုးရအဖွဲ့ အစည်းအဝေးတစ်ခု ခေါ်ယူခဲ့သော်လည်း ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီကို အခွန်လိမ်လည်မှု စွပ်စွဲချက်ဖြင့် နိုင်ငံရေး
လောကမှ ဖယ်ရှားရန် ကြိုးပမ်းမှုနှင့် ဆက်စပ်သော ပြဿနာများကြောင့် တင်းမာမှုများ အရှိန်မြင့်တက်ခဲ့သည်။ လက်ရှိတွင် အီတလီ၏ အစိုးရသည် ပြိုကွဲလုနီးပါး အခြေအနေ ရှိနေကြောင်း လေ့လာသူများက ပြောကြား
ခဲ့သည်။ အီတလီ အစိုးရသည် လက်ဝဲဘက် အတန်ငယ်ယိမ်းသည့် ဒီမိုကရက်ပါတီနှင့် PDLတို့ စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း (၅)လမျှ သက်တမ်းအတွင်းမှာပင် အက်ကြောင်းများ ကြီးမားလာခဲ့သည်။

အီတလီသည် စီးပွားရေး ကျဆင်းမှု၊ လူငယ်လူရွယ် အလုပ်လက်မဲ့ ပြဿနာ ထူပြောမှုများကို ဆယ်စုနှစ် တစ်ခုကျော်မျှ ကြာသည်အထိ မဖြေရှင်းနိုင်သေး
ဘဲ ရုန်းကန်နေရသည်။ ယခုကဲ့သို့ ဝန်ကြီးများ နုတ်ထွက်မှုသည် ယင်းတို့ကို
ပြုပြင်ပြောင်းလဲရေးအတွက် ပိုမို ဝေးကွာသွားစေသည့် သဘောလည်း သက်ရောက်နေသည်။ လက်တာက လွှတ်တော် မဲခွဲမှုတွင် PDLက မိမိကို ထောက်ခံရန် တောင်းဆိုခဲ့သော်လည်း တစ်ရက်အတွင်း PDLမှ ဝန်ကြီးများ ရာထူးမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီကမူ ဝန်ကြီးချုပ်သည် အခွန်အခ သတ်မှတ်ချက်များ မြှင့်တင်
ရန် တောင်းဆိုနေပြီး ယင်းသည် ညွန့်ပေါင်း အစိုးရ၏ ကြိုတင်သဘော
တူညီမှုကို ဖောက်ဖျက်ခြင်းဟု စွပ်စွဲခဲ့သည်။

"ဝန်ကြီးချုပ်လက်တာ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဟာ အစိုးရရဲ့ လုပ်ငန်းတွေ
ကို ရပ်ဆိုင်းသွားစေပါလိမ့်မယ်။ အရောင်းခွန်ကို မြှင့်တင်ခြင်းဟာ မူလ အစိုးရဖွဲ့စည်းမှု သဘောတူညီချက်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာ ဖြစ်
ပါတယ်"ဟု ဘာလူစကိုနီက ဆိုသည်။ လက်ရှိ အီတလီ အစိုးရသည် ဘာလူစကိုနီကို နိုင်ငံရေးနယ်ပယ်မှ ဖယ်ထုတ်ရန် ကြိုးစားနေခြင်းကလည်း အတွင်းရေး ပြဿနာများကို ပိုမိုပြင်းထန်လာစေခဲ့သည်။ အသက်(၇၇)နှစ်ရှိ မီဒီယာ လုပ်ငန်းရှင် သူဌေးကြီးသည် နိုင်ငံရေးတွင် ဩဇာသက်ရောက်မှု ကြီးမားနေဆဲဖြစ်သည်။

အတိုက်အခံ နိုင်ငံရေးသမားများက ရွေးကောက်ပွဲကို အချိန်စော ကျင်းပရန် တောင်းဆိုလာသော်လည်း လက်တာ၏ ဒီမိုကရက်တစ် ပါတီဝင် တစ်ဦးဖြစ်သည့် စီးပွားရေး ဒုတိယဝန်ကြီး စတီဖာနိုဖာဆီနာက ညွန့်ပေါင်း အစိုးရအဖွဲ့သစ် ဖွဲ့စည်းဖြစ်မည်ဟု ယူဆကြောင်း ဆိုသည်။ 

သမ္မတ ဂျော်ဂျီယို နာပိုလီတာနိုကမူ မိမိသည် အလောတကြီး ရွေးကောက်
ပွဲတစ်ရပ် ပြန်လည်ကျင်းပခြင်းမျိုးကို မလိုလားကြောင်း ဝန်ခံထားသည်။ လက်တာကမူ မိမိသည် အောက်တိုဘာလ (၂)ရက်နေ့တွင် လွှတ်တော်တွင်း အယုံအကြည် ရှိမရှိ အဆုံးအဖြတ် ခံယူကာ အစိုးရအဖွဲ့ကို ကယ်တင်ရန် ကြိုးစားမည်ဟု ပြောကြားထားသည်။

လေ့လာသူများကမူ လွှတ်တော်တွင်း မဲခွဲမှုတွင် လက်တာအနေဖြင့် ဘာလူစကိုနီ၏ ဩဇာလွှမ်းမှုကို တွန်းလှန်ရန် မဲအရေအတွက် (၂၄)ခု လိုအပ်မည်ဖြစ်ပြီး ယင်းအခြေအနေက စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်ကြောင်း
ဝေဖန်ထားသည်။ ဘာလူစကိုနီသည် အီတလီ ဝန်ကြီးချုပ် ရာထူးကို သက်တမ်း(၃)ကြိမ် ရယူခဲ့ဖူးသူ ဖြစ်သည်။ 

အသက်(၄၇)နှစ်ရှိ လက်တာ အနေဖြင့် ဘာလူစကိုနီ၏ ဩဇာခံ နိုင်ငံရေး
သမားများက ၎င်းတို့၏ ခေါင်းဆောင်ကို ကျောခိုင်းစေရန်အတွက် အတိုက်
အခံများကိုပါ ဆွဲဆောင်ရဖွယ် ရှိနေသည်။ လက်တာကမူ မိမိသည် PDL၏ အမတ်များကို ပစ်မှတ်ထားကြောင်း ပြောဆိုထားသည်။ 

"အဆုံးသတ်မှာတော့ အရာရာဟာ PDLပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော် ကတော့ ခုချိန် PDLမှာ အလေးအနက် အမြင်ကွဲလွဲမှုတွေ ရှိနေပြီလို့ ထင်ပါတယ်"ဟု လက်တာက မှတ်ချက်ပြုသွားခဲ့သည်။

Planet Myanmar Network
အီတလီ အစိုးရ အနေဖြင့် နိုင်ငံရေး အကွဲအပြဲ အခြေအနေ အသစ်တစ်ခု၏ ထိုးနှက်မှုကို ကြုံလာရပြီ ဖြစ် သည်။

ကမ္ဘာ့အရပ်အပုဆုံး မိန်းကလေး

Photo: ကမ္ဘာ့အရပ်အပုဆုံး မိန်းကလေး
Monday, September 30, 2013

အန္ဒိယနိုင်ငံဖွား Nagpur Jyoti အမျိုးသမိးဟာ ကမ္ဘာ့အရပ်အပုဆုံး မိန်းကလေး အဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။

၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ဖွား အမျိုးသမီးဖြစ်ပြီး အသက် ၁၈ နှစ် ကျော်သွားတဲ့အတွက် ဂင်းနစ် မှတ်တမ်း စာရင်းထည့်သွင်း ပေး လိုက်တာ ဖြစ်ပါတယ်။ အရပ် ၂ ပေပဲ ရှိပါတယ်။ ကမ္ဘာ့ အရပ်အပုဆုံးလို့ စံချိန်တင်ဖူးတဲ့ အမေရိကန်က အမျိုးသမိး ထက်တောင် ၆.၂ စင်တီမီတာ ပုနေပါသေးတယ်။ သူမဟာ အိန္ဒိယ ဘောလိဝုဒ် ရုပ်ရှင်မင်းသမီး ဖြစ်လိုသူ တစ်ဦး ဖြစ်ပါတယ်။

သူမရဲ့  ဆန္ဒအတိုင်း ပြည့်ဝခဲ့ပြီး ရုပ်ရှင်ကားကြီး နှစ်ခုလုံးမှာ ပါဝင်ခွင့် ရရှိခဲ့ပြီး နောက်ထပ် ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်အုံးမှာ
ဖြစ်ကြောင်း သိရပါတယ်။

Ref: douknow
Aung Kham ( International news for myanmar)
အန္ဒိယနိုင်ငံဖွား Nagpur Jyoti အမျိုးသမိးဟာ ကမ္ဘာ့အရပ်အပုဆုံး မိန်းကလေး အဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ ပါတယ်။

ကယားပြည်နယ်သူရဲကောင်းဗိမာန်ကိုပြုပြင် မွမ်းမံအလှဆင်မှုပြုလုပ်

Photo: ကယားပြည်နယ်သူရဲကောင်းဗိမာန်ကိုပြုပြင် မွမ်းမံအလှဆင်မှုပြုလုပ်
Monday, September 30, 2013

ကယားပြည်နယ်၊လွိုင်ကော် မြို့ရှိသူရဲကောင်းဗိမာန်ကိုဆေး သုတ်ခြင်း၊ ဗိမာန်ပတ်လည်တွင် ကွန်ကရစ်ခင်း၍အကာအရံလက် ရန်းတိုင်များ တပ်ဆင်ခြင်း၊ ဗိမာန် အ၀င်လမ်းအားကွန်ကရစ်ခင်းခြင်း စသည့်ပြုပြင် မွမ်းမံအလှဆင်မှုပြု လုပ်ထားကြောင်းသိရသည်။ 

ယင်းသူရဲကောင်းဗိမာန်သည် ကယားပြည်နယ်မော်ချီး၊ရှားတော၊ လွိုင်ကော် ၊ ဒီးမော့ဆိုဒေသများ သို့တရုတ်ဖြူ (ကူမင်တန်)များ ကျူးကျော်တိုက်ခိုက် ခဲ့သည့် ၁၉၄၉ခုနှစ် နိုဝင်ဘာလမှ ၁၉၅၀ ပြည့်နှစ်သြဂုတ်လ အတွင်းတိုက် ပွဲများတွင်မိမိတို့ ပိုင်ဆိုင်သောနယ် မြေများတိုင်းတစ်ပါးသားတို့ ၏ လက်အောက် သို့ မကျစေရန် အသက်ကိုပဓာနမထားဘဲရွပ်ရွပ် ချွံချွံ ကာကွယ်ရင်း အသက်ပေးခဲ့ သောပြည်သူ့တပ်မတော်သားသူ ရဲကောင်း စစ်သည်များကိုအထိမ်း အမှတ်ကျောက်တိုင်ဆောက်လုပ်ရန် ကယားပြည်နယ် ပါလီမန်အတွင်း ၀န်မဟာသရေစည်သူ ဦးစိန်အဆို ပြုချက်အရကယားပြည်နယ်ဥက္ကဋ္ဌ ၀န်ကြီးစပ်ဝဏ္ဏမှ ၁၉၅၂ ခုနှစ် မတ်လတွင်ကယားပြည်နယ်သူရဲ ကောင်းဗိမာန်အဖြစ်တည်ဆောက် ပေးခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်သူရဲကောင်း ဗိမာန်သည်လွိုင်ကော်မြို့ဆု တောင်းပြည့်မြို့ နာမ်ရွှေစေတီ တော်အနီးကန်္ဒရ၀တီလမ်းမကြီး ဘေး၌တည်ရှိသည်။

Hot News
ကယားပြည်နယ်၊လွိုင်ကော် မြို့ရှိသူရဲကောင်းဗိမာန်ကိုဆေး သုတ်ခြင်း၊ ဗိမာန်ပတ်လည်တွင် ကွန်ကရစ် ခင်း၍ အကာအရံလက် ရန်းတိုင်များ တပ်ဆင်ခြင်း၊ ဗိမာန် အ၀င်လမ်းအားကွန်ကရစ်ခင်းခြင်း စသည့်ပြုပြင် မွမ်းမံအလှဆင်မှုပြု လုပ်ထားကြောင်းသိရသည်။

လယ်တီဆရာတော်ကြီးသိမ် မဖျက်ဆီးရေး အာဏာပိုင်များ ညှိုနှိုင်းပေးမည်

Photo: လယ်တီဆရာတော်ကြီးသိမ် မဖျက်ဆီးရေး အာဏာပိုင်များ ညှိုနှိုင်းပေးမည်
Monday, September 30, 2013

လယ်တီဆရာတော်ကြီးသိမ်မဖျက်သိမ်းရေး အာဏာပိုင်များမှ သက်ဆိုင် ကုမ္မဏီများနှင့်ညှိုနှိုင်းပေးသွားမည်ဖြစ်ကြောင်း ဆန္ဒပြလမ်းလျှောက်ရာတွင် ပါဝင်သူတစ်ဦးထံမှသိရသည်။  ဆက်လက်ညှိုနှိုင်းနေဆဲပါ။ သုံးချက်တောင်း ဆို ထားတာ။ မလိုက်လျောနိုင်ရင် ဆက်ချီတက်မယ်။ သူတို့ ဘက်ကတော့ ဆက်ထွက်စေချင်ပုံမရဘူး။ မလိုက်လျောနိုင်ရင် ဆက်ထွက်မယ်ဟု ဆန္ဒပြ လမ်းလျှောက်ရာတွင် ပါဝင်သူ မမော်က ပြောသည်။ လယ်တီဆရာတော်ကြီး သိမ်မဖျက်ရေးအတွက် လက်ပံတောင်းတောင် ဒေသခံ ၄၇ယောက်နှင့်
သံဃာတော်များအပါအ၀င်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများ၊ ပြည်သူလူထုတစ်ရာခန့် မနေ့နေ့လယ် ၂နာရီခွဲခန့်မှ မန္တလေးမြို့ အမရပူရမြို့နယ်ကပ်ကျော်ခွေ့မှ စတင်လမ်းလျှောက်ဆန္ဒပြခဲ့ရာ စစ်ကိုင်းကောင်းမှု တောင်အနီးစည်တီးဘုန်းကြီးကျောင်းအတွင်းခရီးတစ်ထောက်နားညအိပ်ခဲ့ပြီ ယနေ့်နံနက်ခင်းခရီးဆက်ရာတွင် အာဏာပိုင်အဖွဲ့ အစည်း မှ တားဆီးခဲ့သည်။ 

ထို့နောက်လမ်းလျှောက်ဆန္ဒပြကြသူ များမှ ဆက်လက်လမ်း မလျှောက် စေ လိုပါက အချက်သုံးချက်လိုက်လျှောပေးရန်တောင်းဆိုခဲ့သည်။
လယ်တီ ဆရာတော်ကြီး၏သိမ် လုံးဝမဖျက် ဆီးရေး၊ လယ်တီ ဆရာတော်ကြီးသိမ်အား မည်သူမဆို ၀င်ရောက်သွားလာခွင့်ပြုရန်နှင့် ယခုဆန္ဒပြရာတွင် ပါဝင် သူများကို ဖမ်းဆီးတရားစွဲခြင်းမပြုရန် တောင်းဆို ထားရာ ပထမအချက်ဖြစ်သည့် လယ်တီဆရာတော်ကြီး၏ သိမ် မဖျက် သိမ်းရေးအတွက် အာဏာပိုင်များမှ ကြားဝင်ညှိုနှိုင်းပေးသွားမည်ဖြစ်ကြောင်း လမ်းလျှောက်ရာတွင် ပါဝင်သူများထံမှ သိရသည်။ 

ဖိုးလပြည့်
Popular Myanmar News Journal
လယ်တီဆရာတော်ကြီးသိမ်မဖျက်သိမ်းရေး အာဏာပိုင်များမှ သက်ဆိုင် ကုမ္မဏီများနှင့်ညှိုနှိုင်းပေးသွား မည်ဖြစ်ကြောင်း ဆန္ဒပြလမ်းလျှောက်ရာတွင် ပါဝင်သူတစ်ဦးထံမှသိရသည်။

မြောင်းဖုံးများကို ဘာကြောင့် အသေဖုံးထားသလဲ

အယ်ဒီတာခင်ဗျာ..
ရန်ကုန်မြို့တော်စည်ပင်မှ မြို့တွင်း(၆)မြို့နယ်တွင် ကားရပ်နားပါကင်များ အသစ်ပြုလုပ်ခြင်း၊ ပလက်ေ ဖာင်းများကို ပြန်လည် ပြုပြင်ခြင်း၊ မြောင်းဖုံးများကို ပြန်လည် ပြုလုပ်ခြင်းကို တွေ့ မြင်နေရသည်။

ထားဝယ်စီမံကိန်းတွင် ခေတ်မီနည်းပညာသုံးသော်လည်း ဒေသခံများ၏ လူမှုဘဝကို ပြန်လည်မဆန်းစစ်နိုင်ပါက ရပ်ထားသင့်ဟုဆို

Photo: ထားဝယ်စီမံကိန်းတွင် ခေတ်မီနည်းပညာသုံးသော်လည်း ဒေသခံများ၏ လူမှုဘဝကို ပြန်လည်မဆန်းစစ်နိုင်ပါက ရပ်ထားသင့်ဟုဆို
Monday, September 30, 2013

ထား ဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ကို မည်သည့် တိုင်းပြည်မှ မည် သည့်ကောင်းသည့် နည်းပညာ သုံးသုံး ဒေသခံ များ၏ လက်ရှိလူမှု ဘဝကို ပြန်လည်ဆန်းစစ်ခြင်းမ လုပ်နိုင်ပါက ရှေ့ဆက်မလုပ်ဘဲ ရပ်ဆိုင်းထားသင့်ကြောင်း ထား ဝယ်အမျိုးသမီးသမဂ္ဂ (TWU)မှ ထုတ်ဖော်ပြောကြားလိုက်သည်။

ရန်ကုန်မြို့National YMCA တွင် ထားဝယ်အမျိုးသမီး သမဂ္ဂ( TWU)မှ ထုတ်ဝေဖြန့်ချိ သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဒေသခံ များ၏ဆန္ဒ မှတ်တမ်းဗီဒီယိုဖြန့်ချိပွဲတွင် ယခု ကဲ့သို့ထုတ်ဖော်ပြော ကြားလိုက် ခြင်းဖြစ်သည်။

ထားဝယ်အမျိုးသမီးသမဂ္ဂ မှ ဒေါ်စုစုဆွေက ''ဒီစီမံ ကိန်း ကြောင့် မြေ ယာလျော်ကြေးငွေ ကျပ် သိန်း ၁ဝဝ ရလဲ ဘယ်နှလ ခံ မှာလဲ။ တစ်သက်စားလို့မကုန် တဲ့မြေတွေ ဆုံးတယ်။ လက်တွေ့ မှာ နစ်နာတယ်။ အလုပ်မရှိကြ တော့ အရွယ်စုံ ထိုင်းကိုသွားပြီး အလုပ်လုပ်ကြရတယ်။ ကျန်တာ ဆို သက်ကြီးရွယ်အိုတွေပဲရှိ တယ်။ ဒီစီမံကိန်းက သူတို့တွေ မဖိတ်ခေါ်ဘူး။ အားမပေးဘူး။ တကယ်ကော ဒီစီမံကိန်းက ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းလားလို့ မေးခွန်းထုတ်ချင်တယ်။ စီမံခန့် ခွဲမှုမရှိတာ၊ တာဝန်ခံမှုမရှိတာ၊ မဖြေရှင်းပေးနိုင်တာတွေကြောင့် သုညကစရမယ့် ထားဝယ်လိုဒေသ မျိုးမှာ ဘယ်လောက်အထိ အ ဆင်သင့်ဖြစ်နေပြီ လဲ။ သေသေ ချာချာဆန်းစစ်စေချင်တယ်။ ရှေ့ ဆက်မတိုးသင့်ဘူး။ ဂျပန်ပဲလာ လာ၊ ဘယ်သူပဲလာလာ ဒီအတိုင်း ဆက်သွားနေ ရင်တော့ ဒေသခံ တွေအတွက် ဘာမှထူးမလာနိုင် ဘူး''ဟု ရန်ကုန်တိုင်းမ်၏မေးမြန်း မှုကိုဖြေကြားသည်။

ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (DDA)မှ ဦးရဲလင်းမြင့်က ''ခု ဂျပန်လာမယ်လို့သိရတယ်။ သူ တို့က ပိုပြီးစနစ်ကျတယ်ဆိုပေ မယ့် ထိုင်းမှာ မယ်တာဖော့မှာဖြစ် နေတဲ့ သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှုတွေ၊ လူတွေထိခိုက်မှုတွေ က အဲဒီမှာ ရင်းနှီးမြှုပ်နှံထားတာ က ဂျပန်ပဲဖြစ်နေ တယ်။ အီတာ လျံထိုင်းနဲ့ ဂျပန်အကူးအပြောင်း မှာ ဘယ်နိုင်ငံက ပဲလုပ်လုပ်အ ရင်က လျော်ကြေးကိစ္စတွေ ပေး မယ်လို့ ပြောထားတဲ့ ဟာတွေ၊ လျှော့ပေးထားတာတွေကို ဘယ် လိုလွှဲပြောင်းမလဲ ငါတို့မသိဘူး။ နောက်တစ်ဦးက ငါတို့နဲ့မဆိုင် ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ အ ပေါ်က ဘယ်လိုပြောင်းပြောင်း အောက်ခြေမှာ မရှင်းဘဲထား ရင် နောက်ပိုရှုပ်ထွေးတဲ့အခြေအ နေ ရောက်သွားနိုင်တယ်။ တစ်ခု ချင်းစီကို ကျကျနနဖြေရှင်းပြီး မှ ရှေ့ဆက်သွားဖို့ လုပ်သင့်တယ်'' ဟု ထောက်ပြပြောဆိုသည်။

နိုင်ငံတော်စီမံကိန်းဖြစ် သည်ဆိုပါကလဲ နိုင်ငံတကာတွင် လုပ်ကိုင်နေသည့် စည်းမျဉ်းစည်း ကမ်းများအတိုင်း စီမံကိန်းမစ တင်မီ ဒေသခံများကို အသိပေး တိုင်ပင်ကာ သဘောတူညီချက် များရယူသင့်ပြီး ဒေသခံများ၏ မူလအခွင့် အရေးရပိုင်ခွင့်များ ကို လေးစားသင့်ကြောင်း၊ ဒေသ ခံများ၏ ခြံ၊ မြေများကို အသုံးချ ကာ မျက်ကွယ်တွင် ရှင်းလင်းဆောင် ရွက်မှ စီမံကိန်းစတင်သည် ဟုသိ ရှိကြောင်း ဒေသခံများကဆိုသည်။

ထားဝယ်ဒေသခံ၊ မူဒူးကျေး ရွာမှ ဦးအောင်မြင့်က ''ကျွန် တော် တို့ ရွာမှာ ဆို မြေယာလျော် ကြေးတွေက ပထမတစ်ဧက ကျပ် ငါးသိန်း၊ နောက် တစ်ဧကကျပ် သိန်း ၃၀၊ နောက်ဆုံးကျပ်သိန်း ၁ဝဝအထိပေး တယ်။ လျော်ကြေး က သုံးခုကွဲပြားနေတယ်။ သဘော မတူလို့ လျော်ကြေးမ ယူလဲ သမာဓိ အဖွဲ့နဲ့ ကျေးရွာအုပ်ချုပ်ရေးတွေ နဲ့ တစ်ပတ် ရိုက်ခြိမ်းခြောက်ပြီး လျော်ကြေးပေး သွားတာတွေလဲ ရှိတယ်။ ကျွန်တော်တို့ခြံအလုပ် ကတင် တစ်နေ့ဝင်ငွေ ငွေကျပ် ၁ဝဝဝဝရနေတာ။ ဖယ်ပေးရတော့ ကော ဘာလုပ်ကိုင်စားသောက် နိုင်မလဲ။ ဒီလိုသာဆို ကျွန်တော် တို့ဘဝ ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ဘူး''ဟု ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ပြောသည်။

စီမံကိန်းဧရိယာ ၂၀၄ဒသမ၅ စတုရန်းကီလိုမီတာရှိကာ အ မေရိကန်ဒေါ်လာ ၈ဒသမ၆ ဘီလီ ယံကုန်ကျမည့် အရှေ့တောင်အာ ရှ၏အကြီးဆုံး ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကို ၂၀၀၈ခု နှစ်က နှစ်နိုင်ငံအစိုးရချင်း လက် မှတ်ရေးထိုး စတင်အကောင်အ ထည်ဖော်ခဲ့ခြင်းဖြစ်ကာ လက်ရှိ တွင် စီမံကိန်းရင်းနှီးမြှုပ်နှံမှုပမဏ ကြီးမားသည့်အတွက် ဆက်လက် အကောင်အထည်ဖော်ရန် ဂျပန်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံပူးပေါင်း အကောင်အထည်ဖော်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media GROUPLOVE
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို မည်သည့်တိုင်းပြည်မှ မည်သည့်ကောင်းသည့် နည်းပညာ သုံးသုံး ဒေသခံများ၏ လက်ရှိလူမှုဘဝကို ပြန်လည်ဆန်းစစ်ခြင်းမ လုပ်နိုင်ပါက ရှေ့ဆက်မလုပ်ဘဲ ရပ် ဆိုင်းထားသင့်ကြောင်း ထား ဝယ်အမျိုးသမီးသမဂ္ဂ (TWU)မှ ထုတ်ဖော်ပြောကြားလိုက်သည်။

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်

Photo: ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်
Monday, September 30, 2013

ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။

ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့  သူများအတွက်က တော့ ဆိုးကျိုး ရှိပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့်ဆက်စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ်။ ကျောက် ကပ်ရောဂါဖြစ်ပုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

► ဆီးမကြာခဏ သွားခြင်း (Urinate more often)

ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက်ကို တွန်း အားပေးပြီး တစ်ကိုယ်လုံးမှ ရှိတဲ့ ရေဓာတ်ကို အလျင်အမြန် ဆုပ်ယူပါတယ်။ ဒါကြောင့် မကြာခဏ ဆီးသွားစေပါတယ်။

► ရေဓာတ်ဆုံးရှုံးခြင်း (Dehydration)

ကဖင်းက ရေဓာတ်ဆုပ်ယူတဲ့အတွက် ရေအမြဲဆာတတ်ပါတယ်။ ဒါကြောင့် dehydration မဖြစ်အောင် ရေလည်း ပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။ အကယ်၍ ရေသာ နည်းရင် ကျောက်ကပ် သန့်စင်ရေး လုပ်ဆောင်ချက် နှေးကွေးလာခြင်း ဆီးလမ်းကြောင်း စနစ်ကိုပါ ထိခိုက် စေပါတယ်။

► ဆီးမသန့်ခြင်း (Urinary incontinence)

တစ်ရက်ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုသောက်သုံးမိရင် ဆီး သန့်ဖို့ မသေချာတော့ပါဘူး။ ဆီးထဲမှာ အမှုန်များ ပါလာတာမျိုး ဖြစ် တတ်ပြီး ဆီးလမ်းကြောင်း ပိတ်တဲ့အထိတောင် ဖြစ်စေပါတယ်။

► ကျောက်တည်ခြင်း (Kidney stones)

ကျော်တည်စေတဲ့ အကြောင်းတရားထဲမှာလည်း ကဖင်း သောက်သုံးမှု ပါဝင်တယ် ဆိုတာ သေချာနေပါပြီ။ calcium oxalate stones လို့ခေါ်တဲ့ ကျော်ဟာ ကျောက်ကပ်မှာ တည်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကြွယ်ဝတဲ့ ကော်ဖီကို ပိုမသောက်သုံးမိစေဖို့ လိုအပ်ပါတယ်။

► ကျောက်ကပ် ရောဂါ (Kidney disease)

polycystic kidney disease ဆိုတဲ့ ကျောက်ကပ်ရောဂါ အမျိုးအစား တစ်ခု ဖြစ်စေပြီး ကျောက်အမှုန်အမွှားကနေ ကြီးကြီးမားမား အထိ ဖြစ် လာစေမှာ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက် ဟာလည်း ပုံမှန်မဖြစ်တော့ပါဘူး။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း အညစ်အကြေး များကို စွန့်ထုတ် သန့်ရှင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးပါတယ်။ သူသာ အလုပ်မလုပ်တော့ရင် ပိတ်သွားရင် နောက်ဆက်တွဲ ကတော့ သေဖို့ ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကဖင်းဓာတ်ကို တစ်ရက် ၄၀၀ မီလီဂရမ်ထက် ပိုမသောက်သုံးမိဖို့ မှာထားပါတယ်။ တစ်ရက် ကော်ဖီ တစ်ခွက် စွဲသောက်တဲ့ အကျင့်ရှိ ရင်တောင် ၁ ရက်ခြား သောက်တဲ့သူတွေထက် ကဖင်းဓာတ် ဆက်စပ်ရောဂါ ဖြစ်ဖို့ ပိုအလားအလာများတယ်ဆိုတာကို လေ့လာတွေ့ ရှိထားပါတယ်။

ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ကျောက်ကပ်အပြင် အခြား ရောဂါများ မဖြစ်စေဖို့ ကော်ဖီကို Limit နဲ့ သောက်ရန် မျှဝေ ရေးသား လိုက်ရပါတယ်။

Ref: medic-facts
အောင်ခမ်း (ရိုးရာလေး)
ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံး သင့်ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ်အထူးကုဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။

လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုများ တွေ့ဆုံပွဲ အကျိုးရှိ သည်ဟုဆို


ရခိုင်ပြည်နယ်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံ ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် စက်တင်္ဘာလ ၂၉ ရက်နေ့က ကျင်းပ ပြု လုပ်သော ဆွေးနွေးပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယက လည်း ဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌလည်း ဖြစ်သော သူရ ဦးရွှေမန်း တက်ရောက်ပြီး ရခိုင်မိသားစုများ၏ တင်ပြချက်များကို အထူးဂရုပြု နားထောင်ခဲ့သည်ဟု သိရသည်။

ပုံမှန်ရထားများထက် ပြေးဆွဲချိန် ၃၅ မိနစ်အထိ လျှော့ချနိုင်ပြီး အဲယားကွန်းပါ ရန်ကုန်မြို့ပတ်ရထား စတင်ပြေးဆွဲ

ပုံမှန်ရထားများထက် ပြေးဆွဲချိန် ၃၅ မိနစ်အထိ လျှော့ချနိုင်ပြီး အဲယားကွန်း ပါဝင်သော ရန်ကုန်မြို့ပတ် ရထားကို စက်တင်ဘာ ၂၉ ရက်က စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

နိုင်ငံရေးနှင့် စီးပွားရေးတွင် တပ်မတော်က အများအပြားပါဝင်နေမှုမှာ အရေးကြီးဆုံးစိန်ခေါ်မှုဖြစ်

Photo: နိုင်ငံရေးနှင့် စီးပွားရေးတွင် တပ်မတော်က အများအပြားပါဝင်နေမှုမှာ အရေးကြီးဆုံးစိန်ခေါ်မှုဖြစ်
Monday, September 30, 2013

လက်ရှိမြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများတွင် အခွင့်အလမ်းကောင်းများရှိနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ကြီးမားသည့်စိန်ခေါ်မှု ဆယ်ချက်ရှိနေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုလိုက်သည်။

လက်ရှိအစိုးရသက်တမ်းအတွင်း တိုင်းရင်းသားပါတီများ မှတ်ပုံတင်နိုင်မှု၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲလာမှုနှင့် နိုင်ငံရေးအကျဉ်းသားအမြောက်အများ လွှတ်ပေးမှုတို့မှာ နိုင်ငံရေး အကူးအပြောင်း၏ အခွင့်အလမ်းကောင်းများဖြစ်သည်ဟု ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု စောင့်ရှောက်ရေးအဖွဲ့(IPSJ)ကို တည်ထောင်ထားသည့် ဒေါက်တာသောင်းထွန်းက ပြောသည်။

၎င်းက ယင်းသို့ပြောကြားခြင်းမှာ စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပသည့် “မြန်မာ့နိုင်ငံရေး အကူးအပြောင်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ”ဟု အမည်ပေးထားသော စကားဝိုင်း ဆွေးနွေးပွဲတွင် ဖြစ်သည်။

ဒေါက်တာသောင်းထွန်းက ပြောကြားရာ မြန်မာနိုင်ငံ ကြုံတွေ့နေရသည့် ကြီးမားသည့် စိန်ခေါ်မှုများတွင် နိုင်ငံရေး၌ တပ်မတော်က များပြားစွာ ပါဝင်နေမှု၊ လွတ်လပ်သည့် တရားစီရင်ရေးမဏ္ဍိုင်၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဘာသာရေး ပဋိပက္ခနှင့် မြေယာကိစ္စများ အပါအ၀င် ၁၀ ချက်ရှိနေသည်ဟု ဆိုသည်။

၎င်းက “အရွေ့တစ်ခုကိုတော့ သွားနေတာပေါ့နော်။ ဒီအရွေ့က ဘယ်ကိုသွားမလဲ။ ဘယ်မှာ စခန်းသတ်မလဲဆိုတာကတော့ ဒီအရွေ့မှာ ပါဝင်ပတ်သက်နေတဲ့ ဇာတ်ကောင်များရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန်တွန်းကန်မှုတွေ၊ ဖိအားပေးမှုတွေ ဒီအခြေအနေတွေပေါ်မှာ မူတည်မှာပေါ့”ဟု ပြောသည်။

လက်ရှိ နိုင်ငံရေးနှင့် စီးပွားရေးတွင် တပ်မတော်က အများအပြားပါဝင်နေမှုမှာ အရေးကြီးဆုံး စိန်ခေါ်မှု တစ်ချက်ဖြစ်နေသည်ဟုလည်း ဒေါက်တာသောင်းထွန်းက မှတ်ချက်ပြုသည်။

၎င်းက “(တပ်မတော်က)နိုင်ငံရဲ့ သယံဇာတထုတ်ဖော်မှုတွေမှာရော စီးပွားရေးနဲ့ ကုန်သွယ်ရေးတွေမှာလည်း တော်တော့ကို ကြီးကြီးမားမား အခန်းကဏ္ဍကနေ ပါနေတယ်။ ဒီအနေအထားကနေ တကယ့် Professional Army ကို ကူးပြောင်းမလဲဆိုတာဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများတွင် တရားစီရင်ရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှု အနည်းဆုံး မဏ္ဍိုင်တစ်ခုဖြစ်သည်ဟုလည်း ၎င်း၏လေ့လာချက်အရ သိရသည်ဟုလည်း ဒေါက်တာသောင်းထွန်းက ဆိုသည်။

ဒေါက်တာသောင်းထွန်းသည် ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုတွင် ဧရာဝတီတိုင်း၊ ကျောင်းကုန်းတွင် သပိတ်ကော်မတီ ခေါင်းဆောင်အဖြစ် ပါဝင်ပြီးနောက် ၁၉၈၈ နိုင်ဝင်ဘာတွင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာပြီး ABSDF ၏ နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

ယခုအခါ မြန်မာ့နိုင်ငံရေး အကူးအပြောင်းကာလတွင် အထောက်အကူပြုနိုင်ရန် (IPSJ) အဖွဲ့ကို တည်ထောင်ကာ အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်းလုပ်ငန်းများကို ကူညီပေးနေသူဖြစ်သည်။

မင်းမင်း
Mizzima - News in Burmese
လက်ရှိမြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများတွင် အခွင့်အလမ်းကောင်းများရှိနေသကဲ့သို့ အခြား တစ်ဖက်တွင်လည်း ကြီးမားသည့်စိန်ခေါ်မှု ဆယ်ချက်ရှိနေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံး သပ်ပြော ဆို လိုက်သည်။

ဆီးဂိမ်းအတွက် မန္တလေးတွင် အထူးလုံခြုံရေးအဖွဲ့ ဖွဲ့မည်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် မန္တလေးမြို့တွင် သီးသန့်လုံခြုံရေးပေးရန် “အထူး လုံခြုံရေး အဖွဲ့” ကို ဖွဲ့စည်းရန် စီစဉ်ထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒု-ရဲမှူးက ပြော သည်။

မော်လိုက်နှင့်ကလေးခရိုင်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

Photo: မော်လိုက်နှင့်ကလေးခရိုင်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Monday, September 30, 2013

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးသည် စက်တင်ဘာ (၂၄)ရက် နံနက်ပိုင်းတွင် မုံရွာ- ယာကြီး-ကလေးဝလမ်း ကျောက်ချောလမ်းခင်း ကျင်းနေမှုနှင့် မြေထိန်းနံရံများ တည်ဆောက်ပြီးစီးမှုတို့ကို စစ်ဆေးပြီး မင်းကင်းမြို့နယ် မြို့မ ကျေးရွာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ
ကျောင်းသုံးဗလာစာအုပ်များ၊ အားကစားပစ္စည်းများနှင့် ဂျာနယ်စာစောင် များ ပေးအပ်ထောက်ပံ့ခဲ့သည်။

ဆက်လက်၍ကလေးဝ-မော်လိုက် လမ်းကျောက်ချောလမ်းခင်းကျင်းနေမှုနှင့်
ချောင်းကူးတံတားများနှင့် ပလူဇ၀ ကွန်ကရစ် တံတား တည်ဆောက်နေမှု
တို့ကို လှည့်လည်စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ပေးသည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စက်တင်ဘာ(၂၅)ရက် နံနက်ပိုင်းတွင်
မော်လိုက်မြို့ပြည်သူ့ဆေးရုံ ခွဲစိတ်ခန်း၊ ဆေးသိုလှောင်ခန်း၊ ဆေးရုံ
အဆောက်အအုံတို့ကို စစ်ဆေးပြီး လူနာများအား အားပေးကာ ဆေးနှင့်ငွေ ပဒေသာ ပင်များ ပေးအပ်ထောက်ပံ့ သည်။

ဆက်လက်၍ မော်လိုက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း
အဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများ၊ အထောက်အကူပြုကော်
မတီများ၊ ခရိုင်/ မြို့ နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင် များနှင့် တွေ့ဆုံ၍ အရန်မီးသတ်ဝတ်စုံများနှင့် ကြက်ခြေနီဝတ်စုံများ ပေး
အပ်ထောက်ပံ့သည်။ ထို့နောက် အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း
ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု၊ မော်လိုက်မြို့ချင်း တွင်းမြစ်
မြေထိန်းနံရံတည်ဆောက်နေ မှုနှင့် မြို့တော်ခန်းမတည်ဆောက်
မည့်မြေနေရာ တို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ကြာအင်းစံပြကျေးရွာ၌ ကမ်းပါးပြိုကျပျက်စီးနေမှုကို စစ်ဆေးပြီး တိုက်နယ်ဆေးရုံနှင့် လူနာများအားကြည့်ရှု အားပေးကာ ဆေးနှင့်ငွေ
ပဒေသာပင်များ ပေးအပ်ထောက်ပံ့ခဲ့သည်။ ထို့နောက် ဒေသခံတောင်သူ များနှင့် တွေ့ဆုံ၍ကျေး ရွာ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး
ကျောင်းသုံးဗလာစာအုပ်များနှင့် ဂျာနယ်စာစောင်များပေးအပ်ထောက်ပံ့
သည်။ ဆက်လက်၍ ကလေးဝမြို့နယ် မစိန်ကျေးရွာ တိုက်နယ်ဆေးရုံ ကိုယ့်အားကိုယ်ကိုး ဓာတ်မှန်ဆောင် ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်
သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အခြေခံပညာအထက်
တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်၍
ကျောင်းဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ကလေးဝမြို့ မြို့တော် ခန်းမ၌ မြို့နယ် စီမံခန့်ခွဲမှုကော်မတီများ၊ အထောက်အကူပြု ကော်မတီများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင် များနှင့်တွေ့ဆုံသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စက်တင်ဘာ(၂၆)ရက် နံနက်ပိုင်းတွင် မင်းကင်းမြို့နယ် ရှားတော ကျေးရွာ၌ ဒေသခံ တောင်သူများနှင့်တွေ့
ဆုံ၍ ပြည်သူ့ဆေးရုံရှိ ခွဲစိတ်ခန်း၊ ဆေးသိုလှောင်ခန်းတို့ကို ကြည့်ရှု စစ်ဆေးပြီး လူနာများ အား အားပေးကာဆေးနှင့် ငွေပဒေသာပင်များပေး
အပ်ထောက်ပံ့သည်။ ထို့နောက် မင်းကင်းမြို့အခြေခံပညာအထက်တန်း
ကျောင်း၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ၊ အထောက် အကူပြုကော်မတီ
များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အရန်မီးသတ်ဝတ်စုံများ နှင့်ကြက်ခြေနီဝတ်စုံများပေးအပ်ထောက်ပံ့သည်။

ယင်းနောက် မောက္ကတော်ကျေးရွာ၊ ပန်းဆက်ကျေးရွာနှင့် သင်တောကျေးရွာ
တို့၌ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး ကျောင်းသုံးဗလာစာအုပ်များ၊ ဂျာနယ်စာစောင်များနှင့် အားကစားပစ္စည်းများကို ပေးအပ်ထောက်ပံ့ သည်။ ထို့နောက် ကနီမြို့ မြို့တော်ခန်းမ၌မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ၊ အထောက်အကူပြုကော်မတီများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အရန်မီးသတ်ဝတ်စုံများ၊ ကြက်ခြေနီဝတ်စုံ များ ပေးအပ်ထောက်ပံ့ ခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
Featured News:
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးသည် စက်တင်ဘာ (၂၄)ရက် နံနက်ပိုင်းတွင် မုံရွာ- ယာကြီး-ကလေးဝလမ်း ကျောက်ချောလမ်းခင်း ကျင်းနေမှုနှင့် မြေထိန်းနံရံများ တည်ဆောက်ပြီးစီးမှုတို့ကို စစ်ဆေးပြီး မင်းကင်းမြို့နယ် မြို့မ ကျေးရွာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာကျောင်းသုံး ဗလာ စာအုပ်များ၊ အားကစားပစ္စည်းများနှင့် ဂျာနယ်စာစောင် များ ပေးအပ်ထောက်ပံ့ခဲ့သည်။

၂၀၁၄ ကျရင် သန်းကြွယ်သူဌေးဦးရေ အာရှတိုက်မှာ အများဆုံးရှိမယ်

၂၀၁၄ ခုနှစ်ကျရင် ဒေါ်လာ သန်းကြွယ်သူဌေးတွေရဲ့ လူဦးရေက အာရှတိုက်မှာ အများဆုံးရှိမယ်လို့ Royal Bank of Canada ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လိုင်စင်မဲ့ မရှိတော့အောင် နယ်လှည့်ပြီး လိုင်စင်လုပ်ပေးမယ်လို့ဆို

Photo: လိုင်စင်မဲ့ မရှိတော့အောင် နယ်လှည့်ပြီး လိုင်စင်လုပ်ပေးမယ်လို့ဆို
Monday, September 30, 2013

မြန်မာနိုင်ငံမှာ လိုင်စင်မဲ့ မော်တော်ကားနဲ့၊ လိုင်စင်မဲ့ မော်တော်
ဆိုင်ကယ်တွေ မရှိအောင်လုပ်ဆောင်တဲ့အနေနဲ့ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတာတွေကို လာမည့်အောက်တိုဘာလအတွင်း နယ်လှည့်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

လိုင်စင်လုပ်ပေးတဲ့ ကိစ္စကို အောက်တိုဘာလမှာ စတင်မှာဖြစ်တယ်လို့လည်း ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

နေပြည်တော် လယ်ဝေးမြို့၊ ရန်ကုန်တိုင်း မှော်ဘီမြို့၊ မန္တလေးတိုင်း စဥ့်ကူးနဲ့ မလှိုင်မြို့အပါအဝင်၊ ရှမ်းပြည်နယ် ဖယ်ခုံ၊ မိုးနဲမြို့၊ လင်းခေး၊ နမ့်ဆန်၊ မိုင်းခတ်၊ မိုင်းတုန်၊ မိုင်းယန်းမြို့နဲ့ ကယားပြည်နယ် ဘော်လခဲ၊ ဖာဆောင်း၊ မယ်စဲ့မြို့တွေမှာ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အဲ့ဒါ့အပြင် ကချင်ပြည်နယ် တနိုင်း၊ မိုးကောင်းမြို့၊ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့၊ ပဲခူးတိုင်း ရွှေကျင်၊ သဲကုန်း၊ မင်းလှ၊ မကွေးတိုင်း ရေစကြို၊ ငဖဲ၊အောင်လံမြို့၊ မွန်ပြည်နယ် ရေးမြို့၊ ရခိုင်ပြည်နယ် သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့နဲ့ ဧရာဝတီတိုင်း ကျုံပျော်၊ ဒေးဒရဲ၊ ရေကြည်၊ လေးမျက်နှာ အစရှိတဲ့ မြို့နယ်တွေမှာ လိုင်စင်ဆောင်ရွက်ပေးတာတွေ၊ လိုင်စင် သက်တမ်းတိုးတာတွေ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

လိုင်စင်မဲ့မရှိအောင် အခုလိုမျိုး နယ်လှည့်ပြီး လိုင်စင်လုပ်ပေးမှာဖြစ်သလို
နောင်ကျရင် လိုင်စင်မဲ့သူတွေကို အရေးယူမှုတွေ ပိုမို ပြုလုပ်သွားမယ်လို
့လည်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ကားတင်သွင်းခွင့် ဆိုင်ရာမူကို ပြောင်းလဲပေးခဲ့ပြီး နောက်ပိုင်း ကားတင်သွင်းမှုနှုန်း
မြင့်တက်လာပြီး လိုင်စင်ရှိယာဉ်တွေအပြင် လိုင်စင်မဲ့ယာဉ်တွေပါ ဝင်ရောက်လာတဲ့အတွက် ခုလို လုပ်ဆောင်တာဖြစ်တဲ့အကြောင်း
မြစ်မခသတင်းအရ သိရပါတယ်။

ABC
မြန်မာနိုင်ငံမှာ လိုင်စင်မဲ့ မော်တော်ကားနဲ့၊ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်တွေ မရှိအောင်လုပ်ဆောင်တဲ့ အနေနဲ့ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတာတွေကို လာမည့်အောက်တိုဘာလအတွင်း နယ် လှည့်ဆောင် ရွက်ပေးမယ်လို့ သိရပါတယ်။

သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု ဖြစ်ပေါ်ခဲ့ပြီး တရားခံအား အာမခံ ပေးလိုက်ခြင်းကို မကျေနပ်၍ မီးရှို့မှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာမှ ထိန်းသိမ်းလျက်ရှိ

သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု ဖြစ်ပေါ်ခဲ့ပြီးနောက် တရားခံ အား အာမခံဖြင့် လွှတ်လိုက်သည်ကို မကျေနပ်၍ မီးရှို့မှု ဖြစ်ပွားသည်ကို သက်ဆိုင်ရာမှ ထိန်းသိမ်းလျက် ရှိကြောင်း သတင်းရရှိသည်။

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့

Photo: တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့
Monday, September 30, 2013

တနင်္သာရီတွင် မြစ်ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် ယခုနှစ်တွင် တနင်္သာရီမြို့နယ်၊ သိန် ခွန်းကျေး ရွာ အုပ်စုအတွင်းရှိ ချောင်းလမုရွာမှာလည်း ရေလွှမ်းမိုး ခံခဲ့ ရကြောင်း သိရသည်။ ယခုတစ်ကြိမ် တနင်္သာရီမြစ် ရေကြီးမှု တွင် ချောင်း ဖျားရေများ သာမက ချောင်းနှစ်ပြန်မှ ရေများလည်း တနင်္သာရီ ချောင်းငယ် အတွင်း စီးဝင်ခဲ့ပြီး မိုးရွာသွန်းမှု များသောကြောင့် မောတောင်ဘက် မှ တောင် ကျရေ များလည်း စီးဆင်း လာခဲ့ကြောင်း သိရသည်။

င၀န်ချောင်း ရေလျှံမှုကြောင့် ချောင်းလမု ကျေးရွာတွင် ထူးထူးခြားခြား ရေလွှမ်းမှု ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"ချောင်းလမုမှာ ရေကြီးလို့ အိမ်တွေပြိုခဲ့တယ်လို့ သိရတယ်။ ဖြစ်တာက ၂၈ ရက်မှာ ဖြစ်တယ်။ ညတွင်းချင်းပဲ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတွေ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်တယ်။ ဒီနေ့ မနက်ပိုင်းမှာ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အဖွဲ့ တနင်္သာရီမြို့နယ်ကို ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လာရောက်လုပ်ဆောင် ပေးနေတယ်။ အခုထိတော့ ဒဏ်ရာရသူ မရှိဘူး" ဟု ကယ်ဆယ်ရေးလုပ်ငန်း သွားရောက် လုပ်ဆောင်ပေးနေသည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် နေအိမ်များအပြင် လယ်မြေများလည်း ရေနစ်မြုပ်ခံခဲ့ရပြီး နစ်မြုပ်လယ်ဧကမှာ ၁၅၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

"ရေကြီးတာကြောင့် တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာတွေက လယ်ဧက ၁၅၃၉ ဧက နစ်မြုပ်ခဲ့ရပါတယ်။ အဲဒီအထဲက တစ်ဝက်လောက်ကတော့ ပျက်စီးသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းထားပါတယ်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေအပြင် ပျက်စီးသွားတဲ့ လယ်တွေအတွက် တစ်ဧက မျိုးစပါး နှစ်တင်းစီ ပေးပါတယ်။ ချောင်းလမု ရွာမှာတော့ ရေဘေးသင့်တဲ့ အိမ်ခြေ ၂၂၀ လောက်မှာ ၉၆ လုံးက နစ်မြုပ်သွားပါတယ်။ ရေပြန်ကျတဲ့အခါ တိုင်တွေ၊ အမိုးတွေ၊ ထရံတွေ ကွာကျသွားပြီး အိမ် ၃၉ လုံးက ပြိုကျသွားတာပါ" ဟု တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။

တနင်္သာရီမြစ် ရေလွှမ်းမှု ခံခဲ့ရသော တနင်္သာရီမြို့နှင့် ကျေးရွာများသို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများမှာ တနင်္သာရီ မြို့နယ်သို့ စက်တင်ဘာ ၂၉ ရက်တွင် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။       

Eleven Media Group
တနင်္သာရီမြစ် ရေလွှမ်းမိုးမှုကို တွေ့ရစဉ်
တနင်္သာရီမြစ် ရေလွှမ်းမိုးမှုကို တွေ့ရစဉ်
တနင်္သာရီတွင် မြစ်ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ ရပြီး ချောင်းလမု ကျေးရွာ တွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့ကြောင်း သိရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ လူဦးရေ ၁၀ သန်းအထိ ရှိ လာနိုင်သောကြောင့် ရေပြဿနာ ကြီးမားစွာ ရင်ဆိုင်ရနိုင်မည့်အပေါ် ပညာရှင်များ စိုးရိမ်နေ

လာမည့် ၂၀၂၀ ခုနှစ် အရောက်တွင် ရန်ကုန်မြို့၌ လူဦးရေ ၁၀ သန်းခန့်အထိ ရှိလာနိုင်ေ သာကြောင့် ရေပြဿနာ ကို အကြီးအကျယ် ရင်ဆိုင်ရနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက သတိပေး ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ဈေးနှုန်းများ သတ်မှတ်ပြီးနောက် အရောင်းအ၀ယ် အေးလာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ဈေးနှုန်းများ သတ်မှတ်ပြီးနောက် တွင် အရောင်းအ၀ယ် အေး လာကြောင်း အိမ်ခြံမြေ ဈေးကွက်မှ စုံစမ်းသိရ သည်။

ရန်ကုန်မြို့ရှိ လူဦးရေ သုံးသန်းကျော် နေ့စဉ်ရထားအသုံးပြု သွားလာနိုင်ရန် ဂျပန်က ကူညီစီစဉ်ပေးမည်

N-30-9
မြို့ပတ်ရထားစီး ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
လာမည့် အနှစ် ၂၀ အတွင်း ရန်ကုန်မြို့၏ လူဦးရေ သုံးသန်းကျော် နေ့စဉ် ရထားအသုံးပြုနိုင်အောင် စီစဉ်နိုင်မည်ဟု ဂျပန်မှ ခန့်မှန်းထားကြောင်း ရထားဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စု ၀န်ကြီးများက နိုင်ငံရေးပါတီ ၃၇ ခုမှ ခေါင်းဆောင် ၇၀ ဦးခန့်နှင့် တွေ့ဆုံကာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးတွင် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တက်ရောက်မည်ဖြစ်ကြောင်း ရှင်းပြ

S-30-9
စက်တင်ဘာ ၂၉ ရက်က ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါ တီခေါင်းဆောင်များ တွေ့ဆုံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-MPC)
အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါတီ ၃၇ ခုမှ ပါတီေ ခါင်းဆောင် ၇၀ ၀န်းကျင်တို့ စက်တင် ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရှိ Myanmar Peace Center ၌ တွေ့ဆုံကာ မြန်မာ့ငြိမ်း

သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု ဖြစ်ပေါ်ခဲ့ပြီး တရားခံအား အာမခံ ပေးလိုက်ခြင်းကို မကျေနပ်၍ မီးရှို့မှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာမှ ထိန်းသိမ်းလျက်ရှိ

သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု ဖြစ်ပေါ်ခဲ့ပြီးနောက် တရားခံ အား အာမခံဖြင့် လွှတ်လိုက်သည်ကို မကျေနပ်၍ မီးရှို့မှု ဖြစ်ပွားသည်ကို သက်ဆိုင်ရာမှ ထိန်းသိမ်းလျက် ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော် ခန်းမရှေ့ ဟုန်ရှင်းကုမ္ပဏီ အလုပ်သမားများ ဆန္ဒပြမှု အတွက် အလုပ်သမား ခေါင်းဆောင်များကို အမှုဖွင့် တရားစွဲဆို

T-30-9


ရန်ကုန်မြို့တော် ခန်းမရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သော ဟုန်ရှင်း အလုပ်သမားများအနက် ဦးဆောင်သူ အလုပ်သမား ခေါင်းဆောင်လေးဦး ကို စက်တင်ဘာ ၂၈ ရက်တွင် ကျောက်တံတား ရဲစခန်းမှ မမစ (ပ) ၃၅၁/၁၃၊ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူမည် ဆိုခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်မှု ပိုမိုများပြားလာ




၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမည် ဆိုသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီများ တရားမ၀င် ၀င်ရောက်မှု ပိုမိုများပြားလာကြောင်း ရခိုင်တိုင်းရင်းသား ဒေသခံများ က ပြောကြား သည်။

စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန (IBC) တွင် ပြုလုပ်သော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက် ၍ ဆွေးနွေး ရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ အချိန်တွင် တိုင်းပြည်လူဦးရေ၏ ရာခိုင်နှုန်း ၃၀ သာ လျှပ်စစ်မီး သုံးစွဲနိုင်ပြီး လျှပ်စစ်မီး လုံးဝမရရှိသေးသည့် ပြည်နယ်များတွင် ၂၀၁၄ အကုန်၌ လျှပ်စစ် ဓာတ်အားလိုင်းများ ပြီးစီးအောင် တည်ဆောက်မည်

M-30-9
လက်ရှိအချိန်တွင် တိုင်းပြည်လူဦးရေ၏ ရာခိုင်နှုန်း ၃၀ သာ လျှပ်စစ်မီး သုံးစွဲနိုင်ပြီး လျှပ်စစ်လုံးဝ မရရှိသေးသည့် ပြည်နယ်အများစုတွင် ၂၀၁၄ အကုန်၌ လျှပ်စစ်ဓာတ်အားလိုင်းများ ပြီးစီးအောင် တည်ဆောက်မည်ဟု  လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး က ပြောကြား သည်။ ၂၀၁၄ ကုန်ပါက လောပိတ ရေအား လျှပ်စစ် တည်ရှိရာ ကယားပြည်နယ်၏ ရာခိုင်နှုန်း ၇၀ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းလည်း ရေးဆွဲ ထားပြီး နိုင်ငံတော်မှလည်း ဘတ်ဂျက်ချထားပေးပြီးဖြစ်ကြောင်း . . . . .

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ဒုတိယအဆင့် အကျိုးတူ ပူးပေါင်းမှု သဘောတူညီချက် (Joint Venture Agreement) ကို အောက်တိုဘာလ တွင် လက်မှတ်ရေးထိုးမည်




သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ဒုတိယအဆင့်ဖြစ်သည့် အကျိုးတူ ပူးပေါင်းမှု သဘောတူညီချက် (Joint Venture Agreement) ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သတင်းရသည်။